#ဆေးပြင်းဖိုထွက်လာစမ်း၊ သန့်စင်လိုက်#
Vol. 65 Ch. 921
ဒီအချိန်မှာပင် မု၀မ်အာ၏ ထူးခြားသည့် သဘာ၀က ပေါ်လာခဲ့သည်။
သူမ၏ထူးခြားသည့်မီးထိန်းချုပ်မှုစွမ်းရည်က ရှိနေသာသူတိုင်းကို ထိတ်လန့်သွားစေသည်။
ဥက္ကာခဲများက ကောင်းကင်ကနေ ဆက်တိုက်ကျဆင်းနေသော်လည်း ဒီမီးတောက်ဥက္ကာခဲအားလုံးကို မု၀မ်အာ ထိန်းချုပ်ထားသည်။ ထို့နောက် ထိန်းချုပ်၍ မရနိုင်သည့် မီးတောက်ဥက္ကာခဲများနှင့် တိုက်မိစေပြီး ဖျက်ဆီးပစ်သည်။
ကမ္ဘာကြီးအား ဖြတ်သန်းသွားသည့် မီးမုန်တိုင်း၏ ၀န်းရံမှုအောက်တွင် မု၀မ်အာ မုန်တိုင်းမျက်လုံးတစ်ခုပမာ အလယ်ဗဟိုတွင် ရပ်နေသည်။
တစ်ကြိမ်တွင် တစ်လှမ်းလှမ်းရင်း သူမ၏ခြေလှမ်းများက တည်ငြိမ်နေပြီး တည်ငြိမ်နေသည့်အရှိန်ဖြင့် လှေကားထစ်များပေါ်သို့ တထစ်ပြီးတထစ်တက်နေသည်။
မီးကြာပန်းကို သူမ၏မျက်ခုံးနှစ်ဖက်ကြားတွင် ထွင်းထုထားသည်။
သူမက သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့် မီးတောက်နတ်ဘုရားမတစ်ပါးအလား ကမ္ဘာကြီးထဲက မီးတောက်စွမ်းအားအားလုံးကို စုရုံးထားသည်။
နောက်ထပ်ရက်တစ်၀က်ခန့် ကုန်ဆုံးသွားပြီးနောက် မု၀မ်အာကလည်း ၃၉၉ထပ်မြောက်ကို ရောက်လာခဲ့လေပြီ။
နောက်တစ်ဆင့်က ဒုတိယအဆင့်၏ အစောင့်သားရဲတည်ရှိသည့်နေရာဖြစ်သည်။
ဒီကာလအတောအတွင်း မု၀မ်အာ၏ မီးထိန်းချုပ်မှုစွမ်းရည်ကလည်း တိုးတက်လာခဲလပြီး မီးတောက်ဥက္ကာခဲကို ယခုအချိန်တွင် လုံး၀ထိန်းချုပ်နိုင်ပြီဖြစ်သလို ကောင်းကင်ထက်က မီးပင်လယ်ကိုပင် ဆော်ဩနိုင်သည်။
ထိုနေရာတွင် လူတိုင်း၏ အမူအရာများက လေးနက်သွားကြ၏။
ဒုတိယအဆင့်က အစောင့်သားရဲက အရင်ကထက် သေချာပေါက် ပိုအားကောင်းပေလိမ့်မည်။
မု၀မ်အာ၏ မီးထိန်းချုပ်မှာစွမ်းရည်က ဒါကို အနိုင်ယူနိုင်မလားဆိုတာ သူတို့ သိချင်မိကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဘာတစ်ခုမှ မပြောကြပေ။ မု၀မ်အာက အကူအညီတောင်းရန်အတွက် ပဏာမခြေလှမ်းမလှမ်းလာခဲ့ပါ။
မည်သို့ပင်ဆိုစေကာမူ ဒါက မု၀မ်အာကိုယ်တိုင်အတွက် လေ့ကျင့်မှုသာ။
သို့စေကာမူ သူတို့အနည်းငယ်စိုးရိမ်နေကြသေးသည်။
ကျောက်တုံးလေးမေးသည်။
"ကျွန်တော်တို့သွားပြီး ကူညီသင့်လား"
"မလိုပါဘူး" ဟုန်ရင်ချက်ချင်းခေါင်းခါယမ်းသည်။
"သူ့ကိုယုံလိုက်ပါ"
ဖန်ချန်းကလည်း ဘေးကနေ ပြောသည်။
"စီနီယာအစ်မက ဒါကို ကိုယ်တိုင်လုပ်ချင်တယ်လို့ ပြောမှတော့ ယုံကြည်မှုရှိလို့ဖြစ်ရမယ်၊ ဒါ့အပြင် သူမက ကိုယ့်ကိုကိုယ် ပိုပြီး သက်သေပြချင်တယ်"
"ဒီလိုဆိုမှတော့ ဂရုတစိုက် စောင့်ကြည့်ထားကြ" ယဲ့ချိုးပိုင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်လေသည်။
....
ဒီတဒင်္ဂတွင် မု၀မ်အာ ပြတ်သားသည့် အမူအရာဖြင့် အထပ်၄၀၀ကို ကြည့်နေခဲ့သည်။
ထို့နောက် သူမရှေ့တစ်လှမ်းတိုးပြီး ၄၀၀မြောက်အထပ်ကို တက်လှမ်းလိုက်၏။
ဂရား......!
မု၀မ်အာတက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထဲတွင် မီးပင်လယ်က ရုတ်ချည်းဆိုသလို စတင် အဓိကရုဏ်းဖြစ်လာသည်။
မရေမတွက်နိုင်လောက်သည့် မီးတောက်များက မီးပင်လယ်ကနေ ကခုန်ထွက်လာကြသည်။
သူမဒီနေရာကို လှည့်လည်သွားလာစဉ် မီးတောက်များက လေဟာနယ်ထဲတွင် အရူးအမူးသိပ်သည်းနေပြီး ကျားဟိန်းသံတစ်သံကို အထဲကနေ ထုတ်လွှတ်လာသည်။
ကျားဟိန်းသံကျဆင်းလာသည်နှင့် ပေတစ်ရာရှည်ကျားတစ်ကောင်ကို မီးတောက်များက ၀န်းရံပစ်သည်။ ၎င်း၏ခြေလက်အင်္ဂါတစ်ခုစီက ကောင်းကင်ကို ထောက်ထားသည့် ဧရာမတိုင်များနှင့်တူပြီး ခြေဖဝါးအောက်တွင် မီးမုန်တိုင်းတစ်ခုစီပင် ရှိသည်။
ဒီမြင်ကွင်းကိုကြည့်ရင်း ကျိုးကိုင်ပထမက အံ့ဩသင့်သွားပြီးနောက် နှာခေါင်းရှုံ့သည်။
"ဒီအစောင့်သားရဲနယ်ပယ်က ဖိနှိပ်ခံရပြီးနောက်မှာ ငါတို့နဲ့ပဲ ယှဉ်လို့ရတော့တယ်ဆိုပေမယ့် သာမန်ကောင်းကင်အင်မော်တယ် နယ်ပယ်ကျွမ်းကျင်သူတွေနဲ့ ယှဉ်လို့တောင် မရဘူး"
"မီးကိုဘယ်လို ထိန်းချုပ်ရမလဲဆိုတာကိုသာ သိမယ်ဆိုရင် ဒီကျားကြီးကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး"
ဖင်းယန်၏မျက်နှာ၌ လေးနက်သည့်အမူအရာတစ်ခုထွက်လာသည်။
ဒီအဆင့်ကို ဖြတ်ကျော်ရန်အတွက် သူဆိုလျှင်ပင် အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာကို အသက်သွင်းရန် လိုအပ်သည်။
မု၀မ်အာကရော.....
သူမ၏မီးထိန်းချုပ်မှုစွမ်းရည်က အတော်လေးထူးချွန်သော်လည်း ဖင်းယန်ချိုင့်ဝှမ်းတွင် ရှိစဉ်က မု၀မ်အာ၏ အဂ္ဂိရတ်စွမ်းရည်များကလည်း ထူးချွန်ပေသည်။
ဒီအဆင့်ကို ဖြတ်ကျော်ဖို့အတွက် တကယ့်တိုက်ခိုက်ရေးစွမ်းရည်မရှိဘဲ မီးထိန်းချုပ်မှုစွမ်းရည်ကို မှီခိုအားကိုးရင်း ကိုယ်ပိုင်စွမ်းရည်နဲ့ တကယ်ပဲ ဖြတ်ကျော်နိုင်မှာလား!
အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်အပြင်၌ အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို အပြုံးဖြင့် ကြည့်လိုက်၏။
"မင်းတပည့်က အရမ်းပါရမီရှိတယ်ဆိုပေမယ့် တခြားနည်းလမ်းမရှိဘူးဆိုရင်တော့ ဒီအဆင့်က သူ့အတွက် နည်းနည်းခက်ခဲလိမ့်မယ်"
လုချန်ရှန်းပခုံးတွန့်ရင်း အင်မော်တယ်ဧကရာဇ်ကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျားကျုပ်တပည့်တွေနဲ့ ပတ်သက်ပြီး ပိုသိချင်တယ်လို့ပဲ ပြောလိုက်ပါတော့လား"
ဒါကိုကြားသောအခါ အင်မော်တယ်ဧကရာဇ် ပြုံးလိုက်သည်။
သူတကယ်သိချင်ပါသည်။ အင်မော်တယ်ဧကရာဇ်ခွန်အားနှင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ကျင့်ကြံခြင်းနယ်ပယ်ကို မြင်နိုင်ရန်ဟူသည် ပြဿာနာမဟုတ်သော်လည်း ထိုသို့ဆိုလျှင်ပင် သူတို့တွင် ရှိသည့် ဝှက်ဖဲများကို ပြောဆိုရန်ဟူသည် မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ဖော်ပြခဲ့သည့် ခြေရာအစွန်းအစများဟူ၍ မရှိသောကြောင့်ပင်။
"အဓိကဘာလို့လဲဆိုတော့ မင်းတပည့်တွေဖော်ပြခဲ့တဲ့ ပါရမီတွေက အရမ်းအားကျစရာကောင်းနေလို့ပဲ"
အင်မော်တယ်ဧကရာဇ် အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။ သူ့ခွန်အားနှင့်ဆိုပါက သူတခြားသူများထက် ပိုမြင်နိုင်ပါသည်။
"ငါတောင်မှ သူတို့ကို ငါ့အတောင်ပံအောက်မှာ ယူဆောင်ထားချင်တယ်"
လုချန်ရှန်းအလျင်အမြန်ပြောသည်။
"ဒါဆိုလည်း သူတို့ကိုမြန်မြန်ယူသွားပါတော့၊ ဒီလိုဆိုမှ ကျုပ်လည်း အပူအပင်ကင်းမဲ့တဲ့ ဘ၀တစ်ခုမှာနေနိုင်မှာ"
ဒီစကားလုံးများက ချက်ချင်းဆိုသလို အင်မော်တယ်ဧကရာဇ်အား ဆွံအသွားစေသည်။
တခြားသူတစ်ယောက်မှာသာ တပည့်ရှိမယ်ဆိုရင် သူတို့အမွေကို လက်ဆင့်ကမ်းဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ကြလိမ့်မယ်!
မင်းက မင်းတပည့်တွေကို ၀န်ထုပ်၀န်ပိုးတွေအဖြစ် သဘောထားပြီး သူတို့ကို အမြန်ဆုံး လက်လွှတ်ပစ်ချင်နေတာလား!
အင်မော်တယ်ဧကရာဇ် ခါးသီးစွာပြုံးသည်။
"သူတို့ငါ့ကို သူတို့ဆရာအဖြစ် အသိအမှတ် မပြုလောက်ဘူး"
လုချန်ရှန်းပြောသည်။
"ကြိုးစားကြည့်လေ၊ သူတို့အားလုံးကို ရနိုင်ရင် အကောင်းဆုံးပဲ"
အင်မော်တယ်ဧကရာဇ် "...."
ဒီကောင်စုတ်လေးက ကြမ်းကြမ်းတမ်းတမ်း ပြုမူနေသည်ဟုပင် သူရုတ်တရက် ခံစားလာရသည်။
ငါဘာလုပ်သင့်လဲ၊ ငါဒီကောင့်ကို တကယ်ပဲ ကန်ကျောက်ပစ်ချင်တယ်!
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါကအင်မော်တယ်ဧကရာဇ်ပဲ၊ ငါက အင်မော်တယ်နန်းတော်သခင်ပဲ၊ ငါကိုယ့်ကိုကိုယ်ထိန်းချုပ်ထားရမယ်၊ မီးပွားတစ်ခုကို ဆန္ဒရှိသလို အစပျိုးလို့မရဘူး!
ဒီတဒင်္ဂမှာပင် လုချန်ရှန်း၏ပုံရိပ်က အင်မော်တယ်ဧကရာဇ်၏ စိတ်ထဲတွင် ပြောင်းသွားခဲ့သည်။
သူ့တွင် တိုင်းတာ၍မရလောက်အောင် နက်ရှိုင်းသည့် အခြေခံရှိပြီး ယခုတွင်မူ သူက စိတ်တိုချင်စရာကောင်းလောက်အောင် ဟန်ဆောင်နေသည့် မျိုးမစစ်တစ်ဦး ဖြစ်နေပြန်သည်။
.....
အထပ်၄၀၀တွင် မု၀မ်အာ မီးကျားကို ကြည့်ပြီး လက်သီးအနည်းငယ် ဆုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူမမပြင်ဆင်နိုင်သေးခင်မှာပင် မီးကျား၏တိုက်ခိုက်မှုက ရောက်ရှိလာလေပြီ။
ဧရာမကျားကြီးက ခြေလေးချောင်းကို ရွေ့ကာ ဟင်းလင်းပြင်ပေါ် တက်နင်းသည်။ ၎င်းနင်းလိုက်သည့် ခြေလှမ်းတိုင်းက မီးတောက်ဝဲဂယက်တစ်ခုကို အစပျိုးစေပြီး ကျားဟိန်းသံနှင့်အတူ မု၀မ်အာအား တိုက်ခိုက်လာသည်။
ရှေ့သို့ တိုက်ခိုက်လာသည့်ဖြစ်စဉ်၌ ၎င်း၏ လက်မနှင့်လက်ညိုးကြားက ကွန်ရက်က ကျယ်ပြန့်စွာပွင့်လာပြီး မီးတာအိုနိယာမစွမ်းအားက သွေးကန်ထဲ၌ အရူးအမူး သိပ်သည်းနေသည်။
ထို့နောက် မြို့ကြီးတစ်မြို့ကိုပင် နစ်မြှုပ်သွားစေနိုင်သည့် မီးလုံးတစ်လုံးအဖြစ် သိပ်သည်းကာ မု၀မ်အာထံ ပစ်၀င်သွား၏။
အပူလှိုင်းများက သူမမျက်နှာကို ရိုက်ခတ်သည်။
လေဟာနယ်တစ်ခုလုံးက မီးတောက်နီရောင်အလင်းဖြင့် လင်း၀င်းနေသည်။
ဒါကိုမြင်သောအခါ မု၀မ်အာတွင် တွေးတောရန် အချိန်မရှိတော့သဖြင့် လက်အစုံကို ရှေ့သို့တီးလိုက်သည်။
ထိုစဉ် မု၀မ်အာရှေ့၌ ဧရာမဆေးပြင်းဖိုတစ်လုံး ရုတ်တရက်ပေါ်လာခဲ့သည်။
နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖို!
မု၀မ်အာမျက်မှောင်ကြုတ်ထားပြီး သူမ၏ အနီရောင်နှုတ်ခမ်းအစုံက အနည်းငယ်ဟသွားကာ အော်ဟစ်လိုက်သည်။
"ဆေးပြင်းဖိုအသက်၀င်စမ်း"
မု၀မ်အာမျက်ခုံးကြားက မီးကြာပန်းအမှတ်အသား တဖျပ်ဖျပ်စတင် လင်း၀င်းလာစဉ် ရုတ်ချည်းဆိုသလို နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက လေထဲတွင် ကျယ်ပြန့်သွားသည်။
ဆေးပြင်းဖိုတစ်ဝိုက်က နဂါးခေါင်းကိုးခုမှ နဂါးခေါင်းသုံးခု၏မျက်လုံးများကနေ မီးတောက်များကို အမှန်တကယ် ထုတ်လွှတ်သည်။
ဧရာမမီးလုံးကြီးကလည်း နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုအပေါ် ကျရောက်လာသည်။
ချက်ချင်းဆိုသလို နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက မီးလုံးကြီးကို မျိုချလိုက်လေရာ ဖိုအတွင်းသို့ ၀င်သွားသည်။
"သန့်စင်လိုက်"
ဒါကိုမြင်သောအခါ မု၀မ်အာအော်ဟစ်သည်။
ဆေးပြင်းဖိုပေါ်က နဂါးခေါင်းသုံးခုက အသက်၀င်လာပုံရသည်။ ၎င်းတို့က ပါးစပ်ဖွင့်ပြီး မီးတောက်များကို ထွေးထုတ်ပစ်လေရာ ဆေးပြင်းဖိုကို ဝိုင်းရံပစ်သည်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ဧရာမမီးလုံးကြီးက နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုအထဲတွင် စက္ကန့်အနည်းငယ်မျှသာ ရုန်းကန်ပြီးနောက် အသံမရှိတော့ပါ။
"ဒါကို တကယ်ပဲသန့်စင်လိုက်တာလား"
အောက်က တစ်ယောက် နိုးကြားလာသဖြင့် အော်ဟစ်လိုက်သည်။
ကျိုးကိုင်၏မျက်နှာက မည်းနက်နေသည်။ သူမတွင် တကယ်ပင် တခြားနည်းလမ်းများ ရှိနေခဲ့သည်။
ဟန်လုရယ်မောသည်။
"တကယ့်တိုက်ပွဲမှာ အဂ္ဂိရတ်နည်းစနစ်တွေကို သုံးနေတာပဲ၊ ဒီလူရဲ့အဂ္ဂိရတ်အောင်မြင်မှုတွေက အရမ်းမြင့်မားပုံပဲ"
"လမ်းကြောင်းအားလုံးက တူညီတဲ့ပန်းတိုင်ဆီကို ဦးတည်နေတယ်" ချူကျင်း ဒီမြင်ကွင်းကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။
"တာအိုကို အဆုံးစွန်ထိရောက်အောင် လုပ်တဲ့အခါ သတ်ဖြတ်ရာမှာ တာ၀န်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တကယ့်တိုက်ပွဲမှာ တောက်ပဖို့အတွက် စွမ်းရည်ရှိတယ်"
ဖင်းယန်ကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။
သို့စေကာမူ ဒါက အစသာရှိပါသေးသည်။
ထို့နောက်ချက်ချင်းဆိုသလို ဖင်းယန် ဧရာမမီးကျားကြီးကို ပြန်ကြည့်လိုက်သည်။
သူဒါကိုဘယ်လိုကိုင်တွယ်မှာလဲ!
ဒါကိုလည်း သန့်စင်ပစ်မှာလား!
အပိုင်း(922) coming။