← Chapters

#‌ရှေးဟောင်းတာအိုပစ္စည်း၊ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖို#

Vol. 65 Ch. 922

#‌ရှေးဟောင်းတာအိုပစ္စည်း၊ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖို#

Vol. 65 Ch. 922

ဆေးလုံးကျမ်း၊ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဒယ်စောက်အိုးနှင့်အတူ မု၀မ်အာ၏ အစွမ်းထက်မီးထိန်းချုပ်မှုစွမ်းရည်ကိုပါ ပေါင်းစပ်လိုက်သောအခါမှသာ သူမ ဧရာမမီးကျားထုတ်လွှတ်သည့် မီးလုံးကြီးကို အလွယ်တကူ သန့်စင်နိုင်တော့သည်။

သို့စေကာမူ မီးကျားက တိုက်ခိုက်နေတာကို မရပ်ဘဲ ၎င်း၏ခြေလက်အင်္ဂါများကို လှုပ်ရှားကာ မု၀မ်အာအား ဆက်လက် တိုက်ခိုက်နေသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ လက်မနှင့် လက်ညိုးကြားက ကွန်ရက်ကလည်း ကျယ်ပြောလာပြီး မီးလုံးများက မု၀မ်အာအား ဆက်လက်၀င်တိုက်နေသည်။

တစ်ခဏအကြာတွင် မရေမတွက်နိုင်လောက်သည့် မီးလုံးများက ပြင်းထန်သော မုန်တိုင်းတစ်စင်းပမာ မု၀မ်အာထံ တိုး၀င်လာကြ၏။

ဒါကိုမြင်သောအခါ မု၀မ်အာနောက်မဆုတ်သလို သူမ၏မျက်လုံးများကလည်း ခိုင်မာနေသည်။

အတိတ်က သူမ အဂ္ဂိရတ်စွမ်းရည်များကို တိုးတက်လာစေရန်အတွက်သာ ကြိုးစားခဲ့သည်။ သူမအဂ္ဂိရတ်ပညာ၏ အမြင့်ဆုံးကို ရောက်နေသရွေ့ သူမ၏ စီနီယာအစ်ကိုအစ်မများကို ကူညီနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။

သို့သော် တဖြည်းဖြည်းနှင့် အစ်ကိုကြီးနှင့် ကျန်သောသူများက ရှေ့ကနေ တိုက်ခိုက်ကြသော်လည်း သူမနောက်ကနေသာ ကြည့်နေနိုင်ခဲ့သည်။

ဒါနှင့်ပတ်သက်ပြီး မု၀မ်အာ မကျေနပ်နိုင်သေးပါ။

ယခုသူမ ဆေးလုံးကျမ်းကိုရပြီးနောက် သူမ၏ခွန်အား ထိုးတက်လာသောအခါ သူမတွင်လည်း ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် စွမ်းအားရှိတာကို သူမ၏ စီနီယာများအား သက်သေပြရန်အတွက် မု၀မ်အာ စိတ်ပိုင်းဖြတ်လိုက်သည်။

ယခုအချိန်က သူမကိုယ်သူမ သက်သေပြရမည့် အချိန်ပေတည်း။

မု၀မ်အာ ဘယ်လိုလုပ် ဒီလောက်အလွယ်တကူ နောက်ဆုတ်မည်နည်း။

ထိုအချိန်တွင် မု၀မ်အာမျက်ခုံးကြားက ကြာပန်းအမှတ်အသားက မီးတောက်များနှင့်အတူ ပွင့်လန်းလာခဲ့သည်။

မီးတောက်များက ကြိုးများအဖြစ် ပြောင်းလဲသွားပုံရပြီး နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုတစ်ဝိုက်တွင် ရစ်ပတ်လိုက်ကြ၏။

ဆေးပြင်းဖိုတစ်ဝိုက်တွင် လေးကောင်မြောက်နဂါးက အသက်၀င်လာပုံရပြီး မီးတောက်များကို ထွေးထုတ်သည်။

ဒီတဒင်္ဂလေးမှာပင် မု၀မ်အာလက်အစုံကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက ပြင်းထန်သည့် မီးလုံးများထံ လိမ့်၀င်သွားပြီး မရေမတွက်နိုင်လောက်သည့် မီးလုံးများက နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုထဲတွင် စုပ်ယူခံရသည်။

ဒါက အောက်ခြေမဲ့နေသည့်တွင်းတစ်တွင်းအလားပင်။

ဘာပဲဖြစ်လာပါစေ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက ကွဲအက်မည်မဟုတ်ဘဲ သူမ မီးလုံးအားလုံးကို သန့်စင်ပြီး သူမ၏ အာဟာရများအဖြစ် ပြောင်းပစ်၍ရသည်။

မီးလုံးများက မု၀မ်အာအား ဆန့်ကျင်တိုက်ခိုက်ရာ၌ အသုံးမ၀င်ဖြစ်နေတာကို မီးကျားကလည်း သဘောပေါက်သွားပုံရသည်။

ဂါး.......!

ကျားက မိုးနှင့်မြေကိုပင် တုန်ခါသွားစေသည့် ကျယ်လောင်သည့်ဟိန်းသံတစ်ချက် ထုတ်လွှတ်ကာ မီးမုန်တိုင်းက လေထဲတွင် ကျယ်ပြန့်သွားခဲ့သည်။

ကျား‌ဟိန်းသံနှင့်အတူ မီးကျားက အမြန်နှုန်းကို တိုးမြှင့်လိုက်စဉ် ၎င်း၏ ဧရာမခန္ဓာက လုံး၀သက်ရောက်ခြင်းမရှိဘဲ ယင်းအစား အလွန်အမင်းမြန်ဆန်နေသည်။

ရုတ်ချည်းဆိုသလို ၎င်းက မု၀မ်အာရှေ့တွင်ရောက်လာပြီး ရှေ့ပိုင်းခြေဖဝါးကို မြှောက်ကာ မု၀မ်အာထံသို့ ရိုက်ချလိုက်၏။

၎င်း၏ခြေဖဝါးမှအရိပ်က မု၀မ်အာအား လုံး၀လွှမ်းခြုံသွားခဲ့သည်။

ခြေဖဝါးမှ လေက မီးတောက်များကို သယ်ဆောင်လာပြီး လေထဲတွင် တဟူးဟူးမြည်နေစေသည်။

မု၀မ်အာ ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်နှင့် စည်းတံဆိပ်များဖန်တီးသည်။

သူမျက်ခုံးကြားက အမှတ်အသားက အရိပ်များထဲတွင် ပွင့်လန်းနေသည့် နေလုံးလေးတစ်စင်းပမာ။

နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကလည်း တယ်လီပို့ခံလိုက်ရသည့်အလား ရုတ်ချည်းဆိုသလို မု၀မ်အာရှေ့တွင် ပေါ်လာသည်။

ကလန်၊......!

ထန်း......!

မီးကျား၏ ခြေဖဝါးက နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုပေါ်သို့ ကျရောက်လာသောအခါ ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက သတ္တုသန့်စင်သောအခါ မြည်သည့် ကျယ်လောင်သည့်အသံနှင့်အတူ ချက်ချင်းပေါက်ကွဲသွား၏။

ပဲ့တင်ထပ်သံက ဒီအင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၌ ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာပင် ဧရာမမီးတောက်လှိုင်းများက ပျံ့လာပြီး ခြေဖဝါးနှင့် နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို ဗဟိုပြုရင်း မီးတောက်လှိုင်းများက ပတ်၀န်းကျင်သို့ အဆက်မပြတ်ပျံ့သွားကြသည်။

အပူလှိုင်းအောက်တွင် လှေကားထစ်တစ်စင်းလုံးကိုပင် အောက်ကလူများက မြင်နေသည့်ပမာ။

လေဟာနယ်တစ်ခုလုံးက ပုံပျက်သွားသည့်အလားပင် ထင်ရသည်။ ဒါက တံလျှပ်တစ်ခုအသွင် အတော်လေးထင်ဟပ်နေသည်။

ကျိုးကိုင်နှင့် ကျန်သောသူများ ဒါကို စူးစိုက်စွာ ကြည့်လိုက်ကြ၏။

မု၀မ်အာ ယခုဘယ်လိုအခြေအနေမျိုးတွင် ရှိနေပြီလဲဆိုတာ သူတို့မြင်ချင်ကြသည်။

အပူလှိုင်းများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသောအခါ မု၀မ်အာ၏ ပုံရိပ်က အထပ်၄၀၀တွင် မြဲမြံစွာ ရပ်နေသေးသည်။ ဧရာမမီးတောက်၏ ခြေဖဝါးချက်ကြောင့် သူမလွင့်စင်မသွားခဲ့ပါ။

သို့သော် မု၀မ်အာ၏ နှုတ်ခမ်းများကမူ တဖြည်းဖြည်းနီရဲလာသည်။

ဒီတိုက်ခိုက်မှုအောက်တွင် မု၀မ်အာ အနည်းငယ် ဒဏ်ရာရသွားသည်မှာ သိသာထင်ရှားနေသည်။

တခြားတစ်ဘက်တွင် မီးကျားကမူ ရလဒ်အပေါ် မကျေမနပ်ဖြစ်နေပုံရသည်။ ရပ်တန့်မနေတော့ဘဲ ၎င်း၏ ခြေလက်အင်္ဂါများက မု၀မ်အာအား အဆက်မပြတ် တက်နင်းပစ်သည်။

ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုးနက်ချီလှိုင်းများက သူ့တစ်ကိုယ်လုံးကနေ ထိုးတက်လာပြီး ပုံစံကွက်ခြောက်ခုက သူ့ခန္ဓာကို ဖုံးလွှမ်းသွား၏။

ယဲ့ချိုးပိုင်ကလည်း ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို အစားထိုးပစ်ကာ ရှေးဟောင်းဓားအိမ်ပါဓားတစ်လက်က သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ သူဓားလက်ကိုင်ကို တခြားလက်တစ်ဖက်နှင့် ကိုင်ထားသည်။

ဟုန်ရင်ကမူ ပြန်လည်မွေးဖွားခြင်းလှံကို ထုတ်ယူထားသည်။

မုဖူရှန်း၏ အမူအရာက ပို၍ပင် လေးနက်နေသည်။ မိုးကြိုးစွမ်းအားက သူ့ကိုယ်တစ်ဝိုက်တွင် စီးဆင်းနေပြီး အလွန်အမင်း ချုပ်တည်းထားသည့်အော်ရာတစ်ခုက လှောင်အိမ်ကနေ ချိုးဖျက်လွတ်မြောက်လာတော့မည့်အလားပင် ထင်ရသည်။

နင်းချန်ရှင်း၊ ရှီရှန်း၊ ကျောက်တုံးလေးနှင့် ဖန်ချန်းတို့ကလည်း တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားကြသည်။

မု၀မ်အာ မီးကျား၏တိုက်ခိုက်မှုကို မခုခံနိုင်တော့သည်နှင့်တစ်ပြိုင်နက် သူတို့ ချက်ချင်းဆိုသလို အတူတကွတိုက်ခိုက်ပြီး မု၀မ်အာကို ကယ်တင်ကြမည်ဖြစ်သည်။

ကျန်သောသူများက ဒါကိုသတိမထားမိကြပေ။

မုဖူရှန်းအဆောင်များ၏ ကွယ်ဝှက်မှုအောက်တွင် လူတိုင်း၏အာရုံက မု၀မ်အာအပေါ်တွင်သာ ကျရောက်နေကြသည်။

ဒီနေရာတွင် တစ်ခုခုမှားနေတာကို သူတို့ သတိမထားမိကြပါ။

မု၀မ်အာမော့ကြည့်လိုက်သည်။ သူမပါး‌စပ်ထောင့်စွန်းက သွေးက သူမကို ပို၍ပင် သူရဲကောင်းဆန်စေသည်။

သူမ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လက်တံဆိပ်များက ဆက်လက် ပြောင်းလဲနေသည်။

စည်းတံဆိပ်များ ပြောင်းလဲသွားစဉ် သူမမျက်ခုံးကြားက ကြာပန်းအမှတ်အသားက စည်းတံဆိပ်များ ကျိုးပျက်သွားသည့် နေရာတွင် ရှိနေပုံရပြီး မီးတောက်များက နေရာတိုင်းတွင် ပြန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့မီးတောက်များက သူမခန္ဓာကို လွှမ်းခြုံပစ်လိုက်ကြ၏။

ထိုအချိန်တွင် နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက အမှန်တကယ်ပင် စတင် အရူးအမူး လှည့်ပတ်လာသည်။

ဆေးပြင်းဖိုပတ်လည်၌ ငါးကောင်မြောက်နဂါးက မီးတောက်များထုတ်လွှတ်သည်။

ရှေးခေတ်က ရောက်လာပုံရသော အော်ရာတစ်ခုက ဒီလေဟာနယ်အတွင်း တဖြည်းဖြည်း စတင်ပျံ့သွားခဲ့သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ချူကျင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဒါကရှေးခေတ်က တာအိုပစ္စည်းတစ်ခုပဲ"

ဟန်လုကလည်း လေးနက်သည့်အသံဖြင့် ပြောသည်။

"အခုအချိန်အထိ အမွေဆက်ခံနိုင်တဲ့ ရှေးဟောင်းတာအိုပစ္စည်းတွေက အရမ်းကိုရှားပါးပြီး အစွမ်းထက်တဲ့ တည်ရှိမှုတွေပဲ၊ သာမန်အင်မော်တယ်ပစ္စည်းတွေက ဒါတွေနဲ့ ယှဉ်လို့မရဘူး...."

ကျိုးကိုင်မယုံနိုင်စွာပြောသည်။

"ဒါပေမယ့် ဒီကလေးက ရှေးဟောင်းတာအိုပစ္စည်းကို ဘယ်လိုလုပ် အသက်သွင်းနိုင်ရတာလဲ"

ရှေးဟောင်းစာအုပ်များအရ ရှေးဟောင်းတာအိုပစ္စည်းများကို အသက်သွင်းရန်အတွက် ပစ္စည်းဝိဉာဉ်၏ အသိအမှတ်ပြုခြင်းကို ရယူရန် လိုအပ်သည်။

၎င်း၏လက်ခံမှုကို ရယူရန်အတွက် လိုအပ်ချက်များက အတော်လေးကြမ်းတမ်းသည်။

ပါရမီ၊ ကံတရားနှင့် ဒီတာအိုပစ္စည်းများနှင့် အံ၀င်ခွင်ကျဖြစ်မှုတို့တွင် တစ်ခုမှ မပါရှိ၍မရပေ။

ဖင်းယန်ခါးသီးစွာပြုံးသည်။

စီနီယာလုတွင် ရှေးဟောင်းတာအိုပစ္စည်း တစ်ခုပင် ရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပါ။

ဒါ့အပြင် တပည့်တစ်ယောက်ကို အသုံးပြုရန်အတွက်လည်း တိုက်ရိုက်ပစ်ပေးထားသေးသည်။

ဖင်းယန်ချိုင့်ဝှမ်းပင်လျှင် ဒီလိုအရာမျိုးကို မပိုင်ဆိုင်ပေ။

ရှေးဟောင်းတာအိုပစ္စည်းကို ပိုင်ဆိုင်ထားကြသည့် အင်မော်တယ်နယ်မြေက ဂိုဏ်းအရေအတွက်ကို လက်တစ်ဖက်နှင့်ပင် ရေတွက်၍ရသည်။

ဖင်းယန်တွေးနေတာကို လုချန်ရှန်းသာ သိမည်ဆိုပါက သေချာပေါက် သေသည်အထိ သွေးအန်မိပေလိမ့်မည်။

ဘာလို့အရာအားလုံးက ငါ့ခေါင်းပေါ်မှာပဲ ရှိနေရတာလဲဟ!

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ကျန်သောသူများကလည်း သူတို့၏ ဆွေးနွေးမှုများကို ကြားကြသဖြင့် သူတို့နှလုံးသားများက လေးလံသွားရသည်။

ဒီနဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို အဆုံးမဲ့ပင်လယ်ဒေသက ရခဲ့တယ်ဆိုတာ သူတို့ကောင်းကောင်းသိကြသည်။

အဆုံးမဲ့ပင်လယ်ဒေသတွင် အမှန်တကယ်ပင် ယခုလိုနတ်ပစ္စည်းမျိုးရှိနေသည်။

အဆုံးမဲ့ပင်လယ်ဒေသက အတိအကျ ဘာကိုများ ဖုံးကွယ်ထားလေသနည်း။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်စစ်ပွဲက ဘယ်လိုစစ်ပွဲပျိုးဖြစ်လေသနည်း။

.....

အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကို နက်ရှိုင်းစွာ တစ်ချက်စိုက်ကြည့်လိုက်၏။

"မင်းက ကိုယ့်ကိုကိုယ်ကောင်းကောင်း ဖုံးကွယ်ထားတာပဲ"

"မင်းတပည့်သုံးဖို့အတွက်နဲ့ မင်းရှေးဟောင်းတာအိုပစ္စည်းတစ်ခုကိုတောင် ဘာမဟုတ်သလိုမျိုး ထုတ်ပေးလိုက်နိုင်တယ်"

"မင်းပစ်မှတ်ထားခံရမှာကို ကြောက်တာလား"

လုချန်ရှန်း "....."

ခင်ဗျားကြိုက်သလိုသာလုပ်ပါတော့!

ဘာပဲဆိုဆို ကျုပ်ကိုယ်တိုင်ရှင်းပြရင်လည်း ခင်ဗျားယုံမှာမှမဟုတ်တာလေ!

ကိစ္စမရှိပါဘူး၊ မေ့လိုက်တော့!

.....

မု၀မ်အာကမူ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖို၏ စွမ်းအားကို အသက်သွင်းပြီးနောက် သူမမျက်နှာက ချက်ချင်းဆိုသလို သွေးဆုတ်ဖြူရော်သွားခဲ့သည်။

သို့စေကာမူ ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကလည်း ထိုအချိန်တွင် ကြီးမားသည့် စုပ်အားတစ်ခုကို ထုတ်လွှတ်သည်။

ဧရာမမီးကျားမှာ လုံး၀ခုခံနိုင်စွမ်းမရှိတော့ဘဲ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုထဲသို့ ဖြည်းဖြည်းချင်း စုပ်ယူခံလိုက်ရသည်။

အပိုင်း(923) coming။

All Chapters