← Chapters

#‌အင်မော်တယ်ဧကရာဇ်၊ မင်းဘာလို့ အင်မော်တယ်နန်းတော်ကို မ၀င်ရတာလဲ#

Vol. 65 Ch. 923

#‌အင်မော်တယ်ဧကရာဇ်၊ မင်းဘာလို့ အင်မော်တယ်နန်းတော်ကို မ၀င်ရတာလဲ#

Vol. 65 Ch. 923

ရှေးဟောင်းတာအိုပစ္စည်းများက အင်မော်တယ်ပစ္စည်းများထက် အများကြီးသာလွန်သည့် တည်ရှိမှုများဖြစ်သည်။

အလားတူပင် ရှေးဟောင်းတာအိုပစ္စည်းများကို ထွင်းထုသည်နည်းလမ်းများကလည်း ပျောက်ဆုံးသွားခဲ့သည်။

ရှေးခေတ်ကနေ ရှင်ကျန်ခဲ့ကြသည့် တစ်ချို့မင်းမျိုးနွယ်မိသားစုများတွင် နည်းလမ်းများရှိတာ ဖြစ်နိုင်သော်လည်း ဒီလူများက များသောအားဖြင့် ကမ္ဘာကြီးထဲတွင် မပေါ်လာကြပါ။

တစ်နည်းအားဖြင့် နည်းလမ်းတစ်ခုရှိလျှင်ပင် နောက်ထပ်ထုထွင်းနိုင်မည်မဟုတ်တော့။

လိုအပ်ချက်များက အရမ်းမြင့်မားသည်။

လက်ရှိပတ်၀န်းကျင်က ခမ်းနားကြီးကျယ်သည့် ရှေးခေတ်နှင့် ကွဲပြားနေပြီဖြစ်လေရာ ထွင်းထုရန်ဟူသည် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ယခုရှိသည့်ရှေးဟောင်းတာအိုပစ္စည်းများက အခြေခံအားဖြင့် ရှေးခေတ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

မု၀မ်အာ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို လက်ရှိခွန်အားဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်သေးသော်လည်း ရှေးဟောင်းတာအိုပစ္စည်းများ၏ စွမ်းအားအစိတ်အပိုင်း သေးသေးလေးတစ်ခုကို အသက်သွင်းလျှင်ပင် ဒါက အလွန်အမင်း အစွမ်းထက်သည့် သက်ရောက်မှုတစ်ခုကို ထုတ်လွှတ်ပေလိမ့်မည်။

ဒါက ရှေးဟောင်းတာအိုပစ္စည်းများ၏ ကြောက်မက်ဖွယ်ရာရှုထောင့်ပေတည်း။

ဒါ့အပြင် ဒီနဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက သာမန်ရှေးဟောင်းတာအိုပစ္စည်းတစ်ခုဖြစ်ပုံမရပေ။

ထိုအချိန်တွင် လူတိုင်း၏အကြည့်အောက်၌ မု၀မ်အာ၏ ခြေအစုံက လှေကားထစ်များပေါ်သို့ လွင့်မြောသွားခဲ့သည်။

သွေးနီရောင်မီးတောက်များက သူမကိုယ်ကို ပိတ်ကျဲအလွှာများပမာ ရစ်ပတ်ထားပြီး မု၀မ်အာတစ်ကိုယ်လုံး၌ ပြန့်ကြဲနေသည်။

သူမမျက်ခုံးကြားက ကြာပန်းအမှတ်အသားက တောက်ပစွာ လင်း၀င်းနေသည်။

ဒီမီးပင်လယ်ထဲတွင် ကောင်းကင်ဘုံကိုးခုက နတ်ဘုရားမတစ်ပါးအလားပင်။

သူမ၏ အမူအရာက အေးစက်နေပြီး မျက်လုံးများက မီးတောက်ပမာ ဖြစ်နေလေရာ မု၀မ်အာက မြင့်မြတ်၊ လှပကာ လေးစားဖွယ်ကောင်းနေလေသည်။

သူမလက်အစုံနှင့် တံဆိပ်တစ်ခုဖန်တီးသည်။

မရေမတွက်နိုင်လောက်သည့် မီးတောက်များက နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုထဲသို့ ၀င်သွားကြ၏။

ဆေးပြင်းဖိုပေါ်က နဂါးငါးကောင်က လင်း၀င်းစွာ တောက်ပလာကြပြီး ဧရာမမီးကျားကြီးက အထဲသို့ စုပ်ယူခံလိုက်ရသည်။

အထဲကနေ ကျယ်လောင်သည့် ကျားဟိန်းသံများကို အဆက်မပြတ်ကြားနေရသည်။

ဘန်း! ဘန်း! ဘန်း....!

နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုမှ တစ်ဘန်းဘန်းမြည်သံများကလည်း ဆက်တိုက်ထွက်ပေါ်နေသည်။

ဧရာမမီးကျားကြီးက နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို အထဲကနေ အဆက်မပြတ် ရိုက်ထုနေသည့်အသွင်။

ဒါ့အပြင် အသံ၏ပြင်းထန်မှုက ပိုပို၍ပင် မြန်ဆန်လာနေပြီး အသံကလည်း ပို၍ပင် ကျယ်လောင်လာသည်။

နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖို၏ သန့်စင်ခြင်းစွမ်းအားက မီးကျားကို ခြိမ်းခြောက်မှုအား ခံစားရစေသည်မှာ သိသာထင်ရှားနေသည်။

၎င်းက အရှိန်တိုးမြှင့်ပြီး ဒီလှောင်အိမ်ထဲကနေ လွတ်မြောက်အောင် လုပ်နေသည်။

ဒါကိုမြင်သော် မု၀မ်အာ၏ အမူအရာက အေးစက်နေပြီး သူမမျက်လုံးများက တည်ငြိမ်နေသည်။

သူမ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို တည်ငြိမ်စွာပင် လက်ညိုးထိုးလိုက်သည်။

ရုတ်ချည်းဆိုသလို နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖို၏ မီးတောက်များက အဆက်မပြတ် မြှင့်တက်လာပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်က မီးပင်လယ်က မု၀မ်အာ၏ ထိန်းချုပ်မှုကို ခံနေရသည့်အသွင်။

အလွန်အမင်းသန့်စင်သည့် မီးတာအိုနိယာမက နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုရှိရာသို့ ထိုးထွက်လာသည်။

ဟူး! ဟူး! ဟူး! ဟူး....!

မီးတောက်များက ကောင်းကင်၌ ပြည့်နှက်နေပြီး ပတ်၀န်းကျင်အပူချိန်က မြှင့်တက်နေသည်။

နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုမှ ထုတ်လွှတ်သည့် ဆူညံမှုက သေးသထက် ပိုသေးလာပြီး ကျားဟိန်းသံကလည်း ပိုအားနည်းကာ ပို၍ပင်နာကျင်လာသည်ာ

မု၀မ်အာ ဒီမြင်ကွင်းကို ထူးမခြားနားစွာ ကြည့်နေပြီး အခွင့်အရေးကို ဖမ်းဆုပ်လိုက်၏။

"အခုဒါကိုအဆုံးသတ်ရမယ့်အချိန်ပဲ...."

သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်အစုံကို ခေါင်းပေါ်၌ အနည်းငယ် မြှောက်လိုက်သည်။

နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုက အထက်သို့လွင့်မြောသွားသည်။

မီးပင်လယ်ကို လွှမ်းခြုံစေပြီးနောက် အမွေးတိုင်တစ်တိုင်စာအကြာတွင် ရုတ်တရက် နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကနေ မီးတောက်လှိုင်းတစ်ခုကို ထုတ်လွှတ်ပြီး ထိုတဒင်္ဂမှာပင် ကောင်းကင်က တုန်ခါသွား၏။

တစ်ချိန်တည်းမှာပင် နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုထဲတွင် လှုပ်ရှားမှုမရှိတော့ပါ။

နောက်ဆက်တွဲမီးတောက်လှိုင်းများက အလွန်အမင်းသန့်စင်သည့် မီးတာအိုနိယာမ အမျှင်စများအဖြစ် ပြောင်းလဲသွားကြပြီး မု၀မ်အာမျက်ခုံးကြားက မီးကြာပန်းအမှတ်အသား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

မု၀မ်အာ၏ မီးစွမ်းအားကလည်း ပို၍ပင် အားကောင်းလာပြီး သူမနယ်ပယ်ကလည်း စတင်နိုးကြွလာသည်။

အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်၏ ဖိနှိပ်မှုကြောင့်သာ မဟုတ်ပါက သူမ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်သွားပေလိမ့်မည်။

ထို့နောက် မု၀မ်အာ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို သိမ်းဆည်းလိုက်သည်။ မီးကြာပန်းအမှတ်အသား ပျောက်ကွယ်သွားသည်နှင့် သူမပတ်လည်က မီးတောက်များကလည်း ပျောက်သွားသည်။

ထိုအချိန်တွင် သူမ၏အေးစက်ကာ ဂုဏ်ကျက်သရေရှိသည့် အမူအရာကလည်း ပျောက်ကွယ်သွားပြီး မုဝမ်အာ ‌ကလေးမလေးတစ်ဦးပမာ အရင်အသွင်အပြင်ကို ပြန်ရလာကာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို လှည့်ကြည့်သည်။

သူမလက်အစုံကို ခါးပေါ်တင်ပြီး နှင်းကဲ့သို့ ဆွတ်ဖြူနေသည့် မေ့စေးလေးကို အနည်းငယ်မော့ကာ နှာခေါင်းကောက်ကောက်လေးကို ပုတ်ရင်း ဂုဏ်ယူနေပုံရသည်။

သူမအားဂုဏ်ပြုပေးရန်အတွက် မု၀မ်အာ တောင်းဆိုနေသည့်အသွင်။

"ဟင်းဟင်း၊ အထင်ကြီးစရာကောင်းတယ်မလား"

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ကျန်သောသူများ ရယ်လိုက်ကြသည်။

ဟုန်ရင်ရှေ့သွားပြီး မု၀မ်အာခေါင်းလေးကို ပွတ်သပ်ရင်း နူးညံ့စွာပြုံးသည်။

"အနာဂတ်မှာ ညီမလေး၀မ်အာက ငါတို့နဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်နိုင်တော့မယ်"

မု၀မ်အာ၏မျက်လုံးများက ရွှန်းလက်သွားပြီး ဟုန်ရင်ကိုဖက်ကာ သူမမျက်နှာလေးကို ရင်ဘတ်ထဲတွင် မြှုပ်ထားလေသည်။

"ဟုတ်တယ်၊ ဟုတ်တယ်"

ယဲ့ချိုးပိုင်ပြုံးသည်။

"ဒါပေမယ့် ငါတို့အတွက် ဆေးလုံးတွေ သန့်စင်ပေးဖို့ကိုလည်း မေ့လို့မရဘူးနော်၊ ညီမလေး၀မ်ရဲ့ဆေးလုံးတွေက ငါတို့အတွက် အရမ်းအရေးပါတယ်၊ ဘာပဲဆိုဆို ဆရာက ဆေးလုံးတွေ သန့်စင်ပေးဖို့အတွက် အရမ်းပျင်းတာလေ"

တခြားတစ်ဘက်တွင် ကျောက်တုံးလေးက မု၀မ်အာနှင့် ဟုန်ရင်တို့ကို စိတ်အားထက်သန်စွာ ကြည့်ပြီး တွေးနေသည်။

ငါသိပြီ!

ငါလည်း နောက်တခါဒါကို စမ်းသပ်ကြည့်ရမယ်!

ရုတ်တရက် ဘေးကနေ နင်းချန်ရှင်း၏ အသံထွက်လာသည်။

"မင်းညီမလေး၀မ်အာလိုမျိုး အရာမျိုးကို လုပ်ချင်တာဆိုရင်တော့ ဒါက မသင့်လျော်ဘူး"

ကျောက်တုံးလေးချက်ချင်းပင် စိတ်ပျက်သွားပြီး နင်းချန်ရှင်းအား အထိတ်တလန့် ကြည့်သည်။

နင်းချန်ရှန်း ကျောက်တုံးလေးကို အပြုံးဖြင့် ကြည့်နေပြီး သူ့အမူအရာက နက်ရှိုင်းလှသည်။ သူလူတစ်ယောက်၏ နှလုံးသားကို ထိုးဖောက်မြင်နိုင်သည့်အသွင်။

အောက်ကလူများ၏ အမူအရာများကမူ လေးနက်နေကြ၏။

သူတို့၏ စိတ်များက မု၀မ်အာ အစောင့်သားရဲကို သန့်စင်ပစ်သည့် မြင်ကွင်းထဲတွင် နစ်မြှုပ်နေကြဆဲပင်။

ယခုတွင်မူ တည်ရှိနေသည့်လူအများအပြားက ဒီလူအုပ်စုကို အထင်မသေးရဲကြတော့ပါ။

ပထမဆုံးတွင် ခန္ဓာကျင့်ကြံသူက မိုးကြိုးတာအိုနိယာမကို အတင်းခုခံခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒဏ်ရာရပြီးနောက် သူ့ခန္ဓာက အလျင်အမြန်ပင် ကုသအားဖြည့်နိုင်ပြီး သူ့ခွန်အားကလည်း ထပ်ပြီး တိုးလာနိုင်သေးသည်။

ထို့နောက် မုဖူရှန်း၏အဆောင်များနှင့် နတ်မိုးကြိုးကိုးခုတို့ဖြစ်သည်။

မု၀မ်အာ၏ မီးထိန်းချုပ်မှုစွမ်းရည်နှင့် ရှေးဟောင်းတာအိုရတနာတို့လည်း ရှိသေးလေရာ သူတို့ထဲကဘယ်သူမဆို အင်မော်တယ်နယ်မြေ၌ ထိပ်တန်းအဆင့်ပုံရိပ်များ ဖြစ်လာပေလိမ့်မည်။

သူတို့ကို အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်အတွက် ရွေးချယ်ခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။

တခြားသူတွေကရော!

လူတိုင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို လှမ်းကြည့်လိုက်ကြသည်။

သူတို့အားလုံးက ဂိုဏ်းတစ်ဂိုဏ်းတည်းက ဖြစ်ပုံပေါ်လေရာ သေချာပေါက်ရိုးရှင်းကြမည်မဟုတ်။

ဖင်းယန် အမူအရာက အလွန်အမင်း ပျက်ယွင်းနေသည့် ကျိုးကိုင်ကိုကြည့်ပြီး အေးစက်စွာရယ်မောသည်။

"မင်းမျှော်လင့်ချက်တွေနဲ့ အရမ်းမကိုက်ညီဖြစ်သွားတယ်ထင်တယ်၊ အရင်က သူတို့ကို အမြောက်ဆံဖြစ်ပေးဖို့အတွက် ဘယ်သူပြောခဲ့တာလဲ၊ အခုကြည့်ရတာတော့ သူတို့ကို အမြောက်ဆံတွေအဖြစ် သတ်မှတ်လို့မရတော့ဘူးထင်တယ်"

ကျိုးကိုင်အံကြိတ်လိုက်သည်။

သူတစ်ခုခုပြောချင်သော်လည်း ဘာတစ်ခုမှ ပြောနိုင်စွမ်းမရှိပါ။

မည်သို့ပင်ဆိုစေကာမူ ဒါက အမှန်တရားဖြစ်သည်။ ဒါက သူကိုယ်တိုင် သူ့ကိုယ်ပိုင် မျက်လုံးများနှင့် မြင်တွေ့ခဲ့ရသည့် အမှန်‌တရားပေတည်း။

ယခုလိုပါရမီနှင့်ခွန်အားအရ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကသာ နိမ့်ကျမနေပါက သူတို့က ထိပ်တန်းအဆင့်များအဖြစ် သတ်မှတ်၍ရသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်အပြင်၌ အင်မော်တယ်ဧကရာဇ် မေ့စေးကို ထိလိုက်သည်။

"မင်းတပည့်တွေက တကယ်အံ့ဩသင့်ဖို့ ကောင်းကြတာပဲ"

လုချန်ရှန်း သူနှင့်စကားမပြောချင်သဖြင့် နှလုံးသားထဲတွင်သာ တွေးနေမိသည်။

ဘာလို့ ဒီကောင်စုတ်လေးတွေ ထပ်ပြီး အများကြီး ထုတ်ဖော်ပြသရပြန်တာတုန်း!

ငါ့စကားလုံးတွေကို သူတို့နှလုံးသားထဲမှာတောင် မထည့်ထားကြဘူးထင်တယ်!

မေ့လိုက်တော့၊ မေ့လိုက်တော့၊ ငါလည်း ဂရုမစိုက်ဘဲ နေလို့မှမရတာ!

ထိုအချိန်တွင် အင်မော်တယ်ဧကရာဇ် ရုတ်တရက်မေးသည်။

"မင်းမှာ ဘာဂိုဏ်းမှမရှိဘူးမလား"

လုချန်ရှန်းခေါင်းမော့ကာ အင်မော်တယ်ဧကရာဇ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

"ဘာလို့မင်းနဲ့ မင်းတပည့်တွေ ငါ့ရဲ့ အင်မော်တယ်နန်းတော်ကို မ၀င်ကြရတာလဲ"

အင်မော်တယ်ဧကရာဇ်၏ စကားလုံးများက ထိတ်လန့်စရာကောင်းသည်။ သူအနည်းငယ် ပြုံးလိုက်သည်။

"ငါမင်းကို အင်မော်တယ်နန်းတော်ရဲ့ ဒုတိယနန်းတော်သခင်ရာထူးကို ပေးမယ်လေ၊ ဒီရာထူးက ငါပြီးရင်ပထမနေရာပဲ၊ တချိန်တည်းမှာပဲ ငါ့အမိန့်တွေကို လက်မခံဖို့ မင်းရွေးချယ်လို့ရတယ်၊ ငါမင်းကို လွတ်လပ်မှုပေးမယ်၊ မင်းကလည်း အယ်မော်တယ်နန်းတော်ရဲ့ ဆက်ဆံမှုကို သာယာခံစားလို့ရတယ်"

"ဒါ့အပြင် မင်းတပည့်တွေကလည်း အင်မော်တယ်နန်းတော်ရဲ့ ကိုယ်ပိုင်တပည့်တွေ တိုက်ရိုက်ဖြစ်လာလိမ့်မယ်၊ ဘယ်လိုသဘောရလဲ"

အကယ်၍ အပြင်လူများသာ ဒီနေရာတွင်ရှိပြီး အင်မော်တယ်ဧကရာဇ်၏ စကားလုံးများကိုသာ ကြားမည်ဆိုပါက သူတို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။

အင်မော်တယ်နန်းတော်၏ ဒုတိယနန်းတော်သခင်ရာထူးက အရင်က တစ်ခါမှ မရှိခဲ့ဖူးသည့် နေရာတစ်‌ခုဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒီအတွက်လိုအပ်ချက်များကလည်း အတော်လေး အသစ်အဆန်းများဖြစ်သည်။

သူက အင်မော်တယ်နန်းတော်၏ အရင်းအမြစ်များကို ခံစားနိုင်သလို လွတ်လပ်မှုကိုလည်း သာယာခံစားနိုင်သည်။

ဒါက မရေမတွက်နိုင်လောက်သောသူများ လိုလားတောင့်တအားကျရသည့် အခြေအနေတစ်ရပ်ဟုလည်း ဆို၍ရသည်။

လုချန်ရှန်းရယ်မောသည်။

"လူအိုကြီး၊ ခင်ဗျားက အစီအစဉ်ကောင်း တစ်ခုလုပ်ထားတာပဲ၊ ခင်ဗျားက ကျုပ်ကို ခင်ဗျားဆီမှာ ပါ၀င်စေချင်သလို ကျုပ်တပည့်တွေကိုလည်း အင်မော်တယ်နန်းတော်မှာ ပါ၀င်စေချင်တာလား"

အပိုင်း(924) coming။

All Chapters