← Chapters

ရန်သူများ ... ။

Vol. 20 Ch. 229

ရန်သူများ ... ။

Vol. 20 Ch. 229

ဤနေရာမှ ထွက်ပြီးနောက် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် ကြိုးစားပေလိမ့်မည်။

ထို့နောက် စုရီမှ သူ့ ထင်မြင် ယူဆချက်များကို ပြောပြပြီး အစီအစဉ်အချို့ ချမှတ်လိုက်သည်။

“ ဆေးပြားနည်းနည်း သန့်စင်ဖို့ ဒီဖွဲ့စည်းပုံကြီးရဲ့ စွမ်းအားကို သုံးရအောင် ငါ့ကို ကာကွယ်ပေးပါ ... ပြီးရင် ခွဲဝေယူလို့ရပြီ။ ”

နင်စစ်ဟွာနှင့်အဖွဲ့မှာ မျက်လုံးများ တောက်ပလာကာ ခေါင်းညိတ်လိုက်ကြသည်။ စုရီက အချိန်မဖြုန်းတော့ဘဲ တင်ပျဉ်ခွေထိုင်ပြီး ဒဏ်ရာများကို စတင်ကုစားလိုက်၏။

ထိုမြင်ကွင်းကြောင့် လန်စုက စွမ်းအင်ပုလင်းတစ်လုံး ထုတ်ယူပြီး စုရီကို ကမ်းပေးလိုက်သည်။

“ ဆရာစု ... ဒါက ကောင်းကင်ရနံကျောက်စိမ်းဆေးရည် ပုလင်းပါ ... ကျေးဇူးပြုပြီး သုံးပါ။ ”

စုရီမှ မငြင်းချေ။ ဆေးရည်ကို ချက်ချင်း သောက်သုံးလိုက်သည်။ နင်စစ်ဟွာနှင့် မုရှီက သက်ပြင်းချ၏။

ကောင်းကင်ရနံ့ ကျောက်စိမ်းရည်သည် မဟာချင်မင်းဆက်၏ ပထမတန်းစားကုသဆေး ဖြစ်သည်။

မဟာကျိုး၌ ၎င်းဆေးရည်သည် အလွန်ကျော်ကြားပြီး သေလွန်သူများကို အသက်ပြန်ရှင်စေနိုင်သည့် မှော်ဆေး တစ်လက်လည်းဖြစ်သည်။

တစ်စက်၏ စျေးနှုန်းသည် တတိယတန်း ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ညီမျှ၏။ ယခုမူ ဆေးတစ်ပုလင်းလုံးကို ပေးအပ်ခြင်းပေပင်။

ထိုသို့သော ချမ်းသာသည့် မိသားစုနောက်ခံရှိခြင်းသည် သြဇာအာဏာ ရှိခြင်းဟူသည့် အဓိပ္ပာယ်ကို အပြည့်အဝ သဘောပေါက်လာစေ၏။

နာရီဝက်ကုန်လွန်သွားပြီးနောက် စုရီတစ်ယောက် မျက်လုံးများဖွင့်ကာ ဆေးပြား သန့်စင်ရန် ပြင်ဆင်လေသည်။

“ ဝှစ် ... ။ ”

လေထဲ တံဆိပ်များ ဖန်တီးပြီး ဝင်္ကပါကို အသက်သွင်းလျက် တားမြစ်စွမ်းအား လှိုင်းများ ထွက်ပေါ်လာစေခဲ့သည်။

“ ဘရူး ... ။ ”

အဆုံးတွင် ထိုတားမြစ် စွမ်းအားများက ခရမ်းရောင်နန်းတော် ဆေးမီးဖိုထံ ဝင်သွားပြီး မီးလျှံများ တောက်လောင်လျက် ဆယ်ပေ အရွယ်အစား အထိ ကြီးထွားလာ၏။

ခမ်းနားပြီး ထူးထူးဆန်းဆန်း မီးတောက်များနှင့် အရိပ်များ ထွက်ပေါ်လာကာ မီးပုံထဲတွင် အတောင်ပံခတ်နေသော ငှက်များ ကောင်းကင်တခွင် ပျံဝဲနေခဲ့သည်။

“ ခြေတစ်ချောင်း ကြိုးကြာ ... ။ ”

ထိုမြင်ကွင်းသည် နင်စစ်ဟွာနှင့် အခြားသူများကို အံ့အားသင့် သွားစေခဲ့ကြ၏။ စုရီက တင်ပျဉ်ခွေထိုင်ကာ လေထဲမျောနေသော ဆေးမီးဖိုအတွင်း ဝိညာဉ်ရေးဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ပစ်ချလိုက်သည်။

၎င်းတို့အားလုံးသည် စတုတ္ထတန်းနှင့် စတုတ္ထတန်းအထက် ဝိညာဉ်ရေး ဆေးပင်များ ဖြစ်၏။

လက်ရှိ စုရီတွင် အရင်းအမြစ်များ မရှားတော့ချေ။ ပြည်နယ်သခင် စံအိမ်တိုက်ပွဲ၊ ရတနာဘုံကျောင်းတိုက်ပွဲ စသည်တို့မှ ရိတ်သိမ်းထားနိုင်သည်။

ထို့အပြင် ရှစ်ဖန်းခန်းမမှ (၉၀%)နှင့် စစ်မှန်သောသခင်ပင်း ကျန်ရစ်ခဲ့သော ဆေးပင် များစွာလည်း ကျန်ရစ်ခဲ့သည်။

“ ဝူး ... ။ ”

ခရမ်းရောင်နန်းတော် ဆေးမီးဖိုက ဟိန်းဟောက်ပြီး ဝိညာဉ်ရေး အလင်းရောင်များ လင်းလက်လာခဲ့၏။

စုရီက လျှို့ဝှက်ဆန်းကြယ်သော အဂ္ဂိရတ်နည်းပညာများ အသုံးပြုကာ အစီရင် စွမ်းအားကို ရံဖန်ရံခါ အသုံးချနေသည်။

မဟာသခင် ဒုတိယအဆင့် ကျင့်ကြံမှုဖြင့် ခရမ်းရောင်နန်းတော် ဆေးမီးဖိုကို အသက်သွင်း မရနိုင်ချေ။ ဉာဏ်အလင်း ခြံဝင်း၏ အစီရင်ကို အားကိုးပြီး အသုံးပြုရလေသည်။

များမကြာခင် ဆေးမီးဖိုအတွင်းမှ ရနံ့များလှိုင်လှိုင် ထွက်ပေါ်ကာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များ အားလုံးကို ပြေလျော့ သွားစေ၏။

စုရီတစ်ယောက် ပင်ပန်းနွမ်းနယ် နေသော်လည်း အာရုံစိုက်မှုကို မလျှော့ဝံ့ချေ။ ဆေးဝါးသန့်စင်ခြင်းနှင့် လက်နက်သန့်စင်ခြင်း များသည် သန္ဓေသားများ မဖွဲ့စည်းနိုင်မီ အာရုံအပြည့် စိုက်ထားရချေပြီ။

“ ဝှီး ... ။ ”

ဤမျှအရေးကြီးသော အခိုက်အတန့်တွင် ဓားတစ်လက် တိုးညှင်းစွာ လေခွင်းလာနေသံကို ရုတ်တရက် ကြားလိုက်ရသည်။ ၎င်း၏ ဦးတည်ရာအရပ်သည် စုရီထံ ဖြစ်၏။

“ ဟမ့် ... ။ ”

ဤသည်မှာ ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်မှုပေပင်။ ရက်စက်လွန်း ချေ၏။ စုရီအတွက် ရှောင်တိမ်းခြင်းပြုသော် ဆေးလုံးဖွဲ့တည်မှု ပျက်စီးပေမည်။

“ ထန် ... ထန် ... ။

ရုတ်တရက် သတ္တအချင်းချင်း ရိုက်မိသံများနှင့်အတူ ဓားနက်တစ်စင်း လေထု အလယ် ဝဲပျံလျက် ထွက်ပေါ်လာသည်။

၎င်းကို ဟန့်တားလိုက်သည်မှာ ငါးတစ်ကောင်ကဲ့သို့ ပျံဝဲနေသော နင်စစ်ဟွာ၏ အနီရောင်ဓားပျံ ဖြစ်သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် အနက်ရောင်ဓားပျံသည် လာရာလမ်းအတိုင်း ပြန်လည်လွင့်ပျံသွားကာ အမှောင်ထဲ ဝင်ရောက်သွားသည်။

စုရီက သူနှင့်တစ်ပေမျှသာ ကွာသော အဆိုပါကြားဖြတ် ဟန့်တားပေးမှုအပေါ် အာရုံ မစိုက်ခဲ့ချေ။ ယခင်ကဲ့သို့ တည်ငြိမ်ပြီး အာရုံစူးစိုက်မှု အပြည့်ရှိနေသည်။

တစ်ဖက်တွင် နင်စစ်ဟွာ၊ မုရှီနှင့် လန်စုတို့သုံးယောက်သည် လူသတ်လိုသော ရည်ရွယ်ချက်များဖြင့် ကြည့်လိုက်သည်။

ဓားနက် ဝင်ရောက်သွားသည့် အမှောင်ရိပ်ထဲမှ လူရိပ်များ တရွေ့ရွေ့ထွက်ပေါ် လာသည်။ ခေါင်းဆောင်သည် ရှည်လျားသော ၀တ်စုံဖြင့် သာမန်အသွင်အပြင်မျိုးရှိ၏။

သို့သော် သူ့ မျက်ဝန်းများသည် လင်းယုန်ငှက်ကဲ့သို့ စူးရှချေပြီ။ ၎င်းဘေးတွင် ကြင်နာတတ်သော ငွေရောင်ဆံပင် အဘိုးအို တစ်ဦးနှင့် ဓားရှည်ကိုင် အမျိုးသမီး တစ်ဦး ပါရှိသည်။

၎င်းမှာ လျှို့ဝှက်နဂါးဓားဂိုဏ်း၏ အဆောင်ရတနာခန်းမသခင် လုထောင်လျူ၊ ပြင်ပအကြီးအကဲ လီစန်းနှင့် ဒုတိယအကြီးအကဲ လျောင်ယွင်လျူတို့ဖြစ်သည်။

ထိုလူသုံးယောက်ကို တွေ့သောအခါ နင်စစ်ဟွာနှင့် မုရှီ၏ မျက်ဝန်းများ မှေးစင်းသွား တော့သည်။

သူတို့သုံးယောက်သည် ရှေးမစွကပင် ဘုန်းကြီးတသိုက်ကို သတ်ဖြတ်ခဲ့ကြသည်မှာ သွေးပူနေဆဲဖြစ်၏။

လက်ရှိအချိန်တွင် စုရီသည် ဆေးပြားသန့်စင်ရန်အတွက် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေသည်။

ထို့ကြောင့် မူလနေရာတွင် ရပ်လျက် စုရီအပေါ်ကာကွယ်ရန်သာ ဆုံးဖြတ်လိုက် ကြသည်။

ထိုစဉ် နောက်ထပ် လူနှစ်ယောက် အမှောင်ရိပ်ထဲမှ ထပ်မံ ထွက်ပေါ်လာသဖြင့် နင်စစ်ဟွာက မျက်မှောင်ကြုတ်ပြီး မုရှီမှ မျက်နှာပျက်ယွင်းသွားတော့၏။

၎င်းတို့သည် ဆံပင်များရှုပ်ပွနေသော တောင်ဝှေးကိုင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး၊ ကျောက်စိမ်းဝတ်ရုံနှင့် အမျိုးသားတစ်ဦး စသည်တို့ ဖြစ်သည်။

အစောပိုင်း စုရီကို သတ်ရန်လာသော ဓားနက်သည် ကျောက်စိမ်းရောင် အမျိုးသား လက်ဖဝါးပေါ်တွင် လူးလွန့်နေ၏။

ထိုစဉ်က လုပ်ကြံသတ်ဖြတ်မှုသည် ဤကျောက်စိမ်းဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ လာခြင်းဖြစ်ကြောင်း ထင်ရှားနေချေပြီ။

ကျောက်စိမ်းရောင် အမျိုးသားသည် လရောင်ရေစင် အကယ်ဒမီ၏ နန်းတော်သခင် ဝမ်တု ဖြစ်သည်။

ဆံပင်များရှုပ်ပွနေသော ပိန်ပိန်ပါးပါး အဘိုးအိုသည် ကြွယ်ဝခြင်း အကယ်ဒမီသခင် ဟဲလျန်ဟိုင် ဖြစ်၏။

၎င်းတို့နှစ်ဦးစလုံးသည် ရှန်ရှင်း သိုင်းသမားများ ဖြစ်ကြပြီး မဟာကျိုးမင်းဆက် ထိပ်တန်းဆယ်ဦး စာရင်းဝင်သည်။

အထူးသဖြင့် ဝမ်တုဖြစ်၏။ ၎င်းကို ရှစ်ဖန်းခန်းမမှ ‘လှပသောဓားမော့’ အဖြစ် ချီးကျူးခဲ့၏။

ထိုသို့သော ကျွမ်းကျင်သူ နှစ်ဦးသည် လုထောင်လျူနှင့် လိုက်ပါလာသဖြင့် မုရှီတို့ ဒုက္ခရောက်ရသည်မှာ အမှန်ပေပင်။

လန်စုက ဤလူများနောက်ခံကို မသိသော်လည်း ဖိအားများစွာ ခံစားရသဖြင့် မျက်မှောင်ကြုတ်လျက် တိုက်ပွဲဝင်ရန် အသင့်ပြင်ထားလိုက်၏။

“ ဒီကောင်လေးက တားမြစ်ဝင်္ကပါ စွမ်းအားကို အသုံးချနိုင်တယ် မယုံနိုင်စရာပါပဲ ကမ္ဘာပေါ်မှာ ဒီလို ဘီလူးတစ်ကောင် တကယ် ရှိနေတာလား။ ”

လုထောင်လျူက ခပ်လှမ်းလှမ်းတွင် ထိုင်နေသောစုရီကို ကြည့်ကာ မှတ်ချက်ပေး လိုက်သည်။ လီစန်းက မုတ်ဆိတ်မွေးကို ဟန်ပါပါ ရိုက်လျက်ဖြင့်၊

“ ဘယ်လို ဆေးမျိုးက ... ဒီလောက် ရနံ့မွှေးနေရတာလဲ ... သူ သန့်စင်ပြီးတဲ့အထိ စောင့်ကြည့်ကြမလား။ ”

-ဟု လောဘကြီးစွာ အကြံပြုလိုက်သည်။

“ မလုပ်နဲ့ ... ။ ”

ဆံပင်များ ရှုပ်ပွနေသော အဖိုးအို ဟဲလျန်ဟိုင်မှ ဟန့်တားလိုက်၏။

“ မှန်တယ် ... ငါတို့ နှောင့်နှေးနေရင် ဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ် ငါ့အမြင်အရ အခွင့်အရေးရှိနေတုန်း ဒီကောင်လေးကို ချက်ချင်း သတ်ပစ်သင့်တယ်။ ”

လရောင်ရေစင် အကယ်ဒမီ၏ နန်းတော်သခင်က လူသတ်ရန် ရည်ရွယ်ချက် များဖြင့် ဝင်ရောက်ထောက်ခံသည်။

“ ဒါပေမယ့် ဒီသုံးယောက်ကို ဘယ်လို လုပ်ကြမလဲ။ ”

လီစန်းက နင်စစ်ဟွာတို့ထံ ပြုံးလျက် မေးမြန်းလိုက်တော့သည်။ မောက်မာလွန်းနေ ချေပြီ။

***

All Chapters