မရေးမကြီးတော့ဘူး။
Vol. 20 Ch. 231
စုရီမှ မတ်တတ် ထရပ်လိုက်သည်။ မိုးရွာပြီးနောက် လှိုင်းထန်သော မြစ်တစ်စင်းလို ရောင်ဝါများ ပေါက်ကွဲလာ၏။
မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်သော အရိပ်အယောင်များ တဖြည်းဖြည်း ပါးလျလာ တော့သည်။
မဟာသခင် တတိယအဆင့်။ အဆုတ်တစ်ခုလုံး ပွက်ပွက်ဆူပြီး ထက်ရှသော ရွှေရောင်အလင်းများ လျှံထွက်လာ၏။
“ ဟူး ... ဟူး ... ဟူး ... ။ ”
သတ္တုဒြပ်စင် ဝိညာဉ် ရောင်ဝါ။ ထိုရောင်ဝါ ပွင့်ထွက်လာခြင်းကြောင့် ၀တ်ရုံစများ လွင့်ပျံပြီး တုနှိုင်းမရ ကျက်သရေမျိုး ရရှိလာ၏။
နင်စစ်ဟွာပင် အသက်ရှုကြပ်သွားသည်။ ထိုရောင်ဝါဖိအားသည် ကြောက်စရာကောင်း လွန်းချေ၏။
ဤအရာသည် မဟာသခင် တတိယ အဆင့်ရှိ လူငယ်တစ်ဦး ပိုင်ဆိုင်နိုင်သော အရာမျိုး မဖြစ်သင့်ချေ။
ထိုအခိုက်အတန့်တွင် စုရီ၏ အနက်ရောင် မျက်ဆန်များ၌ ပြင်းထန်လွန်းသော စွမ်းအားနှင့် အထီးကျန်မှုကို ပြသနေသည်။
“ အဆင့် ချိုးဖြတ်တာလား။ ”
လျောင်ယွင်လျူတို့ သုံးယောက်မှာ နှုတ်ခန်းမှ သွေးများသုတ်လျက် အံ့အားသင့် သွားကြပြီး မျက်နှာများ အနည်းငယ် ပြောင်းကုန်၏။
“ ဝှစ် ... ။ ”
စုရီက လက်ဖဝါးဖြန့်လိုက်ရာ ဆယ်ပေမြင့်သော ဆေးမီးဖိုသည် လက်သီးဆုပ် အရွယ် ပြောင်းလဲပျံသန်းလာသည်။
“ ငါဒီမှာ ဆေးသန့်စင်ဖို့ ... သတ္တိ ရှိနေတည်းက မင်းတို့ နားလည်သင့်တယ် ယနေ့ ကမ္ဘာပေါ်မှာ ကျင့်ကြံသူတွေအတွက် အဓိက တားမြစ်ချက်ကြီး လေးချက်ရှိတယ် ...
... နံပါတ်တစ်က ကာကွယ်သူ မရှိရင် ဆေးပြားသန့်စင်တာ ရှောင်ရမယ်၊ နံပါတ်နှစ် လက်နက် သန့်စင်နေချိန် ... အဲဒီလက်နက်နဲ့ အသက်ခံရတတ်တယ် ...
... နံပါတ်သုံး တားမြစ်အစီရင်မရှိဘဲ ကျင့်ကြံတာ ... နံပါတ်လေး အားနည်းနေတဲ့ အချိန်မှာ ရန်သူတွေကို လာခွင့်ပေးတာ။ ”
လျောင်ယွင်လျူနှင့် အဖွဲ့မှာ စုရီ စကားကြောင့် မျက်မှောင်ကြုတ် သွားကြသည်။ ထိုတားမြစ်ချက်များကို မကြားဖူးချေ။
“ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ဒီကောင်လေး အချိန်ဆွဲနေတာ ... အခုပဲ အဆင့်ချိုးဖြတ်တာမို့ သူ့အဆင့် မတည်မငြိမ် ဖြစ်နေတုန်း ... မြန်မြန်သတ်လိုက် ... ။ ”
မုရှီနှင့် အပြင်းအထန် တိုက်ခိုက်နေသော လုထောင်လျူအသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင် ထပ်လာသည်။
သို့မှသာ လျောင်ယွင်လျူနှင့် အခြားသူ နှစ်ဦးတို့သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ပြီး တိုက်ခိုက်လိုက်ကြတော့၏။
“ သေလိုက်တော့ ... ။ ”
ဝမ်တုက သူ့လက်ထဲရှိ (၃)ပေရှည်သော အစိမ်းရောင် ဓားတစ်လက်ဖြင့် ပထမဦးစွာ တိုက်ခိုက်လာသည်။
သူသည် ထိပ်တန်း ရှန်ရှင်းအဆင့် ကျွမ်းကျင်သူဆယ်ဦးတွင် အဆင့်သတ်မှတ် ခံရသော ကျွမ်းကျင်သူ ဖြစ်၏။
၎င်း၏ အစွမ်းထက်ဆုံးသော လူသတ်ဓားချက်ကို မဆိုင်းမတွ အသုံးပြုလာ ခဲ့သည်။
“ ဟိတ် ... ။ ”
တစ်ချိန်တည်းမှာပင် ဟဲလျန်ဟိုင် သည်လည်း ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ဝင်ရောက်လာပြန်၏။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ပိန်ပိန်ပါးပါးနှင့် ခန္ဓာကိုယ်သည် ကျောက်ဆောင်ကဲ့သို့ ဖောင်းကာမာကျောကာ အဝတ်အစားများ စုတ်ပြဲသွားသည်။
အငွေ့အသက်များ သည်လည်း ချက်ချင်းတိုးလာ၏။ ဆင်နဂါး ရောင်ဝါများ ပေပင်။ ၎င်းသည် လူရိုင်းနတ်ဘုရားကဲ့သို့ လှံနီကို ဆင့်ခေါ်လျက် ရိုင်းစိုင်းစွာ ဝင်ရောက်လာခြင်းဖြစ်သည်။
“ အလင်းခွဲဓား ... ။ ”
တစ်ဖက်တွင် လျောင်ယွင်လျူထံမှလည်း လျှပ်စီးကဲ့သို့ ဆယ်ပေရှည်သော ဓားအလင်းကို ထုတ်လွှတ်လာခဲ့သည်။
ရှန်ရှင်းအဆင့် ကျော်ကြားလွန်းသော ပုဂ္ဂိုလ်သုံးဦးစလုံးထံမှ လူသတ်ဓားချက်များကို တပြိုင်နက်တည်း အသုံးပြုခြင်းပေပင်။
“ ခွင့်ပြုပါ ... ။ ”
နင်စစ်ဟွာက စိုးရိမ်စွာဖြင့် စုရီကို ကာကွယ်ရန်ပြင်လိုက်သော်လည်း ပခုံးဆွဲကာ နောက်ပို့ခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် စုရီက ဘယ်ဘက်လက်ကို လွှဲလျက် နေရောင်ခြည် ကဲ့သို့ တောက်ပနေသော ဓားအလင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။ ”
တာအိုတေးသံများနှင့်အတူ ရွှေရောင်ဓားအလင်း လွင့်ထွက်သွား၏။ ဦးစွာ ရောက်ရှိလာသော ဝန်တုခမျာ မျက်လုံး ပြူးသွားတော့သည်။
“ ထန် ... ထန် ... ။ ”
အဆုံးတွင် လက်ထဲမှ ဓားလွင့်စင်လျက် နွားရိုင်းတစ်ကောင် ဝင်စောင့်ခံလိုက်ရသကဲ့သို့ လေထဲ ပြန်၍လွင့်စင်သွားသည်။
“ ဝေါ့ ... ။ ”
ပါးစပ်ထဲ သွေးများ လျှံထွက်လာပြီး ဆယ်ပေအကွာ၌ မြေပြင်ပေါ် ပြန်ခုန်ဆင်းကာ ရင်ဘတ်ကို ဆုပ်ကိုင်ထားတော့၏။ ဒဏ်ရာ အပြင်းအထန် ရရှိသွားချေပြီ။
“ သေလိုက်တော့ ... ။ ”
ထိုမြင်ကွင်းက ဟဲလျန့်ဟိုင်ကို ထိတ်လန့်စေခဲ့သော်လည်း နောက်ဆုတ်ရန် အချိန် မရှိတော့သဖြင့် အံကြိတ်ကာ လှံနီနှင့် လှမ်းထိုးလိုက်ရသည်။
“ မလုံလောက်ဘူး။ ”
“ ဝှစ် ... ။ ”
စုရီက မျက်နှာချင်းဆိုင်ရန် ပေါ့ပေါ့ပါးပါး ပြန်လှည့်ကာ လက်ဖဝါးဖြင့် သူ့ထံ ရိုက်ချလာ တော့၏။
ထိုလက်ဖဝါးသည် ကျောက်စိမ်း တောင်ကြီးတစ်လုံးသကဲ့သို့ အလင်းဖျော့ဖျော့ တောက်ပနေခဲ့သည်။
“ ငါ့အတွက် လမ်းဖွင့် ... ။ ”
ဟဲလျန်ဟိုင်မှ လှီနီကို လမ်းကြောင်းပြောင်းကာ ရွှေလက်ဝါးကြီးထံ ဦးတည် ထိုးခွဲလိုက်ရ၏။
သို့သော် တောင်တန်းကြီးများကို ထိုးဖောက်ရန် လုံလောက်သော သူ့လှံနီသည် အဆိုပါ လက်ဖဝါးအပေါ် မတိုးပေါက်နိုင်ချေ။ တုန်လှုပ် စေရုံမျှသာဖြစ်၏။
“ ခရစ် ... ။ ”
လက်ဖဝါးက ဆက်၍ ရွေ့လျားလာသဖြင့် လှံနီသည် ဖိအားအောက်တွင် ကွေးညွတ်လာပြီး အဆုံးတွင် သည်းမခံနိုင်တော့ချေ။
“ ဝုန်း ... ။ ”
များမကြာခင် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လေထုအလယ်တွင် နှစ်ပိုင်းကွဲသွားချေပြီ။
“ ဟမ့် ... ။ ”
ဟဲလျန်ဟိုင်တစ်ယောက် မျက်ဝန်းများ မှေးစင်းလျက် မြေပြင်သို့ ပြန်ဆင်းလိုက်ရသည်။ ထို့နောက် ဟိန်းဟောက် အားယူပြီး ချီနှင့် သွေးကို တောက်လောင်စေလိုက်၏။
သို့သော် စုရီ၏ ရွှေလက်ဖဝါးက ဦးခေါင်းအထက် လေထုအလယ် အုပ်မိုးနေဆဲ ဖြစ်သည်။ မည်မျှပင် ဒေါသတကြီး ရုန်းကန် အော်ဟစ်နေပါစေ တအိအိ ကျဆင်းလာ၏။
“ မလုပ်နဲ့ ... ။ ”
“ ဝုန်း ... ။ ”
အဆုံးတွင် မြေပြင်ပေါ် ဖိကျခံလိုက်ရပြီး အရိုးများအက်ကွဲလျက် အသွေးအသားပုံကြီး အဖြစ် ပြောင်းလဲသွားတော့သည်။
မဟာကျိုး မင်းဆက်ရှိ ထိပ်တန်း ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည် တစ်ချက်တည်းဖြင့် ဤလောကကြီးမှ ပျောက်ကွယ်သွားချေပြီ။
နင်စစ်ဟွာက ရင်တထိတ်ထိတ်ဖြင့် စုရီနောက်မှ နေ၍ တိုက်ပွဲထံ ကြည့်နေခဲ့မိ၏။ မြန်ဆန်လွန်းသဖြင့် တုန်လှုပ် ချောက်ချားမှုမှာ မုန်တိုင်းတစ်စင်းလိုပင်။
စုရီကျင့်ကြံမှုသည် အဆင့်တစ်ဆင့်မျှ တက်ခြင်းသာဖြစ်၏။ ယင်းသည် ခွန်အားအပေါ် ကြီးကြီးမားမား အသွင်ကူးပြောင်းမှုကို ရရှိသွားစေပုံရသည်။
“ ဝှစ် ... ။ ”
ထိုအချိန်၌ လျောင်ယွင်လျူ၏ ဆယ်ပေရှည်သော အလင်းခွဲဓားသည် စုရီနှင့် နီးကပ်လာပြီဖြစ်၏။ အလွန်တောက်ပပြီး ထက်ရှလွန်းချေပြီ။
သို့တိုင် စုရီက အနည်းငယ်မျှသာ ခေါင်းမော့ပြီး လက်ချောင်းများဖြင့် ပုတ်လိုက် တော့သည်။
ထိုလက်ချောင်းလေးသည် နတ်ဘုရားလက်ထဲရှိ ကြီးမားသော ပေါင်တူကြီး တစ်လက်ကဲ့သို့ ပြင်းစွာပြေးဝင်သွား၏။
“ ဝုန်း ... ။ ”
ဆယ်ပေရှည်သော ဓားအလင်းခမျာ ပေါက်ကွဲသံနှင့်အတူ ဓားရည်ရွယ်ချက်များက မိုးရေအဖြစ် ပြန်လည် ရွာချလာတော့သည်။
“ ဟမ့် ... ။ ”
လျောင်ယွင်လျူ မျက်နှာသည်လည်း ပျက်ယွင်းသွားပြီး လေထဲ ကွေးညွှတ်လျက် ချက်ချင်း ပြန်လှည့်ပြေးလိုက်သည်။
“ ပြန်လာခဲ့ ... ။ ”
စုရီက သူ့လက်ကို ဆန့်ထုတ်ပြီး လေထဲ လှမ်းဆွဲလိုက်သည်။ လေထုအလယ် သဏ္ဍာန်မဲ့ လက်ကြီးဖြင့် ဖမ်းဆုပ်ခံလိုက်ရသကဲ့သို့ မလွတ်မြောက်နိုင်ဖြစ်လာ၏။
“ ငါ့ကို လွှတ် ... ။ ”
နောက်ဆုံးတွင် စွမ်းအားမဲ့သော အင်းဆက်တစ်ကောင်အလား စုရီလက်ထဲ စိုက်ရောက်လာခဲ့သည်။
“ သူ့ဘဝက မင်းလက်ထဲမှာပဲ။ ”
စုရီသည် လျောင်ယွင်လျူကို နင်စစ်ဟွာရှေ့သို့ ပစ်ချလိုက်၏။ နင်စစ်ဟွာမှ လုံးဝ တုန့်ဆိုင်ခြင်း မရှိချေ။ အစိမ်းရောင် လခြမ်းဓား လှံပုစိန်ဖြင့် ခေါင်းဖြတ်ချ ပစ်လိုက်တော့သည်။
“ ဝှစ် ... ။ ”
သွေးများ ပန်းထွက်လာခဲ့၏။ လျှို့ဝှက် နဂါးဓားဂိုဏ်း၏ ဒုတိယအဆင့် အကြီးအကဲ တစ်ယောက်သည် ဤနည်းဖြင့် သေဆုံး သွားခဲ့ချေပြီ။
“ ကျေးဇူးတင်ပါတယ်။ ”
နင်စစ်ဟွာ၏ အပြစ်ကင်းစင်သော မျက်နှာတွင် မိုးရွာပြီး ပွင့်လန်းလာသော ပန်း တစ်ပွင့်ကဲ့သို့ ရွှင်လန်းသွား၏။
ဤတိရစ္ဆာန်မသည် သူမနောက်ကျောကို အရိုးများ မြင်နိုင်လောက်သည်အထိ ဓားဖြင့် ခုတ်ပိုင်းခဲ့သူ ဖြစ်သည်။
“ အရမ်း ယဉ်ကျေးနေတယ် ... နောင်မှာ ဒီလောက်လည်း ယဉ်ကျေး မနေပါနဲ့။ ”
စုရီက ပေါ့ပေါ့ပါးပါးဆိုကာ အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ တစ်ဖက်တွင် သူမ၏ မဆင်မခြင်ကယ်တင်ရန် ကြိုးစာမှုသည် စုရီကို ထိမိသွားပုံရကြောင်း နင်စစ်ဟွာသိလိုက်တော့၏။
“ ပြေး ... ။ ”
အဝေးမှ မုရှီနှင့် အပြင်းအထန် တိုက်ခိုက်နေသော လုထောင်လျူမှ အော်ဟစ် လိုက်သည်။
ဝမ်တုတစ်ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး လျောင်ယွင်လျူနှင့် ဟဲလျန်ဟိုင် အသတ် ခံလိုက်ရ၏။ ဤအခြေအနေ၌ ပြန်လည် တိုက်ခိုက်ရန် နည်းလမ်းမရှိချေ။
ထို့ကြောင့် ချက်ချင်း ဆုံးဖြတ်လျက်ချကာ အင်္ကျီလက်ကို ဝှေ့ယမ်းပြီး သူ့အသက်အတွက် ပြေးရန်ပြင်တော့သည်။
“ ခရစ် ... ။ ”
မုရှီ၏ ချုပ်နှောင်မှုအပေါ် အတင်းအကြပ်လက်သီးဖြင့် ချိုးဖျက်ပစ်ပြီး ရတနာတစ်ခုကို ချေမွပစ်လိုက်၏။
အနက်ရောင် မီးခိုးတိမ်တိုက်များ သူ့ပုံသဏ္ဍာန်ကို ဖုံးလွှမ်းလာပြီး ချက်ခြင်းပင် လေထုအလယ် ပျောက်ကွယ်သွားသည်။
လန်စုနှင့် တိုက်ခိုက်နေသော လီစန်းသည်လည်း အဆိုပါ နည်းလမ်းအတိုင်း လုပ်ဆောင်ကာ လေထုအလယ် ပျောက်ကွယ်သွားတော့၏။
“ လွတ်မြောက်အဆောင်လား ... ဟမ့် မင်းတို့ အသုံး မဝင်တော့ပါဘူး။ ”
စုရီက ခေါင်းခါလိုက်ပြီး ဝင်္ကပါကို အသက်သွင်းရန် တံဆိပ်တစ်ခု ဖန်တီးသည်။ တားမြစ်ဝင်္ကပါ အသက်ဝင်လာပြီး မြေအောက် ကမ္ဘာတစ်ခုလုံး ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းလာ၏။
“ ဒုန်း ... ။ ”
အရှေ့တောင်ဘက် ပေသုံးရာအကွာတွင် ကျယ်လောင်သော တိုက်မိသံ ထွက်ပေါ်လျက် လုထောင်လျူ ပြန်လည်လွင့်စင်လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
၎င်းက မြေပြင်ပေါ် ဆင်းသက်ပြီး ဟန်ချက်ညီအောင် ထိန်းယူလျက် ထိတ်လန့် တုန်လှုပ်စွာဖြင့်၊
“ မင်းငါ့ကိုသတ်ရင် အကျိုးဆက် ... ။ ”
“ အား ... ။ ”
ခြိမ်းခြောက်စကားသံ မဆုံးခင်မှာပင် ခန္ဓာပေါ်သို့ ရွှေမီးတောက်များ တက်လာပြီ ပြာအဖြစ် လောင်ကျွမ်းကာ လေထုအလယ် လွင့်မျောသွားတော့၏။
သူ့ခြိမ်းခြောက်မှုသည် စုရီကို လုံးဝ သက်ရောက်ခြင်း မရှိကြောင်း သိရှိသွားချိန်၌ ပြာဖြစ်သွားချေပြီ။ နောက်ကျသွားခဲ့၏။
“ ငါ ... ။ ”
တစ်ဆက်တည်းမှာပင် ဆန့်ကျင်ဘက်အရပ်မှ ပြန်ထွက်ပေါ်လာသော ဆံပင်ဖြူဖြူနှင့် ကြင်နာတတ်သည့် အဖိုးအို လီစန်းခမျာ ကြောက်ရွံ့တုန်ယင်နေသည်။
“ ငါ ... ရှုံးနိမ့်တာကို ဝန်ခံပါတယ် သခင်လေးစု ... ငါ့ကို ကရုဏာပြပြီး နှမြောနိုင် လိမ့်မယ်လို့ မျှော်လင့် ... ။ ”
စကားမဆုံးခင် ရွှေမီးတောက်များ ကောင်းကင်မှ ပြိုကျကာ ပြာဖြစ်သွားပြန်သည်။ ထိုမြင်ကွင်းများကို မြင်တွေ့ ပြီးနောက်တွင် ဝမ်တုတစ်ယောက် မျှော်လင့်ချက်မဲ့စွာဖြင့် မြေပေါ်ဆင်းသက်လာခဲ့သည်။
ထိုစဉ်က စုရီကို ဓားနက်ဖြင့် လုပ်ကြံခဲ့ပြီး ကြီးစိုးခဲ့သူဖြစ်၏။ ယခုအချိန်၌ ခွေးတစ်ကောင် ကဲ့သို့ စွမ်းအားမဲ့နေချေပြီ။
“ မင်းအဖေကို တခြားကမ္ဘာက ... ဝိညာဉ်တစ်ကောင် အသိမ်းခံထားရလို့သာ အစွမ်းထက်နေတာလို့ ငါအမြဲယူဆခဲ့တာ ...
... ဒါပေမယ့် သူ့သားဆိုးက သူ့ထက် ပိုပြီးတော့ ကြောက်စရာ ကောင်းနေတာကို ငါ တကယ်မသိခဲ့ဘူး။ ”
ဝမ်တု၏ စိတ်ပျက်လက်ပျက် စကားများသည် နင်စစ်ဟွာနှင့် အခြားသူများကို ထိတ်လန့်သွားစေခဲ့၏။
( မင်းအဖေကို တခြားကမ္ဘာက ... ဝိညာဉ်တစ်ကောင် အသိမ်းခံထားရတယ်။ )
-ဟူသော စကားသည် စုရီကို မျက်ခုံးပင့်မိစေသည်။ သို့သော် စကားပြောရန် ပျင်းလာပြီ ဖြစ်သဖြင့် ၎င်းကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်တော့၏။
စုဟုန်လီသည် အခြားကမ္ဘာမှ ဝိညာဉ်တစ်ကောင် အသိမ်းခံထားရသူ ဖြစ်ခြင်း- မဖြစ်ခြင်းဟူသည် ကိစ္စမရှိချေ။ များမကြာမီ ထိုနာကျည်းမှုများကို သွားရောက် ဖြေရှင်း တော့မည် ဖြစ်သည်။
***