ဓားသွေးကျောက် ... ။
Vol. 20 Ch. 237
“ မြေး ... မင်းဒီကိုပြန်ပြီး ဘာလာလုပ်တာလဲ။ ”
မှောင်မည်းစိုစွတ်နေတဲ့ အကျဉ်းထောင် အတွင်းမှနေ၍ ရှောင်တျန်းချွယ်က မျက်ခုံးပင့် လျက် သူ့မြေးထံ ကြည့်လိုက်မိသည်။
“ အဘိုး၊ ငါမင်းကို ခေါ်ဖို့ လာတာ။ ”
ဇီကျင်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေ၏။ ရှောင်တျန်းချွယ်၏ အားနည်းနေသော အသွင် အပြင်ကြောင့် စိတ်မကောင်းကြီးစွာ ခံစားလာရသည်။
“ ငါ့ကို လာခေါ်တာလား ... ရှောင်ကျုံးရင်ဆိုတဲ့ တိရစ္ဆာန်က အဲဒီလောက် သဘောကောင်းလား။ ”
“ အဘိုး၊ ရှောင်ကျုံးရင် သေပြီ။ ”
“ ဘယ်လို ... ။ ”
“ ဒီကနေ အရင်ထွက်ရအောင် အဘိုး။ ”
ထို့နောက် ဇီကျင်းက အကျဉ်းထောင်တံခါးဖွင့်ကာ သူမအဖိုးနှင့် အဖေကို ကယ်ထုတ်လာခဲ့သည်။
များမကြာမီ အခြားသော နောက်လိုက်များအားလုံး လွတ်မြောက်လာ တော့၏။
ထို့နောက် လူစုံသည်နှင့် ဇီကျင်းက ရေကန်အလယ်ရှိ သုံးထပ်နန်းတော်ကြီးထံသို့ ခေါ်ဆောင်လာခဲ့သည်။
သုံးထပ်နန်းတော် အရှေ့တွင် ရှောင်ကျုံးရင်၏နောက်လိုက် အကြီးအကဲများ အားလုံး ဒူးထောက်နေကြ၏။
ပြတင်းပေါက် တစ်နေရာတွင် ကျောက်စိမ်းဝတ်ရုံဖြင့် လူငယ်တစ်ယောက် လက်ဖက်ရည်သောက်လျက် အဝေးရှိ ရေကန်ရှုခင်းများကို ခံစားနေသည်။
“ ပလောက် ... ပလောက် ... ။ ”
ဖေးယွင်တုက ၎င်းအတွက် ရေနွေးကြမ်းများကို စိတ်ပါလက်ပါ ငှဲ့လောင်း ပေးနေ၏။ ထိုမြင်ကွင်းကြောင့် ရှောင်ဟမ်ချွီက အံ့အားသင့်သွားပြီး၊
“ ဇီကျင်း ... သူက ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်မိသည်။
သူ တင်မကဘဲ လွတ်မြောက်လာသည့် ရှောင်မိသားစုဝင်များ အားလုံး အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
မြင်ကွင်းသည် တကယ့်ကို ထူးဆန်းနေချေပြီ။ ဇီကျင်းမှ စကားမပြောမီ ရှောင်တျန်းချွယ်တစ်ယောက် စိတ်လှုပ်ရှားစွာ ရှေ့လှမ်းတက်သွားပြီး၊
“ ဆရာစုကို နှုတ်ဆက်ပါတယ်။ ”
-ဟု ဦးညွှတ်လိုက်တော့သည်။
ရှောင်ကျုံးရင်သေဆုံးမှုနှင့် မြေပြင်တွင် ဒူးထောက်နေသော လူအများသည် စုရီကြောင့် ဖြစ်ရမည်ကို သူ နားလည်လိုက်ချေပြီ။
“ အဖိုးကြီးရှောင် ... ။ ”
စုရီက ရေကန်ပေါ်ရှိ အကြည့်များကို ရုတ်လိုက်ပြီး ပြန်လှည့်လာကာ၊
“ ငါ့ကြောင့် ... စုမိသားစုကို မင်းဒီလို ဆန့်ကျင်ဝံ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်တော့၏။
ရှောင်တျန်းချွယ်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊
“ ဒါပေမယ့် နောက်ဆုံးတော့ ဆရာစုပဲ ကူညီနေရတုန်း မဟုတ်လား။ ”
ထိုအချိန်တွင် ရှောင်ဟမ်ချွီက၊
“ ဇီကျင်း ... သူက မင်းအဖိုးအသက်ကို ကယ်တင်ပြီး မိသားစုရဲ့ ရွှေလှိုင်းနည်းစနစ်ကို ပြန်လည်ပြုပြင်ပေးခဲ့တဲ့ ဆရာစုလား။ ”
-ဟု မေးမြန်းလိုက်သည်။
ဇီကျင်းမှ ပြုံးပြီး ခေါင်းညိတ်၏။ ဤတုန့်ပြန်မှုသည် လွတ်မြောက်လာသော အကြီးအကဲများ အားလုံးကို မျက်လုံးပြူး သွားစေတော့သည်။
ထိုနေ့တွင် စုရီသည် လန်လင်ရှောင် မိသားစုအတွင်းရေး ပဋိပက္ခများကို ဖြေရှင်းပြီး ငုပ်လျိုးနေသော ရန်စွယ်အပေါ် အဆုံးသတ်ရန် ထွက်ခွာလာခဲ့သည်။
***
မြို့တော်မှ မိုင်သုံးဆယ်အကွာတွင် ကြီးမားကျယ်ပြောလှသော သံချပ်ကာတပ်ရင်း စခန်းတစ်ခုရှိသည်။
ထိုသံချပ်ကာတပ်ရင်းအပေါ် တိမ်ဘုရင် ရှစ်လန်ရှန့်မှကွပ်ကဲပြီး အဖြူရောင်မြို့တော်ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ပေးရ၏။
“ အစီရင်ခံစာ ... ။ ”
ကင်းထောက် တစ်ယောက်သည် တပ်ရင်းထဲသို့ အပြေးဝင်ကာ အလယ်ဗဟိုရှိ ခမ်းနားသော ကျောက်သားနန်းတော်ဆီ ဝင်ရောက်သွားတော့သည်။
“ စုရီက လွန်ခဲ့တဲ့ နာရီဝက်က လန်လင်ရှောင် မိသားစုထဲကို ဝင်သွားပါပြီ။ ”
နန်းတော်အတွင်း၌ တိမ်ဘုရင်သည် တာအို၀တ်စုံ ၀တ်ဆင်ထားသော လူငယ် တစ်ဦးနှင့် စကားပြောနေသည်။
၎င်းက သတင်းစကားကြားချိန်၌ မျက်ဝန်းများ တောက်ပလာပြီး၊
“ စုရီလာပြီလား၊ ဒါ သတင်းကောင်းပဲ။ ”
-ဟု ရွှင်မြူးစွာ မှတ်ချက်ပေးလိုက်သည်။ ထို့နောက် ကင်းထောက်ကို၊
“ ငါ့အတွက် ဒီကောင်လေးကို စောင့်ကြည့်ပေးထားပါ။ ”
“ နားလည်ပါပြီ ... ။ ”
ကင်းထောက်က အမိန့်ကို လက်ခံ ရရှိသည်နှင့် အလျင်အမြန် ပြန်လည်ထွက်ခွာ သွားတော့သည်။
၎င်းပုံရိပ် ပျောက်ကွယ်သွားသည်နှင့် တိမ်ဘုရင်သည် တာအို၀တ်စုံ ဝတ်ထားသော လူငယ်ထံ မော့ကြည့်လျက်၊
“ သခင်လေးယွီ ... ငါတို့ မျှော်လင့်ထားတဲ့အတိုင်း စုရီရောက်လာပြီ။ ”
-ဟု ပြောကြားလိုက်သည်။
သခင်လေးယွီဟု ခေါ်သော လူငယ်ကပြုံးပြီး၊
“ လက်ရှိမှာ လုထောင်လျူနဲ့ ... လျှို့ဝှက် နဂါးဓားဂိုဏ်းက လူတွေကို ... စုရီသတ်ခြင်း ရှိ၊ မရှိ အတည်ပြုဖို့ မဖြစ်နိုင်သေးပေမယ့် သေချာ သလောက် ဖြစ်နေပါပြီ သတိထားပါ။ ”
-ဟု တုန့်ပြန် ပြောကြားလာ၏။
သူသည် စူးရှသော မျက်ဝန်းတစ်စုံနှင့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးမျိုး ရှိကာ မဟာချင်တွင် မင်းသားလေးအဖြစ် ကျော်ကြားလှသည်။
“ ငါတို့ စုရီကိုဖမ်းဖို့ သခင်လေးယွီကိုပဲ အားကိုးရမှာပဲ။ ”
“ ငါက ... လူငယ်တစ်ယောက်ပဲ ရှိပါသေးတယ် စုရီကို သတ်ဖို့ကိစ္စ ငါ့ဦးလေး ကိုယ်တိုင်လုပ်ပါစေ ... ရှစ်ဖန်းခန်းမရဲ့ သတင်းတွေအရ ...
... သူက ကြောက်စရာကောင်းလွန်းတဲ့ လူငယ်တစ်ယောက်ပဲ ငါအကုန်ပေးခဲ့ရင်တောင် အနိုင်မယူနိုင်မှာ ကြောက်မိတယ်။ ”
“ သခင်လေးယွီ ... မင်းက ကျိုးနွံလွန်းပါတယ် ဒီမဟာကျိုးမှာ သခင်လေး ယွီရဲ့ ဂုဏ်သတင်းကို မသိကြပေမယ့် ...
... မဟာချင်မင်းဆက် ရွှမ်ရွယ် တာအိုဘုံကျောင်းမှာ မင်းဟာ မျိုးဆက်သစ် ပါရမီရှင်ဆိုတာ မသိတဲ့လူ မရှိပါဘူး ...
... ငါသိသလောက် မင်းသာ ခိုင်မာတဲ့အုတ်မြစ်ကို မလျှောက်ချင်ဘူးဆိုရင် မူလတာအိုနယ်ပယ်ဆီ လွန်ခဲ့တဲ့ သုံးနှစ်တည်းက ရောက်ရှိနိုင်ပါပြီ ...
... ဒါဆို ငါတို့ရဲ့ သားဆိုးစုရီဟာ သခင်လေးယွီနဲ့ ... ယှဉ်ရင် ပုန်ကန်တတ်တဲ့ ကလေးတစ်ယောက်မျှသာပါပဲ။ ”
တိမ်ဘုရင်စကားများသည် သခင်လေးယွီအပေါ် ကျေနပ်မှုအရိပ်အမြွက် ဖြစ်ပေါ်လာစေသည်။ သို့တိုင် သခင်လေးယွီမှ သက်ပြင်းချလျက်၊
“ ငါ့ကို သေတဲ့အထိ ... မြှောက်ပင့် နေစရာမလိုပါဘူး ... စုရီက မင်းပြောသလောက် မညံ့ပါဘူး သူအစွမ်းထက်တာတော့ အမှန်ပါ။ ”
-ဟု ရေရွတ်လိုက်တော့၏။
“ ဒါပေမယ့် သူ့လိုမျိုး ... သေမိန့်ပေး ခံရလုနီးပါး လူတစ်ယောက်က သခင်လေးယွီနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ”
“ ကောင်းပြီ၊ ငါ့ကို လှည့်စားနေတာ ရပ်လိုက်ပါ မင်းငါ့တန်ဖိုးကို ကောင်းကောင်း သိနေတယ် ... တကယ်တော့ စုရီသာ ကြံ့ခိုင်မှု မရှိရင် ... ငါ့အဒေါ်က ဦးလေးဆရာကိုယ်တိုင် လာဖို့ ... ဖိတ်ခေါ်နေမှာမဟုတ်ဘူး။ ”
တိမ်ဘုရင်မှ ပြုံးသည်။ သခင်လေးယွီ ပြောသော အဒေါ်ဆိုသူသည် စုဟုန်လီ၏ဇနီး စတုတ္ထမိန်းကလေး ယွီချင်းဇီ ဖြစ်ချေ၏။
ဤအဖြူရောင်မြို့တော်တွင် စုရီကို သတ်ဖြတ်ရန် စိတ်ကူးသည်လည်း သူမထံမှ ထွက်ပေါ်လာခြင်းပေပင်။
သခင်လေးယွီ၏ အမည်မှာ ယွီရှင်းလင် ဖြစ်သည်။ ၎င်းက အခန်းထဲမှ ထွက်ခွာသွားပြီး ရိုးရှင်းသော နန်းတော်တစ်လုံးရှေ့တွင် ရပ်လိုက်၏။
“ ဦးလေးဆရာ၊ တပည့်ယွီရှင်းလင်ကို ဝင်ခွင့်ပြုပါ။ ”
“ ကောင်လေး၊ တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ ဒီလောက်ရိုသေပြ မနေဖို့ ဘယ်နှစ်ခါ ပြောရမလဲ ... ဝင်လာပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် ယွီရှင်းလင်က နန်းတော်ထဲ လှမ်းဝင်သွားသည်။ အတွင်း၌ နက်ပြာရောင် တာအိုဝတ်ရုံ ၀တ်ဆင်ထားသည့် လူလတ်ပိုင်း အရွယ် တာအိုဘုန်းကြီးတစ်ပါး ရှိနေ၏။
သူ့ရှေ့တွင် ထင်းရှူးကဲ့သို့ ဓားရှည် တစ်လက်ရှိသည်။ ဗျက်သည် လက်နှစ်သစ်ခန့် ကျယ်ပြီး ကိုယ်ထည်တွင် တိမ်တိုက်ပုံစံများ ရေးထွင်းထား၏။
“ ရွှီး ... ။ ”
၎င်းကိုယ်ထည်ကို အရည်အသွေးမြင့် ကျောက်စိမ်းသွေးခြင်ဆီ တစ်ပိုင်းဖြင့် အဖိုးအိုမှ ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးနေသည်။
ဤသည်မှာ ဓားကို အားဖြည့်ခြင်း မည်ချေ၏။ ဓားထိန်းသိမ်းခြင်း နည်းပညာ တစ်ရပ်ပေပင်။
“ ဦးလေးဆရာ ... မင်းရဲ့ဓားက တစ်နေ့ထက် တစ်နေ့ မယုံနိုင်ဖွယ် ထက်ရှလာနေပြီ။ ”
ယွီရှင်းလင်မှ ချီးကျူးလိုက်၏။
“ ဓားသမားတွေက သူ့ဓားအပေါ် ... အာဟာရဖြည့်သွင်းဖို့ ကိုယ်ပိုင်အနှစ်သာရကို အသုံးပြုဖို့ လိုအပ်တယ် ....
... ဒီနည်းလမ်းကသာ လက်နက်ကို ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုလို ထိန်းချုပ်ဖို့ လွယ်ကူစေနိုင်လိမ့်မယ်။ ”
သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက အနည်းငယ်ပြုံးလျက် ဓားကို လက်ဖဝါးဖြင့် ပုတ်လိုက်၏။
“ ဝှစ် ... ။ ”
ဓားသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ သူ့နောက်ရှိ ဓားအိမ်ထဲ ဝင်ရောက်သွားလေသည်။
“ ပြောပါ ... မင်းဘာလို့ ဒီကိုရောက်လာတာလဲ။ ”
“ အခုပဲ တိမ်ဘုရင်ဆီက သတင်းရတယ် အဖြူရောင် မြို့တော်ကို စုရီရောက်နေပြီ သူက လန်လင်ရှောင်မိသားစုထံ သွားနေတယ်။ ”
“ အဆင်သင့်လိုက်လေ ... ဒီကောင်လေးကို ငါလည်းတွေ့ချင်နေပြီ။ ”
“ စုရီက ဦးလေးဆရာရဲ့ အမြင်ထဲ ဝင်ရောက်နိုင်တဲ့အတွက် သူသေသွားရင်တောင် ဂုဏ်ယူနိုင်မှာပါ။ ”
“ ဟမ့် ... သူ့ကိုသတ်ဖို့ စိတ်မဝင်စားဘူး ဒါပေမယ့် သူ့အကြောင်းကိုတော့ ငါနည်းနည်း စိတ်ဝင်စားမိတယ်။ ”
“ ဦးလေးဆရာ တစ်ခုခု တွေ့ထားလား။ ”
ယွီရှင်းလင်တစ်ယောက် စိတ်ဝင်စားသွားသည်။ တာအိုဘုန်းကြီးက ပြုံး၏။
“ ရှစ်ဖန်းခန်းမဆီက သတင်းတွေအရ ဒီကလေးမှာ တခြားကမ္ဘာရဲ့ ဝိညာဉ်တစ်ကောင် ရှိနေမှာ ငါကြောက်မိတယ် ... ဒါကြောင့် ဝိညာဉ် ကြေးမုံကို သုံးပြီး ရှာကြည့်ရမယ်။ ”
ထို့နောက် စကားခေတ္တ ရပ်လိုက်ကာ၊
“ အရှင်ဖမ်းပြီး သူ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကမ္ဘာခြားဝိညာဉ်ဆီကနေ ကျင့်ကြံမှု နည်းလမ်း အချို့ ရနိုင်မလားကြည့်ရအောင်။ ”
-ဟု ပြောကြားလိုက်တော့သည်။ ယွီရှင်းလင်တစ်ယောက် စိတ်လှုပ်ရှားလာပြီး၊
“ ဒီလိုဆိုရင် ... မဟာကျိုးမင်းဆက်ကို ဦးလေးဆရာ ကိုယ်တိုင်လာရတာ ထိုက်တန် နေပြီပေါ့။ ”
“ အမှန်တိုင်း ဝန်ခံရရင် ... ဒီတစ်ခါ ငါမဟာကျိုးကိုလာတာ စုရီကိုသတ်ဖို့အပြင် အခြားအရေးကြီးတဲ့ အရာတစ်ခုလည်း ရှိနေသေးတယ်။ ”
“ ဟမ့် ... ဘာကိစ္စများလဲ ဦးလေးဆရာ။ ”
“ မကြာသေးမီက ရှန့်လင်ဘုံကျောင်းရဲ့ ဘုန်းကြီးတချို့ မဟာကျိုးကို ခရီးထွက်လာတာ ငါသတင်းရထားတယ် ...
... ကြည့်ရတာ ရတနာဘုံကျောင်း နတ်ဆိုးတောင်တန်းဆီ သူတို့ သွားနေပုံပဲ ... နှစ်တွေ ကြာလာတာနဲ့အမျှ ... အဲဒီ ရှန့်လင် ဘုံကျောင်းက ...
... အခြားကမ္ဘာနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ပိုပိုပြီး စုဆောင်းလာ နိုင်ကြတယ် ...
... သူတို့ခရီးစဉ်ရဲ့ ဒီတစ်ခေါက် ရည်ရွယ်ချက်ကလည်း အခြားကမ္ဘာမှာရှိတဲ့ အခွင့်အလမ်းတွေနဲ့ ဆက်စပ်နေနိုင်တယ်။ ”
ယွီရှင်းလန်တစ်ယောက် နှလုံးသား တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရလာတော့၏။
“ မနေ့က စုရီ ... ရတနာဘုံကျောင်း နတ်ဆိုးတောင်တန်းကနေ ထွက်လာတယ် ပြောတယ် ... သူအဲဒီ ဘုန်းကြီးတွေနဲ့ ဆုံခဲ့လား သိချင်လာမိပြီ။ ”
“ ဟမ့် ... ဒီအတွက် စိတ်ရှုပ်ခံ မနေပါနဲ့ ဒီကောင်လေးနဲ့တွေ့ရင် ငါမေးလိုက်မယ် သူ့ကို ဖမ်းပြီးရင် ... ဓားသွေးကျောက်အဖြစ် အသုံးပြုပြီး မင်းလေ့ကျင့်ပါ ...
... ဒီလိုပြိုင်ဘက်နဲ့ တိုက်ခိုက်ခွင့်ရတာ မင်းရဲ့စွမ်းအားကို လှုံ့ဆော်ပေးပြီး တစ်ရှိန်ထိုး မြှင့်တက်လာစေလိမ့်မယ်။ ”
ထိုစကားကြောင့် ယွီရှင်းလင်၏ မျက်ဝန်းများ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင် ပြသလာသည်။ သည့်နောက် လေးနက်စွာ ဦးညွှတ်ပြီး၊
“ ဦးလေးဆရာရဲ့ ကြင်နာမှုကို ... ငါ့ယွီရှင်းလင် ဘယ်တော့မှ မမေ့ပါဘူး။ ”
-ဟု အရိုအသေ ပေးလိုက်တော့၏။
“ ကောင်လေး၊ ငါမင်းကို အကြိမ် ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ မင်းနဲ့ငါ့ကြားမှာ ဒီလိုတွေ ယဉ်ကျေးပြနေစရာ မလိုပါဘူး။ ”
ယွီရှင်းလင်ထံမှ အရိုအသေပေးခြင်းကို ခံယူကာ တာအိုဘုန်းကြီးက ပြုံးပြီး ခေါင်းယမ်း လိုက်တော့သည်။
***