← Chapters

အခန်း (၃၀၃)

Vol. 24 Ch. 303

အခန်း (၃၀၃)

Vol. 24 Ch. 303

ချောင်တုန်းယင်၏ တတိယမြောက် ဆက်ဆံရေးသည်လည်း ရှုံးနိမ့်သွားပြန်သည်။

ယခုတစ်ကြိမ်မှာတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို အတည်မပြုသေးပေမယ့် အခြားသူတွေရဲ့အမြင်မှာတော့ သူတို့နှစ်ယောက်ကို စုံတွဲတစ်တွဲအဖြစ် သတ်မှတ်ပြီးသားပင်။

ဒါနဲ့ အဲဒီလူကို ဖမ်းလိုက်တဲ့အခါမှာတော့ မိတ်ဆက်ပေးတဲ့သူက သူမကို တောင်းပန်ပြီး အဲဒီလူဟာ သင်္ချိုင်းဓားပြဆိုတာ သူမ တကယ်ကို မသိဘူးလို့ ပြောလာခဲ့သည်။

ချောင်တုန်းယင်က တစ််ဖက်လူကို အပြစ်မတင်တာကလွဲရင် သူမ တခြားဘာပြောနိုင်ဦးမလဲ?

သူမ၏ ဒုတိယဆက်ဆံရေးသည် အလွန်တိုတောင်းသည်။ သူတို့နှစ်ယောက် တွဲတာ နှစ်လတောင် မရှိသေးဘူး။ အဲဒီတုန်းက သူမသည် သူမမိသားစုကို မပြောခဲ့ပေ။ သို့တိုင် ဤအရာက ဝမ်ချွမ်ကျီသည် သူမ၏ ကံကြမ္မာဆိုးကြောင့်ဟု ခံစားခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

"အိုး ကျန်းကော် တုန်းယင်ရဲ့ ကံကြမ္မာက ဘာလို့ ဒီလောက်ဆိုးတယ်လို့ ရှင်ထင်လဲ?"

ထိုညတွင် ဝမ်ချွမ်ကျိီသည် အိပ်ရင်း ကြွက်သားလေ့ကျင့်ခန်းလုပ်‌နေစဉ် သူမ၏ အမျိုးသားအား သက်ပြင်းချကာ ပြောခဲ့သည်။

ချောင်ကျန်းကော်က သမ်းဝေကာ "ကံကြမ္မာဆိုးကညဘာလဲ?"

ဝမ်ချွမ်ကျီက "ပထမတစ်ယောက်က သူလျှို။ ဒုတိယတစ်ယောက်က တရားမတင်တူးဖော်တဲ့သူ။ သူတို့အားလုံး အဖမ်းခံရတယ်။ ဒါက ကံကြမ္မာဆိုးမဟုတ်ဘူးလား?"

အရင်တုန်းက ဒီကိစ္စနှစ်ခုသာ ပြန့်သွားရင်တော့ သူမလက်မထပ်နိုင်တော့မှာ သေချာပါသည်။ ကံကောင်းစွာပဲ မြို့တော်ကလူတွေက ပထမဆုံး သူလျှိုအကြောင်း မသိခဲ့ကြဘူး။

ချောင်ကျန်းကော်က သူ့ရဲ့ပြောင်နေတဲ့ ဦးရေပြားကို ထိပြီး "မကောင်းဘူး ဟုတ်လား? လက်ထပ်ပြီးမှ သိသွားရင် ပိုဆိုးမှာ မဟုတ်ဘူးလား?"

စဥ်းစားပြီးနောက် ဝမ်ချွမ်ကျီက မှန်တယ်လို့ ခံစားလိုက်ရသည်။ လက်ထပ်ပြီးရင် သူတို့ ဒါကို ရှာတွေ့ခဲ့ရင် ချောင်တုန်းယင်နဲ့ ကွာရှင်းမှာ သေချာသည်။ သူမက သူမ မိခင်အိမ်သို့ ပြန်လာပြီး အန်းပင်းကို အောက်သို့ဆွဲချမှာ မဟုတ်ဘူးလား?

သူမ သိလိုက်ပြီးနောက်တွင် သူမသည် ချောင်တုန်းယင်၏ ဆိုးရွားသောဘဝအကြောင်း မပြောတော့ဘဲ စကားထွက်လာပြီးနောက် သူမပို၍ အသုံးမဝင်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် သူမအတွက် တိတ်တိတ်ဆိတ်ဆိတ် ကြင်ဖက် ရှာဖွေရာတွင် ပိုမိုတက်ကြွလာခဲ့သည်။

အိမ်ထောင်မပြုရင် သူမက အပျိုကြီးဖြစ်လိမ့်မည်။

အိမ်တွင် အပျိုကြီးတစ်ဦးအဖြစ် သူမသည် နောက်ပိုင်းတွင် အန်းပင်းကို ဆွဲချသွားမည်ဖြစ်သည်။ ဒါမလုပ်နိုင်ဘူး!

ဝမ်ချွမ်ကျီက အန်းပင်းအတွက် ကိစ္စတွေကို စီစဉ်နေချိန်မှာ အန်းပင်းက ချောင်တုန်းယင်ဆီကို အပြေးရောက်လာပြီး "ဒုတိယအစ်မ ဝမ်းမနည်းပါနဲ့။ ဒီလူတွေက အဆင်မပြေတာ။ အဲဒါက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး။ အစ်မက အသက်မကြီးသေးပါဘူး။ တွေ့ရာယူဖို့မလိုပါဘူး။ အစ်မ လက်မထက်ရင်လည်း ရှောင်ရွှယ်နဲ့ ငါက အစ်မကို အမြဲတမ်း ထောက်ပံ့ပေးမယ်။"

သူသည် သိုက်ရှောင်ရွှယ်ကို သီးသန့်မေးမြန်းခဲ့သည်။ သူက သူ့အစ်မတွေကို ပြုစုစောင့်ရှောက်ချင်တဲ့ ဆန္ဒကို သူမက မကန့်ကွက်ပါဘူး။

သိုက်ရှောင်ရွှယ်ဟာ တကယ်ကို အံ့သြစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ သူခံစားရသည်။ သူဘာပဲလုပ်ချင်နေပါစေ သူမက သူ့ကို နားလည်ပြီး စေတနာအပြည့်နဲ့ ပံ့ပိုးပေးသည်။

ချောင်တုန်းယင်သည် သူမမောင်လေး၏ စကားကို ကြားသောအခါ သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမက လက်ဆန့်ထုတ်ပြီး သူ့ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်ရင်း "ဒါက မင်းပြောတာနော်။ ငါတကယ်လက်ထပ်လို့ မရရင် မင်း ငါ့ကို တစ်သက်လုံး ထောက်ပံ့ရလိမ့်မယ် !"

အန်းပင်းက ရိုးရှင်းသော အပြုံးဖြင့် ပြန်ပြောသည်။ "ငါ့စကားကို ပြန်မပြောဘူး"

အစ်မယင်နှင့် သူမ၏ ဘလိုင်းဒိတ်က အဆင်မပြေကြောင်း သူသိလိုက်သောအခါ ရှန်ထျန်းရုံသည် အပျော်ဆုံးဖြစ်သည်။ တစ်ဖက်လူကို ဖမ်းပြီး ရဲစခန်းကို ခေါ်သွားကြောင်း သူ သိပြီးနောက် သူသည် သုံးပေအမြင့်သို့ ခုန်ပေါက်ခဲ့သည်။

သူ တကယ်ပဲ အမှတ်ရဖို့ မထင်ခဲ့မိဘူး။ ထိုလူသည် ညဘက်၌ မကောင်းမှုပြုရန် ထွက်သွားခဲ့သည်။

သူ့ပါးစပ်က ဘယ်တုန်းက မှန်လာတာလဲ?

တကယ်သာ မှန်တယ်ဆိုရင်တော့ အစ်မယင်က တခြားယောက်ျားတွေနဲ့ လက်ထပ်နိုင်တော့မှာ မဟုတ်သလို သူနဲ့သာ အောင်မြင်စွာ တွဲနိုင်မယ်လို့ သူမျှော်လင့်ပါသည်။

ချောင်ကျန်းမင်နဲ့ သူ့ရဲ့သူငယ်ချင်းကောင်း ဝူခမ်းပေါင်တို့ဟာ သူတို့ရဲ့ လက်တွဲမှုကို ရပ်တန့်လိုက်သည်။ ပြတ်ပြတ်သားသား ဖြတ်ဖို့အတွက် မနှစ်က နှစ်ကုန်ကနေ အရင်လကုန်အထိ အချိန်ယူခဲ့ရသည်။

ဒီလို အငြင်းပွားခဲ့တာ နှစ်ဝက်ကျော် ကြာခဲ့ပါသည်။ နှစ်ယောက်ကြားရှိ မျက်နှာစာသည် လုံးလုံးကွဲသွားခဲ့သည်။ နောက်ဆုံး ညီအစ်ကိုမောင်နှမများတောင် ကွဲကွာရတာပါပဲ။

လွန်ခဲ့သည့် ခြောက်လတွင် ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်ခဲ့သည်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက လုပ်ငန်းကို မချဲ့ထွင်ကြဘဲ ယောင်ရှင်းရှင်းရဲ့ နှောက်ယှက်မှုကြောင့် ကုမ္ပဏီက နောက်ပြန်ဆုတ်သွားခဲ့သည်။

အငြင်းပွားနေစဉ်တွင် ချောင်ကျန်းမင်သည် ၎င်းတို့နှစ်ဦးအတွက် ဤမျှရုပ်ဆိုးသော တိုက်ပွဲမျိုး မဖြစ်စေလိုပါ။ ဒါကြောင့် သူက လိုက်လျောမှုလုပ်ဖို့ အစပြုခဲ့သည်။

သို့သော် သူ၏ လိုက်လျောမှုသည် အပြစ်ရှိသည်ဟု မြင်မယ်လို့ ဘယ်သူကသိမလဲ? ထို့အပြင် ကုမ္ပဏီ၏ အရင်းအမြစ်အားလုံးကို လျော်ကြေးအဖြစ် မိမိဆန္ဒအလျောက် စွန့်လွှတ်ရန်လည်း သူက လိုအပ်သည်။

သူက ရယ်ရလွန်းလို့ ရူးသွားတော့မည်။ အရှက်မဲ့သူတွေကို မြင်ဖူးပေမယ့် ဒီလောက် အရှက်မဲ့တာကိုတော့ သူ တစ်ခါမှ မတွေ့ဖူးဘူး။

ယခုအချိန်တွင် သူ့ဇနီးနှင့် သူ့ရဲ့ အပြစ်ကင်းစင်မှုအတွက်သာ ဆက်လက်တိုက်ပွဲဝင်နိုင်ခဲ့သည်။

လုပ်ငန်းစဉ်က ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးတော့ ပြီးသွားသည်! စိတ်ဆင်းရဲစရာ!

"မနက်ဖြန်ကစပြီး ငါ ဒီနေရာကို လာနေတာကို ရပ်လိုက်နိုင်ပြီ!"

ချောင်ကျန်းမင်သည် ကုမ္ပဏီ၏ တံခါးဝတွင် ရပ်ကာ 'အန်းရွှင်းသယ်ယူပို့‌ဆောင်ရေးကုမ္ပဏီ' ဟူသော စကားလုံးများကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

သူတို့သည် ကုမ္ပဏီတစ်ခုတည်ထောင်ရန် နန်ရှန်ခရိုင်သို့ရောက်တုန်းက သူတို့သည် အလွန်စိတ်အားထက်သန်ကြပြီး ဆက်ဆံရေးကောင်းမွန်ကြသည်။ အဆုံးတွင် ဒီနေရာကို ရောက်မယ်လို့ မထင်ခဲ့မိဘူး။ လူတွေက ကမ္ဘာကြီးမှာ မှန်းဆလို့ မရနိုင်လောက်အောင်ပင်။

ချူရှန်မေက အရမ်းဝမ်းနည်းနေသည်။ "ကျွန်မတို့ နှစ်အနည်းငယ်ကြာအောင် ကောင်းကောင်းနေခဲ့ပါတယ်။ ဒီပုံစံနဲ့ ထွက်သွားဖို့ ဘယ်တော့မှ မမျှော်လင့်ထားဘူး။"

"မေ့လိုက်ပါ သွားကြစို့!" ချောင်ကျန်းမင်က အဝေးကို လှမ်းကြည့်သည်။ သူ လှည့်ကြည့်လိုက်တော့ ဝူခမ်းပေါင်နဲ့ ယောင်ရှင်းရှင်းကနေ ကုမ္ပဏီက ထွက်လာတာကို တွေ့လိုက်ရသည်။

ဝူခမ်းပေါင်သည် ချောင်ကျန်းမင်နှင့် ချူရှန်မေကိုတွေ့လိုက်သောအခါ အနည်းငယ် ရှုပ်‌ထွေးသွားသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် အားလုံးအတူတကွ ရုန်းကန်နေရခြင်းအကြောင်းကို တွေးတောရင်း ရုတ်တရက် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူဒီလိုလုပ်လိုက်တာ မှန်သလားလို့တောင် တွေးတောမိသွားသည်။

ဆက်ဆံရေးပြေလျော့စေရန် ပါးစပ်ကိုဖွင့်ကာ နှုတ်ဆက်လိုက်သည်။ သို့သော် သူစကားမပြောမီတွင် သူ့ဘေးနားရှိ ယောင်ရှင်းရှင်းက စကားပြောသည်။

"ဟေး၊ ဘာလို့ မထွက်သေးတာလဲ? ရှင်တို့က အစ်ကိုကြီး ခမ်းပေါင်နဲ့ ထပ်ပြီး ပြဿနာရှာချင်လို့လား?"

ယောင်ရှင်းရှင်းသည် ဝူခမ်းပေါင်၏ လက်မောင်းကို ကိုင်လိုက်ပြီး သူတို့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

ချောင်ကျန်းမင်သည် ထိုစကားကိုကြားသောအခါ သူမနှင့်စကားပြောရန် လုံးဝစိတ်မ၀င်စားပေ။

အဲဒီအစား သူက ဝူခမ်းပေါင်ကိုကြည့်ပြီး "ဒီလိုမိန်းမမျိုးအတွက် ငါတို့ရဲ့ နှစ်ပေါင်းများစွာ ညီအစ်ကိုသံယောဇဉ်ကို စွန့်လွှတ်လိုက်ရတာ တန်သလား? နောင်မှာ မင်းနောင်တမရဖို့ ငါမျှော်လင့်ပါတယ်!"

စကားပြောပြီးသောအခါ သူသည် ဝူခမ်းပေါင်ရဲ့အဖြေကို မစောင့်ဘဲ ချူရှန်မေကို ဆွဲခေါ်သွားသည်။

ဝူခမ်းပေါင်သည် ထွက်ခွာသွားတဲ့ သူတို့နောက်ကျောကို ကြည့်နေသည်။ သူတို့ရဲ့ ပျော်ရွှင်စရာအတိတ်ကို ပြန်သတိရပြီး ရုတ်တရက် သူစိတ်ဓာတ်ကျသွားသည်။

ဒါပေမယ့် ယောင်ရှင်းရှင်းက သူ့ကို ဒီအချိန်မှာ တွန်းလိုက်သည်။ သူမက ခြေထောက်ကို လှမ်းလိုက်ပြီး "အစ်ကိုကြီး ခမ်းပေါင်၊ ကျွန်မအကြောင်း သူပြောတာကို နားထောင်နေရတာလဲ? ကျွန်မလို မိန်းမတစ်ယောက်ဆိုတာ ဘာကိုဆိုလိုတာလဲ? ကျွန်မက ဘာဖြစ်နေလို့လဲ? အစ်ကိုကြီး ခမ်းပေါင်က ကျွန်မကို ကာကွယ်ပေးနေလို့ ကျွန်မက မိန်းမဆိုးလို့ သူတို့ထင်တာလား? ကျွန်မစိတ်ဆိုးတယ်!"

ဝူခမ်းပေါင်သည် ထိုစကားကို ကြားလိုက်သောအခါတွင် အပြစ်ရှိသလို နောင်တရသည့်ခံစားချက်ကို ချက်ချင်းထပ်၍ ပစ်ချလိုက်ပြန်သည်။

မှန်သည်၊ နိဂုံးချုပ်အားဖြင့် သူတို့က ယောင်ရှင်းရှင်းကို ဤကဲ့သို့ ဖယ်ထုတ်လိုက်ခြင်းမှာ ကုမ္ပဏီတွင် သူ့လူများ ထပ်မံရှိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဒီတော့ ညီအစ်ကိုသံယောဇဉ်ဆိုတာ ဘာလဲ?

ဒါကိုတွေးပြီး သူက ချောင်ကျန်းမင်ကို ကြည့်တာကို ရပ်လိုက်ပြီး သူ့ချစ်သူကို ချော့ဖို့ အာရုံစိုက်လိုက်သည်။

ချောင်တုန်းဝမ်နှင့် မီပေါင်တို့ကို နွေရာသီအားလပ်ရက်အတွင်း မြို့တော်သို့ အရင်ပို့ဆောင်ခဲ့သည်။ ချောင်ကျန်းမင်နှင့် ချူရှန်မေတို့က နောက်မှ လိုက်သွားသည်။

သူတို့ မြို့တော်ကို မရောက်ခင်မှာ သူက သူ့ရဲ့ ဒုတိယအစ်ကိုရဲ့ ခြံဝင်းနားက နေရာကို ငှားဖို့ အကူအညီတောင်းခဲ့သည်။

ခြံဝင်းသည် သာ့ချောင် ပိုင်သည်။ နွေရာသီအားလပ်ရက်အတွင်း ချောင်တုန်းဝမ်နှင့် မီပေါင်တို့သည် ထိုနေရာတွင် တစ်လ သို့မဟုတ် နှစ်လခန့် အချိန်တိုတော့ နေထိုင်နိုင်သည်။ ဒါပေမယ့် အခု သူတို့မိသားစုလေးယောက်က အဲဒီနေရာမှာ ရေရှည်နေချင်ကြသည်။ ဒါကြောင့် သူတို့က ဒီမှာနေဖို့ လိုအပ်သည်။

သူတို့စုံတွဲဟာ မြို့တော်ကို ရောက်တဲ့အခါမှာတော့ သူတို့ရဲ့အလုပ်ရှုပ်တဲ့ ဘဝထဲကို မ၀င်ရောက်ခင် ရက်အနည်းငယ်လောက် အနားယူခဲ့ကြသည်။

ချောင်ကျန်းမင်သည် သူ့နှလုံးသားထဲတွင် ဒေါသများ တိုးဝင်လာသလို ခံစားလိုက်ရသည်။ အောင်မြင်မှုအချို့ကို သူလုပ်ရမည်!

ဝူခမ်းပေါင်နှင့် ယောင်ရှင်းရှင်းတို့ကို သိပါစေ၊ သူ ချောင်ကျန်းမင်သည် ယနေ့သူရှိရာသို့ ရောက်ရန် ဝူခမ်းပေါင်ကို အားကိုးနေစရာ မလိုသည်မှာ သေချာသည်။

ချောင်ကျန်းကျွင်း၏ စတိုးဆိုင်သည် ကြီးပွားတိုးတက်နေသည်။ ၎င်းသည် လူအများ၏ မနာလိုမှုကို နှိုးဆွခဲ့သည်။

ပထမတော့ လူတချို့က သူတို့ ဒီမြို့က မဟုတ်ဘူးဆိုတာကို မြင်ပြီး စည်းလုံးပြီး အနိုင်ကျင့်ချင်ခဲ့ကြသည်။ ဒါပေမယ့် သူတို့ဘာမှမလုပ်နိုင်ခင်မှာပဲ အဲဒီလူတွေက သတိပေးခံခဲ့ရသည်။

ဟော်မိသားစုနှင့် မောင်မိသားစုတို့၏ အကာအကွယ်ကြောင့် ဒုတိယမြောက်သည် မြို့တော်တွင် အခိုင်အမာ ခြေကုပ်ယူလာခဲ့သည်။

သြဂုတ်လ အသက် ၈၅ နှစ်တွင် မစ္စမောင် ကွယ်လွန်ခဲ့သည်။

သက်ကြီးရွယ်အိုတွေ ဒီလောက်အသက်ကြီးတဲ့အထိ အသက်ရှင်နေရတာ ဝမ်းသာဝမ်းနည်းစရာပါ။ မောင်မိသားစု အရမ်းဝမ်းနည်းနေပေမယ့် သူတို့ နောင်တမရပါဘူး။

လွန်ခဲ့သည့် ရှစ်နှစ်က သားသမီးမြေးများက တာဝန်ကျေပွန်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါမရှိခဲ့ပေ။ အဘွားမောင်သည် ပျော်ရွှင်စွာနေထိုင်ပြီး အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့သည်။

ဈာပနကို ကျင်းပသောအခါ ချောင်မိသားစုမှ အားလုံး တက်ရောက်ခဲ့ကြသည်။

မစ္စမောင် ထွက်ခွာသွားကြောင်း သိလိုက်ရသဖြင့် သာ့ချောင်က အလွန်ဝမ်းနည်းသွားသည်။

သာ့ချောင်က ဒီအမျိုးသမီးကြီးကို သဘောကျသည်။ သူမသည် မောင်အိမ်သို့ သွားတိုင်း မစ္စ‌မောင်သည် သူမလက်ကို ကိုင်ရတာ သဘောကျကာ သူမသည် ကောင်းချီးပေးခံရသော မိန်းကလေးဖြစ်ကြောင်း မှတ်ချက်ချသည်။ သာ့ချောင်က သူမကို ပျော်ရွှင်စေဖို့အတွက် ဟာသတစ်ချို့ကို ပြောပြရတာကို နှစ်သက်ခဲ့သည်။ အဘွားမောင် ပြုံးတဲ့အခါ အမြဲတမ်း ကြည်နူးဖို့ကောင်းသည်။ အဲဒါက တစ်ယောက်ကမေတ္တာ တစ်ယောက်က စေတနာကြောင့်ဖြစ်သည်။

အဘွားမောင်ကလည်း သူမကို ဧည့်ခံဖို့ အိမ်မှာ အရသာရှိတဲ့အရာတွေ အကုန်ထုတ်ရတာကို သဘောကျပြီး မိန်းကလေးတွေက ပြည့်ပြည့်လေးမှ ပိုကြည့်ကောင်းတယ်လို့ ပြောခဲ့သည်။

နောင်တွင် ထိုကြင်နာသောမျက်နှာကို မမြင်နိုင်တော့ဟု တွေးကာ သူမ၏နှလုံးသားသည် ဗလာဖြစ်နေခဲ့သည်။

မောင်မိသားစုသည် သာ့ချောင်ကို ဤကဲ့သို့ မြင်သောအခါတွင် သူမသည် ချစ်ခင်မြတ်နိုးတန်ဖိုးထားသော ကလေးကောင်းတစ်ယောက်ဖြစ်သည်ကို သူတို့၏ စိတ်ထဲတွင် ပို၍ပို၍ပင် ခံစားလာရသည်။

မစ္စမောင် လက်ထက်က ကျန်ရစ်ခဲ့တဲ့ အမွေတွေထဲမှာ တစ်ခု အဖိုးတန် လက်ဝတ်ရတနာ တစ်စုံကို သာ့ချောင်အတွက် ထားခဲ့သည်။

သာ့ချောင်က ဒီလိုစျေးကြီးတဲ့လက်ဆောင်ကို လက်မခံဘူးလို့ ပြောခဲ့သည်။

သို့သော် မောင်မိသားစုက ၎င်းကို လက်ခံရမည်ဟု အခိုင်အမာပြောကာ ၎င်းကို မစ္စမောင်က သူမထံ ထားခဲ့သည်။ ပြီးတော့ သူတို့ သားစဉ်မြေးဆက်အနေနဲ့ ဒါကို ပြန်ယူလို့ မရဘူး။ မဟုတ်ရင် တာဝန်မကျေသလို ဖြစ်သွားလိမ့်မည်။

သာ့ချောင်သည် လက်ဝတ်ရတနာများကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။ ထို့နောက် မောင်မိသားစုအား ဆေးတစ်ပုလင်းပေးခဲ့သည်။ မောင်မိသားစုသည် ဆေးများကိုရပြီးနောက် သူတို့သည် အသုံးဝင်‌သော အရာများဖြစ်ကြောင်း ခံစားခဲ့ရသည်။

ဆေး၏ ပါဝင်ပစ္စည်းများကို မသိသော်လည်း လက်ဝတ်ရတနာ တစ်စုံဖြင့် ဝယ်ယူနိုင်သော အရာမဟုတ်ကြောင်း သူတို့ သိကြသည်။

မောင်အိမ်မှ ထွက်ခွာပြီးနောက် ချောင်ကျန်းကျွင်းကို ပြောစရာရှိလို့ ဟော်ဟွားချင်းမှ ခေါ်ခဲ့သည်။

ချောင်ကျန်းကျွင်းသည် စာကြည့်ခန်းထဲဝင်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် "အကြီးအကဲဟော်၊ ချင်မျိုးရိုးနဲ့ ပတ်သက်ပြီး သတင်းရှိလို့်လား?"

ချင်မျိုးရိုးသည် တုန်းလင်၏ ဖခင်အရင်း ချင်တုန်းကို ရည်ညွှန်းခြင်းဖြစ်သည်။

ချင်တုန်းဟာ ထုတ်လုပ်ရေးအဖွဲ့မှာရှိတုန်းက သူ့ကို ဒီနာမည်နဲ့ မခေါ်ခဲ့ပါဘူး။ ချင်ဝမ်ရုံဖြစ်သည်။ သေခြင်းတရားကို အတုလုပ်ပြီးမှပဲ သူ့နာမည်ကို ပြောင်းခဲ့သည်။ သူဘာတွေ တွေးနေလဲမသိပေ။ သူ့သားနဲ့တူတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ရယ်စရာဖြစ်သည်!

ဟော်ဟွားချင်းသည် ရနံ့သင်းသော သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ချင်တုန်းက ခရိုင်မြို့ငယ်လေးကို သွားပြီးနောက် သူက အဲဒီ့မှာ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နဲ့ တွဲခဲ့တယ်။ အဲ့ဒါကိုသိသွားတော့ ချင်တုန်းရဲ့ ခြေထောက်တွေ ကျိုးသွားတယ်။ သူပြန်ကောင်းလာပြီးရင် ဒုက္ခိတဖြစ်မယ်လို့ ကြားတယ်။"

တကယ်တော့ သူ မပြောခဲ့တာ တစ်ခုရှိသည်။ အဲဒါက ချင်တုန်းဟာ အနာဂတ်မှာ မသန်စွမ်းဖြစ်မည်!

"သူ့အလုပ်ကရော? သွားပြီလား? သူက မြို့တော်ကို ပြန်ချင်တာလား?"

ချောင်ကျန်းကျွင်းသည် ချင်တုန်း ခြေမသန်သူဖြစ်လာမည်ကို ဂရုမစိုက်ပါ။ သူ မြို့တော်ကို ပြန်လာမလား၊ သူ့ဇနီးနဲ့သားကို နှောင့်ယှက်ဖို့ ပြန်လာမလားဆိုပြီး စိတ်ပူနေခဲ့သည်။

ဟော်ဟွားချင်းက ခေါင်းညိတ်ပြသည်။ "သူက နိုင်ငံ့ဝန်ထမ်းလေ။ ဒီလိုမျိုး ကြုံလာတဲ့အခါ သူ့အလုပ်က သူ့ကို ထိန်းထားဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူ့မိန်းမက အဲဒီကို မြို့တော်ကနေ အပြေးသွားပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ခဲ့တယ်။ သူတို့နှစ်ယောက် တောင်ဖက်ကို အတူတူစီးသွားတယ်လို့ ကြားတယ်။ မင်း သူတို့ မြို့တော်ကို ပြန်လာမှာကို စိတ်ပူစရာ မလိုပါဘူး။"

ချောင်ကျန်းကျွင်းသည် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

All Chapters