← Chapters

အခန်း (၃၀၈)

Vol. 24 Ch. 308

အခန်း (၃၀၈)

Vol. 24 Ch. 308

အကြီးဆုံးအစ်ကိုဖြစ်သူ ‌ဝမ်ရွှေရှန်သည် ရှန်မြို့သို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ကာ သူ၏ပြာများကို ပြန်ယူကာ မိဘများဘေးတွင် မြှုပ်နှံထားခဲ့သည်။

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဝမ်ယန်ရှန်သည် သူ့အစ်ကိုကြီး လုပ်ရပ်ကို မှတ်ချက်မပေးပါ။ သူက ဝမ်ရှင်းရှန်ကို မကယ်တင်ခဲ့တဲ့အတွက် စိတ်မ၀င်စားဘဲ အပြစ်မတင်သရွေ့တော့ အဆင်ပြေပါသည်။

တကယ်တော့ ဝမ်ယန်ရှန်ရဲ့ အခြေအနေက ဆက်တက်လာတော့ မိသားစုထဲက တခြားညီအစ်ကိုတွေက သူ့ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ဖို့ မဝံ့ရဲကြဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ကုန်သွားပြန်သည်။

ယခုနှစ် နွေဦးပွဲတော်တွင် ချောင်မိသားစုက ရွှယ်အန်းရှု့အား နွေဦးပွဲတော် အစီအစဉ်မှ ဖိတ်ကြားခဲ့ပါသည်။

'ရှစ်ထုန်‌လေးရဲ့အိမ်ပြန်ခြင်း' သည် အလွန်နာမည်ကြီးခဲ့သည်။ အခုဆို နိုင်ငံက လူတိုင်းနီးပါးက မင်းသား ရွှယ်အန်းရှု့ကို သိကြသည်။ မူလက ပရိုဂရမ်အဖွဲ့သားသည် ယမန်နှစ်က သူ့ကို ဖိတ်ကြားလိုသော်လည်း နောက်ပိုင်းတွင် အစီအစဉ်အပြောင်းအလဲရှိကာ ဖိတ်ကြားချက် မထုတ်ခဲ့ပေ။

ဟိုင်ရှန့် ရုပ်ရှင်ရိုက်ကူးရေးမှ လူများသည် ပရိုဂရမ်အဖွဲ့သားများထံမှ ဖိတ်ခေါ်မှုကို လက်ခံရရှိသောအခါတွင် သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းသွားကြသည်။

ဤသည်မှာ နွေဦးပွဲတော် ဖြစ်သည်။

နွေဦးပွဲတော်ကို ၁၉၈၃ တွင်သာ ဖန်တီးခဲ့သော်လည်း ပြည်နယ်က သူတို့ကို ထောက်ခံခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့မှာ အိမ်မှာ TV ရှိတဲ့သူတိုင်း ဒီအစီအစဉ်ကို နိုင်ငံတစ်ဝှမ်းကနေ ကြည့်ရှုနိုင်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နွေဦးပွဲတော်ကို တက်ရောက်နိုင်သူများသည် နိုင်ငံအတွက် ဂုဏ်သိက္ခာကြီးမားသော အားကစားသမားများ သို့မဟုတ် နာမည်ကြီး သရုပ်ဆောင်များနှင့် ကြယ်ပွင့်များဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့သွားဖို့အတွက် လုံလောက်တဲ့ ကျော်ကြားမှု ရှိရမည်။

ယခု သူတို့သည် ရွှယ်အန်းရှု့ကို ဖိတ်ကြားထားသောကြောင့် ဤဒရာမာသည် အမှန်တကယ် ရေပန်းစားကြောင်း ပြသခဲ့သည်။ နွေဦးပွဲတော်ပြီးနောက် ၎င်းသည် ပို၍မြင့်မားသောအဆင့်သို့ တိုးလာမည်ဖြစ်သည်။

ရွှယ်အန်းရှု့ နာမည်ကြီးလာသည်နှင့်အမျှ ကုမ္ပဏီသည် သူနှင့်အတူ နာမည်ကြီးလာမည်။ ပိုက်ဆံတွေ ဝင်လာနိုင်မည်။

ဒါရိုက်တာကျောက်သည် ဖိတ်ကြားလွှာကို လက်ခံရရှိပြီးနောက် ချောင်အိမ်သို့ လူကိုယ်တိုင်သွားခဲ့သည်။ သူက နွေဦးပွဲတော်တွင် ရွှယ်အန်းရှု့ကို ပါဝင်ခွင့်ပြုရန် သဘောတူဖို့ တောင်းဆိုခဲ့သည်။

ဆွေးနွေးပြီးနောက် ချောင်မိသားစုက သဘောတူကြောင်း ခေါင်းညိတ်ခဲ့သည်။

ပထမဦးစွာ နွေဦးပွဲတော်ကို မြို့တော်တွင် ကျင်းပမည်ဖြစ်သည်။ မြို့ပြင်ထွက်စရာ မလိုပေ။ ဒုတိယအနေနဲ့ ရွှယ်အန်းရှု့က ဖျော်ဖြေရတာကို တကယ်ကို နှစ်သက်သည်။ သူကြီးပြင်းလာတဲ့အခါ ဒီလုပ်ငန်းမှာ ဆက်လက်ပါဝင်ဖို့ များပါသည်။ ဤကိစ္စကြောင့် ငယ်ငယ်ကတည်းက သူ့အတွက် လမ်းခင်းတာက ပိုကောင်းပါသည်။

ရွှယ်အန်းရှု့သည် နွေဦးပွဲတော်သို့ ဖိတ်ကြားခံရကြောင်း ဝမ်ချွမ်ကျီက သိသောအခါ တုန်းယွင်လေးက ဘာမှမဖြစ်ဘဲ သူမသည် ဒေါသအလွန်ထွက်ကာ ရန်ပွဲအတွက် ရုပ်ရှင်ကုမ္ပဏီသို့ သွားလုနီးပါးဖြစ်ခဲ့သည်။

တုန်းယွင်‌လေးသည် ရွှယ်အန်းရှု့ထက် ပို၍ နာမည်ကြီးပြီး သူ့ထက် ငွေပိုရသည်ဟု သူမ ခံစားမိသည်။ ရွှယ်အန်းရှု့က သွားလို့ရပေမယ့် တုန်းယွင်လေးက ဘာလို့ မသွားနိုင်ရတာလဲ?

တကယ်တော့ ချောင်ရှို့ကျီက ဟိုင်ရှန့်ရုပ်ရှင်ရိုက်ကူးရေးနဲ့ စာချုပ်ချုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အခြေအနေတွေထဲက တစ်ခုကတော့ တုန်းယွင်‌လေးရဲ့ အသွင်အပြင်ကို ထုတ်မပြဘဲနဲ့ သူမဟာ မည်သည့်အစီအစဉ်တွေမှာ ပါဝင်မှာ မဟုတ်ပါဘူး။

ချောင်ရှို့ကျီသည် သူ့မြေးမလေး၏ ဆွဲဆောင်မှုကင်းမဲ့မှုကို မထီမဲ့မြင်မပြခဲ့ပေ။ ဒါပေမယ့် တုန်းယွင်လေးက ကြည့်မကောင်းဘူးဆိုတဲ့ အချက်ပါပဲ။ သူမက လူထုရှေ့ကို ပို့လိုက်ရင် လူတချို့ရဲ့ မကောင်းသော နှုတ်ဖြင့် အရုပ်ဆိုးသော စကားကို ပြောလိမ့်မည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအရာတွေကို တုန်းယွင်လေးကို ရင်မဆိုင်စေချင်ဘူး။

တုန်းယွင်လေးက အရမ်းသန်မာသည်။ သို့သော် လူတစ်ဦးသည် မည်မျှပင် သန်မာသည်ဖြစ်စေ လူများစွာ၏ အန္တရာယ်ရှိသော တိုက်ခိုက်မှုများကို မခံနိုင်ပါ။ အဲဒါကြောင့်မို့လို့ အခုလို အခြေအနေမျိုး ပေးခဲ့သည်။

တုန်းယွင်လေးသည် ရွှယ်အန်းရှု့ကို အနည်းငယ် မနာလိုသော်လည်း သူမ၏ အဖိုးအဖွားများသည် သူမအကျိုးအတွက် လုပ်ခဲ့သည်ကို သူမ နားလည်သည်။ ထို့ကြောင့် သူမသည် မနာလိုမဖြစ်ရုံသာမက သူ့အမေကိုပါ ဖြောင်းဖျခဲ့သည်။

နှစ်သစ်ကူးအကြိုနေ့တွင် ချောင်မိသားစုနှင့် ဟော်မိသားစုတို့သည် ခြံဝင်းအတွင်း၌ အတူတကွ စုရုံးခဲ့ကြသည်။ သူတို့သည် နွေဦးပွဲတော်ကို ကြည့်ရင်း နှစ်သစ်ကူးညစာ စားကြသည်။

ရွှယ်အန်းရှု့ စင်ပေါ်တက်လာသောအခါ ချောင်မိသားစုအားလုံး ၎င်းတို့၏ တူချောင်းများကို ရပ်လိုက်ကြသည်။ ဒါဇင်အနည်းငယ်သော မျက်လုံးများသည် တီဗီဖန်သားပြင်ကို စိုက်ကြည့်နေသည်။

အစီစဉ်တင်ဆက်သူမှ မိတ်ဆက်ပြီးနောက် ရွှယ်အန်းရှု့နှင့် ဟန်မန်အန်းတို့သည် စင်မြင့်ပေါ်သို့ လက်တွဲပြီး လျှောက်သွားခဲ့သည်။

ရွှယ်အန်းရှု့သည် အနက်ရောင်ဝတ်စုံ၊ ရှပ်အင်္ကျီအဖြူနှင့် အနီရောင်လည်စည်းကို ၀တ်ဆင်ထားသည်။ သူ့ဆံပင်ကို နောက်ပြန်ဖြီးထားပြီး သူ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေး ပေါ်လာသည်။ သူက အလွန်ချောမောပုံရသည်။

ဟန်မန်အန်းသည် ပန်းရောင်မင်းသမီးဝတ်စုံနှင့် ခေါင်းပေါ်တွင် ပန်းသရဖူကို ဝတ်ဆင်ထားသည်။ ရွှယ်အန်းရှု့နှင့် လက်တွဲထားပြီး သူတို့က ရွှေရောင်ကောင်ကလေးနဲ့ ကျောက်စိမ်းမိန်းကလေးလိုပင်။

နှစ်ယောက်သား စင်ပေါ်တက်ပြီးတာနဲ့ ချက်ချင်းပဲ သူတို့သည် လူတိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

ဒီကလေးနှစ်ယောက်က တော်တော်လှတဲ့ ပန်းချီကားတစ်ခုလို့ လူတိုင်းခံစားမိကြသည်။ သူတို့လေးတွေက သူတို့ရဲ့ ထက်ဝက်လောက် ရုပ်ချောရင် ကျေနပ်ကြလိမ့်မည်။

အစီစဉ်တင်ဆက်သူက သူတို့ကို မိတ်ဆက်ခိုင်းသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး ရွှယ်အန်းရှု့ကို "အန်းရှု့လေး၊ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က လက်တွေ့ဆန်လွန်းတယ်လို့ လူတော်တော်များများက ပြောကြတယ်။ ငါမေးချင်တာ မင်းသရုပ်ဆောင်ရင် မင်းဘယ်လို တွေးလဲ? မင်းဘာလို့ စိတ်အလိုအလျောက် မျက်ရည်ကျရနေတာလဲ?"

ရွှယ်အန်းရှု့က စင်ပေါ်မှာ ကြောက်စရာမရှိပါဘူး။ သူက မိုက်ခရိုဖုန်းကို ကိုင်ပြီး "ငိုနေတဲ့ ဇာတ်ဝင်ခန်း သရုပ်ဆောင်တုန်းက အစ်မကို ထားခဲ့ဖို့ အတင်းအကြပ် ဖိအားပေးခံရတာကို စိတ်ကူးယဉ်လိုက်တာ အရမ်းဝမ်းနည်းစေမှာ သေချာတယ်လေ။ နောက်တော့ မျက်ရည်တွေက အလိုလိုစီးကျလာတယ်!"

အစီစဉ်တင်ဆက်သူက အံ့သြတဲ့အမူအရာနဲ့ "မင်းမိဘတွေမဟုတ်ဘဲ မင်းအစ်မကို ဘာလို့အရင်စဉ်းစားတာလဲ?"

ရွှယ်အန်းရှု့- "ကျွန်တော့်အစ်မကို ကျွန်တော် အချစ်ဆုံးမို့လို့လေ။ ကျွန်တော့်အမေကို ထားခဲ့ရရင် ကျွန်တော် အရမ်းဝမ်းနည်းမိမှာပါ!"

အစီစဉ်တင်ဆက်သူက "ဒါဆို မင်းအဖေ့ကို ထားသွားရမယ်ဆို‌ရင်ကော မင်း စိတ်မကောင်းမဖြစ်ဘူးလား?" လို့ မေးလိုက်သည်။

ရွှယ်အန်းရှု့က ခေါင်းလေးငုံ့ပြီး ခဏလောက်စဉ်းစားကာ "ကျွန်တော်ဝမ်းနည်းမှာပါ၊ ဒါပေမယ့် အစ်မနဲ့ အမေကို ထားသွားရတာလောက် ဝမ်းနည်းပါဘူး။"

စကားသံထွက်လာသည်နှင့် အားလုံး ချက်ချင်းပင် ရယ်မောလိုက်ကြသည်။

ရွှယ်အန်းရှု့နှင့် လိုက်ပါလာခဲ့ပြီး စင်မြင့်အောက်တွင် ထိုင်လျက်ရှိနေသော ချောင်ကျန်းကျွင်း - "......"

ရည်ရွယ်ချက်ရှိမရှိ မသိပါဘူး၊ ကင်မရာသမားက ချောင်ကျန်းကျွင်းရဲ့ ရှက်ရွံ့တဲ့မျက်နှာကို ချိန်ရွယ်ပြီး ကင်မရာကို ကိုင်ထားခဲ့သည်။ ဒါကြောင့် ဒီမြင်ကွင်းကို တစ်နိုင်ငံလုံးက လူတွေ မြင်ခဲ့ရသည်။

ယခုအချိန်တွင် တီဗွီဖန်သားပြင်ကို ကြည့်နေသော ချောင်မိသားစုသည် ရယ်ခြင်းကြောင့် မျက်ရည်များဝဲလာသည်။

သူ့အဖြေအပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှုက ဘယ်လောက်ကောင်းလဲဆိုတာကို ကြည့်ပြီး အစီစဥ်တင်ဆက်သူက "ဒါဆို အစ်မက ဘာလို့ အမေ့ထက် အရင်လဲ? မင်းမှာ အစ်မနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာလား?"

ရွှယ်အန်းရှု့က ခေါင်းညိတ်ပြသည်။ "အရမ်းရင်းနှီးတယ်။ အစ်မက လှပပြီး ဉာဏ်ကောင်းရုံသာမက နူးညံ့သိမ်မွေ့ပြီး ရက်ရောတယ်။ သူက ကမ္ဘာပေါ်မှာ အလှဆုံး အစ်မတစ်ယောက်ပါ။ ကျွန်တော် သူ့ကို အရမ်းသဘောကျတယ်။ အစ်မ ကျွန်တော် ချစ်တယ်နော်!"

သာ့ချောင်သည် တီဗွီမှ သူ့မောင်လေးကို ကြည့်ပြီး ပါးစပ်ထောင့်များ တွန့်ကွေးသွားသည်။

ဒါကိုမြင်တော့ သူမဘေးမှာထိုင်နေတဲ့ ဟော်ချီက ချက်ချင်း မနာလိုဖြစ်သွားသည်။ သူက ငုံ့ကြည့်ပြီး "နျန်နျန် ကိုယ်လည်း မင်းကို ချစ်တယ်!"

သာ့ချောင်၏ မျက်နှာသည် တဖျပ်ဖျပ်နှင့် နီရဲလာသည်။ ပန်းနုရောင်သန်းပြီး နူးညံ့သည်။ တော်တော်လေး စွဲဆောင်မှုရှိတဲ့ မြင်ကွင်းပါ။

နွေဦးပွဲတော်အပြီးတွင် နိုင်ငံတစ်ဝှမ်းရှိ လူများက ရှစ်ထုန်တွင် လှပ၊ ထက်မြက်ကာ နူးညံ့သိမ်မွေ့ပြီး ရက်ရောသော အစ်မတစ်ယောက်ရှိကြောင်း သိသွားကြသည်။ လူတော်တော်များများက သူ့အစ်မအကြောင်း သိချင်ကြသည်။

ရွှယ်အန်းရှု့ စင်ပေါ်မှ ဆင်းပြီးနောက် ဟော်ချီသည် ဆက်သွယ်ရေးကိရိယာ အနည်းငယ်ကို ထုတ်ကာ ချောင်မိသားစု၏ အကြီးဆုံးနှင့် ပဉ္စမ‌မြောက်အား တစ်ခုစီ အသီးသီး ပေးလိုက်သည်။

ဒုတိယမြောက်သည် နှစ်ခုရရှိခဲ့သည်။ တစ်ခုမှာ သာ့ချောင်အတွက်ဖြစ်ပြီး နောက်တစ်ခုမှာ သူ့ယောက္ခမ ချောင်ကျန်းကျွင်းအတွက်ဖြစ်သည်။ ကျန်နှစ်ခုမှာ အဖိုးနှင့် အဖွားအတွက်ဖြစ်သည်။

ချောင်ကျန်းမင်သည် ချက်ချင်း မျက်လုံးများ တောက်ပလာကာ "ဟော်ချီ၊ ဒါက အသံမြည်တာလား?"

ဟော်ချီက ခေါင်းညိတ်သည်။ "ဒါကို ဖေးဂျာလို့ခေါ်တယ်။ ဒါပေမယ့် လူတော်တော်များများက အဲဒါကို ဘီဖာလို့ ခေါ်ကြတယ်။ အဲဒါကို ကျွန်တော်တို့ ကုမ္ပဏီက ဖန်တီးထားပြီး ဖုန်းနံပါတ်တွေကို လက်ခံနိုင်တယ်။"

လူတိုင်းသည် ပေဂျာအကြောင်း သိချင်စိတ်အပြည့်ရှိကြသည်။ လူတိုင်းနားလည်နိုင်စေရန်အတွက် ဟော်ချီသည် ဖုန်းကို ကောက်ကိုင်လိုက်သည်။

လူတိုင်းက အံ့အားသင့်ပြီး အသစ်အဆန်းတွေကို ထုတ်ဖော်ပြီး ဒီအသစ်ကို လေ့လာဖို့ အတူတကွ ပူးပေါင်းခဲ့ကြသည်။

သာ့ချောင်သည် သူမလက်ထဲတွင် ဘီဖာကို ကိုင်ထားသည်။ ရုတ်တရက် သူမသည် အခြားသူများနှင့် မတူသည်ကို သူမ သတိပြုမိသည်။

ဟော်ချီက သူမကို မျက်စောင်းထိုးကာ စကားမပြောရန် အချက်ပြလိုက်သည်။ နောက်တော့ အားလုံးက ဖေးဂျာကို လေ့လာနေတဲ့အချိန်မှာ သူက သူမလက်ကို ကိုင်ပြီး ခြံထဲကို ဆွဲခေါ်သွားသည်။

ခြံထဲတွင် မီးပုံးများ ထွန်းညှိထားသည်။ နွေးထွေးသော အလင်းရောင်သည် အဖြူရောင် နှင်းများပေါ်တွင် ထွန်းလင်းတောက်ပနေပြီး နှင်းဖြူဖြူပေါ်တွင် နီညိုရောင် ခြယ်သထားသည်။

သာ့ချောင်သည် ဆီးပင်ကို မှီလိုက်သည်။ တိမ်တွေကို ကြည့်ရင်း သူမက "အစ်ကိုဟော်ချီ၊ ညီမ‌ ဖေးဂျာက တခြားသူတွေနဲ့ ဘာလို့ မတူရတာလဲ?"

ဟော်ချီသည် သူမကို ဆီးပင်ကြား ပိတ်ထားခဲ့သည်။ သူက "မင်းရဲ့ဘီဖာကို ကိုယ့်တို့ကုမ္ပဏီက အသစ်တီထွင်ထားတာ။ ခေါ်ဆိုသူနံပါတ်ကို ပြတဲ့အပြင် စာလုံးတွေကိုလည်း ပြပေးနိုင်တယ်။ ဈေးကွက်ထဲ မသွင်းရသေးတဲ့အတွက် မင်းအတွက်ပဲ ပေးလို့ရတယ်။"

သာ့ချောင်က ဒါကိုကြားတော့ သူမချက်ချင်း ထိတ်လန့်သွားပြီး "စာလုံးတွေကို တကယ်ပြနိုင်တာလား?"

ဟော်ချီက ခေါင်းညိတ်လိုက်ပြီး "ဒီမှာ ခလုတ်ကိုဖွင့်ပြီး ကြည့်လိုက်"

သာ့ချောင်သည် ဖေးဂျာကို ဖွင့်ရန် သူ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။ ထို့နောက်တွင် နံပါတ်တစ်ခုနှင့် နံပါတ်အောက်တွင် စာတစ်ကြောင်းကို ပြသသည့် မက်ဆေ့တစ်ခုဝင်လာသည်။ '‌ ချောင်နျန်နျန် မင်း ကိုယ့်ကို ချစ်တယ်လို့ ပြောပေး' လို့ပြထားသည်။

စကားလုံးကိုကြည့်လိုက်တော့ သာ့ချောင်က ရှက်သွားပြန်သည်။ သူမ နှလုံးခုန်သံ မြန်လာသည်။

ဟော်ချီက မျက်လုံးကို ငုံ့ကြည့်သည်။ မီးရောင်အောက်တွင် သူမ၏ ပန်းနုရောင် နားရွက်ကို ညင်သာစွာ ဆွဲရန် လက်ကို မြှောက်လိုက်ပြီး "နျန်နျန် ကိုယ်စောင့်နေတုန်းပဲ" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

သူ၏ ပူပြင်းသော ထွက်သက်ဝင်သက်က သူမမျက်နှာပေါ်သို့ ဖြန်းခနဲ လှုပ်ခတ်သွားကာ "အစ်ကိုဟော်ချီ ညီမ... ညီမလည်း အစ်ကို့ကို ချစ်တယ်။"

သူမ နောက်ဆုံးစကား ပြီးသောအခါ ဟော်ချီသည် သူမ၏ နူးညံ့သော နှုတ်ခမ်းများကို ဖုံးရန် ခေါင်းငုံ့ကာ "နျန်နျန် ကိုယ် မင်းကို အမြဲချစ်တယ် "

............

စာရေးသူပြောစရာတစ်ခုရှိသည် - ဘီဖာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အဖြစ်မှန်ကို ရည်ညွှန်းထားသည်။ သို့သော် ၎င်းသည် လက်တွေ့နှင့်မတူပါ။ လူတိုင်းက အဲဒါကို စိတ်ကူးယဉ်ထားတယ်လို့ပဲ မှတ်ယူသင့်သည်။

All Chapters