← Chapters

အခန်း (၃၁၅)

Vol. 25 Ch. 315

အခန်း (၃၁၅)

Vol. 25 Ch. 315

ထိုအချိန်တွင် ကျုံးခမ်းသိ ရောက်လာသည်။

ယနေ့တွင် ကျုံးခမ်းသိသည် သူ၏ဘယ်ဘက်မျက်လုံးက လှုပ်ယမ်းသွားသည်ကို ခံစားခဲ့ရသည်။ တစ်ခုခုဖြစ်နေပြီဆိုတဲ့ ခံစားချက်တစ်ခုရှိသည်။ ဒါနဲ့ သူက အတန်းပြီးပြီးချင်း အိမ်ပြန်ခဲ့သည်။ သူမျှော်လင့်ထားသည့်အတိုင်း လမ်းကြားသို့ရောက်သောအခါ ဤမြင်ကွင်းကို သူတွေ့လိုက်ရသည်။

သူသည် ခြေတံရှည်ဖြင့် ပြေးတက်လာသည်။ သူက သိုက်ရှုဖန်ရဲ့ လက်မောင်းမှာ စွန်းနေတဲ့ သွေးတွေကို မြင်လိုက်ရတော့ ဒေါသက သူ့ဆီ လွှမ်းခြုံသွားသည်။ သူက လှည့်ပြီး ဟော်ကျန့်ချန်ကို လက်သီးနဲ့ထိုးလိုက်သည်။

ဟော်ကျန့်ချန်သည် လူတစ်ယောက် ပြေးလာနေသည်ကိုသာ သိသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသေးခင် ဘယ်ဘက်ပါးပြင်က ထိုးကြိတ်ခံလိုက်ရသည်။

အထိုးခံရတာ‌ကြောင့် သူ့မျက်နှာက ပျက်သွားပြီး သူ့ပါးစပ်က သွေးကို အရသာခံလိုက်ရသည်။

မကြာသေးမီက ဝမ်အန်နာသည် ဟော်ကျန့်ချန်နှင့်အတူ သေချင်ခဲ့သည်။ ယခုမူ သူမသည် သူ အရိုက်ခံရသည်ကို မြင်လိုက်ရတော့ သူမနှလုံးသား နာကျင်လာပြန်သည်။ ခေါင်းတစ်လှည့်ဖြင့် သူမသည် ကျုံးခမ်းသိကို အနိုင်ယူရန် ရည်ရွယ်ခဲ့သည်။

ကျုံးခမ်းသိက သူမကို ရွံရှာစွာ တွန်းထုတ်လိုက်ပြီး "ထွက်သွား၊ ငါအမျိုးသမီးတွေကို မရိုက်လို့ပေါ့ကွာ၊ မဟုတ်ရင်တော့..."

တွန်းချခံရတော့ ဝမ်အန်နာက နောက်ပြန်ဆုတ်သွားသည်။ သူမခေါင်းနောက်က နံရံကို ပြင်းပြင်းထန်ထန် ထိသွားသည်။ သူမသည် ခဏတာ မူးဝေသွားသည်။

ထိုအချိန်တွင် ဟော်ကျန့်ချန်သည် ထိုလူရောက်လာသည်ကို မြင်လိုက်ရသည်။ ပထမတော့ ကျုံးခမ်းသိကို သူ မမှတ်မိဘဲ သူ့ကို ရင်းနှီးနေတယ်ဆိုတာကို ရှာတွေ့ခဲ့သည်။ ပြီးတော့ သူတို့နှစ်ယောက်က ကွဲကွာသွားတာ နှစ်အတော်ကြာပြီ။ ထို့အပြင် သူသည် ဆယ်နှစ်ကျော်ကြာ မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့သည်။ သူ့ကို မေ့နေတာ ကြာပြီပင်။

ဒါပေမယ့် မကြာခင်မှာပဲ သူသတိရသွားသည်။

သို့သော် ကျုံးခမ်းသိသည် သိုက်ရှုဖန်၏ လက်ကို စိုးရိမ်နေသောအမူအရာဖြင့် ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ သူ့နှလုံးခုန်သွားသည်။

"မင်းတို့ရဲ့ဆက်ဆံရေးက ဘာလဲ" သူက နှစ်ယောက်သားရဲ့ လက်နှစ်ဖက်ကို စိုက်ကြည့်ကာ ကျယ်‌လောင်သောအသံဖြင့် မေးခဲ့သည်။

ကျုံးခမ်းသိသည် သူ့ကို ထပ်မံတိုက်ခိုက်လိုသော်လည်း သိုက်ရှုဖန်က သူ့ကို တားခဲ့သည်။ သူမက ရှေ့ကို လှမ်းပြီး "ခမ်းသိနဲ့ ကျွန်မ လက်ထပ်ပြီးပြီ။ ကျွန်မတို့သားက တစ်နှစ်ကျော်နေပြီ!"

ဟော်ကျန့်ချန်သည် ထိုစကားကိုကြားသောအခါတွင် သူသည် မိုးကြိုးပစ်ခံရသလိုဖြစ်ပြီး သူတို့နှစ်ဦးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

သူနှင့် ဝမ်အန်နာအကြား ခံစားချက်က ရန်ဖြစ်ရင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ဝမ်အန်နာက ဒုက္ခပေးလေလေ သူသည် သိုက်ရှုဖန်ကို ပိုတွေးမိလေလေဖြစ်သည်။

တစ်ချိန်က သူဟာ ဝမ်အန်နာကို ကွာရှင်းပြီး သိုက်ရှုဖန်အတွက် တိုက်ပွဲဝင်ဖို့ ပြန်စဉ်းစားခဲ့သည်။ သူ့ကို ခွင့်လွှတ်ပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့။

ဝမ်အန်နာ နာမကျန်းဖြစ်သွားတာကြောင့်ပါပဲ။ အဲဒီနောက်မှာတော့ နိုင်ငံဟာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရသည်။ မီနိုင်ငံမှာ သူ့ပိုင်ဆိုင်မှု တော်တော်များများ ဒေဝါလီခံလိုက်ရသည်။ သူသည် ၎င်းတို့နှင့် ဆက်ဆံရန်အတွက် မီနိုင်ငံသို့ ပြန်သွားရပြီး ရှန်းကျန်းသို့ ဖြည်းညှင်းစွာ ကူးပြောင်းခဲ့သည်။

သူ့အသက်မွေးဝမ်းကြောင်း အနည်းငယ် တိုးတက်လာသောအခါတွင် ဝမ်အန်နာ၏ ရောဂါသည် တစ်ဖန်ပြန်ဆိုးလာသည်။ သူသည် ကွာရှင်းရန် စိတ်ကူးကို လက်လွှတ်ခဲ့ရပြန်သည်။

ဒါပေမယ့် သိုက်ရှုဖန်နဲ့ ကျုံးခမ်းသိတို့ အတူတူရှိနေပြီး သားတစ်ယောက်ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။

သူ့နှလုံးသားက ပြင်းပြင်းထန်ထန် နာကျင်နေသလို ခံစားရပြီး အသက်ရှူမဝဖြစ်နေသည်။

သိုက်ရှုဖန်က "ကျွန်မ အခု အရမ်းကောင်းတဲ့ ဘဝကို ဖြတ်သန်းနေရတယ်။ ပျော်ရွှင်နေရတယ်။ ရှင်တို့နှစ်ယောက် ကျွန်မကို နှောင့်ယှက်တာကို ရပ်လိုက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ် ကျွန်မတို့ရှေ့မှာ ထပ်မပေါ်လာပါနဲ့တော့!"

ဤစကားများသည် ဟော်ကျန့်ချန်၏ နှလုံးသားကို တစ်ဖန်ထိုးဖောက်ပြီး သွေးများယိုစီးစေသော စူးရှသော ဓားနှင့်တူသည်။

သူ ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။

သိုက်ရှုဖန်က ဝမ်အန်နာကို လှည့်ကြည့်လိုက်ပြီး "ဘာလို့ အသက်မကြီးသေးဘဲ ပိုပိုပြီး နုပျိုလာတာလဲလို့ မင်း‌ စောစောက မေးခဲ့တယ်‌နော်။ အဲဒါက ငါက နင်နဲ့ မတူလို့ပဲ။ ကိုယ့်အတွက် ဘယ်တော့မှ ခက်ခဲအောင် မလုပ်ဖူးဘူး။ ကျန့်ချန်က နင့်ကိုလက်ထပ်ခဲ့တယ်ဆိုတာ ငါသိတာနဲ့ သူနဲ့ဆက်ဆံရေးကို လက်လွှတ်ခဲ့တယ်။ နင် ငါ့ကို သူခိုးတစ်ယောက်လို စောင့်ကြည့်နေစရာ မလိုပါဘူး။ ငါ လုံးဝဂရုမစိုက်ဘူး။"

နင် ရတနာလို့ မှတ်ယူတဲ့ အရာဟာ တကယ်တော့ ငါ့မျက်လုံးထဲမှာ အမှိုက်ပုံပဲ။ ဒါကြောင့် ဖုံးကွယ်ပြီး လူတွေကို စက်ဆုပ်ဖို့ကောင်းအောင် မလုပ်ပါနဲ့!

ဟော်ကျန့်ချန်သည် အလွန်တရာ စိတ်မသက်မသာ ခံစားခဲ့ရသည်။ သူက ဝမ်းနည်းသောမျက်လုံးများဖြင့် သူမကိုကြည့်ပြီးနောက် "စိတ်မပူပါနဲ့၊ ဒါက နောက်ဆုံးအကြိမ်ပါပဲ။ နောင်ဘယ်တော့မှ မင်းကို ငါတို့ ဒုက္ခမပေးတော့ဘူး!"

သူစကားပြောပြီးတော့ သူက ဝမ်အန်နာအား ဆွဲထုတ်ကာ သူမအား ထွက်သွားခိုင်းခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ သူက ဝမ်အန်နာကို မီနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပြီး စောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ခဲ့သည်။ သူ့ခွင့်ပြုချက်မရှိဘဲ ဝမ်အန်နာသည် မည်သည့်နေရာမှ မသွားနိုင်ပေ။

ခြောက်လအကြာတွင် ဝမ်အန်နာသည် စောင့်ရှောက်ရေးဂေဟာတွင် သေဆုံးသွားခဲ့သည်။

ဟော်ကျန့်ချန်သည် ရှန်းကျန်း ပိုင်ဆိုင်မှုကို ရောင်းချပြီး တစ်ဝက်ကို ဟော်မိသားစုထံ ပေးပို့ခဲ့သည်။ သူသည် ကလေးနှစ်ယောက်နဲ့အတူ နိုင်ငံကို ပြန်လာခဲ့ပြီး သူတို့ကို ပညာပေး ပြုစုပျိုးထောင်ပေးခဲ့သည်။

ဟုတ်ပါသည်၊ ဒါက အနာဂတ်ကိစ္စပါ။

ဤအခိုက်တွင် ဟော်ကျန့်ချန်နှင့် ဝမ်အန်နာတို့ ထွက်သွားပြီးနောက် ကျုံးခမ်းသိသည် သိုက်ရှုဖန်၏ လက်ကို ကိုင်လိုက်ပြီး "သွားကြရအောင်။ မင်းကို ကိုယ် ဆေးရုံလိုက်ပို့ပေးမယ်" လို့ ပြောလိုက်သည်။

သိုက်ရှုဖန်က ခေါင်းခါလိုက်ပြီး "ကျွန်မအဆင်ပြေပါတယ်။ ကျွန်မ အခု ကလေးထိန်းကျောင်းကို အမြန်သွားရမယ်။ ရှင် ကျွန်မနဲ့ လိုက်ချင်တာလား?"

ဝမ်အန်နာနဲ့ ဟော်ကျန့်ချန်တို့ရဲ့ အဖြစ်အပျက်အပြီးမှာတော့ ကျုံးခမ်းသိဟာ သူမကို တစ်ယောက်တည်း အပြင်ထွက်ခွင့် မပြုတော့ဘူးလို့ အာမခံထားခဲ့သည်။ သူသည် လိုက်သွားခဲ့သည်။

သိုက်ရှုဖန်က သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းတွေကိုယူကာ ဆုပ်ကိုင်လိုက်သည်။

ကျုံးခမ်းသိ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားသည်။ သူက သူမကို ငုံ့ကြည့်ကာ သူ့မျက်လုံးထဲတွင် သူမရဲ့ပုံရိပ်က ထင်ဟပ်နေခဲ့သည်။ သူ့ပါးစပ်ထောင့်က ဖြည်းဖြည်းချင်း ကော့တက်သွားသည်။

သူနှင့် သိုက်ရှုဖန်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြကြသည်။ သူတို့သည်ဘေးချင်းကပ် လမ်းကြားမှ ထွက်လာကြသည်။

နေရောင်ခြည်သည် သူတို့အပေါ်တွင် ထွန်းလင်း‌နေပြီး အရိပ်နှစ်ခုသည် မြေပြင်ပေါ်တွင် ဖြာကျနေသည်။

ဟော်ချီနှင့် သူ၏လုပ်ဖော်ကိုင်ဖက်နှစ်ဦး၏ ကုမ္ပဏီသည် တတိယအကြိမ်မြောက် ရုံးပြောင်းခဲ့သည်။ သူတို့သည် အစိုးရမှ အသစ်တီထွင်ထားသော နည်းပညာမြင့်စက်မှုဇုန်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ရုံးခန်းသည် အထပ်တစ်ခုလုံးကို သိမ်းပိုက်ထားသည်။

ရုံးပြောင်းပြီးနောက် သာ့ချောင်သည် သူ့ဆရာထံမှ သူမ၏ ကျွမ်းကျင်မှုကို သင်ယူရန် အလုပ်ရှုပ်နေသောကြောင့် ထိုနေရာကို မရောက်ဖူးခဲ့ပေ။

ပိတ်ရက်မှာ သူတို့နှစ်ယောက်လုံး လွတ်လွတ်လပ်လပ် နေခွင့်ရတာ ရှားသည်။ ထို့ကြောင့် ဟော်ချီက သူမကို ကုမ္ပဏီသို့ ကိုယ်တိုင်ဆွဲခေါ်သွားခဲ့သည်။

ဟော်ချီ၏ စပ်တူကုမ္ပဏီအမည်မှာ 'ကျုံးရှန့်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ' ဖြစ်သည်။ ဟော်ချီသည် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ အခြားလုပ်ဖော်ကိုင်ဖက် နှစ်ဦးက ကျန် ၅၁ ရာခိုင်နှုန်းကို အညီအမျှ မျှဝေခဲ့သည်။

တစ်နည်းဆိုရသော် ဟော်ချီ တစ်ယောက်တည်းသာ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ပြောဆိုပိုင်ခွင့်ရှိသည်။ သို့သော် သူသည် အခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးကို လေးစားသည်။ လူတိုင်းသည် အကြောင်းအရာများစွာကို ဆွေးနွေးကြသည်။

အခုအချိန်အထိ သူတို့သုံးယောက်ရဲ့ ဆက်ဆံရေးက အရင်အတိုင်းပါပဲ။

ပိတ်ရက်ဖြစ်လို့ ကုမ္ပဏီမှာ ဘယ်သူမှ အလုပ်မလာဘူး။ ဟော်ချီက သူမကို ခေါ်သွားတော့ ရုံးတစ်ခုလုံး တိတ်ဆိတ်နေသည်။

သာ့ချောင် မလာခင်မှာ သူတို့သုံးယောက် စီမံခန့်ခွဲတဲ့ ကုမ္ပဏီဟာ ယောက်ျားဆန်လွန်းမယ်လို့ သူမ တွေးခဲ့သည်။ ရလဒ်သည် သူမမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

ကုမ္ပဏီ၏ ဒီဇိုင်းနှင့် အပြင်အဆင်သည် မိုက်ပြီး ရိုးရှင်းသော စတိုင်လ်ဖြစ်သည်။ ရိုးရှင်းသော်လည်း ရိုးရှင်းမှု၏အရသာကို မလျော့ကျစေပါ။ ယင်းအစား ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီဖြစ်တာကြောင့် လိုက်လျောညီထွေဖြစ်စွာ နေရာတိုင်းတွင် ခေတ်မှီသည်ဟု ခံစားရသည်။

"အစ်ကိုဟော်ချီ၊ အစ်ကို ဒီဒီဇိုင်းလုပ်ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့တာလား?" သာ့ချောင်က စိတ်ဝင်တစား မေးလိုက်သည်။

ဟော်ချီက ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ကိုယ်ဒီဇိုင်းဆွဲထားဝာာ"

သာ့ချောင်၏ မျက်လုံးများက သူ့ကို မော့ကြည့်ကာ "အစ်ကိုဟော်ချီ၊ အစ်ကိုက အံ့သြစရာကောင်းတယ်။ အစ်ကို ဒီဇိုင်းဆွဲတတ်တယ်ဆိုဝာာကို ညီမမသိဘူး!"

ဟော်ချီက တိရိစ္ဆာန်လေးတွေရဲ့ မျက်လုံးတွေလို သူမရဲ့ အုံ့ဆိုင်းနေတဲ့ မျက်လုံးတွေကို ငုံ့ကြည့်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။ "မင်းမသိတဲ့အရာတွေ အများကြီးရှိသေးတယ်!"

သာ့ချောင်သည် အနည်းငယ် ရှက်သွားပြီး သူ့ကို တွန်းထုတ်ကာ "ဘယ်လိုဖြစ်နိုင်မှာလဲ? ညီမ မသိတဲ့ အစ်ကိုအကြောင်းက ရှိသေးတာလား?"

ဟော်ချီ၏ မည်းမှောင်သော မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။ သူက မျက်ခုံးပင့်လိုက်ပြီး "သေချာလား?"

သာ့ချောင်က သူဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း အကြောင်းတချို့ကြောင့် တစ်ခုခုလွဲနေပြီဟု သူမ ခံစားမိလိုက်သည်။ သူမ၏ မျက်နှာသည် လတ်ဆတ်ပြီး အရည်ရွှမ်းသော မက်မွန်သီးကဲ့သို့ နီရဲလာသည်။

သူမက ခေါင်းကို လှည့်ကာ သူ့မျက်လုံးတွေကို ရှောင်ဖို့ အလျင်စလို ရုံးခန်းကို ကြည့်ဟန်ဆောင်လိုက်သည်။

ရုံးခန်းသည် အထပ်တစ်ခုလုံးကို နေရာယူထားသော်လည်း ၎င်းသည် ပေါ့ပေါ့ပါးပါး မဟုတ်ပေ။ ခရီးစဉ်သည် ခဏကြာပြီးနောက် ပြီးဆုံးသွားခဲ့သည်။

ဟော်ချီက သူမလက်ကိုဆွဲပြီး သူ့ရုံးခန်းကိုခေါ်သွားသည်။ "လာ၊ မင်းကို ကောင်းကောင်းလိုက်ပြမယ်"

သာ့ချောင်က သူ့လက်ကို နာခံစွာ ဆုပ်ကိုင်ထားလိုက်ပြီး နှစ်ယောက်သား ရုံးခန်းကို ဝင်လိုက်သည်။

ဟော်ချီ၏ ရုံးခန်းပုံစံသည် အပြင်ဘက်နှင့်တူသည်။ ရိုးရှင်းသော ဒီဇိုင်းတစ်ခုပဲဖြစ်သည်။ သို့သော် ထောင့်တွင် စံပယ်ပန်းအိုးတစ်လုံးနှင့် နှင်းဆီပန်းအိုးတစ်လုံးရှိသည်။ ပန်းအိုးနှစ်လုံးလုံးတွင် ပန်းများအပြည့်ပွင့်ကာ အခန်းထဲတွင် မွှေးကြိုင်သော ပန်းရနံ့များဖြင့် ပြည့်နေသည်။

သာ့ချောင်သည် ပန်းအိုးနှစ်လုံးကို မြင်သောအခါ ပါးစပ်ထောင့်များ မြင့်တက်ကာ ပါးချိုင့်လေးက ပေါ်လာခဲ့သည်။

ထိုပန်းအိုးနှစ်လုံးကို သူမက သူ့ကို ပေးခဲ့သည်။ သူက သူတို့ကို ရုံးခန်းထဲ ရွှေ့ပြီး ဒီလောက်ကောင်းအောင် ထိန်းသိမ်းထားဖို့ သူမ မမျှော်လင့်ထားဘူး။

နောက်ဆုံးတော့ သူမအတွေးတွေကို သူက အလဟဿ မဖြုန်းတီးခဲ့ဘူး။

ဟော်ချီသည် အံဆွဲကိုဖွင့်ပြီး အနက်ရောင် လေးထောင့်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။ ပုံစံက ကြီးသည်။ အရွယ်အစားက မသေးဘူး။

သာ့ချောင်သည် ဤအရာကိုမြင်သောအခါ သူမသည် ချက်ချင်းငုံ့ပြီး စိတ်ဝင်တစား မေးလိုက်သည်။ "အစ်ကိုဟော်ချီ ဒါ အစ်ကို ညီမကို မြင်စေချင်တာလား? အဲဒါဘာလဲ"

ဟော်ချီ - "ဆယ်လူလာဖုန်း"

ဆဲလ်လူလာဖုန်း?

နာမည်က ထူးဆန်းလိုက်တာ။

သာ့ချောင်သည် သူမရှေ့ရှိ အနက်ရောင် လေးထောင့်ပုံစံကို စူးစူးစိုက်စိုက်ကြည့်နေသည်။

ဟော်ချီက သူမရဲ့လှုပ်ခတ်နေသော မျက်လုံးကြီးများကို ကြည့်လိုက်သည်။ သူမကိုကြည့်ရတာ စူးစမ်းချင်စိတ်ရှိပြီး နာခံတတ်တဲ့ ကလေးတစ်ယောက်လိုပင်။ အရမ်းချစ်စရာကောင်းသည်။ သူက ပြုံးရင်း သူမလက်ထဲ ဆဲလ်လူလာဖုန်းကို ထည့်ပေးလိုက်သည်။

ဆဲလ်လူလာဖုန်းက သူမလက်ထဲ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် လေးလံလာသည်။ တစ်ပေါင်ထက် အလေးချိန် ပိုနိုင်သည်။ တကယ့်ကို အုတ်တစ်ချပ်ဖြစ်သည်။

"အစ်ကိုဟော်ချီ ဒီအရာက ဘာလဲ?"

သာ့ချောင်သည် ဤ 'ဆဲလ်လူလာဖုန်း' ဟုခေါ်သည်ကို နားမလည်သေးပေ။

ဟော်ချီက သူမကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး သူမရဲ့ သေးသွယ်တဲ့ ခါးကို သူ့လက်နှစ်ဖက်ဖြင့် ရစ်ပတ်ကာ ထိုင်ချခိုင်းလိုက်သည်။ "ဒါက မိုဘိုင်းလ်ဖုန်းပါ။ ဒီအရာက ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်ဖက်လူဆီက ဖုန်းတွေကို ဖြေကြားပေးနိုင်တယ်။ လူတွေရဲ့ဘဝနဲ့ အလုပ်အတွက် အများကြီးအဆင်ပြေတယ်!"

ကြိုးဖုန်းများတွင် ကန့်သတ်ချက်များ အလွန်များသည်။ တစ်နေရာတည်းတွင် စောင့်ဆိုင်းရမည် ဖြစ်သော်လည်း လူအများစုသည် အလုပ်သွားရန် သို့မဟုတ် အပြင်ထွက်ရန် လိုအပ်သည်။ တစ်နေရာတည်းမှာ အမြဲနေဖို့ဆိုတာ မဖြစ်နိုင်ပေ။

ဖေးဂျာသည် ဤပြဿနာကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်သော်လည်း ၎င်းတွင် အကန့်အသတ်များရှိသည်။ ဥပမာအားဖြင့် ဖေးဂျာသည် ဆက်သွယ်ရေးဌာနမှတဆင့် အချက်အလက်များကို ပေးပို့ရမည်။ ဆက်သွယ်ရေးဌာနသည် အလုပ်မလုပ်ပါက အချက်အလက်များ ပေးပို့၍မရပါ။ ဖုန်းမရှိရင် အသုံးမဝင်ဘူး။

မိုဘိုင်းလ်ဖုန်းသည် ဤပြဿနာအတွက် အဖြေကောင်းတစ်ခုဖြစ်သည်။

မိုဘိုင်းလ်ဖုန်းများ ပေါ်ပေါက်လာခြင်းသည် လူတို့၏ ဘဝနှင့် အလုပ်အတွက် ကြီးကြီးမားမား အဆင်ပြေစေရုံသာမက နိုင်ငံ၏ ဆက်သွယ်ရေးကို ခေတ်သစ်သို့ ယူဆောင်လာပေးမည်ဟု သူက ခန့်မှန်းခဲ့သည်။

"မိုဘိုင်းလ်ဖုန်းလား? အစ်ကိုဟော်ချီ၊ အစ်ကိုပြောသလိုဆို ဒီအရာက အံ့သြစရာပဲ!"

သူ့ပေါင်ပေါ် မှာ သာ့ချောင်က ပထမတော့ သတိလတ်လွတ် ခံစားလိုက်ရသည်။ ဒါပေမယ့် သူက မိုဘိုင်းလ်ဖုန်းကို ရှင်းပြလိုက်တဲ့အခါ သူမရဲ့ စိတ်ထဲမှာ ဒီအရာအသစ်ကို ထပ်ပြီး စွဲလန်းသွားခဲ့သည်။

ဟော်ချီသည် သူမ၏ခါးကို လက်နှစ်ဖက်ဖြင့် အသာအယာ ပွတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ အံ့သြစရာကောင်းတယ်။"

..........

စာရေးဆရာမှာ ပြောစရာရှိတယ်

ဟော်ချီ - သာ့ချောင်က ကိုယ့်ခန္ဓာကိုယ်ကို တောင့်တနေတာလား?

သာ့ချောင် - မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ မဟုတ်တာမပြောနဲ့နော်။

All Chapters