အခန်း (၃၁၉)
Vol. 25 Ch. 319
ချိုက်ရူနန်သည် ဒါကိုမြင်သောအခါ ဒေါသတကြီးဖြစ်ကာ သာ့ချောင်၏ စရိုက်သည် အလွန်နူးညံ့သည်ဟု ခံစားမိသည်။ ဒီအချိန်မှာ သူမသာဆို ထိုမိန်းမရဲ့မျက်နှာကို ကင်မရာနဲ့ ရိုက်ပစ်ပြီး သူမကိုဆဲသည်။
စုန့်ယုလျန်သည် သာ့ချောင်က သူမ၏ အမိန့်အားလုံးကို နားထောင်သည်ကို မြင်သောအခါ ပို၍ပင် ဂုဏ်ယူမိသည်။
'ကောင်းကင်ကြီးက အရမ်းပြာနေတယ်' ဟူသော ပုံစံကို ပို့စ်ပေးနေချိန်တွင် ငှက်မစင်သည် သစ်ပင်ပေါ်မှ ပြုတ်ကျကာ သူမပါးစပ်ထဲသို့ ကျသွားသည်။
ချပ်!
သာ့ချောင်သည် ခလုတ်ကို နှိပ်ရန် အခွင့်အရေးယူကာ ပါးစပ်ထဲ ကျသွားသည် ငှက်ကလေး၏ ပြီးပြည့်စုံသော ဓာတ်ပုံကို ရိုက်ယူခဲ့သည်။
လူများက အံ့အားသင့်သွားကြသည်။
စုန့်ယုလျန်ဟာ ဒီလို ကြီးမားတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး လူတိုင်းက အခုမှပဲ သဘာဝအတိုင်း သတိထားမိခဲ့သည်။ ယခုအခါတွင် ငှက်ချေးများ သူမပါးစပ်အတွင်းသို့ ကျသွားသည်ကို မြင်တွေ့ခဲ့ရပြီး ကြည့်ရှုသူများလည်း အံ့အားသင့်ခဲ့ကြသည်။
နောက်အခိုက်အတန့်မှာတော့ စုန့်ယုလျန်က မတုံ့ပြန်ခင် ချိုက်ရူနန်က ရယ်ကာ "ဟားဟားဟား။ ငါရယ်ရလို့ သေတော့မယ်။ စုန့်ယုလျန် နင့်ပါးစပ်ထဲ ငှက်ချေး ကျသွားဝာာမလား? ဟားဟားဟား "
စုန့်ယုလျန် - "..."
သူမစိတ်က ပြန်ပေါ်လာပြီး သူမသည် မြေပြင်ပေါ် ငှက်ချေးတွေကို ထပ်ခါထပ်ခါ ထွေးလိုက်သည်။
အားလုံးက မြေပြင်ကို ကြည့်လိုက်တော့ ရွံရှာစရာတွေ အများကြီး တွေ့လိုက်ရသည်။ ထို့နောက် ရယ်မောသံများ ထွက်ပေါ်လာသည်။
စုန့်ယုလျန်၏ မျက်နှာသည် အနီရောင်၊ အဖြူ၊ အစိမ်းနှင့် အနက်ရောင် ဖြစ်သွားသည်။ သူမသည် ဒေါသအရမ်းထွက်ပြီး ပွဲချင်းပြီး သေလုနီးပါးဖြစ်သွားသည်!
သူမ၏ ရည်းစား ကုယုံသည် အလွန်ရှက်စိတ်ဖြင့် သူမကို ထားခဲ့ကာ ထွက်ပြေးသွားခဲ့သည်။
စုန့်ယုလျန်သည် ဒေါသနှင့် စိုးရိမ်သွားသည်။ သူမသည် သူ့နောက်ကို ပြေးလိုက်ချင်သည်။
သာ့ချောင်က ဒီအချိန်မှာ သူမကို တားလိုက်ပြီး "မင်းကို ကင်မရာပြန်ပေးမယ်။ မင်းပါးစပ်ထဲ ကျသွားတဲ့ ငှက်ချေးလေးတွေကို ဓါတ်ပုံရိုက်ထားတယ်" လို့ ပြောလိုက်သည်။
စုန့်ယုလျန် - "..."
ဒါကိုမြင်တော့ ချိုက်ရူနန်ဟာ ကျယ်လောင်စွာ ရယ်မောပြန်သည်။
သာ့ချောင်သည် ဝမ်းတွင်းမည်းလွန်းသည်ဟု သူမ ခံစားခဲ့ရသည်။
ဒါက သူမမျက်နှာပေါ် ကင်မရာဖြင့် ရိုက်ချိုးတာထက် စုန့်ယုလျန်အတွက် ပိုရှက်စရာကောင်းသည်။ သူမမျက်နှာကို ပါးရိုက်လိုက်ရတာ အရမ်းလန်းဆန်းသွားသလို ခံစားရသည်။
စုန့်ယုလျန်သည် သာ့ချောင်ကို စိုက်ကြည့်နေသည်။ သူမ၏ သွားများသည် အမုန်းများဖြင့် ကြိတ်ကာ ကျိုးသွားတော့မည်။
သို့သော် သူမစကားမပြောမီတွင် လေပူဖောင်းတစ်ခု ကောင်းကင်တွင် ရုတ်တရက် လွင့်ပျံလာသည်။
ခပ်ဝေးဝေး လူတိုင်းဓါတ်ပုံရိုက်နေသည့် နေရာသို့ လေပူဖောင်းသည် လွင့်ပျံလာသည်။ ဒီမြင်ကွင်းက လူတိုင်းရဲ့အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
"ကြည့်စမ်း၊ လေပူဖောင်းတစ်ခုပဲ။ အဲဒါပေါ်မှာ တစ်ယောက်ယောက်ရှိပုံရတယ်။"
"အိုးဘုရားရေ၊ ဒါ ငါ ပထမဆုံးအကြိမ် လေပူဖောင်းကို မြင်ဖူးတာပဲ!"
"ငါကောပဲ။ သူတို့ ဆင်းသက်နေပုံရတယ်။ အိုးဘုရားရေ ငါတို့ကျောင်းကလား?"
အသေးစိတ်အချက်များ ပျောက်ဆုံးမှာကို စိုးရိမ်သောကြောင့် အားလုံး၏ မျက်လုံးများသည် လေပူဖောင်းကို ကြည့်နေကြသည်။
လေပူဖောင်းသည် ပိုပိုပြီးအောက်သို့ နိမ့်ဆင်းလာသည်။
ငါးမီတာအမြင့်သို့ ရောက်သောအခါ လူတိုင်းသည် အပေါ်မှလူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။
တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို "ဟော်ချီပဲ!"
ဟော်ချီသည် ယခုနှစ်တွင် ဘွဲ့ရရန် ရည်မှန်းထားသော်လည်း သာ့ချောင်ကဲ့သို့ သူက အတန်းကို ကျော်သွားခဲ့သည်။
ကျောင်းမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကျောင်းတက်တုန်းက သူ့ကို မသိတဲ့လူ သိပ်မရှိဘူး။ နောက်ပိုင်းတွင် သူသည် အဆင့်တစ်ခုကျော်သွားကာ ကိုယ်ပိုင်ကုမ္ပဏီကို စတင်ခဲ့သည်။ သူဖန်တီးခဲ့သော ဖေးဂျာနှင့် ဆဲလ်လူလာဖုန်းသည် ကျောင်းပါမောက္ခများ မကြာခဏပြောလေ့ရှိသည့် အောင်မြင်သော နမူနာဖြစ်လာခဲ့သည်။
လူအများ၏ အမြင်တွင် သူသည် ဖြတ်မကျော်နိုင်သော ကြီးမြတ်သော ဖြစ်တည်မှုပင်။
ဒီတစ်ခါတော့ သူ ဘွဲ့ဓာတ်ပုံရိုက်ဖို့ လာမယ်လို့ အားလုံးက ထင်ခဲ့ကြသည်။ မထင်မှတ်ပဲ သူ မလာခဲ့ဘူး။ တချို့လူတွေက သူတို့ရဲ့ ဆက်ဆံရေးက အဆင်မပြေဖြစ်နေတယ်လို့တောင် ထင်ကြေးပေးကြသည်။
မထင်မှတ်ဘဲ ဒီအခိုက်အတန့်မှာ သူတို့မျက်နှာကို ရိုက်ချလိုက်သည်။
ဘာတွေ လှည့်ပတ်နေကြတာလဲ? ဇိမ်ကျကျ အံ့အားစရာကောင်းအောင် ကစားနေကြတာပဲ!
ဟော်ချီကို လေပူဖောင်းထဲမှာ မြင်လိုက်ရတဲ့အခါ သာ့ချောင်လည်း အံ့သြသွားခဲ့သည်။
ဒီလူဆိုးကတော့ သူမကို လိမ်ညာပြန်ပြီ။ သူ မလာဘူးလို့ သူမ ထင်နေတာလေ!
ဟော်ချီသည် လေပူဖောင်း၏ ခြင်းထဲတွင် ရပ်နေပြီး နက်မှောင်သော မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသည်။ ကြင်နာမှုအပြည့်ရှိသည်။
လေပူဖောင်းသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ဟော်ချီ ချိတ်ဆွဲထားသော ခြင်းတောင်းတံခါးကိုဖွင့်ပြီး ထွက်လာခဲ့သည်။
လူတိုင်းကို ပိုအံ့သြစေတာက ခွေးတစ်ကောင်နဲ့ ကြက်အိုမကြီးတစ်ကောင်က သူ့နောက်ကနေ ထွက်လာတာကိုပင်။
လူတိုင်း - ???
ခွေး သူတို့နားလည်နိုင်ဆဲပင်၊ သို့သော် ကြက်အိုမကြီးနှင့် ဇာတ်လမ်းက ဘာလဲ?
ထိုအချိန်တွင် သူတို့နှစ်ကောင်စလုံးသည် ရင်ဘတ်ကော့ကာ ဟန်ချက်ညီညီဖြင့် ဟော်ချီနောက်သို့ လိုက်လာကြသည်။ သူတို့သည် သာ့ချောင်ဆီသို့ လျှောက်သွားကြသည်။
ဒီမြင်ကွင်းကြောင့် လူတိုင်း အံ့သြသွားကြသည်။
ဘာဖြစ်သွားတာလဲ?
သာ့ချောင်သည် ဖီဖီနှင့် ကုကုကို တွေ့လိုက်သောအခါ သူမ၏ ပါးစပ်ထောင့်များသည် ပိုပိုပြီး မြင့်တက်လာသည်။
ဟော်ချီသည် ခြေတံရှည်များဖြင့် သာ့ချောင်ထံ လှမ်းလာခဲ့သည်။
ဒီနေ့တော့ ပုံမှန် အနက်ရောင် ၀တ်စုံကို ၀တ်ထားသည်။ ဝတ်စုံသည် လက်လုပ်ဖြစ်ကာ အတော်လေးလက်ရာမြောက်ပြီး ကောင်းမွန်သည်။ ၎င်းသည် လူများကြားတွင် နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင်ကဲ့သို့ သူ၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါကို မြှင့်တင်ပေးနေသည်။
လူတိုင်း၏ မျက်လုံးများက သူ့ကို ကြည့်နေကြသည်။ အချို့က မနာလို၊ အချို့က အားကျကြသည်။
သာ့ချောင် နံဘေးတွင် ရပ်နေသော စုန့်ယုလျန်သည် မနာလိုခြင်းနှင့် ညည်းညူစိတ်များ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
ချိုက်ရူနန်က လမ်းလျှောက်လာပြီး စုန့်ယုလျန်ကို သာ့ချောင်ရဲ့နံဘေးကနေ ဆွဲထုတ်လိုက်သည်။
ရုန်းကန်ရင်း စုန့်ယုလျန်က "ချိုက်ရူနန်၊ ငါ့ကိုလွှတ်။ မင်းဘာလုပ်နေတာလဲ?"
ချိုက်ရူနန်က ကြည့်တောင်မကြည့်ဘဲ ပြန်ပြောသည် "ဘာလဲ? သူ့ရည်းစား လာတာကို မင်း မမြင်ဘူးလား? ငှက်ချေးစားပြီး မင်း ဘာအတွက် ဒီမှာရပ်နေသေးတာလဲ? မင်း မရှက်ဘူးလား?"
ဒါကို အနီးနားက လူတွေကြားတော့ ရယ်ကြပြန်သည်။
စုန့်ယုလျန်သည် ချိုက်ရူနန်ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်နှာသည် အိုးအောက်ခြေကဲ့သို့ မည်းမှောင်နေသည်။
ဟော်ချီသည် သာ့ချောင်ဆီသို့ လျှောက်သွားကာ ဖီဖီ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော အိတ်လေးကို ဖြုတ်ကာ အနီရောင်သေတ္တာလေးကို ထုတ်ယူလိုက်သည်။
သူသည် ၎င်းကိုဖွင့်ကာ ဒူးထောက်ပြီး "ဒီဘဝမှာ အကြီးကျယ်ဆုံး ကျေးဇူးတရားက ကောင်းကင်ဘုံက မင်းကို ကိုယ့်အနားကို စေလွှတ်ပေးတာပဲ။ နျန်နျန် ကိုယ့်အနားကို လာပေးလို့ ကျေးဇူးတင်ပါတယ်။ နှစ်တွေတစ်လျှောက်လုံး ကိုယ်နဲ့အတူတူရှိပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို အမြဲအားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ် မင်းကို ကာကွယ်ပေးချင်တယ်၊ စောင့်ရှောက်ပေးချင်တယ်၊ တဖြည်းဖြည်းချင်း မင်းဆံပင်တွေဖြူလာတဲ့အထိ။ ဒါဆို ချောင်နျန်နျန် မင်း ကိုယ့်ကို လက်ထပ်နိုင်မလား?"
သူ သူမဆီသို့ လှမ်းလာတော့ သူမစိတ်တွေ တုန်လှုပ်သွားသည်။
သူမကို လက်ထပ်ခွင့်တောင်းလိုက်မယ်ဆိုတဲ့ နှလုံးသားထဲတွင် မရေရာသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေခဲ့သည်။ သို့သော် ဒူးထောက်လျက် သူ့ကိုမြင်သောအခါတွင် သူမ၏ မျက်လုံးများက နီရဲသွားသည်။
သူမသည် သူမမိသားစုကို လှည့်ကြည့်လိုက်သည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ဘေးချင်းယှဉ်ရပ်ကာ နှုတ်ခမ်းပေါ်မှ အပြုံးဖြင့် သူမကို ခေါင်းညိတ်ပြသည်။
လင်းဟွေ့သည် ချောင်ကျန်းကျွင်း၏ လက်ကို ကိုင်ကာ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ချောင်ကျန်းကျွင်း၏ မျက်လုံးများ နီရဲနေသည်။ သို့သော် သူ မလှုပ်ရှားပေ။ ဒါပေမယ့် စိတ်ဆိုးနေသည်!
ဟော်ချီသည် သာ့ချောင်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ မရောက်လာသောအခါ သူက သာ့ချောင်ကို တန်ဖိုးမထားဟု ခံစားရပြီး ဒေါသတကြီး ဖြစ်နေခဲ့သည်။
မထင်မှတ်ပဲ ဒီကောင်လေး ရုတ်တရက်ပေါ်လာပြီး သတိမပေးဘဲ လက်ထပ်ခွင့်တောင်းလိုက်သည်။
စက်ဆုပ်ဖွယ်ကောင်းသည်။
ကောက်ကျစ်လွန်းလို့!
သူမျှော်လင့်မထားတဲ့ လက်ထပ်ခွင့်တောင်းတဲ့ နည်းလမ်းက တကယ်ကို ဒေါသဖြစ်ခဲ့ရသည်။
အမွှာလေးနှင့် တုန်းယွင်လေးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချကြသည်။
ငယ်ငယ်တုန်းကတော့ သူတို့အစ်မ အိမ်ထောင်ကျရင် သူတို့သည် ခန်းဝင်ပစ္စည်းနဲ့အတူတူ လိုက်လက်ထပ်မယ်လို့ စိတ်ကူးထားခဲ့သည်။ ဒါပေမယ့် သူတို့ အသက်ကြီးလာတာနဲ့အမျှ ဒါက မဖြစ်နိုင်ဘူးဆိုတာ သိလာသည်။
ထို့ကြောင့် အစ်မက လက်ထပ်ခွင့်တောင်းခံရသည်ကို မြင်လိုက်ရတော့ သူတို့သည် နှလုံးသားထဲတွင် သက်ပြင်းသာချနိုင်ခဲ့သည်။
ချောင်တုန်းဝမ်က မီပေါင်လေးကို သူ့လက်ထဲမှာ ချီထားပြီး ပါးစပ်ထောင့်တွေကို မြှင့်ထားသည်။
အစ်မက အကောင်းဆုံးအစ်မပင်။ သူမသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ပျော်ရွှင်မှုကို ထိုက်တန်သူဖြစ်သည်။
အစ်မက အိမ်ထောင်ကျပြီးရင် အရင်လို အတူမရှိနိုင်တော့တဲ့အတွက် အနည်းငယ် ဝမ်းနည်းမိပေမယ့် သူမက အစ်မအတွက် ပျော်ရွှင်နေဆဲဖြစ်သည်။
ချောင်တုန်းယင်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
တစ်လျှောက်လုံး နှစ်ယောက်သား အခြေအနေကို သူမ ကြည့်နေခဲ့သည်။ အတူတူရှိကြတာ သဘာဝပါပဲ။
ကြည်နူးစရာကောင်းလိုက်တာ!
သူမဘေးမှာရပ်နေတဲ့ ရှန်ထျန်းရုံက စောင်းပြီး သူမနားထဲကို တိုးတိုးလေး ပြောလိုက်သည်။ "အစ်မယင် သာ့ချောင်ကို မနာလိုစရာ မလိုပါဘူး။ နောင်မှာ ဒီလို အံ့သြစရာတွေနဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော် အစ်မကို ပေးနိုင်မှာပါ!"
ချောင်တုန်းယင်၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာပြီး "ပါးစပ်ပိတ်ထား!"
ရှန်ထျန်းရုံက သနားစရာကောင်းအောင် ပြန်ပြောသည်။ "အစ်မ၊ ကျွန်တော့်ကို ပိုမချစ်နိုင်ဘူးလားဟင်?"
ချောင်တုန်းယင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
အရင်က သူမသည် သူ့ကို အမြဲတမ်း ငြင်းခဲ့သည်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ကြားက အသက်ကွာဟချက်က အရမ်းများလို့ပင်။ ဒါပေမယ့် ဒီကောင်လေးက သွားဖုံးနဲ့တူသည်။ တွယ်ကပ်ပြီးတာနဲ့ ဖယ်ရှားဖို့ မလွယ်တော့ဘူး။
အချိန်ရတိုင်း သူက သူမကိုရှာရန် ကျောင်းမှထွက်ကာ အစားအသောက်များ ယူဆောင်လာခဲ့ပြီး ရီစရာပြက်လုံးမျိုးစုံကို ပြောပြခဲ့သည်။
တဖြည်းဖြည်းနှင့် သူမသည် သူ့၏ဖြစ်တည်မှုကို ကျင့်သားရလာသည်။
လူတွေက အထီးကျန်စွာ မွေးဖွားလာကြသည်။ မိသားစု ဝိုင်းရံနေချိန်၌ပင် သူမသည် အထီးကျန်သည်ဟု ခံစားရလေ့ရှိသည်။
မိသားစုဝင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝနှင့် အလုပ်အကိုင် ရှိကြသည်။ ရှန်ထျန်းရုံ ရောက်ရှိလာခြင်းက ဤအထီးကျန်မှုကို ပြည့်စေခဲ့သည်။
သူမ မပျော်တဲ့အခါ သူအမြဲရှိနေသည်။
တဖြည်းဖြည်းနဲ့ သူမ ခုခံတာ ရပ်သွားသည်။
သိုက်ရှုဖန်၏ မျက်လုံးများမှာလည်း နီရဲနေသည်။ ချောင်ကျန်းကျွင်း၏ ဒေါသနှင့်မတူဘဲ သူမသည် စိတ်လှုပ်ရှားပြီး တုန်လှုပ်သွားတာ။
တကယ်ကို အံ့သြစရာကောင်းသည်!
သူမ သားက အံ့သြစရာပဲ!
သာ့ချောင်သည် နောက်ဆုံးတွင် သူမ၏ ချွေးမ ဖြစ်လာတော့မည်။
ကျုံးခမ်းသိသည် ဝူအာလေးကို ပွေ့ချီကာ သူမဘေးတွင် ရပ်ကာ နှစ်သစ်ကူးအကြိုမှာ သူလက်ထပ်ခွင့်တောင်းခဲ့ဝာာကို သတိရနေခဲ့သည်။ သူ့မျက်လုံးများမှာလည်း အပြုံးများ ပြည့်နှက်နေသည်။
ဝူအာလေးက အရှေ့ကိုကိုင်းကာ သာ့ချောင်ရဲ့ နံဘေးကို သွားချင်နေပြီး "အစ်မဆီကို သွား... ဟိုမှာ!"
သိုက်ရှုဖန်က အပေါ်ကို မော့ပြီး သူမသားငယ် ပါးပြင်ကို နမ်းလိုက်သည်။ "အခုချိန်ကစပြီး မင်းအစ်မလို့ ခေါ်လို့မရတော့ဘူး။ အဲ့ဒီအစား မရီးလို့ခေါ်"
သာ့ချောင်က အချိန်အတော်ကြာအောင် မတုံ့ပြန်ဘူး။ အစောင့်တွေလို ဟော်ချီအနားမှာ ရပ်နေတဲ့ ဖီဖီနဲ့ ကုကုက စိတ်မရှည်ပုံရသည်။
"ဝိုးဝူး!"
"ကွတ်ကွတ်ကွတ်!"
လူတိုင်း - "..."
ဤမြင်ကွင်းသည် အမှန်တကယ် မကြုံဖူးပေ!
သာ့ချောင်သည် သူမအကြည့်ကို ဆုတ်လိုက်သည်။ သူမ ပါးစပ်ထောင့်ကို မြှောက်လိုက်ကာ ပါးချိုင့်အနည်းငယ်ကို ပြသည်။ ဟော်ချီကို ကြည့်လိုက်ကာ သူမက ပြုံးပြီး "ညီမ လက်ခံပါတယ်၊ အစ်ကိုဟော်ချီ!"
ဆံပင်အနက်မှ ဆံပင်ဖြူအထိ အစ်ကို့ရဲ့ဇနီးဖြစ်လိုစိတ်ရှိသည်!
တစ်သက်လုံး အစ်ကိုနဲ့ အတူနေချင်ပြီး အစ်ကို့ရဲ့ အရင်းနှီးဆုံးလူ ဖြစ်ချင်သည်။
ဟော်ချီက ကြားလိုက်သောအခါ သူ့ရင်ဘတ်သည် တစ်စုံတစ်ရာနှင့် ပြည့်သွားသလို ခံစားရသည်။
သူက မတ်တပ်ထရပ်ပြီး သာ့ချောင်ရဲ့ လက်ခလယ်မှာ လက်စွပ်ကို ဝတ်လိုက်ပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ "ချစ်တယ် နျန်နျန်!"
အပြာရောင်ကောင်းကင်၊ တိမ်ဖြူတွေနဲ့ သစ်ပင်စိမ်းစိမ်းတွေ။ ကောင်းကင်ဘုံက စီမံပေးတဲ့ စုံတွဲပင်။
ဒီမြင်ကွင်းက ကဗျာတစ်ပုဒ်လို လှပသည်။
ချိုက်ရူနန်က လက်ခုပ်တီးတာ ဦးဆောင်ခဲ့သည်။ သူမဘေးနားက လူတွေက လိုက်တီးကြသည်။
သာ့ချောင်သည် ဟော်ချီ၏ မာကျောသောခါးကို သိုင်းဖက်ထားပြီး ခေါင်းကို သူ့ပခုံးပေါ်တင်လိုက်သည်။ သူမက ပါးစပ်ထောင့်ကို ပင့်တင်ကာ "ညီမလည်း အစ်ကို့ကို ချစ်တယ် အစ်ကိုဟော်ချီ" လို့ တိုးတိုးလေး တုံ့ပြန်လိုက်သည်။