← Chapters

အခန်း (၃၂၂)

Vol. 25 Ch. 322

အခန်း (၃၂၂)

Vol. 25 Ch. 322

ရေချိုးခန်းထဲဝင်ပြီး ဆယ်မိနစ်အကြာတွင် အတွင်းခန်းမှ "နျန်နျန်၊ ကိုယ့်အဝတ်အစားတွေ ယူဖို့ မေ့သွားလို့ ကျေးဇူးပြုပြီး ကိုယ့်အတွက် ယူလာပေးပါလား" ဆိုပြီး အော်လိုက်သည်။

သာ့ချောင်သည် ဤစကားကိုကြားသောအခါတွင် သူမသည် သိပ်ပြီးတွေးတောမနေဘဲ သူ့အဝတ်အစားကို ယူကာ သွားလိုက်သည်။

ရေချိုးခန်းတံခါးဖွင့်လိုက်သည်နှင့် သူမမျက်နှာသည် ချက်ချင်းနီရဲလာသည်။

သူသည် ရေချိုးခန်းတံခါးဝတွင် ကိုယ်လုံးတီးဖြင့် ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှာ ဘာမှမရှိဘူး။ သူ၏ သွယ်လျပြီး သန်မာသော အသွင်အပြင်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။

ဒီနှစ်တွေအတွင်း ဟော်ချီဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ လေ့ကျင့်ခန်းလုပ်ပြီး ကြံ့ခိုင်မှု အလေ့အထကို ထိန်းသိမ်းထားသည်။ အဲဒါကြောင့် သူ့မှာ ကောင်းမွန်တဲ့ ခန္ဓာကိုယ် ရှိသည်။ သူ့မှာရှိတဲ့ ကြွက်သားတွေက သန်မာပေမယ့် အရမ်းကြီးတော့ မကြီးပါဘူး။ လူတွေကို အိပ်မက်မက်ဖို့ လုံလောက်ပါသည်။

သာ့ချောင်၏ မျက်နှာတစ်ခုလုံးသည် အလိုလို မီးထတောက်တော့မည်။ သူမက ဒေါသတကြီး သူ့အဝတ်အစားတွေကို ပစ်ပေါက်ပြီး "လူဆိုး!"

ဒီလူက ရည်ရွယ်ချက်ရှိရှိ ဒါကို လုပ်ခဲ့တာဖြစ်မည်။

ကတိမတည်ဘဲ ကောက်ကျစ်လိုက်တာ!

ဟော်ချီက အဝတ်အစားတွေကို ဖမ်းပြီး တိုးတိုးလေး ရယ်လိုက်သည်။ " နျန်နျန် ၊ မင်း ဘာလို့ ဒီလောက်တောင် ရှက်နေသေးတာလဲ? "

သူတို့ နှစ်ယောက် ရင်းနှီးတဲ့ အရာတွေ အများကြီး လုပ်ဖူးတာ ကြာပြီဖြစ်တဲ့အတွက် သူမက ဒါကို ကျင့်သားရနေသင့်ပြီ။ ဒါပေမယ့် သူမဟာ ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတစ်ယောက်လိုပါပဲ။

သာ့ချောင်က သူ့ကို ပြောဆိုပြီး မျက်နှာကို အုပ်ကာ ထွက်ပြေးသွားသည်။

ဒုတိယခြေလှမ်းကို မလှမ်းမီ သူမ တုန်လှုပ်သွားပြီး ချော်လဲသွားသည်။ အော်ဟစ်သံ ထွက်လာသည်။

ဟော်ချီက အသံကြားတော့ သူ့အဝတ်အစားတွေကို ချပြီး ပြေးထွက်သွားသည်။ သူက သူမကို ကောက်ချီလိုက်ပြီး " မင်းဘယ်နေရာ နာနေတာလဲ?" ဟု စိုးရိမ်တကြီး မေးသည်။

သာ့ချောင်က သူမရဲ့ အုံ့မှိုင်းနေတဲ့ မျက်လုံးကြီးတွေကို ခတ်လိုက်ပြီး ပိုပိုပြီး သနားစရာဖြစ်လာသလို "ကျွန်မ တစ်ကိုယ်လုံး နာကျင်နေတယ်။ အစ်ကိုဟော်ချီ ဒီနေ့... ကျွန်မတို့ ထားလိုက်လို့ရမလားဟင်?"

"မင်း တစ်ကိုယ်လုံး နာနေတာလား?" သူက မျက်ခုံးပင့်လိုက်သည်။

သာ့‌ချောင်က အစာစားနေတဲ့ ကြက်ကလေးတွေလို ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။ "ဟုတ်တယ် ကျွန်မတစ်ကိုယ်လုံး နာနေတယ်!"

ဟော်ချီက သူမကို အိပ်ရာပေါ်တင်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူမအဝတ်ကို ကိုင်လိုက်သည်။

သာ့ချောင် အံ့သြသွားသည်။ သူမက အဝတ်အစားတွေကို သူ ချွတ်မရအောင် ဖမ်းဆွဲပြီး "လူဆိုး။ ကျွန်မက ပြုတ်ကျလို့ နာကျင်နေတယ်လို့ ပြောထားဝာာကို ရှင်က ဒီလိုမျိုး လုပ်ချင်တုန်းပဲ!"

"လူဆိုး?" မျက်နှာကျက်မီးက သူ့မျက်နှာကို ကျရောက်‌နေသည်။ သူ၏ ရှည်လျားသော မျက်တောင်များသည် မျက်ခွံအောက်တွင် ဖြာကျကာ အရိပ်များ အစီအရီ ဖြစ်ပေါ်လာသည်။

သာ့ချောင်၏ မှိုင်ထွေထွေအကြည့်က 'ရှင် ဒီအချိန်မှာ ရန်ဖြစ်စရာ မျက်နှာရှိသေးတယ်‌ပေါ့' လို့ပြောသလို စကားမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

ဟော်ချီ၏ မျက်နှာသည် မပြောင်းလဲဘဲ "မင်း ပြုတ်ကျလို့ တစ်ကိုယ်လုံး နာကျင်နေတယ်လို့ မင်းပြောတာမဟုတ်ဘူးလား? ကိုယ် မင်းကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ချင်တယ်လေ။ မင်းစိတ်တွေ ဘယ်ရောက်နေတာလဲ"

သူမကိုယ်တိုင် နောက်ထပ်တွင်းတစ်ခုကို ဖန်တီးခဲ့တာ မဖြစ်နိုင်ဘူးလား?

သာ့ချောင်က အဝတ်အစားကို ဆုပ်ကိုင်ထားပြီး မလွှတ်ဘဲ "စစ်ဆေးစရာ မလိုပါဘူး။ ကျွန်မ ရုတ်တရက် နာကျင်မှုကို မခံစားရတော့ဘူး!"

ဟော်ချီသည် သူမ၏ သွယ်လျသော ခါးကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်လိုက်သည်။ "စစ်တာ ပိုကောင်းမယ်ထင်တယ်။ နောက်မှ ပြန်နာလာမယ်"

တကယ်တော့ အစတုန်းကတော့ စိတ်ပူပြီး သူက အဝတ်တောင် မဝတ်ဘဲ အပြင်ကို ထွက်လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူမမှာ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သူသိလိုက်သည်။

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုလို့ ခေါ်တဲ့ လှည့်ကွက်တွေကို ကစားဖို့ ကြိုးစားနေကြတာ။

သာ့ချောင် - "......"

နောက်ဆုံးတွင် သူမသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများကို မထိန်းသိမ်းနိုင်တော့ပေ။

နီရဲပြီး အခန်းထဲတွင် နှလုံးခုန်သံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဒုတိယနေ့တွင် သိုက်ရှုဖန်သည် သုံးနာရီ သို့မဟုတ် လေးနာရီကြာ ချက်ပြုတ်ထားသည့် စွပ်ပြုတ်ကို အလုပ်ခန်းသို့ ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာခဲ့သည်။

သာ့ချောင်က သူမယောက္ခမ သူမဆီ စွပ်ပြုတ်ယူလာတာကိုတွေ့တော့ နွေးထွေးပြီး အားနာသလို ခံစားရသည်။ "အမေ၊ ရာသီဥတုက အရမ်းပူတယ်။ လူကိုယ်တိုင်လာစရာ မလိုပါဘူး။ ကျွန်မ ညဘက်ပြန်လာရင် သောက်မှာပေါ့"

သိုက်ရှုဖန်က သူမရဲ့ ခန္ဓာကိုယ်ကို စကင်န်ဖတ်ပြီး အဓိပ္ပါယ်ရှိစွာ ပြုံးပြီး "ရပါတယ်။ အမေက ဘာမှမလုပ်ရဘဲကို။ ဒါ့အပြင် အိမ်မှာ ကားတစ်စီး ရှိတယ်လေ။ ဒါကြောင့် ပို့ရတာ အခက်အခဲ မရှိပါဘူး။"

ယောက္ခမ၏ အကြည့်ကြောင့် သာ့ချောင်၏ ဦးရေပြားသည် ထုံကျင်သွားသည်။ သူမသည် ခေါင်းငုံ့ပြီး စွပ်ပြုတ်သောက်ရုံသာ တတ်နိုင်သည်။

သိုက်ရှုဖန်က စစ်ဆေးသလိုမေးလိုက်သည်။ "မင်း... မင်းတို့ နှစ်ယောက် မနေ့ညက အိမ်မပြန်လာဘူး။ မင်းတို့ ခြံထဲမှာ နေနေတာလား?"

သာ့ချောင်က မနေ့က ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရပြီး သူမရဲ့ပါးပြင်တွေ နီမြန်းလာသည်။ သူမက ရှည်လျားသော မျက်တောင်ရှည်များကို ခတ်လိုက်ပြီး သူမကို မကြည့်ရဲခဲ့ပေ။ "အမ်း... မနေ့က အလုပ်က နည်းနည်းနောက်ကျတယ်။ မိသားစု စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့..."

ဤအကြောင်းပြချက်က သူမ လမ်းတစ်ဝက်တွင် ဆက်၍ မပြောနိုင်လောက်အောင် ပြတ်တောက်သွားခဲ့သည်။

သိုက်ရှုဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ တောက်ပလာသည်။ "မင်းပြောစရာ မလိုပါဘူး အမေ နားလည်ပါတယ်!"

"......."

ယောက္ခမ၏ 'နားလည်မှု' မျက်လုံးများအောက်တွင် သာ့ချောင်၏ မျက်နှာသည် ပုဇွန်ပြုတ်ကဲ့သို့ပင် နီရဲလာသည်။

စားသောက်ဆိုင်လေးတစ်ခုမှာ။

ရှန်ထျန်းရုံက ချောင်တုန်းယင်အတွက် ကြက်သားကို ဖဲပေးပြီး "အစ်မယင်၊ ဒီနေ့ ဘာနေ့လဲ သိလား?" ဟု မေးသည်။

ချောင်တုန်းယင်က ခေါင်းခါပြပြီး "ဘာနေ့လဲ?"

ရှန်ထျန်းရုံက သူ့ကို မျက်လုံးကြီးကြီးနဲ့ စိုက်ကြည့်ပြီး "ဒီနေ့က အစ်မ ကျွန်‌တော့်ကို အဖြေပေးမဲ့နေ့လေ!"

သူမ၏ခေါင်းထက်တွင် ပေါက်ကွဲနေသော မိုးကြိုးကျည်ကဲ့သို့ ချောင်တုန်းယင်က သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ ခဏကြာတော့ သူမက "ထျန်းရုံ ငါတို့..."

ရှန်ထျန်းရုံက သူမကို ဆက်ပြောဖို့ အခွင့်အရေးမပေးဘူး။ သူက သူ့ကျောပိုးအိတ်ထဲက ငွေစုစာအုပ်တစ်အုပ်ကို ထုတ်ပြီး သူမရှေ့ကို တွန်းပေးလိုက်သည်။ "ဒါက ကျွန်တော့် တစ်နှစ်ပတ်လုံးစာပဲ။ မြို့တော်မှာ ကျွန်‌တော်က အစ်မအတွက် အိမ်နဲ့ ကားတစ်စီး မဝယ်နိုင်ပေမယ့် ဒါက ကျွန်တော့်ရဲ့ အရာအားလုံးပဲ။ ကျွန်တော် အစ်မရဲ့ ရှေ့မှာ ရှိသမျှ အားလုံးကို ထားပြီး အဖြေတစ်ခုတောင်းဆိုမယ်"

လွန်ခဲ့သည့် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်းတွင် နှစ်ယောက်လုံး အိမ်ထောင်မရှိကြဘဲ မကြာခဏ ဆုံတွေ့ကြသည်။ ချောင်တုန်းယင်သည် ၎င်း၏ အဆင့်အတန်းကို တရားဝင် အတည်မပြုခဲ့ပေ။

အစပိုင်းတွင် ရှန်ထျန်းရုံသည် ကျောင်းတက်နေဆဲဖြစ်သောကြောင့်ဖြစ်သည်။ ချောင်တုန်းယင်က သူမအပေါ်ထားတဲ့ သူ့ရဲ့အချစ်က ကြာရှည်မခံဘူးလို့ ခံစားခဲ့ရသည်။ သူအသက်ကြီးလာတဲ့အခါ သူက သူမကို မကြိုက်နိုင်လောက်တော့ဘူး။

ဒုတိယ အကြောင်းရင်းမှာ မြက်နုကြိုက်သော နွားအိုကြီးဟု အခြားသူများက ပြောမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ နောက်တစ်ခုက အသိုက်နားမှ မြက်ပင်။ ထို့ကြောင့် သူမသည် ၎င်းတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို အတည်ပြုရန် ဝန်လေးနေခဲ့သည်။

မမျှော်လင့်ဘဲ ရှန်ထျန်းရုံ၏ အချစ်သည် ကြာရှည်ခံရုံသာမက အလွန်ပင် သစ္စာရှိသည်။

ရှန်ထျန်းရုံသည် တစ်နှစ်လောက် အတန်းကို ကျော်သွားခဲ့ပြီး သုံးနှစ်တွင် လေးနှစ်စာအတွက် အောင်ခဲ့သည်။ သူ့ရဲ့ ထူးချွန်မှုကို သက်သေပြဖို့ လုံလောက်ပါသည်။ ဒီသုံးနှစ်အတွင်းမှာ မိန်းကလေးတော်တော်များများက သူ့ကို သဘောကျကြသည်။ ရဲရင့်ပြီး ပိုတက်ကြွသော ကိုယ်ရည်ကိုယ်သွေးရှိသူအချို့က သူ့ကို တက်ကြွစွာလိုက်ကြသည်။

သို့သော် ရှန်ထျန်းရုံသည် မတုန်လှုပ်ခဲ့ပေ။

"ထျန်းရုံ၊ မင်းထင်လား... မင်းမိဘတွေက မင်းအသက်ကြီးတဲ့ မိန်းမနဲ့လက်ထပ်ဖို့ သဘောတူလိမ့်မယ်လို့"

အစပိုင်းတွင် ချောင်တုန်းယင်က သူ့ကို မောင်လေးအဖြစ်သာ ဆက်ဆံသည်ဟု ဆိုနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူမသည် မိမိကိုယ်ကို ဆက်လက်လှည့်စားရန် နည်းလမ်းမရှိတော့ပေ။

ရှန်ထျန်းရုံ၏ စိတ်အားထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် ပူလောင်သော နေရောင်ကဲ့သို့ဖြစ်ပြီး သူမ၏ နှလုံးသားကို တဖြည်းဖြည်း အရည်ပျော်စေခဲ့သည်။

သို့သော် သူမက သူ့ထက် ငါးနှစ်ကြီးသည်။ သူသည် သူမထက်သာလွန်နေသည်။ သူ့မိဘတွေကို ရင်ဆိုင်ဖို့နေနေသာသာ သူမဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိခဲ့ဘူး။

ရှန်ထျန်းရုံ - "အစ်မယင် လာမယ့်အခက်အခဲတွေ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အစ်မအတွက် ကျွန်တော်ကျော်ဖြတ်ပြီး စိတ်ရှည်သည်းခံနိုင်တယ်။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ အဓိကကတော့ အစ်မ ကျွန်တော့်အပေါ်ထားတဲ့ အစ်မခံစားချက်တွေကို ဝန်ခံဖို့ပါပဲ။ အစ်မ ကျွန်တော့်ကို မကြိုက်ရင် ဒါဆို ကျွန်‌တော့်ရဲ့ ဇွဲလုံ့လဟာ ဟာသတစ်ခု ဖြစ်သွားမယ်။ ဒါဆို အစ်မယင် ကျွန်တော့်ကို သဘောကျလား"

သူ၏ တောက်လောင်သော အကြည့်အောက်တွင် ချောင်တုန်းယင်၏ ပါးပြင်များ ပူလောင်လာတော့မည်။ "မင်း၊ အရင်ကတည်းက မင်းမသိဘူးလား?"

ပုံမှန်အားဖြင့် ရှန်ထျန်းရုံက သူမကို သူ့နည်းလမ်းနဲ့သူ လုပ်ခွင့်ပေးသည်။ သို့သော် ယနေ့တွင် သူသည် အလွန်ပင် ဇွဲနှင့် ခေါင်းမာနေသည်။ "မသိဘူး၊ အသုံးမဝင်ဘူး၊ အစ်မယင်၊ ကိုယ်တိုင်ပြောပါဗျာ"

ချောင်တုန်းယင်သည် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေသည်။ ဒီလိုစကားတွေက သူမအတွက် ရှက်စရာကောင်းလွန်းသည်။

သူမ၏ တုံ့ပြန်မှုသည် ရှန်ထျန်းရုံကို အလွန်ထိတ်လန့်စေရုံသာမက အနီးနားရှိ ပိုင်ရှင်နှင့် ဧည့်သည်များပင် စိုးရိမ်ထိတ်လန့်နေခဲ့သည်။

"ညီမလေး၊ မြန်မြန်ပြောလိုက်။ ငါတကယ်ကို သေအောင် စိုးရိမ်နေတယ်။"

"ဟုတ်တယ်။ ဒီလိုလူကောင်းကို မင်း ဘာလို့ ကတိမပေးတာလဲ"

ပိုင်ရှင်က ခေါင်းညိတ်ပြသည်။ "ညီမလေး၊ အရပ်က အကွာအဝေးမဟုတ်ဘူး။ အသက်အရွယ်က ပြဿနာမဟုတ်ဘူး။ ယောက်ျားက မင်းကို ဂရုစိုက် မစိုက်က အရေးကြီးဆုံးပဲ။ ငါ့ယောက်ျားက ငါ့ထက် နှစ်အနည်းငယ်ပြီး ငါတို့က ဆက်ဆံရေးကောင်းတယ်။ မြက်နုကြိုက်တဲ့ နွားအိုကြီးလို့ တချို့က ပြောကြတယ်။ ထွီ၊ အဲဒါက ဒီမိန်းမ အရည်အချင်းရှိလို့လေ။ သူတို့မှာအရည်အချင်းရှိရင် သူတို့လည်း မြက်နုရှာပေါ။"

ဆိုင်ရှင်၏ ရက်ပ်သံကို လူတိုင်းကြားသောအခါ ရယ်မောကြသည်။

ချောင်တုန်းယင်သည် တွင်းတူးပြီး ကိုယ့်ကိုယ်ကိုသာ မြှုပ်နှံချင်ပြီး အလွန်ရှက်သွားသည်။ နောက်ဆုံးတွင် လူတိုင်း၏ ရယ်မောသံများနှင့် အကြည့်များကြားမှ သူမသည် ခေါင်းညိတ်ပြလိုက်သည်။ "... ချစ်တယ်"

သူမ၏ အသံသည် အလွန်တိုးသော်လည်း၊ သူမ၏မျက်နှာကို အချိန်တိုင်း စိုက်ကြည့်နေသော ရှန်ထျန်းရုံသည် ကြားလိုက်ရသည်။

သူ့ပါးပြင်များသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာသည်။ သူက ခုန်ထကာ သူမကို ပွေ့ဖက်ရန် ပြေးသွားသည်။ "အစ်မယင်၊ အရမ်းကောင်းတာပါ။ ကျွန်တော် နောက်ဆုံးတော့ ဒီစာကြောင်းကို ရသွားပြီ!"

ကံကောင်းထောက်မစွာ သူလက်မလျှော့ခဲ့ပါ!

ဆိုင်ရှိ ဧည့်သည်များက "ငယ်တာ ကောင်းတယ်!"

ချောင်တုန်းယင်သည် အလွန်အရှက်ကွဲသော်လည်း သူမ၏ နှလုံးသားသည် ချိုမြိန်နေသည်။ ချိုမြိန်သော စွံပလွံသီးများ ပါးစပ်အပြည့် စားလိုက်သကဲ့သို့ပင်။

အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ စုံတွဲတစ်တွဲအဖြစ် လူသိရှင်ကြား ချိန်းတွေ့ခဲ့ကြသည်။

တကယ်တော့ ချောင်မိသားစုထဲက လူအများစုက ဒီသဲလွန်စကို သတိထားမိခဲ့တာ ကြာပါပြီ။ ချောင်တုန်းယင်က ဘာမှပြန်မပြောတာကြောင့် အားလုံးက မသိဟန်ဆောင်နေခဲ့ကြသည်။

ထို့ကြောင့် ချောင်တုန်းယင်သည် ရှန်ထျန်းရုံနှင့် ပြန်လာ၍ သူက သူမရဲ့ရည်းစားဟု ပြောသောအခါ ဝမ်ချွမ်ကျီနှင့် ချောင်ကျန်းကော်မှလွဲ၍ လူတိုင်း အံ့ဩခြင်း မရှိကြပေ။

ဝမ်ချွမ်ကျီက ကြက်မအိုကြီးတစ်ကောင်လို အော်ဟစ်လိုက်ပြီး "ဘာလဲ? မင်းတို့ နှစ်ယောက် ဘယ်လိုလုပ် အတူတူရှိနေတာလဲ? တုန်းယင် မင်းရဲ့ ဦးနှောက်က ဘယ်မှာလဲ? သူက မင်းထက် ငါးနှစ်ငယ်တယ်လေ!"

ချောင်တုန်းယင်က သူမနှုတ်ခမ်းကို ကိုက်ကာ "သူက ကျွန်မထက် ငါးနှစ်ငယ်တာ ကျွန်မသိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက ကိုယ့်ထက် အသက်ကြီးတဲ့ အမျိုးသားတွေကိုပဲ လက်ထပ်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားတာလဲ?"

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူမ၏အမေသည် ကောက်ကွေးသော ဖရဲသီးများကို အဆက်မပြတ် မိတ်ဆက်ပေးခဲ့သည်။ သူတို့ထဲက တော်တော်များများက ကွာရှင်းပြီးသွားပြီ။

အလွန်ရွံရှာစရာကောင်းသည်!

ဝမ်ချွမ်ကျီသည် တစ်ဆို့သွားသည် "လူတိုင်း ဒီလိုမဟုတ်ဘူးလား? မင်းပတ်ဝန်းကျင်ကို ကြည့်စမ်း၊ သူတို့ထက်ငယ်တဲ့ ယောက်ျားတွေနဲ့ လက်ထပ်ထားတဲ့ လူဘယ်နှစ်ယောက်ရှိလဲ?"

ချောင်တုန်းယင် - "အဖွားက အဖိုးထက် အသက်ကြီးတယ်လေ"

ဝမ်ချွမ်ကျီက တစ်ဆို့သွားပြန်သည် - "......"

မူလက အမျိုးသမီးများသည် အမျိုးသားများထက် အသက်ပိုကြီးမြန်သည်ဟု သူမ ပြောခဲ့သည်။ ယခုမူ သူမစကားသည် သူမယောက္ခမနားသို့ ရောက်မည်ကို စိုးရိမ်နေမိသည်။ ဒီစကားတွေကို သူမဘယ်လိုပြောရဲရတာလဲ!

ထို့အပြင် ချောင်တုန်းယင်သည် သူမစကားကို လုံးဝနားမထောင်ခဲ့ပေ။ ဒီလိုသာဆိုရင် သူမ ဒီအသက်အရွယ်မှာ အိမ်ထောင်ပြုတော့မှာ မဟုတ်ဘူး။

သူမသည် စိတ်ကျဉ်းကျပ်လို့ ဒေါသအရမ်းထွက်သွားသည်။ အဆုံးတွင် သူမသည် လွှတ်ချနိုင်ခဲ့သည်။

ချောင်မိသားစုကို အကြောင်းကြားပြီးနောက် ရှန်ထျန်းရုံသည် ချောင်တုန်းယင်ကို ယွင်လိုင်မြို့သို့ ပြန်ခေါ်သွားခဲ့သည်။

ချောင်တုန်းယင် ထွက်သွားပြီး နောက်တစ်နေ့မှာပဲ သာ့ချောင်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။

All Chapters