← Chapters

အခန်း (၃၂၇)

Vol. 25 Ch. 327

အခန်း (၃၂၇)

Vol. 25 Ch. 327

တကယ်တော့ အခုလေးတင် သားဖွားခန်းထဲက ထွက်ဝောာ့ သူနာပြုဆရာမတွေက ကလေးနှစ်ယောက်ကိုတွေ့တော့ အံ့သြသွားကြသည်။

သူတို့ မွေးကတည်းက ရုပ်ရည်ချောမောတဲ့ ကလေးတွေကို မတွေ့ခဲ့ဖူးတာ မဟုတ်ပေ။ ဤမျှ လှပသော အတိုင်းအတာကိုတော့ သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်!

ဟော်ဟွားချင်းသည် သူ့မြေးကို ချီထားပြီး တောက်ပနေသော မျက်လုံးများဖြင့် သူ့မြေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ စိုစွတ်နေသည်။

သူချက်ချင်းသေသွားရင်တောင် နောင်တရစရာမရှိတော့ဘူး။

ချောင်မိသားစုသည် ဟော်ချီ၏ ခေါ်ဆိုမှုကို လက်ခံရရှိသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့ထံ အမြန်ပြေးသွားခဲ့သည်။

သာ့ချောင်က ဒီလောက်မြန်မြန် မွေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ သူတို့ ဆေးရုံမရောက်ခင် ကလေးလေးတွေက ထွက်လာသည်။

ချောင်ရှို့ကျီနှင့် လင်းဟွေ့တို့သည် သာ့ချောင်နှင့်အတူ သွားရန် သားဖွားခန်းသို့ အမြန်သွားခဲ့ကြသော်လည်း သာ့ချောင်က သူတို့ကို ထပ်မံ ထိတ်လန့်သွားစေခဲ့သည်။

ချောင်ရှို့ကျီက အံ့သြသွားပြီး မကြာခင်မှာပင် သူမနှလုံးသားထဲတွင် နားလည်လာသည်။ ကလေး၏ နီမြန်းနေသော မျက်နှာကို မြင်လိုက်ရတော့ သူမက ခေါင်းညိတ်လိုက်ပြီး "မင်း စားချင်တာ တစ်ခုခု ရှိလား?"

သာ့ချောင်က သူ့အဖွားရဲ့ခါးကို ပွေ့ဖက်ပြီး ချစ်စဖွယ် တောင်းဆိုလိုက်သည်။ "အဖွား လုပ်ပေးတဲ့ ချိုမြိန်‌တဲ့ စပျစ်ရည်အကြောင်း သမီး အခုပဲ တွေးနေတာ ပါးစပ်က သရည်ယိုတော့မယ်"

ချောင်ရှို့ကျီက ရယ်မောပြီး "မင်းအမေဖြစ်နေပြီ။ မင်းဘာလို့ ဒီလောက်ကလေးဆန်နေသေးတာလဲ?"

သာ့ချောင်က သူ့အဖွားခါးကို ပွေ့ဖက်လိုက်ပြီး မလွှတ်ပေးခဲ့ချေ။ "အခု သမီးက အဖွားဖြစ်ရင်တောင် သမီးက အဖွားရဲ့ မြေးဖြစ်နေတုန်းပဲလေ!"

အသက်ကြီးလာသည်နှင့်အမျှ သူမ၏အဖိုးအဖွားများသည် တစ်နေ့တွင် သူမကို ထားသွားတော့မည်ကို ပို၍စိုးရိမ်လာသည်။ ဒါကြောင့် သူမဟာ သူတို့နဲ့ရှိတဲ့ အချိန်တိုင်းကို မြတ်နိုးသည်။

ချောင်ရှို့ကျီက သူမ မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမပြန်သွားကာ ရွှယ်ချွမ်နှင့်အတူ သူမအတွက် ချိုမြိန်သော စပျစ်ရည်ကို ပြုလုပ်ခဲ့သည်။

လင်းဟွေ့နှင့် ချောင်ကျန်းကျွင်းတို့သည် ၎င်းတို့၏ သမီးလေးသည် အဖိုးအဖွားများနှင့် နီးကပ်နေသည်ကို တွေ့ရတော့ အနည်းငယ် ချဉ်သွားသလို ခံစားလိုက်ရသည်။

ကျန်တဲ့ ချောင်မိသားစုလည်း နေ့လည်ပိုင်း ဆေးရုံကို ရောက်လာကြသည်။

သာ့ချောင်သည် နဂါး-ဖီးနစ် ချောမောလှပသော အမွှာများကို မွေးဖွားခဲ့သည်ကို လူတိုင်းမြင်သောအခါ သူတို့အားလုံး မနာလိုဖြစ်ခဲ့ကြသည်။

အထူးသဖြင့် ချောင်တုန်းဟယ်ပေါ့။ သူ့မှာ သား ဒါမှမဟုတ် သမီးရှိရှိ အရေးမကြီးဘူးလို့ သူမ တွေးခဲ့ဖူးသည်။ ဒါပေမယ့် သူမသားလေး ချီကျင်း အသက်ကြီးလာတာနဲ့အမျှ သူနဲ့ ခွေးတွေက မုန်းတီးတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

တခါတရံ သူ့ကို သူမဗိုက်ထဲကို ပြန်ထည့်ချင်သည်။

‌သိုက်ရှောင်ရွှယ်လည်း အလွန်ပင် မနာလိုဖြစ်မိသည်။ သူမလည်း အမွှာတွေ လိုချင်တာပဲ!

ပိုအရေးကြီးတာက သာ့ချောင်ရဲ့ ကလေးတွေက အရမ်းလှတာ... ဝူးဝူး ဝူး!

သေလောက်အောင် မနာလိုတဲ့ မျက်နှာထားလုပ်ထားသည်။

သူ့သမီးရဲ့ အသွင်အပြင်က မဆိုးပေမယ့် နှိုင်းယှဉ်နိုင်စရာ မရှိဘူး။

ချောင်တုန်းယင်သည် လွန်ခဲ့သော ခြောက်လခန့်က လုပ်ငန်းတစ်ခု စတင်ရန် အလုပ်များနေခဲ့သည်။ ရှန်မိသားစုက သူမကို တိုက်တွန်းခဲ့သော်လည်း ရှန်ထျန်းရုံက သူမအား ဖိအားအားလုံးကို ခံနိုင်ရည်ရှိအောင် ကူညီပေးခဲ့သည်။ အဲဒါကြောင့် သူမက မကြာခင်မှာ ကလေးယူဖို့ စိတ်ကူးမရှိခဲ့ပေ။

ရွှေရောင်ကောင်လေးနှင့် ကျောက်စိမ်းမိန်းကလေးလို နူးညံ့သိမ်မွေ့သော ကလေးနှစ်ယောက်ကို သူမမြင်လိုက်ရတော့ ရုတ်တရက် စိတ်ပြောင်းသွားသည်။

ကလေးနဲ့ကစားတာက ဆိုးတဲ့စိတ်ကူးတော့ မဟုတ်ဘူးမလား?

နှစ်များစွာကြာသောအခါ သူတို့၏သား ရှန်ကျွင်းရှင်းသည် အရုပ်တစ်ခုအဖြစ် မွေးဖွားလာသည်ကို သိလိုက်ရပြီး သူမ၏ စိတ်ခံစားမှုများက ရှုပ်ထွေးသွားသည်။

ဖုန်းဘေလ် အလကားရတာထက် ပိုဆိုးတယ်လို့ ခံစားရသည်။

ဟော်မိသားစုနှင့် သာ့ချောင်အတွက် လူတိုင်း အလွန်ပျော်ရွှင်ခဲ့ကြသည်။ ဝမ်ချွမ်ကျီမှလွဲ၍။

ဝမ်ချွမ်ကျီသည် အမွှာများကို မြင်သောအခါတွင် မြှားတစ်ထောင်က သူမနှလုံးသားကို ထိုးဖောက်သွားသလို ခံစားရသည်။

အားးးးးး!

သာ့ချောင်က ဘာလို့ အမြဲ ကံကောင်းနေတာလဲ။

နဂါး-ဖီးနစ် အမွှာများပင်။

ဤမျှလှပသော နဂါး-ဖီးနစ်အမွှာများက အဘယ်ကြောင့် ၎င်းတို့၏ အကြီးဆုံးဆီက မဟုတ်တာလဲ?

သူမသည် က​လေး​တွေကို တကယ်​ခိုးချင်​ခဲ့တာ!

ဒါပေမယ့် ကလေးတွေကို ခိုးယူဖို့တော့ မဖြစ်နိုင်ဘူး။ ဒီဘဝမှာတော့ ဘယ်တော့မှပင်။ ထို့အပြင် သူမသည် ကလေးများကို ချီရန် အခွင့်ပင်မရှိခဲ့ပေ။

သူမ အရမ်းစိတ်ဆိုးသွားသည်!

သာ့ချောင်သည် ဆေးရုံတွင် တစ်ရက်နေပြီးနောက် ဟော်အိမ်သို့ ပြန်လာခဲ့သည်။

တစ်လအကြာတွင် အမွှာများအတွက် လပြည့်ပွဲနေ့တွင် အမွှာလေးနှစ်ယောက်၏ အမည်ကို ရရှိခဲ့သည်။

အစ်ကိုနာမည်က ဟော်ကျင်းယန်း ဖြစ်ပြီး ညီမလေးနာမည်ကတော့ ဟော်ရှင်းကျန်း ဖြစ်သည်။ သူတို့နှစ်ယောက်ကြားက နာမည်တွေကို ပေါင်းစပ်လိုက်တဲ့အခါ သာ့ချောင်ရဲ့ နာမည်... နျန် ဖြစ်သွားသည်။

အမွှာများကျေးဇူးကြောင့် ချောင်မိသားစု၏ အကြီးဆုံးရဲ့ သုံးလသားအရွယ် နန်နန်သည် နောက်ဆုံးတွင်…..ချောင်ရွှယ်ရွှယ်ဟူသော နာမည်တစ်ခုရခဲ့သည်။

ဝမ်ချွမ်ကျီသည် ဤအမည်ကို အလွန်မကျေမနပ်ဖြစ်ခဲ့သည်။ မူလက သူ့မြေးလေး ချောင်ယွိနူလို့ နာမည်ပေးချင်ခဲ့တာ။ ရွှေကောင်လေးနှင့် ကျောက်စိမ်းမိန်းကလေး စကားစုမှ ယွိနူ။

တခြားမောင်နှမများ အထူးသဖြင့် သာ့ချောင်ထက် အကြီးဆုံးသည် ပိုနိမ့်ကျစွာ မိန်းကလေးတစ်ဦးကို မွေးဖွားစေသည်ဟု သူမ ခံစားခဲ့ရသည်။ အဲဒါကြောင့် နာမည်နဲ့ အနိုင်ယူရမည်။

ဘယ်သူကမှ သဘောမတူလို့ သနားစရာပင်!

ဘယ်လောက် ဒေါသထွက်စရာလဲ!

.......

ဆောင်းကုန်ပြီး နွေဦးရောက်သွားခံ့ကာ သုံးနှစ်ကြာသွားခဲ့သည်။

ဟော်မိသားစု၏အမွှာများသည် သုံးနှစ်ရှိပြီး သာ့ချောင်သည် အသက် 26 နှစ်ရှိပြီဖြစ်သည်။

နှစ်များက သူမအား အထူးကောင်းမွန်စွာ ဆက်ဆံခဲ့ပုံရပြီး သူမ၏မျက်နှာ သို့မဟုတ် စိတ်နေစိတ်ထားပေါ်တွင် အချိန်ရဲ့ ပစ်ချက်မထားခဲ့ပါ။

သူမသည် ဘွဲ့ရတုန်းကနှင့် အတူတူပင်၊ အကိုင်းအခက်ပေါ်တွင် ဖူးပွင့်သော ပန်းဖူးကဲ့သို့ လတ်ဆတ်ပြီး နူးညံ့သည်။ အလွန်သိမ်မွေ့ပြီး နူးညံ့လွန်းသဖြင့် ၎င်းသည် အလွန်မနာလိုစရာကောင်းသည်။

သားတစ်ယောက်သာ မွေးထားသော်လည်း သူမ၏ ပုံသဏ္ဍာန်သည် ပြန်ကောင်းမလာနိုင်တာကြောင့် ချိုက်ရူနန်သည် သူမကိုမြင်တိုင်း မနာလိုစိတ်ဖြင့် အော်ဟစ်သည်။

ချိုက်ရူနန်သည် သာ့ချောင်ထက် တစ်နှစ်နောက်ကျမှ ဘွဲ့ရခဲ့သော်လည်း သူမ၏ သားသည် ဟော်မိသားစု၏ အမွှာများထက် တစ်နှစ်ပိုကြီးသည်။ သူမကိုယ်တိုင် သမီးတစ်ယောက် မမွေးနိုင်တော့တဲ့အတွက် သူမက ချောင်မိသားစုရဲ့ ရတနာလေးကို မက်မောခဲ့သည်။

သူမ သားဖြစ်သူကို မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ သူကြီးပြင်းလာရင် ဟော်မိသားစု၏ ရတနာလေးကို လက်ထပ်နိုင်စေရန် ငွေရှာဖို့ အလုပ်ကြိုးစားရမယ်ဆိုတာ ဖြစ်သည်။

မကူညီနိုင်ပါ။ ထန်မိသားစုသည် ချမ်းသာသော်လည်း ဟော်မိသားစုနှင့် ချောင်မိသားစုတို့နှင့် ယှဉ်လျှင် ၎င်းတို့သည် အားသာချက်မရှိပေ။

ထို့အပြင် သူ၏ အသွင်အပြင်သည် သာမန်သာဖြစ်သည်။ ရိုးရှင်းစွာပင် သူမ နှလုံးသားကို တင်းကျပ်စေသည်!

ချိုက်ရူနန်သည် သူ့သမီးရတနာကို မြန်မြန်ဆန်ဆန် လိုချင်တပ်မက်မိကြောင်း ဟော်ချီက သိသွားဝောာ့ သူသည် ဒေါသကြောင့် နှာခေါင်းရှုံ့သွားသည်။

သူမသည် သာ့ချောင်၏ သူငယ်ချင်းဖြစ်ခြင်းကြောင့်သာ မဟုတ်ပါက သူက သူတို့ကို သေချာပေါက် ကန်ထုတ်ပစ်မိလိမ့်မည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် ဆက်သွယ်ရေးကဏ္ဍသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၎င်းသည် လူတို့၏ဘဝထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီး မရပ်တန့်နိုင်သော စွမ်းအားတစ်ခုဖြစ်လာသည်။

ဟော်ချီ၏ ကုမ္ပဏီသည် ဆက်သွယ်ရေးစက်မှုလုပ်ငန်းနှင့် ပထမဆုံး ချိတ်ဆက်ခဲ့သည်။ ဟုတ်ပါသည်၊ သူတို့ရှေ့မှာ တခြားကုမ္ပဏီတွေရှိပေမယ့် တော်တော်များများက မည်သည့်အောင်မြင်မှုမှမရဘဲ ပိတ်ပစ်လိုက်ရသည်။

၎င်းတို့ကုမ္ပဏီသည် နည်းပညာသစ်များဖြင့် ဆက်လက်မွမ်းမံနေချိန်တွင် ဖြစ်သည်။ အစပိုင်း ဒစ်ဂျစ်တယ် ဘီပီစက်မှ စကားလုံးများ ထည့်သွင်းနိုင်သော ဘီပီသို့ ထို့နောက် စကားလုံးများသို့ ထို့နောက် ဆဲလ်လူလာဖုန်းသို့ ရောက်ရှိလာသည်။ သူတို့သည် ရှေ့ဆောင်သိုးများအဖြစ် ပါဝင်ခဲ့သည်။

ဒါက သူတို့ကို ဝင်ငွေအများကြီးရစေသည်။

ယခုနှစ်မှစတင်၍ ၎င်းတို့၏ ကုမ္ပဏီသည် မိုဘိုင်းလ်ဖုန်းအသစ်... PHS ကို စတင်ထုတ်လုပ်လိုက်သောကြောင့် ဆဲလ်လူလာဖုန်းများကို တဖြည်းဖြည်း ဖျက်သိမ်းခဲ့သည်။

ဆဲလ်လူလာဖုန်းနှင့် နှိုင်းယှဉ်ပါက PHS တွင် လုပ်ဆောင်ချက်များ ပိုများသည်။ ထို့အပြင် ၎င်းသည် ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည်။ သယ်ရတာ တော်တော်အဆင်ပြေသည်။ အရွယ်အစား လျှော့ချခြင်းသည် စျေးနှုန်းနှင့် ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးသည်။ ဒီနည်းက လူတွေကို ပိုပြီး အကျိုးပြုနိုင်သည်။

ဤနည်းပညာများ၏ အဓိက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဟော်ချီမှဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကုမ္ပဏီတွင် သူ၏ရှယ်ယာများ တိုးများလာကာ သူ၏ ရာထူးသည် ပို၍ပို၍ အရေးပါလာသည်။

အခြားအဖော် နှစ်ဦးသည် အနည်းနှင့်အများ ညှိနှိုင်းမှု မရှိခဲ့ပါ။

သူ့ကိုကြည့်တော့ နှိုင်းစရာမရှိပါဘူး။ သူတို့ဦးနှောက်တွေက ဟော်ချီလောက် မသွက်ဘူး။ ကုမ္ပဏီက ထွက်သွားရင် အနာဂတ်မှာ သေချာပေါက် သူတို့က ဖယ်ထုတ်ခံရလိမ့်မည်။

ထို့အပြင် ၎င်းတို့သည် ပြန်လည်မသင့်မြတ်နိုင်သော ပဋိပက္ခများ မရှိခဲ့ပေ။ အခုထိ သူတို့ သုံးယောက် အတူတူ အလုပ် လုပ်နေကြတုန်းပင်။

လုပ်ငန်းချဲ့ထွင်ခြင်းနှင့်အတူ သူတို့သည် မြို့တော်ရှိ စျေးကွက်တွင် အကန့်အသတ်မရှိခဲ့ပေ။ သူတို့ထဲက တစ်ယောက်က ဟူမြို့ကို သွား၍ နောက်တစ်ယောက်ကတော့ ရှန်မြို့ပင်။

ဤနည်းအားဖြင့် သူတို့သည် စျေးကွက်ကို သိမ်းပိုက်နိုင်ရုံသာမက ပဋိပက္ခများကို ပိုမိုရှောင်ရှားနိုင်စေခဲ့သည်။

ဟော်ချီ ကုမ္ပဏီ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုအပြင် ချောင်မိသားစု သုံးယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်အထင်ကြီးစရာကောင်းသည်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်းသို့ အချိန်များ တဖြည်းဖြည်း ဝင်ရောက်လာသည်နှင့်အမျှ စူပါမားကတ်များ၏ အယူအဆကိုလည်း နိုင်ငံတွင်းသို့ မိတ်ဆက်ခဲ့သည်။

ချောင်ကျန်းကျွင်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စီးပွားရေးလုပ်ခဲ့သည်။ ဟိုတုန်းကလို သူက တောရွာလေးက ကောင်လေး မဟုတ်တော့ဘူး။ သူသည် ဤသဘောတရားအသစ်ကို တစ်ချက်တည်းဖြင့် စွဲစွဲမြဲမြဲ ဆုပ်ကိုင်လိုက်သည်။

ဒါကြောင့် သူက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး စတိုးဆိုင်အားလုံးကို စူပါမားကတ်အဖြစ် နာမည်ပြောင်းလိုက်သည်။ ‌ဒုတိယမြောက်ချောင်၏ စူပါမားကတ်သည် ယခုအခါ မြို့တော်တွင် ဆိုင်ခွဲငါးခုအထိ ကြီးထွားလာခဲ့သည်။

ချောင်ကျန်းကျွင်းသည် အခြားမြို့များသို့ တိုးချဲ့သွားရန် စီစဉ်နေသည်။

အကြီးဆုံး၏ အန်းပင်းရဲ့ စားသောက်ဆိုင်သည် ယခုအခါ မြို့တော်တွင် အလွန်ကျော်ကြားသည်။ ဆိုင် သုံးခုစလုံးသည် အကြွယ်ဝဆုံး ဧရိယာများတွင် တည်ရှိသည်။ လက်ထပ်တဲ့အခါ ဒါမှမဟုတ် ညစာစားပွဲကျင်းပတဲ့အခါ လူတွေက ဒီကိုလာကြသည်။ သူတို့သည် အန်းပင်း၏ စားသောက်ဆိုင်တွင် အသုံးစရိတ်ကို မျက်နှာစာအဖြစ် ရှုမြင်ကြသည်။

ပဉ္စမမြောက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် ကောင်းမွန်စွာ လုပ်ဆောင်နေသည်။

ချောင်ကျန်းမင်၏ ဦးနှောက်နှင့် ဆက်သွယ်မှုစွမ်းရည်သည် မွေးရာပါဟု ဆိုနိုင်သည်။ သူက မောင်နှမတွေရဲ့ အထက်မှာ အမြဲရှိသည်။ ဒါ​ကြောင့်​ သူ​နောက်​ကျ​နေ​ရင်​တောင်​ လိုက်​နိုင်​သည်။

ယခုအခါတွင် သူသည် မြို့များစွာတွင် သူ၏အခွဲများ ရှိနေပြီ။ ဝူခမ်းပေါင်သည် သူနှင့် ခွဲထွက်သွားစဉ်မှစ၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်မှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။

တစ်ခါက သူက ဖောက်သည်တစ်ယောက်နဲ့ တွေ့ခဲ့သည်။ အဲဒီလူက နန်ရှန်ခရိုင်ကပါ။ ဝူခမ်းပေါင်အကြောင်း ပြောသောအခါတွင် သူသည် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ပါ။

သူတို့နှစ်ယောက် လမ်းခွဲပြီးနောက် ဝူခမ်းပေါင်သည် အန်းရွှင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီအမည်ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး နန်ရှန်ခရိုင်တွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

ယောင်ရှင်းရှင်း၏ လှည့်စားမှုအောက်တွင် သူသည် ရှယ်ယာတစ်ဝက်ကို ယောင်ရှင်းရှင်းအမည်သို့ လွှဲပြောင်းပေးရုံသာမက သူမ၏ ဝမ်းကွဲအစ်ကိုကိုလည်း ကုမ္ပဏီထဲသို့ ခေါ်ယူခဲ့သည်။

အစပိုင်းမှာတော့ ချောချောမွေ့မွေ့ ဖြစ်သည်။ ယောင်‌ရှင်းရှင်း၏ ဝမ်းကွဲအစ်ကိုသည်လည်း အလွန်အသိစိတ်ဖြင့် ပြုမူခဲ့သည်။

တဖြည်းဖြည်းနဲ့ ဝူခမ်းပေါင်က တစ်ဖက်လူကို မထိန်းချုပ်နိုင်တော့ဘူး။ ဝူခမ်းပေါင်သည် တဖြည်းဖြည်း ဥသျှောင်ဖြစ်လာပြီး ကုမ္ပဏီ၏ အာဏာသည် တစ်ဖက်လူ၏ လက်ထဲသို့ ရောက်သွားခဲ့သည်။

ဒါကမဆိုးသေးဘူး။ ပိုလို့တောင် မယုံနိုင်စရာကောင်းတာက ယောင်ရှင်းရှင်းဟာ သူ့ဝမ်းကွဲအစ်ကိုနဲ့ အတူရှိနေတာကို ဝူခမ်းပေါင်က အိပ်ရာထဲမှာ ဖမ်းမိသွားတာပင်။

ဝူခမ်းပေါင် သူတို့ နှစ်ယောက်ကို ပြင်းထန်စွာ ရိုက်နှက်ပြီး အဖမ်းခံခဲ့သည်။

နောက်ပိုင်းတွင် သူငယ်ချင်း အနည်းငယ်၏ အကူအညီဖြင့် သူသည် ကုမ္ပဏီကို ပြန်သိမ်းခဲ့သည်။ ကုမ္ပဏီသည် အများစု ပျက်စီးသွားကာ ငွေအမြောက်အမြား ပျောက်ကွယ်သွားခဲ့သည်။

ဝူခမ်းပေါင်က အာမခံနဲ့ လွတ်မြောက်လာပြီးနောက် ယောင်ရှင်းရှင်းနဲ့ ကွာရှင်းပြတ်စဲကြောင်း ကြားသိရပြီး ကုမ္ပဏီကို ပိတ်ပစ်လိုက်သည်။ ဖောက်သည်က နောက်ပိုင်းတော့ သူဘယ်သွားမှန်း မသိကြောင်း ပြောခဲ့သည်။

ချောင်ကျန်းမင်သည် ထိုအကြောင်းကို ကြားပြီးနောက် ထိုညတွင် သူသည် အိပ်မပျော်ခြင်းကို ခံစားခဲ့ရသည်။

လှဲချလိုက်ပြီး လှည့်ကြည့်လိုက်ကာ ချူရှန်မေက သူ့ကို ဘာဖြစ်နေတာလဲလို့ မေးလိုက်သည်။ ချောင်ကျန်းမင် သူ့မိန်းမကို နေ့ခင်းတုန်းက သူကြားခဲ့ရတာတွေကို ပြန်ပြောခဲ့သည်။

ဒါကိုကြားပြီးနောက် ချူရှန်မေက 'သူက ဒါနဲ့ထိုက်တန်တယ်' လို့ မျက်ခုံးတွေကို ‌မြှင့်ပြီး သူ့ကို ကြည့်လိုက်သည်။ "ရှင် ပျော့ညံ့နေတာလား?"

နှစ်အနည်းငယ်ကြာ လက်တွဲလုပ်ကိုင်ခဲ့တဲ့ ကာလအတွင်းမှာ အားလုံးရဲ့ ဆက်ဆံရေးဟာ တကယ့်ကို ကောင်းမွန်ခဲ့သည်။ နောက်ပိုင်းတွင် ဝူခမ်းပေါင်သည် တောင်စောင်းတစ်ခုသို့ ဆင်းသွားပုံရသည်။ အထူးသဖြင့် အစုစပ်ခွဲထွက်သည့် ကာလအတွင်းတွင် သူသည် အလွန်ရွံ့ရှာစရာကောင်းခဲ့သည်။

အဲဒီအချိန်ကို ပြန်သတိရမိတိုင်း သူမ ရင်တွေပူနေတုန်းပဲ။

ချောင်ကျန်းမင်က သူမကို ပွေ့ဖက်လိုက်ပြီး "မဟုတ်ပါဘူး၊ ကိုယ် စိတ်လှုပ်ရှားနေရုံပဲ!"

ဘေးချင်းကပ် လမ်းလျှောက်ဖူးတဲ့ ပုံမှန်သူငယ်ချင်းတစ်ယောက်က လမ်းလျှောက်ရင်း ရုတ်တရက် လမ်းခွဲသွားခဲ့သည်။

သူတို့သည် တစ်သက်တာလုံးတွင် ညီအစ်ကိုကောင်းများနှင့် အခင်ဆုံးသူငယ်ချင်းများဖြစ်ရန် တစ်ချိန်က သဘောတူခဲ့ကြသည်။ ဒါပေမယ့် နှစ်တွေကြာအောင် အတူမရှိနိုင်ခဲ့ကြဘူး။

သူသည် ပျော့ညံ့သူမဟုတ်ဘဲ လူတို့၏ စိတ်နှလုံးများသည် ပျော့ညံ့ရုံသာ။

ချူရှန်မေက သူ့ကို ပြန်ပွေ့ဖက်လိုက်သည်။ ခဏအကြာတွင် သူမသည် "စိတ်မပူပါနဲ့၊ ဒီဘဝမှာ ရှင် ကျွန်မပေါ်ကို မှန်မှန်ကန်ကန်လုပ်နေသရွေ့ ရှင့်ရဲ့ဘေးမှာ ကျွန်မအမြဲရှိနေမှာပါ!"

ဒါကိုကြားတော့ ချောင်ကျန်းမင်က သူ့ခေါင်းကို မော့ပြီး သူမနှုတ်ခမ်းကို နမ်းလိုက်သည်...

All Chapters