← Chapters

တစ်စုံတစ်ယောက်ကို ကဲ့ရဲ့ ရှုံ့ချခြင်း

Vol. 142 Ch. 4.1636

တစ်စုံတစ်ယောက်ကို ကဲ့ရဲ့ ရှုံ့ချခြင်း

Vol. 142 Ch. 4.1636

"သူက မီးဖီးနစ်မျိုးနွယ်က ဒုတိယမြောက် သခင်မလေး မင်ရှာမလား?"

မကြာခင်မှာပဲ လူတစ်​ယောက်က အဲဒီအမျိုးသမီးရဲ့ အထောက်အထားကို ဖော်ထုတ်ခဲ့လိုက်သည်။ သို့နှင့် သူမပတ်ဝန်းကျင်မှာရှိတဲ့ သားရဲတွေ အားလုံးလည်း ပါးစပ်ပိတ်ကာ ဂရုတစိုက်နဲ့ ထွက်ခွာသွားကြပါတော့သည်။

ဖီးနစ်မျိုးနွယ်သည် နဂါးမျိုးနွယ်နှင့် တန်းတူယှဉ်နိုင်သော မျိုးနွယ်တစ်ခု ဖြစ်သည်။ မီးဖီးနစ်မျိုးနွယ်နဲ့ ရေခဲဖီးနစ်မျိုးနွယ်ဟာ အလွန်အစွမ်းထက်ပြီး လူတိုင်းရှေ့တွင် ပေါ်လာလေ့ရှိသော အရာမှာ မီးဖီးနစ်မျိုးနွယ် ဖြစ်သည်။

အထူးသဖြင့် မီးဖီးနစ်မျိုးနွယ်ရဲ့ ဖီးနစ်နတ်မီး၏ ထူးခြားသော မှော်အစွမ်းက ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားသဖြင့် နတ်နဂါးမျိုးနွယ်ကလွဲလို့ တခြား ဘယ်မျိုးနွယ်ကမှ မီးဖီးနစ် မျိုးနွယ်ကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိကြပေ။

မီးဖီးနစ်မျိုးနွယ်ရဲ့ မောက်မာမှုကိုလည်း အားပေး​ကြ​သေးသည်။

"မင်းသမီး မင်ရှာကိုး... မင်းသမီးကို လူကိုယ်တိုင် မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်"

ဆိုင်ပိုင်ရှင်က မျှော်စင်နယ်ပယ် အဆင့်၉ ပျမ်းမျှအင်အားသာ ရှိသည်။ သူ၏ အသွင်အပြင်သည် ထင်ရှားစွာ မရှိဘဲ စျေးကုပ်တစ်ခု ထူထောင်ရန် ထွက်လာကတည်းက သာမန် မိသားစုတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ မီးဖီးနစ်မျိုးနွယ်စုမှ မင်းသမီးမင်ရှာကို သူ ဘယ်လိုမှ မစော်ကားဝံ့ချေ။

"ပြောပါ... ရှင့်ရဲ့ ကောင်းကင်လက်နက်က ဘယ်လောက်လဲ ကျွန်မ လိုချင်တယ်"

စျေးသည်: "မင်းသမီးမင်ရှာကတော့ နောက်နေပြန်ပါပြီ.. မင်းသမီးက ဘယ်သူလဲ ဒီလို ကောင်းကင်လက်နက်က သာမန်အရာလေးပါ... မင်းသမီးနဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ"

မင်ရှာ မျက်ခုံးပင့်လိုက်ပြီး :"အင်း ရှင်က ဘာကိုဆိုလိုချင်တာလဲ ပိုက်ဆံမပေးနိုင်ဘူးလို့ ပြောချင်တာလား? ကျွန်မကို မကြိုက်လို့လား"

"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူးဗျာ"

စျေးရောင်းသူလည်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

"ဘယ်လောက်လဲ?"

စျေးသည်က :"မင်းသမီးမင်ရှာ... ကောင်းကင်လက်နက်တွေက သန့်စင်ဖို့ ခက်တယ်ဆိုတာ မင်းသမီးလည်း သိပါတယ်... ဒါကြောင့် ကောင်းကင်လက်နက်တိုင်းက အရမ်းတန်ဖိုးရှိပြီး ဘယ်သူမှ လွယ်လွယ်နဲ့ ရောင်းမှာမဟုတ်ဘူး... လူအသက်ရှင်နေသရွေ့ ဓားကလည်း အသက်ရှင်နေသေးမယ် လူသေရင်တော့ ဓားလည်း သေသွားနိုင်တယ်... ​​ဒါကို လူတော်တော်များများလည်း သိကြပါတယ်"

"ဘာကိုဆိုလိုချင်လဲ တိုက်ရိုက် ပြောပြ... ရှင်နဲ့ ပဟေဠိ​တွေ ကစား​နေဖို့ စိတ်မ၀င်စားဘူး"

"ဟားဟား... ဒီရောင်းသူ ပြောချင်နေတာက ဒီကောင်းကင်လက်နက်က မတရားတဲ့နောက်ခံကနေ ဆင်းသက်လာတာလို့လေ..."

လူအုပ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

စျေးသည်က ရယ်လိုက်၏။

"တစ်ခုခု ဖြစ်နေပြီလို့ ထင်လိုက်တာ ဟူး...အရင်သခင်က သူ့လက်နက်ကိုတောင် သူ့ဘာသာ မကာကွယ်နိုင်ခဲ့ဘူးပေါ့လေ.... ဒီလိုလူမျိုးဆီက လာတဲ့ ဓားက ဘာကြောက်စရာရှိလို့လဲ... ကျွန်မ ဒီဓားကို လိုချင်တယ်"

စျေးရောင်းသူ၏ မျက်နှာအမူအရာမှာ အလွန်လျင်မြန်စွာ ပြောင်းလဲသွားကာ ချစ်စရာကောင်းသော အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပြီ... မင်းသမီးလေး လိုချင်တယ် ဆိုမှတော့ ကျုပ် လျစ်လျူမရှုပါဘူး... အဆင့်၇ သလင်းကျောက်သုံးခုပါ... မင်းသမီးလေး ကျေးဇူးပြုပြီး ယူသွားပါ"

မင်ရှာကလည်း ရယ်မောလိုက်သည်။ ပါးနပ်လိမ္မာတဲ့ စီးပွားရေးသမား တစ်ယောက်ရဲ့ နှိမ့်ချမှုကို ချက်ချင်းကို ထွက်ပေါ်လာတော့၏။ နောက်ခံ မရှင်းလင်းသော ကောင်းကင်လက်နက် အမှန်ဖြစ်လျှင်ပင် လူ​တွေကို စုံစမ်းနှောင့်ယှက်မိဖို့ လုံလောက်ပေလိမ့်မည်။

ဒါကိုတောင် ဒီဈေးသည်က ရောင်းချရဲတဲ့အထိ သတ္တိရှိပေသည်။

"အဘိုးကြီး... ရှင် ကျွန်မတို့သခင်မလေးကို လှည့်စားဖို့ ကြိုးစားနေတယ်ပေါ့လေ... သေမင်းကို ရှာနေတာလား..."

"ဟေး မိန်းကလေး... ဒီစကားက မမှန်ဘူးလေ.. ဒါက ဘယ်လိုလုပ် လိမ်တယ်ဖြစ်မှာလဲ... အမြင့်ဈေးနဲ့ ရောင်းတာလေ.. နောက်ပြီး ဒါက ကောင်းကင်လက်နက်! ပေါ့ပေါ့တန်တန် ဈေးနဲ့ ရောင်းရင် ကောင်းကင်လက်နက်ရဲ့ တန်ဖိုးကို ဘယ်လိုလုပ် မီးမောင်းထိုးပြ နိုင်တော့မှာလဲ..."

"မင်းက အရမ်းအတင့်ရဲတာပဲ ငါမင်းကို အနိုင်ယူနိုင်ပါသေးတယ်...."

စျေးရောင်းသူသည် ဖက်တီးအစေခံ၏ လက်ကို လက်ဖဝါးဖြင့် ပိတ်ဆို့ထားလိုက်သည်။

"မင်းသမီး... မင်းရဲ့အစေခံက နည်းနည်းတော့ သည်းမခံနိုင်ဘူး ထင်တယ်... ဒါက မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မင်းကို ချဉ်းကပ်နိုင်လောက်တဲ့လူ မရှိဘူးလို့ အထင်ကြီးသွားစေလိမ့်မယ် ထင်တယ်...."

"ကောင်းပြီ သလင်းကျောက် သုံးလုံးက အရမ်းဈေးကြီးတယ်လို့ ထင်ရင် ဟီးဟီး... အဲဒါကို စျေးသက်သာအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေါ့ ငါမင်းကို မစော်ကားရဲဘူးလေ..."

စျေးရောင်းသူသည် စွန့်စားနေပုံရသော်လည်း သူပြောသမျှ စကားတိုင်းက ဆဲရေး​နေခြင်းသာ ဖြစ်သည်။

"ဟမ့်!"

မင်ရှာ နှာမှုတ်လိုက်တဲ့အခါ အိမ်ဖော်နှစ်ယောက်လည်း အမြန်နောက်ပြန် ဆုတ်သွား​ကြသည်။

"ဒါက အဆင့်၇ ယွမ်သလင်းကျောက် သုံးလုံးလေးပဲမလား... ဟုတ်ပြီ... ငါ ဝယ်မယ်!"

ဖက်တီးအစေခံမလေးက သလင်းကျောက် သုံးလုံးကို တွန့်ဆုတ်စွာ ထုတ်ယူကာ ပြောလိုက်သည်။

"မင်းသမီး အဲဒီလူက မင်းသမီးကို လိမ်ညာနေတာ အသိသာကြီး!"

ဖြောင်း!

ပါးရိုက်ချက်က အစေခံရဲ့ မျက်နှာကို ထိမှန်သည်။ မင်းသမီးမင်ရှာရဲ့ မျက်နှာမှာ အတော်လေး အေးစက်နေ၏။

"ငါ တစ်ခုခုဝယ်ချင်တိုင်း နင့်ရဲ့အကြံဉာဏ်ကို တောင်းနေရမှာလား..."

"မ​ပြောရဲပါဘူး!"

ဖက်တီးအစေခံက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး သိုလှောင်လက်စွပ်ထဲမှ အဆင့်၇ ယွမ်သလင်းကျောက် သုံးလုံးကို ထုတ်ယူကာ လွှဲပြောင်းပေးလိုက်သည်။

စျေးရောင်းသူက ရယ်မောပြီး ပြောလေ၏။

"မင်းသမီးမင်ရှာက တကယ်ကို ကြီးမြတ်ပါတယ်... အရမ်းလည်း လေးစားမိပါတယ်"

သူပြောသည့်အတိုင်း ကောင်းကင်လက်နက်ကို ဖြုတ်ချလိုက်သည်။

လုရွှမ်ရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ ဤရောင်းချသူက အလွန် စဥ်းစားတတ်လွန်းလှသည်။ လုရွှမ်လို စည်းတံဆိပ်များကို နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်သော တစ်စုံတစ်ယောက်မှ ပြဿနာကို ရှာတွေ့နိုင်ခြင်းမရှိပါက သူ လွတ်သွားလိမ့်မည်။ ထိုလူက လက်နက်ပေါ်က စည်းတံဆိပ်ကို အနည်းငယ် တိတ်တဆိတ် ချိုးဖျက်ပစ်လိုက်ခြင်းပင်။

သို့သော် ကောင်းကင်လက်နက်မှ ထုတ်လွှတ်သော ရောင်ဝါကိုတော့ ၎င်း၏မူလပိုင်ရှင်က ခံစားမိနေလောက်ပြီ။ စျေးရောင်းသူ၏ လုပ်ရပ်ကို မင်ရှာနဲ့ သူ့အစေခံမိန်းကလေး နှစ်ယောက်ကတော့ ဘာမှ သတိမထားမိကြတာ ထင်ရှားပါသည်။

"သွားကြရအောင်..."

မင်းသမီးမင်ရှာလည်း စျေးရောင်းသူကို လေးလေးနက်နက် ကြည့်ကာ လှည့်ထွက်သွားသည်။ အစေခံ နှစ်ယောက်ကလည်း ဈေးရောင်းသူကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး နောက်လှည့်ကာ လိုက်သွားကြသည်။

"ဟမ့် ဘာကြည့်နေတာလဲ... ငါဘာလို့ ကံဆိုးနေတာလဲလို့ တွေးနေတာလား... အဲဒါက နင်တို့က လူသားနှစ်ယောက် ဖြစ်နေလို့လေ! ကံဆိုးလိုက်တာ!"

ဖက်တီး အစေခံတစ်ယောက်က ရန်ဖေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ကျိန်ဆဲကာ တစ်ချက် ကန်ထုတ်လိုက်သည်။

ရန်ဖေးလည်း ရုတ်ချည်း ဒေါသထွက်သွားသည်။ ဒါတွေအားလုံး သူမနဲ့ ဘာဆိုင်လို့လဲ။ သူမ ထပ်ခါထပ်ခါ စိတ်ရှည်သည်းခံခဲ့သော်လည်း ဤကျွန်ဆီက မထီမဲ့မြင်ပြုခြင်းနှင့် ကန်ထုတ်ခြင်းကို ခံခဲ့ရသေးသည်။

အစေခံက ဖီးနစ်နှင့် အခြားနတ်ဆိုးများ၏ အမျိုးအနွယ်မျှသာ ဖြစ်သည်။ သူမအဆင့်အတန်းက အစေခံတွေကြားမှာရော ဘယ်လောက်အထိ မြင့်မားနိုင်မှာလဲ။

သို့သော်လည်း ရန်ဖေး နောက်ဆုတ်​ပေးလိုက်ဆဲ။ သူမ မျက်နှာက ပူလောင်နေပြီး အရှက်ရသလို ခံစားလိုက်ရပေမယ့် နောက်ပြန်ဆုတ်သွားတုန်းပါပဲ။

ကောင်းကင်ကမ္ဘာမှာ သူမ ဒီလိုကဲ့ရဲ့မှုတွေကို ခံစားလာရတာကြောင့် ကျင့်သားရနေပါပြီ။ ဒါ့အပြင် ဒါက နဂါးကျွန်းဖြစ်ပြီး သူတို့ ပတ်ဝန်းကျင်မှာ စောင့်ကြည့်နေတဲ့ သက်ရှိသတ္တဝါတွေ ရှိသည်။ ပြဿနာ ရှာလိုက်လို့ သူတို့ကို သွားခွင့်မပေးရင် ဘယ်လိုလုပ်မလဲ။

ပဋိပက္ခတွေ တကယ်ဖြစ်လာရင် သူတို့ ဒုက္ခရောက်မှာ သေချာပါ၏။ လုရွှမ်သည် ယခင်ကလို ဖီးနစ်ကို လက်သီးတစ်ချက် ကျွေးကာ တိုက်ရိုက် ထိုးသတ်နိုင်မည်ဟု သူမ မျှော်လင့်ထားသော်လည်း မလုပ်ဝံ့ခဲ့ပေ။

"ဟမ့် လူသားတွေက အမှိုက်တွေ!"

အစေခံက ရယ်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ အစမှအဆုံးအထိ မင်းသမီးမင်ရှာသည် သူမ အစေခံမိန်းကလေးများရဲ့ အပြုအမူကို မသိကျေးကျွန် ပြုထားခဲ့သည်။ ပတ်ဝန်းကျင်ရှိ သတ္တဝါများကလည်း ကျယ်လောင်စွာ ရယ်မောပြီး လူသားများ ဒီလို ခံစားရတာက အထူးအဆန်းမဟုတ်ဘူးဟု ကျိန်ဆဲ​နေကြသည်။

ရန်ဖေးရဲ့ မျက်လုံးများသည် သွေးထွက်မတတ် နီရဲလာနေပြီး သူမတစ်ကိုယ်လုံး တုန်ခါနေသည်။ သူ အခုချက်ချင်း ရှေ့ကို တိုးနိုင်ပါစေလို့ ဆန္ဒပြုမိ၏။ တိုက်ပွဲမှာ သေဆုံးသွားရင်တောင်မှ လျစ်လျူရှုပြီး တခြားသူတွေရဲ့ အနိုင်ကျင့်တာကို ပြန်မတိုက်ဝံ့ဘဲ နေရခြင်းထက် ပိုကောင်းပါသည်။

ထိုစဥ် သူမ ပုခုံးကို တစ်စုံတစ်ယောက်က ကိုင်ထားတာ ရုတ်တရက် ခံစားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်တော့ လုရွှမ် ဖြစ်နေ၏။

"အစ်ကိုကြီး... သူတို့ အရမ်းလွန်သွားပြီ"

ရန်ဖေး ​အော်​လိုက်​ပြီး ​နောက်​ဆုံး​တော့ သူ့မျက်​ရည်​​တွေကို ထိန်းမနိုင်​​အောင်​ စီးကျလာတော့သည်။ လုရွှမ် ရန်ဖေးရဲ့ မျက်ရည်များကို ညင်သာစွာ သုတ်​ပေးလိုက်သည်။

"သူမ ကံကောင်းနေသေးလို့ ခဏလောက် မာနကြီးနေပါစေ... စိတ်မပူပါနဲ့ သူတို့လိုချင်ရင်တောင် ဓားကိုတော့ မယူနိုင်ပါဘူး"

လျိုရှန်းကလည်း ရန်ဖေးကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး တိုးတိုးလေး ပြောပြသည်။

"စျေးရောင်းသူက ဓားရဲ့ စည်းတံဆိပ်ကို နည်းနည်း ဖျက်စီးထားတာ...ထွက်လာတဲ့ ရောင်ဝါက အရမ်းအားကောင်းတယ် ဒါက အဲ့ဓားပိုင်ရှင်က အရမ်းကို တန်ခိုးကြီးတယ်ဆိုတာ သိသာတယ်... မင်းသမီးမင်ရှာက သူ့ကို အခွင့်ကောင်းယူသွားတယ်လို့ ထင်ရပေမယ့် ရောင်းသူက သူမအပေါ် တမင်တကာ အပြစ်ပုံချနေတာကိုတော့ မသိလိုက်ဘူး..."

လုရွှမ်: "ငါတို့ အခု ဝင်တိုက်လိုက်ရင် မလွဲမသွေ သံသယတွေကို နှိုးဆွမိလိမ့်မယ်... သူတို့နောက်ကို တိတ်တိတ်လေး လိုက်ကြည့်ကြရအောင်"

သူ့အသံမှာ လူသတ်ချင်စိတ်တွေ ပြည့်နှက်နေသည်။

ရန်ဖေး: "ဒါဆိုလည်း သူမကို အေးအေးဆေးဆေး ခဏလောက် မာနကြီးခိုင်းထားလိုက်မယ်!"

"ဘာလို့ ဒီလောက် မာနကြီး​ပြ​နေရတာလဲ...ငါတို့ကို ဒေါသတွေ ထွက်လာအောင်ပါ လုပ်သွားသေးတယ်... ဟမ့် သူ့ကိုယ်သူ တကယ် မွန်မြတ်နေပြီလို့များ ထင်နေတာလား?"

"ရဲ့ရှား ပြောသလိုပဲ... သူ ပေးခဲ့တဲ့ စော်ကားမှုတွေကို သွေးနဲ့ ဆေးကြောပစ်ဖို့ လိုသေးတယ်"

All Chapters