← Chapters

ဈေးသည်တွေက အခြေအနေကို အနှောင့်အယှက်ပေးတယ်

Vol. 142 Ch. 4.1637

ဈေးသည်တွေက အခြေအနေကို အနှောင့်အယှက်ပေးတယ်

Vol. 142 Ch. 4.1637

"ကောင်းပြီ!"

ရန်ဖေးနဲ့ ဖူကျွမ်ချင်းတို့သည် တစ်ပြိုင်တည်း ခေါင်းညိတ်ကာ အော်ဟစ်ခဲ့ကြသော်လည်း အမျိုးသမီးနှစ်ဦးမှာ အတွင်း နှလုံးသားထဲတွင်တော့ ဒေါသကို ဆုပ်ကိုင်ထားကြသည်။

လျိုရှန်းသည် လုရွှမ်လို လူတစ်ဦးနှင့် တွေ့ဆုံရသည့်အတွက် မင်းသမီး မင်ရှာအတွက် ဝမ်းနည်းကြေကွဲခဲ့သည်။ သူတို့နှစ်ယောက် အရင်က ဆုံဖူးပေမယ့် နောက်ပိုင်းမှာတော့ သူမကို မေ့သွားတာ ကြာပြီဆိုတာ သိသာပါ၏။

လုရွှမ်သည် ထိုနတ်ဆိုးများကို ဂရုမစိုက်ကြောင်းကိုလည်း သူမ ရှင်းရှင်းလင်းလင်း မြင်နေရတာ ကြာပြီ။ နောင်မှာ မျိုးနွယ်စုတွေ အချင်းချင်း ငြိမ်းချမ်းနေမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အကယ်၍ သူတို့သည် သေခြင်းတရားကို ရှာကြံပြီး ယခုလို မာနကြီးချင်သေးပါက သူတို့သည် ကိုယ့်သင်္ချိုင်းတွင်းများကို ကိုယ့်ဘာသာ တူးကြရလိမ့်မည်။

"အဲ့ဈေးသည် ကောင်းကင်လက်နက်ကို ဖြုတ်လိုက်ကတည်းက စည်းတံဆိပ်က ကျိုးနေပြီ... အဲဒါကြောင့် ကောင်းကင်လက်နက်ရဲ့ သခင်က မကြာခင် ရောက်လာလိမ့်မယ်"

လျိုရှန်းက ရှင်းပြသည်။

သူတို့လေးယောက်သည် ဤနေရာ၌ လှည့်လည်သွားလာရန် ခေတ္တမျှပင် စိတ်မဝင်စားတော့ဘဲ မကြာခင် ပြဿနာတတ်တော့မယ့် မင်းသမီးနောက်သို့ တိတ်တဆိတ် လိုက်သွားကြသည်။

သခင်နဲ့ သူ့ကျွန်နှစ်ယောက်က ဈေးထဲက အမြန်ထွက်သွားပြီး ဝေးလံခေါင်သီတဲ့ အရပ်ဆီ ပြေးသွားကြသည်။ သူတို့သည် ကောင်းကင်စစ်သားများ၏ စွမ်းအားကို ပြသလိုပုံရလေ၏။ ဏနောက်ကလိုက်လာတဲ့ လူလေးယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက်သာ ကြည့်ကာ စကားမပြောနိုင်ကြ။

ဒါဟာ တကယ်ကို သေစေမယ့် ရာဇ၀တ်မှုပါပဲ​။ ဝေးလံခေါင်သီသော အရပ်ဆီသို့ သူမ ပြေးနေသည်။ ဒါက သေခြင်းတရားကို ရှာနေတာမဟုတ်ရင် ဘာများ ဖြစ်နိုင်ဦးမလဲ။

လုရွှမ် မျှော်လင့်ထားသည့်အတိုင်း ပွင့်လင်းသော နေရာ ရောက်သောအခါ မင်ရှာနှင့် သူ့ကျွန်နှစ်ယောက်တို့က ရပ်တန့်လိုက်ကြပြီး ကောင်းကင်လက်နက်ကို ဆွဲထုတ်လိုက်ကြသည်။

"ဟမ့် ဒီကောင်းကင်လက်နက် ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ငါကြည့်ချင်တယ်... ဖြစ်နိုင်ရင် ဒီကောင်းကင်လက်နက်ကို အစ်ကို အောင်ထျန်းကို လက်ဆောင်ပေးလိုက်မယ်... သူ ငါ့ကို ကြိုက်သွားမယ်လို့ ထင်လား"

သူမကို ကြည့်ရတာ ပန်းတစ်ပွင့် ရူးသွပ်နေသလိုပင်။

အိမ်အကူနှစ်ယောက်သည် သူမ၏ အောင်ပွဲအား အဆက်မပြတ် ချီးကျူး​နေကြပြီး သူတို့၏ စကားများသည် အလွန်ရွံရှာဖွယ်ကောင်းသောကြောင့် နားထောင်နေသော လူများကို အန်ချင်လာစေသည်။

"လာပြီ!"

လုရွှမ် ရုတ်​တရက်​​ ပြောလိုက်​ပြီး သူ့လက်​​မောင်းကို လှိုင်းလုံး​လေး​တွေနဲ့အတူ ဝေ့ယမ်းလိုက်ကာ လူ​လေး​ယောက်​ကို ဖုံးလွှမ်းပစ်လိုက်လေသည်။

အမွှေးတိုင်တစ်ချောင်း ကုန်သွားပြီးသွားတော့ အလွန်အကျင့်ပျက်သော မျက်နှာနှင့် အသက်မပြည့်သေးသော အမျိုးသားတစ်ဦး ​ပြေးထွက်လာသည်။ မင်ရှာရဲ့လက်ထဲမှ ကောင်းကင်က စစ်သားတွေကို မြင်လိုက်တာနဲ့ သူ သိသိသာသာကို စိတ်လှုပ်ရှားသွားသည်။

"ငါ့ရဲ့ မှော်ကျောက်စိမ်းဓား!"

ထိုလူက ဓားကို ကိုင်ဖို့ ပြေးလာရင်း အော်ဟစ်လိုက်သည်။ မင်းသမီးမင်ရှာကလည်း သူ့လက်ကောက်ဝတ်ကို လှည့်ကာ ဓားစွမ်းအင် တစ်ချက်ကို ထိုယောက်ျားဆီသို့ ခုတ်ထစ်ရင်း ထို​သူ့လက်ကို တွန်းထုတ်ပစ်လိုက်သည်။

ထိုလူမျက်နှာလည်း ဖြူဖျော့သွားကာ ဓားစွမ်းအင်ကိုရှောင်ရန် ဘေးသို့ အမြန် ရွှေ့လိုက်ရသည်။

"မိန်းကလေး.. မင်းဘာသဘောလဲ?"

"ဟမ့်... နင် ငါ့ဓားကို လုယူဖို့ ကြိုးစားနေတာလေ... ငါဘာကိုပြောချင်သေးလဲ"

"ဒါက ငါ့ရဲ့ မှော်ကျောက်စိမ်းဓားပဲ... ငါ ဂရုမစိုက်မိခင် လူတစ်ယောက်က ခိုးသွားတာ"

ထိုလူက ​ပြန်အော်သည်။

"အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ? ငါဝယ်ဖို့ အဆင့်၇ သလင်းကျောက် ၃လုံး သုံးလိုက်ရတယ်.. အဲ့တော့ ဒါက ငါ့ရဲ့ကောင်းကင်လက်နက်ပဲ"

ထိုလူက အော်ဟစ်လိုက်ပေမယ့် သူ့အမူအရာက ခဏအကြာမှာတော့ ငြိမ်သက်သွားခဲ့သည်။ သူသည် ထူးထူးခြားခြား နောက်ခံရှိသော လူတစ်ယောက် ဖြစ်နေတာ ထင်ရှားပါ၏။

သူက မင်ရှာကို ငုံ့ကြည့်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

"မင်း ငါ့ကို လိမ်ညာဖို့ ကြိုးစားနေတာပဲ.. ငါသိပြီ... ဟမ့် မင်းက ဖီးနစ်လေး တစ်ကောင်သာသာပဲ... ဒါပေမယ့် မင်းတကယ်ပဲ မင်းကိုယ်မင်း ဖီးနစ်တစ်ယောက်လို မာနကြီးနေတာလယး"

"ငါက အထက်ကမ္ဘာက ကောင်းကင်သိမ်းငှက်ပဲ... ငါ မကြာသေးခင်ကမှ မြေကမ္ဘာပေါ် ဆင်းသက်လာတဲ့ နဂါးကျွန်းရဲ့ အထူး ဧည့်သည်တစ်ယောက်ပဲ... ဖီးနစ် မင်း အမှားမလုပ်မိ​စေနဲ့... မင်းငါ့ရဲ့ ကောင်းကင်လက်နက်ကို ငါ့ဆီ ပြန်ပေးရင် ပိုကောင်းမယ်... မဟုတ်ရင် ငါ ကိုယ်တိုင် လာယူရလိမ့်မယ်"

"မင်းတို့ ဖီးနစ်မျိုးနွယ်က မြေကမ္ဘာမှာ ဘယ်လောက်ပဲ မာနကြီးနေပါစေ မင်း ကြိုက်သလို ကစားလို့ ရတယ်... ဒါပေမယ့် မင်းငါ့ကို အဲ့လိုလာလုပ်လို့ မရဘူး!"

မင်ရှာက "ဟွန့်" ဟူသော အသံတစ်ချက်ပေးကာ သူမရဲ့ အထင်အမြင်သေးမှုကို ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။

"ကောင်းကင်သိမ်းငှက် ဆိုတော့ ဘာဖြစ်လဲ... အထက်ကမ္ဘာက ဆိုတော့ရော ဘာဖြစ်လဲ? အပြောကောင်းပေမယ့် အခု အောက်ကမ္ဘာကို ရောက်နေပြီ... အသက်ရှင်ဖို့ နည်းလမ်းရှာရအောင် အောက်ကမ္ဘာကို အတင်းအကြပ် စေခိုင်းခံရတာ အသိသာကြီး... နင်က ခွေးနဲ့တူတယ်.. ဒီဒုတိယမင်းသမီးကိုတောင် ခက်ခဲအောင် လုပ်ရဲတယ်ပေါ့လေ.."

"မင်းငါ့ကို မပေးချင်ဘူးထင်တယ် ဟုတ်ပြီ ငါကိုယ်တိုင် လာယူလိုက်မယ်"

ကောင်းကင်သိမ်းငှက်သည် အပေါ်မှလှိမ့်ကာ သူ့မူလပုံစံသို့ ပြောင်းပြီး တောင်ပံများကို ဖြန့်ချ၍ မင်ရှာကို ဖမ်းဆုပ်လိုက်သည်။ မင်ရှာ နောက်ပြန်ဆုတ်ပြီး လက်ညိုး ထိုးပြလိုက်တာနဲ့ အိမ်အကူနှစ်ယောက်က ရှေ့ကို ပြေးထွက်သွားကြသည်။

မိန်းက​လေး နှစ်ယောက်ကလည်း တော်တော်အစွမ်းထက်ပါ၏။ နှစ်ယောက်စလုံးက နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ကို ရောက်သွားပြီ။ ဒုတိယမင်းသမီးရဲ့ အနီးကပ်အစေခံက ဒီအဆင့်ရှိနေတာ လုံလောက်ရုံမျှသာဖြစ်သည်။

သို့သော် မီးဖီးနစ် မျိုးနွယ်တွင် မင်ရှာရဲ့ အဆင့်အတန်းက အလွန်မြင့်မားခြင်း မရှိကြောင်းကိုလည်း သိသာစေသည်။ ကောင်းကင်သိမ်းငှက်က အမျိုးသမီးနှစ်ယောက်ကို လုံးဝအလေးအနက် မထားခဲ့။ သူ့လက်ထဲမှာ ဘာလက်နက်မှ မရှိဘဲတောင် သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်အသုံးပြုပြီး အိမ်ဖော်နှစ်ယောက်ကို တိုက်ခိုက်ခဲ့သည်။

ထိပ်တိုက် ရင်ဆိုင်မှုတစ်ခုက အိမ်အကူနှစ်ဦးကို ခေါင်းပြတ်သွား​စေခဲ့သည်။

"အား!"

မင်ရှာ ထအော်သည်။ နောက်ဆုံးတော့ သူမ ကြောက်သွားပြီ။

သူမသည် မီးဖီးနစ်မျိုးနွယ်စု၏ ဒုတိယမြောက် မင်းသမီးဖြစ်သည်ဟူသော အချက်ကို အားကိုးကာ ငယ်စဉ်ကတည်းက ပေါ့ပေါ့ဆဆ သရုပ်ဆောင်ရခြင်းကို ကျင့်သားရခဲ့သည်။ အချို့သော တန်ခိုးကြီးသူများသည် သူမ၏ဝိသေသလက္ခဏာကို သဘာဝကျကျ သိကြပြီး မျိုးနွယ်စုရဲ့ မျက်နှာကို တွေးတောကာ သူမအား အနှောက်အယှက်ပေးမည် မဟုတ်ပေ။

အားနည်းတဲ့ သူတွေအတွက်တော့ သူမကို ကာကွယ်ဖို့ နတ်ခြေလှမ်းနယ်ပယ် လူနှစ်ယောက် ရှိတာကြောင့် လုံလောက်ပြီလို့ ဆိုရမည်။

ဒါပေမဲ့ ညဘက်မှာ လမ်းအရမ်းလျှောက်ရင် နောက်ဆုံးမှာ သရဲတစ္ဆေတွေနဲ့ တွေ့လိမ့်မယ်ဆိုတဲ့ ဆိုရိုးစကား ရှိလေသည်။ ယခု နောက်ဆုံးတွင် သူမသည် အင်အားကြီးမားသော နောက်ခံရှိသူတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သူမလှည့်ကွက်များက ထိုလူ့အတွက် အကျုံးမဝင်ခဲ့ပေ။

"ဒီကောင်းကင်လက်နက် နင့်ကို ငါပြန်ပေးပါ့မယ်"

မင်ရှာ အော်လိုက်သည်။

"ငါ့ကို ပြန်ပေးမယ် ဟုတ်လား အဲ့လောက် လွယ်မနေတော့ဘူး... ငါ ကောင်းကင်လက်နက်ကို ပြန်ရအောင် ကြိုးစားဖို့ အချိန်နဲ့ ခွန်အားတွေ အများကြီး ကုန်ခဲ့တယ်... မင်း ဘာမှ မဖြစ်သွားရဘူးလို့ မထင်လိုက်နဲ့"

ဒါကတော့ မင်ရှာကို အနိုင်ကျင့်နေတာ ထင်ရှားပါ၏။ ဒါပေမယ့် ဒီအချိန်မှာ သူမတစ်ယောက်တည်းပဲမလို့ သူမကိုမှ မဟုတ်ရင် ဘယ်သူက သွားအနိုင်ကျင့်ခံရမလဲ။

မင်ရှာရဲ့မျက်နှာက ကြောက်ရွံ့မှု၊ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။

"လျော်ကြေး ဘယ်လောက်လိုချင်လဲ"

ကောင်းကင်သိမ်းငှက်က လှောင်ပြောင်ရယ်မောရင်း ပြောသည်။

"မင်းရဲ့ သိုလှောင်လက်စွပ်ကို ငါအရမ်းကြိုက်တယ်... ငါ့ကို ပေးလိုက်ရင် မင်းကို လွှတ်​ပေးလိုက်မယ်... နောက်ဆုံးတော့ ငါတို့အားလုံးက ငှက်တွေပဲလေ ကောင်းကင်သိမ်းငှက်နဲ့ ဖီးနစ်က တစ်မိသားစုတည်း ဟုတ်တယ်မလား?"

"နင် အရမ်း​လွန်လာပြီ... ဒါ ငါ့ဟာ.. ငါ့..."

ထိုစဥ် လုရွှမ် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒီမှာ တခြားတစ်ယောက် ရှိနေတယ်... ဟမ့် အသိမိတ်ဆွေပဲ"

လျိုရှန်းရဲ့ စိတ်ထဲလည်း တုန်လှုပ်သွားသည်။

"ဟိုဈေးသည်!"

မင်ရှာက သိသိသာသာကို ထိတ်လန့်သွားသည်။ သူမသည် လက်စွပ်ကို လွှင့်ပစ်ပြီး ကောင်းကင်လက်နက်ကိုပါ လွှင့်ပစ်လိုက်သည်။

"ဟီးဟီး ကောင်းတယ်!"

ကောင်းကင်သိမ်းငှက်က အော်ဟစ်လိုက်ပြီး ကောင်းကင်လက်နက်နှင့် လက်စွပ်ဆီသို့ လှမ်းဆွဲလိုက်သည်။

ရုတ်တရက် အလွန်လျင်မြန်သော အရှိန်ဖြင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူရုပ်တစ်ခု ပြေးထွက်လာကာ လက်စွပ်နှင့် ကောင်းကင်လက်နက်ကို လေထဲတွင် ဖမ်းကိုင်လိုက်လေသည်။

"ဟားဟား... မင်းက လူမိုက်၊ ငါ ကောင်းကင်က စစ်သားကို ထပ်ပြီး ဖမ်းလိုက်ပြီ။ ဝယ်တစ်ထည် အလကားပေးတာပဲ"

ဈေးရောင်းသမားက ကျိန်ဆဲပြီး လှည့်ထွက်ပြေးသွားခဲ့သည်။ ကောင်းကင်သိမ်းငှက်မှာ ခဏလောက် ထိတ်လန့်သွားပေမယ့် သတိပြန်ဝင်လာ၏။

"သေချင်းဆိုး! မင်းကိုး! ကောင်လေး မင်းအဲဒီမှာ သေလိုက်စမ်း!"

သူသည် သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး ကောင်းကင်သိမ်းငှက်ရဲ့ အနီရောင် အမွေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ အမွေးက အလင်းတဖျပ်ဖျပ်ဖြင့် ဈေးရောင်းသူဆီသို့ ပစ်ခတ်လိုက်သည်။

စျေးသည်ကလည်း အော်ဟစ်ပြီး ကောင်းကင်လက်နက်ကို လက်ဝှေ့ယမ်းကာ ကောင်းကင်သိမ်းငှက်အား အစွမ်းကုန် ပြန်တိုက်ခိုက်ခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စျေးသည်ခမျာ မြေပြင်ပေါ် ဗုန်းကနဲ လဲကျသွားကာ လေထဲတွင် ရှိနေစဉ် သွေးများ အန်ထုတ်ပစ်၏။

ကောင်းကင်သိမ်းငှက်ရဲ့ မျက်နှာကလည်း တုန်ယင်သွားသည်။ အနီရောင် အမွေးလေးတစ်ချောင်းကို ဆွဲထုတ်လိုက်ရတာက သူ့အတွက် အရမ်းပင်ပန်းတယ် ဆိုတာ ထင်ရှားပါသည်။ ဒါပေမယ့် အကျိုးသက်ရောက်မှုက အလွန်ပြင်းပါ၏။ သူ မဆိုင်းမတွဘဲ အနီရောင်အမွေးကို ဆွဲထုတ်လိုက်တဲ့အတွက် ဒီဈေးရောင်းသမားအပေါ် သူနာကြည်းစိတ်တွေ ပြည့်နှက်နေပြီကို ပြသနေတာပင်။

"ဟမ့် သူခိုးငယ်လေး မင်းဘယ်သူလဲဆိုတာ ငါကြည့်ချင်တယ်... မင်း ဘယ်လောက်တောင် လာအတင့်ရဲပြနေ​တာလဲ"

ကောင်းကင်သိမ်းငှက်က အော်ငေါက်ပြီး ရောင်းသူရဲ့ မျက်နှာကို လွှဲရိုက်ပစ်လိုက်သည်။

All Chapters