အလောင်းအစား
Vol. 142 Ch. 4.1639
အခင်းအကျင်း ကန့်သတ်ထားတာ ပျက်စီးသွားတော့ လုရွှမ်နဲ့ သူ့အဖွဲ့ဟာလည်း ပျံတက်သွားပြီး ဘေးဘက်ကို ရှောင်ထွက်ထားလိုက်ကြသည်။
"အိုး... လူတွေ အများကြီးပဲကိုး.. ဟေး ကောင်းကင်ကမ္ဘာက ဆင်းလာတဲ့ လူသားတစ်ယောက်လည်း ရှိတာပဲ.. ဟားဟား အောက်ပြည်က ဒီသတ္တဝါတွေနဲ့ ရောနှောနေရတာ မရှက်ဘူးလား... အင်း အားလုံးက လူသားတွေပဲကို ယုတ်ညံ့တဲ့ဘဝ ရောက်သွားကြတာ မရှက်ဘဲ ဘယ်နေပါ့မလဲ..."
ထွင်းထျန်းရဲ့ မျက်နှာက ရွဲ့စောင်းနေပြီး သူ့အသံက ရှုတ်ချနေမှု အပြည့်ဖြင့်။ ရန်ဖေးမှာ အနည်းငယ် ရှက်ရွံ့ဒေါသဖြစ်လျက် မျက်နှာထားကို မထိန်းနိုင်တော့ပေ။
ထွင်းထျန်းရဲ့ မျက်လုံးများသည် လူလေးယောက်ကို ဖြတ်၍ လုရွှမ်ထံ ရောက်သွားသည်။
"ဟေး ကောင်လေး မင်းက အရမ်းသန်မာသားပဲ.. မင်းတကယ် ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ ခံစားချက်ကို ပေးနေနိုင်တာ... မင်းနာမည် ဘယ်လိုခေါ်လဲ မင်းက လူသားမျိုးနွယ်ကြားမှာ တော်တော် နာမည်ကြီးနေလောက်တယ်"
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"အဲ့တော့??"
"တိုက်ကြစို့!"
ထွင်းထျန်း အော်လိုက်စဥ် သူ့မျက်လုံးတွေက ရန်လိုမှုတွေနဲ့ တယူသန်တဲ့ အရိပ်အမြွက်တွေ အပြည့်ပင်။
"လူသားရဲ့ ဒဏ္ဍာရီကို မင်းလည်း ကြားဖူးသင့်တယ်... မင်းက ငါဒီကို ရောက်လာကတည်းက တိုက်ပွဲဝင်ဖို့ တွန်းအားပေးခဲ့တဲ့ ပထမဆုံးလူပဲ... ငါ့ကို စိတ်မပျက်စေနဲ့..."
လုရွှမ်လည်း သူ့နှလုံးသားထဲတွင် တိုက်ပွဲဝင်ချင်နေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ဤကောင်းကင်မျို သားရဲမှ ထုတ်လွှတ်နေသော ရောင်ဝါသည် ရန်လိုမှု အပြည့်ရှိပြီး သူ့ဆီက သွေးကိုပါ နှိုးဆွနိုင်ခဲ့သည်။
အခုအချိန်အထိတော့ ဒီရန်သူနဲ့တိုက်ဖို့ သူ့မှာ လုံလောက်တဲ့ အရည်အချင်းနဲ့ ခွန်အားတွေ မရှိသေးပါဘူး။ နဂါးလေး၊ လျိုရှန်းတို့ဟာ လုရွှမ်နဲ့ ခွန်အားချင်း အနီးစပ်ဆုံး ဖြစ်သော်လည်း သူ့နောက်တွင် တစ်ဆင့် နိမ့်လေ၏။
ဒါပေမယ့် ဒီသားရဲကတော့ မတူချေ။ သူတို့နှစ်ဦးဟာ တူညီတဲ့ အားသာချက်တွေ ရှိပြီး ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုတွေ ရှိသည်။
လုရွှမ်: "အပြန်အလှန်ပေါ့.. မင်းလည်း ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်တယ်!"
ထိုသားရဲက အသံကျယ်ကြီးဖြင့် ရယ်မောချလိုက်သည်။
"လူသား မင်းက အရမ်း မာနကြီးတာပဲ ဒါပေမယ့် အရမ်းကောင်းပါတယ်... မင်းကို အနိုင်ယူပြီးရင် ငါလည်း ပိုပြီး မာနကြီးနိုင်သွားတာပေါ့"
လုရွှမ်: "ကောင်းပြီ... ဒါပေမယ့် ငါတို့မှာလည်း ဆုတစ်ခု ရှိထားရမယ်မလား... ငါအနိုင်ရရင် အဲ့မိန်းကလေးက ငါ့ဘက်ကပဲ ဖြစ်ရလိမ့်မယ်..."
ထွင်းထျန်းက စိတ်အားထက်သန်သော ဥဒေါင်းကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလေ၏။
"ဒါဆို မင်းက ဒီတေးသွားကို ကြိုက်တာပေါ့... ဟားဟား လူတွေက တပ်မက်လိုစိတ် ပြင်းကြတယ်လို့တော့ ကြားဖူးတယ်... အမှန်တွေ ဖြစ်နေတာကိုး... ကိစ္စမရှိဘူး မင်းနိုင်ရင် ဒီဖီးနစ်ကိုလည်း ငါပေးလိုက်မယ်..."
လုရွှမ် သူ့လက်ကို ခါယမ်းပြလိုက်သည်။
"မလိုဘူး.. ငါ အဲဒီဖီးနစ်ကို စိတ်မဝင်စားဘူး မင်း သတ်ချင်သတ် ခုတ်ချင်ခုတ်... အားလုံးက မင်းအတွက်ပဲ"
အကြားအမြင် ဥဒေါင်း၏ မျက်နှာသည် နီရဲလာကာ ဈေးဆစ်သည့်ချပ်ပြားအဖြစ် အသုံးပြုခံနေရတာကို သူမ အလွန်ကျေနပ်နေပုံရသည်။ သို့သော် ယခုအချိန်တွင် သူမသည် တံစက်မြိတ်အောက်တွင် ခေါင်းငုံ့ထားရသောကြောင့် ပြောစရာ မရှိပေ။ သူမသည် အနာကျက်ဆေးကို ထုတ်ယူကာ တတ်နိုင်သမျှ မြန်မြန် ပြန်လည်သန်စွမ်းလာအောင်သာ ကုသနေ၏။
ထို့အပြင် သူမသည် ထွင်းထျန်းရဲ့ ဆိုးရွားသော ဂုဏ်သတင်းကို အစောကတည်းက ကြားခဲ့ဖူးပြီးသား။ လူတွေကို မျိုချနိုင်ခဲ့တယ်လေ။ သူမသာ အဲဒီလူနောက်ကို လိုက်ခဲ့မယ် ဆိုရင် အနည်းဆုံးတော့ သူမရဲ့ အခြေအနေက အများကြီး တိုးတက် လာလိမ့်မည်။ ပြီးရင်တော့ လွတ်မြောက်ဖို့ အခွင့်အရေးကို စောင့်ရုံပဲ။
ဒုတိယမင်းသမီး မင်ရှာကတော့ ခဏတာမျှ အံ့အားသင့်သွားသဖြင့် ဆွံ့အသွားသည်။ ခဏကြာတော့ သူမ ထိတ်လန့်တကြားနဲ့ အော်ဟစ်နေတော့၏။
"ငါ့ကိုမသတ်ပါနဲ့... လူသား... ငါ့ကိုကယ်ပါ နင်ငါ့ကိုကယ်တင်သရွေ့... ဒီမင်းသမီးက နင့်ကို ရတနာတွေ အများကြီးနဲ့ ဆုချပါ့မယ်"
ရန်ဖေး တုံ့ဆိုင်းမနေဘဲ သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ပါးလွှဲရိုက်ပစ်လိုက်သည်။ ဖြောင်းကနဲ အသံနဲ့အတူ မင်ရှာရဲ့ မျက်နှာက တစ်ဖက်သို့ ပြင်းပြင်းထန်ထန် လွှဲပစ်လေ၏။
"ဆုလာဘ်? ဟမ့် နင်နဲ့တောင် မတန်ဘူး!"
တခြားအချိန်များတွင် ဤဖီးနစ်ကို လက်စားချေရန် အခွင့်အရေးရှိမည် မဟုတ်သောကြောင့် ရန်ဖေးက လက်ရှိ အခြေအနေကို အတိအကျ အသုံးချလိုက်လေသည်။
မင်ရှာရဲ့ မျက်လုံးများထဲတွင် နာကျည်းမှု အရိပ်အယောင်များ ပေါ်လာသော်လည်း ယခုအခိုက်အတန့်တွင် သူမ သည်းခံထားရမယ် ဆိုတာကို ကောင်းကောင်း သိသေးသည်။
"ငါမဝံ့ရဲပါဘူး... ငါမှားသွားပါတယ်.. ကယ်ပါဦး ကယ်ပါဦး... ငါ့ကို ကယ်တင်ပေးရင် အဖေက နင်တို့ကို ရတနာတွေ အများကြီး ပေးလိမ့်မယ်...လိုချင်တာ အကုန် ရနိုင်တယ် ငါ့အဖေက ငါ့ကို အချစ်ဆုံးပဲ"
ဖြောင်း!
နောက်ထပ် အသံတစ်ချက် ထွက်ပေါ်လာပြီး ဖူကျွမ်ချင်းရဲ့ လက်ဝါးက သူ့ကို ထိသွား၏။ သူမက မဝံ့မရဲနဲ့လည်း ပြောလိုက်သေးသည်။
"သူက တကယ်အရိုက်ခံရဖို့ တန်တယ်..."
လုရွှမ် လှမ်းကြည့်ရင်း ဖူကျွမ်ချင်းရဲ့ အားတက်သရော မျက်လုံးများကို မြင်တော့ ခေါင်းညိတ်ပြလိုက်သည်။
"လူသား! နင် ကောင်းကောင်းမွန်မွန် မသေစေရဘူး..."
ထွင်းထျန်းကပါ မင်ရှာမျက်နှာကို ပါးရိုက်လွှတ်လိုက်ပြီး သူမကို ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားစေလိုက်သည်။
"မင်းကိုက တုံးလွန်းနေတာ... မင်း ဒီမိန်းမကို မလိုချင်ဘူး ဆိုမှတော့ ပြဿနာမရှိပါဘူး... မင်းနိုင်ရင် ဒီကောင်းကင်လက်နက်နဲ့ သိုလှောင်လက်စွပ်ကို ဆုအဖြစ် ယူလိုက်.... ဒါပေမယ့် မင်းဘက်ကရော?"
လုရွှမ် နေဖြိုခွင်းနတ်လေးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
"မင်းအနိုင်ရရင် ဒီအထူးလက်နက်က မင်းပိုင်တယ်!"
"နေ-ပစ်တဲ့ လေး?"
ထိုသားရဲက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ဒါဆို မင်း နေဖြိုခွင်းနတ်လေးကို တကယ်ရသွားတာပေါ့.. အရမ်းကောင်းတယ် ငါမင်းကို ဒီထက်ပိုပြီး တိုက်ခိုက်ရတော့မယ် ထင်တယ်"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်းကင်မျို သားရဲက နေဖြိုခွင်းနတ်လေး အကြောင်း ဘယ်လိုလုပ် သိနေတာလဲ။
အလယ်ပိုင်းဒေသမှာ တံဆိပ်ရိုက်ချိုးခြင်း ဖြစ်စဉ်များသည် ကောင်းကင်ကမ္ဘာကြောင့် ဖြစ်မှန်းသိသာ ထင်ရှားနေပါပြီ။ ဒီလူတွေက ဒီသတင်းကို ဘယ်လိုလုပ် စောစောစီးစီး ရသွားကြတာလဲ။ ယခု ၎င်းတို့၏သတင်းသည် ကောင်းကင်ကမ္ဘာ မှ လာကြောင်း သွယ်ဝိုက်အတည်ပြုထားပြီ ဖြစ်သောကြောင့် ၎င်းတို့သည် အခွင့်အလမ်းကို သဘာဝအတိုင်း ကြိုတင်ရယူထားနိုင်သည်။
လုရွှမ် :"စလိုက်ရအောင်!"
ကောင်းကင်သို့ ပျံတက်သွားသော ကောင်းကင်မျိုသားရဲက အသံကျယ်ကြီးဖြင့် ရယ်မောကာ လက်ညိုးကို ပွတ်သပ်ကာ အကြားအမြင်ဥဒေါင်း၏ ခန္ဓာကိုယ်ထဲသို့ တွန်းအားတစ်ခု ပစ်လွှတ်လိုက်လေသည်။ တစ်ဖက်လူခမျာ ညည်းတွားပြီး ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့သလို ခံစားလိုက်ရ၏။
စက်ဆုပ် ရွံရှာဖွယ်ကောင်းသော ကောင်းကင်မျိုသားရဲကို စိတ်ထဲကသာ ကျိန်ဆဲနိုင်ကာ သူမ လုပ်နိုင်သော အရာမရှိချေ။
ကောင်းကင်မှာတော့ လူနှစ်ယောက်က မျက်နှာချင်းဆိုင်လျက် ရှိသည်။
"လူသား မင်းရဲ့ အစွမ်းအစတွေကို အကုန်သုံးနော်... မဟုတ်ရင် မင်းမှာ အခွင့်အရေး မရှိတော့ဘူး"
"မင်း စကားအရမ်း များတာပဲ!"
လုရွှမ်က ဓားကို ဆွဲထုတ်ကာ ချက်ချင်း ခုတ်ထစ်ချလိုက်သည်။ သူ့ရဲ့ ကောင်းကင်ကမ္ဘာအပေါ် အကောင်းမြင်စိတ်က ပျောက်ကွယ်သွားပါပြီ။ ကောင်းကင်ကမ္ဘာက ကျဆုံးဖို့ ရည်မှန်းထားပြီးသား။ ဒါကြောင့် လူတိုင်းက ပဏာမခြေလှမ်းကို ဆုပ်ကိုင်ကာ အားသာချက်ကို ရယူချင်ကြသည်။
ဒါပေမယ့် ပြဿနာတွေက အများကြီး ရှိနေဆဲ။ သူတို့ ဘာကြောင့် ပိုကောင်းအောင် မလုပ်ချင်ကြတာလဲ။
ဘိုးဘေးသားရဲက လွတ်မြောက်တော့မည် ဖြစ်ကာ ဝိညာဉ်စွမ်းအင်များက နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားတော့ပေ။ ယွမ်နတ်ဆိုးကလည်း ကောင်းကင်ခန်းမကျွန်းကနေ မွေးဖွားခဲ့ပြီ။
အထူးသဖြင့် ရှေးဟောင်းကမ္ဘာနဲ့ လျှပ်စီးကမ္ဘာက မလွှဲမရှောင်သာ ပြိုလဲသွားနိုင်သည်။ ဒါတွေအားလုံးကို ရှောင်လွှဲလို့ မရရင်တောင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်နိုင်ပါသေးသည်။
ဒါပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ကြချေ။
ဤရက်များတွင် လုရွှမ်သည် သူ့နှလုံးသားထဲတွင် တစ်ခုခုကို ရံဖန်ရံခါ ခံစားနေရတတ်သည်။ ရုတ်တရက် ထိတ်လန့်တကြားနှင့် ဝမ်းနည်းမှုတစ်ခုက သူ့နှလုံးသားထဲ တိုးဝင်လာ၏။ ဤအရာက အောက်ကမ္ဘာတွေမှာ တစ်ခုခု ဖြစ်နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
မြင့်တက်လာတဲ့ နာကြည်းမှုတွေက သူ့ကို သတိထားမိစေသည်။
ထိုမကျေနပ်ချက်များကို နတ်ဆိုးများက မလွဲမသွေ စုပ်ယူနိုင်မှာပင်။ ထို့နောက်တွင် ၎င်းတို့၏ခွန်အားကို တိုးမြင့်စေပြီး မြန်မြန်ဆန်ဆန် လွတ်မြောက်လာဖို့ ကူညီပေးလိမ့်မည်။ ဒါတွေအားလုံးဟာ ကောင်းကင် ကမ္ဘာမှာရှိတဲ့ ရာထူးကြီးသူတွေရဲ့ စေတနာကြောင့်ပါပဲ။ သူတို့ရဲ့ လျစ်လျူရှုမှုက ဒါတွေအားလုံးကို ဖြစ်စေခဲ့တာပဲ ဖြစ်သည်
ကောင်းကင်မျိုသားရဲက ကျေနပ်စွာ ရယ်မောလိုက်သည်။
"ဒီဓားရဲ့ အစွမ်းက တကယ့်ကို အံ့မခန်းပဲ"
သူသည် သူ့ခန္ဓာကိုယ်ကို မီးခိုးရောင် အလင်းဖြင့် အလွယ်တကူ ရှောင်ထွက်သွားပြီးနောက် လုရွှမ် ရှေ့သို့ ပြေးသွားပြီး လက်သီးဖြင့် ထိုးပစ်လိုက်သည်။
"ငါတို့ရဲ့ ရုပ်ခန္ဓာကို အရင်နှိုင်းယှဉ်ကြည့်ရအောင်... လူသားတစ်ယောက်က ဘယ်လိုမျိုး ကျင့်ကြံထားနိုင်လဲ သိချင်နေတာ ကြာပြီ!"
စကားပြောနေပေမယ့် သူ့ရဲ့ လက်သီးနဲ့ ကန်ချက်တွေက နှေးကွေးသွားမှု မရှိချေ။
လုရွှမ်ကလည်း ကောင်းကင်လက်နက်ကို ရိုးရိုးရှင်းရှင်း ဆုတ်ခွာလိုက်ပြီး ကောင်းကင်မျိုသားရဲကို လက်သီးကို ကန်ချက်များဖြင့် စတင်တိုက်ခိုက်ခဲ့သည်။
"အား... အစ်ကို နင် ကောင်းကင်မျိုသားရဲကို လက်သီးတွေ၊ ခြေထောက်တွေနဲ့ ဘယ်လိုလုပိ ယှဉ်နိုင်မှာလဲ... အဲ့သားရဲရဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်းကို ပိုသန်မာတယ်... အစ်ကိုလုရွှမ် ရန်သူရဲ့ ခွန်အားကို တိုက်ခိုက်ဖို့ အားနည်းချက်ကို အသုံးချနေတာလား!"
ရန်ဖေး စိုးရိမ်မှုအပြည့်နဲ့ အော်လိုက်သည်။