ကမ္ဘာ့ကူးတို့သင်္ဘော
Vol. 142 Ch. 4.1643
လုရွှမ် အတိုချုံး မိတ်ဆက်ပေးပြီးနောက် ချိုင်ယန်း လူတိုင်းကို သိသွားသည်။ ဖူကျွမ်ချင်းက သိုလှောင်လက်စွပ်နှင့် ကောင်းကင်လက်နက်ကို ကောက်ယူလိုက်ပြီး ချိုင်ယန်းဆီ ပေးလိုက်တဲ့အခါ ချိုင်ယန်းက သိုလှောင်လက်စွပ်ကို ယူကာ ကောင်းကင်လက်နက်ကိုတော့ ဖူကျွမ်ချင်းဆီ တွန်းပို့ပေးလိုက်သည်။
"ညီမကျွမ်ချင်းက ဒီကောင်းကင်လက်နက်ကို သိပ်ကြိုက်နေတာကို ကျွန်မ မြင်ပါတယ်... ကောင်းကင်လက်နက်တစ်ခု လိုအပ်နေတာလည်သ သိသာတယ်... ဒါက ညီမအတွက် သင့်တော်ပါတယ်..."
ဖူကျွမ်ချင်းလည်း အံ့သြပြီး ဝမ်းသာသွားသည်။ သူမ ငြင်းချင်ပေမယ့် ဘယ်လိုစရမလဲ မသိ ဖြစ်နေသည်။
"ဒါ အစကတော့ ငါ့အစ်ကိုရဲ့ ကောင်းကင်လက်နက်ပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်တော့ လူတစ်ယောက်ဆီက ခြုံခိုတိုက်ခိုက်တာ ခံလိုက်ရတယ်... ရန်သူကို ဆွဲဆောင်ဖို့ ကောင်းကင်လက်နက်ကို ငါပြန်ယူထားတာ ဒါပေမယ့် ကောင်းကင်မျို သားရဲဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး... ဒီအရာလေးကို မြင်လိုက်ရတော့ အစ်ကို့ကို သတိရမိပေမယ့် ကိုယ်တိုင် ထိန်းထားဖို့ကကျ အသုံးမကျဘူးလေ... ညီမက လိုအပ်နေမှတော့ ပေးလိုက်ပါ့မယ်..."
ဖူကျွမ်ချင်း အနည်းငယ် ရှက်နေသေးသည်။ ချိုင်ယန်းက ပြုံးပြီး။
"ဟားဟား... ဒီလက်စွပ်ကိုလည်း ငါအပြင်က ရခဲ့တာပဲလေ... အထဲက ပစ္စည်းတွေက ပိုတန်ဖိုးကြီးတယ်"
"ယူလိုက်ပါ" လုရွှမ်က ပြုံးပြီးဝင်ပြော၏။
ဖူကျွမ်ချင်း သူ့ကို အမြန် ကျေးဇူးတင်လိုက်ပြီး ကောင်းကင်လက်နက်ကို ဝမ်းသာအားရ လက်ခံလိုက်သည်။
လျိုရှန်း: "လုရွှမ် ငါတို့အခြေအနေက အခုချိန်ကစပြီး အရမ်းအန္တရာယ် များလာလိမ့်မယ်..."
လုရွှမ် ခေါင်းညိတ်လိုက်သည်။ အမှန်မှာ ကောင်းကင်မျိုသားရဲက သူတို့ရောက်ရှိနေတာကို သိထားပြီးဖြစ်သည်။ အဲဒီအခါမှာ သူတို့ရဲ့ တည်နေရာဟာ နေရာတိုင်းကို ပျံ့နှံ့သွားမှာ သေချာပါ၏။ ယခုအခါ သူတို့သည် အမျိုးမျိုးသော ဘီလူးများနှင့် ပြည့်နေသော နဂါးကျွန်းကို ရောက်နေတာကြောင့် သေချာပေါက် အကုန် သိသွားကြလိမ့်မည်။
၎င်းတို့သည် ဂရုမစိုက်ကောင်း ဂရုမစိုက်နိုင်သော်လည်း နှစ်ထောင်ပေါင်းများစွာသော မရေမတွက်နိုင်သော အစဉ်အလာကို အခြေခံ၍ လူသားများကို ယုတ်ညံ့သော သတ္တဝါများအဖြစ်သာ နှစ်ပေါင်းများစွာ မှတ်ယူခဲ့ကြသည်။ သူတို့သည် လူသားများကို ကျွန်ခံစေပြီး သူတို့ကသာ အရှင်သခင် ဖြစ်လာချင်သည်။ လူသားတွေ သူတို့ ခေါင်းပေါ် ခုန်တက်မှာကို လုံးဝ မလိုလားကြပေ။
ယခုအခါ လူသားတွေထဲက အောင်မြင်သူများစွာဟာ သားရဲတွေဆီက သတ်ဖြတ်ခံနေကြရပြီ။ လူသားများသည် ဤကမ္ဘာရဲ့ ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်နိုင်သောအခါ သားရဲတွေကလည်း ကောင်းကောင်း အသက်ရှင်နိုင်မလား မသေချာချေ။
"နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့လည်း အန္တရာယ်ထဲ ရောက်နေပြီ"
"ဟုတ်တယ်.. သူတို့က လူသားတွေနဲ့ မိတ်ဆွေတွေပါလို့ သိသွားရင် သူတို့ကို သစ္စာဖောက်ဆိုပြီး ပြောကြလိမ့်မယ်..."
ဖူကျွမ်ချင်း: "သူတို့ကို ချက်ချင်း အကြောင်းကြားရမယ်"
လျိုရှန်းက မတ်တပ်ထရပ်လိုက်သည်။
"နင်နဲ့ လုရွှမ်က လူလုံးပြလို့ မဖြစ်သေးဘူး အရင်ဆုံး ပုန်းနေလိုက်... ချိုင်ယန်းက ဒဏ်ရာရထားတော့ ပြန်ကောင်းလာဖို့ လိုတယ်... ကျွမ်ချင်းနဲ့ငါ နဂါးကျွန်းက နဂါးလေးနဲ့ တခြားသူတွေကို အကြောင်းကြားပြီး မြန်မြန်ထွက်သွားလိုက်မယ်"
"ဒါပေမယ့်……"
"မဟုတ်ဘူး...ရှင်က အနာဂတ်မှာ လွှမ်းမိုးထားတဲ့ အင်အားစုပဲ ရှင် အန္တရာယ်ထဲ ကျရောက်သွားလို့ မရဘူး... ဒီကိစ္စကို မညှိနှိုင်းပါတော့နဲ့!"
လျိုရှန်းအသံက ခိုင်မာပြတ်သားလှသည်။ ထိုအခိုက် ရန်ဖေးကလည်း လုရွှမ်လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး သူမမျက်လုံးများထဲကနေ အရိပ်အမြွက် ပြလိုက်သည်။
"ကောင်းပြီ... ငါတို့ အရင်ပုန်းနေလိုက်မယ်!"
လျိုရှန်းသည် လက်စွပ်ထဲက ကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး လုရွှမ်ကို ပေးလိုက်သည်။
"အခု ဒီကျောက်စိမ်းဆွဲသီးကို ရှင့်ကို ပေးရမယ့်အချိန်ပဲ အဲဒါက ကမ္ဘာကူးတို့ဆီ ခေါ်သွားနိုင်တယ်... ကမ္ဘာ့ကူးတို့လှေထဲမှာ ပုန်းနေလို့ရတယ်... လူကိုးယောက် မစုဝေးခင်အထိတော့ ကမ္ဘာ့ကူးတို့လှေကို ဘယ်သူမှ ဒုက္ခမပေးနိုင်ဘူး"
လုရွှမ် သူမကို တစ်ချက် ကြည့်လိုက်သည်။ ယခု သူမက ကျောက်စိမ်းဆွဲသီးကို ပေးအပ်လိုက်သဖြင့် လုရွှမ်ကို လုံးဝ ယုံကြည်သွားတာ ထင်ရှားပါသည်။ အခု တာဝန်က လုရွှမ် ပုခုံးပေါ်၌ လုံးလုံးလျားလျား ကျရောက်နေချေပြီ။
ကမ္ဘာ့ကူးတို့လှေ ဟူသော စာလုံးကြီးများ ပါသော ကျောက်စိမ်းသင်္ကေတကို လုရွှမ် လေးနက်စွာ လက်လွှဲယူခဲ့သည်။ ထိုအခိုက် ကျောက်စိမ်းဆွဲသီးက တောက်ပလာပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို အလင်းတန်းတစ်ခု ဝင်သွားလေ၏။ ထို့နောက် လုရွှမ် ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ပြန်ထွက်လာပြီး ကျောက်စိမ်းဆွဲသီးထဲသို့ ဝင်ရောက်သွားသည်။
လျိုရှန်း: "ဒါက သခင်ကို အသိအမှတ်တာ... ကမ္ဘာ့ကူးတို့လှေက ရှင့်ရဲ့ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုတယ်လို့လည်း ဆိုလိုတယ်..."
လုရွှမ် အသာ ခေါင်းညိတ်လိုက်သည်။ သူ့နှလုံးသားထဲမှာ နားမလည်နိုင်တဲ့ နားလည်မှုတစ်ခု ရှိနေပြီး လူတွေကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေမှာ အရောင်အသွေး အမျိုးမျိုး ရှိနေ၏။ လူတိုင်း၏ ခန္ဓာကိုယ်တွင် ဖဲကြိုးကဲ့သို့ ရစ်ပတ်ထားသော အရောင် အရိပ်အမြွက်များ ရှိနေကြသည်။
ဤဖဲကြိုးများသည် သူ့အဖွဲ့သားများမှာသာ ရှိနိုင်ကြောင်း နားလည်လာသည်။
လူအနည်းငယ်ထဲမှာ လျိုရှန်းက အနက်ရှိုင်းဆုံးဖြစ်ပြီး ရန်ဖေးက ဒုတိယ၊ ချိုင်ယန်းက တတိယဖြစ်ပြီး ဖူကျွမ်ချင်းက အနိမ့်ဆုံးပင်။ ဒါက ဘယ်သူဟာ ရှေ့ဆက်ရမယ့် လမ်းမှာ ဘယ်သူက အလားအလာ အရှိဆုံးလဲ ပြသနေတာပဲ ဖြစ်ပေမည်။
အလားအလာ သို့မဟုတ် ခွန်အားအရဖြစ်စေ ဖူကျွမ်ချင်းက ယခုအချိန်တွင် အညံ့ဆုံးဖြစ်သည်။
လုရွှမ် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖဲကြိုးများကို မြင်ခဲ့ရသော်လည်း သူနဲ့ ဆက်နွယ်နေတာ ငါးယောက်သာ ရှိသည်။ ခဏလောက် စဉ်းစားပြီးမှ လုရွှမ် သဘောပေါက်သွား၏။ နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ကိုက မမြင်ရသေးသောကြောင့် ဤဖဲကြိုးများကို မတွေ့သေးတာပင်။
နောက်တစ်ခုက နဝမမြောက်ပုဂ္ဂိုလ် မပေါ်သေးတာပါပဲ။
"ဒါဆို မင်းတို့လည်း သတိထားပါ!"
လျိုရှန်းက ခေါင်းညိတ်ပြပြီး ဖူကျွမ်ချင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ရန်ဖေးလည်း သူတို့တွေ ထွက်သွားတာကို ကြည့်ရင်း စိုးရိမ်မှု အပြည့်နှင့် ရပ်နေမိ၏။
"အစ်ကိုကြီးလုရွှမ်... သူတို့ အန္တရာယ်ရှိမှာလား ကောင်းကင်မျိုသားရဲက ညီမကျွမ်ချင်းနဲ့ အစ်မလျိုရှန်းရဲ့ အသွင်အပြင်ကို မြင်ပြီးပြီပဲ မဟုတ်ဘူးလား"
သူမ စိုးရိမ်မှုအပြည့်နဲ့ နှုတ်ခမ်းကို ကိုက်လိုက်သည်။
လုရွှမ်: "ဒါက သေချာပေါက်တော့ အရမ်းအန္တရာယ်များလိမ့်မယ် သူတို့က အချိန်ကို ပြိုင်နေကြတာ ဒါပေမယ့် ရေတိုမှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး... ကောင်းကင်မျိုသားရဲက ဒီသတင်းကို တစ်ကျွန်းလုံးကို ဖြန့်မှာ မဟုတ်ဘူး သူက မတုံးဘူး... သူ့အတွက် အကျိုးမရှိတဲ့အရာတွေကို သူ ဂရုမစိုက်လောက်ဘူး...ကောင်းပြီ ချိုင်ယန်းက ဒဏ်ရာရနေတုန်းပဲ ကမ္ဘာ့ကူးတို့လှေကို အရင်ခေါ်ပြီး လှေပေါ်တက်ကြရအောင်"
ချိုင်ယန်းလည်း သဘာဝအတိုင်း ကန့်ကွက်တာမရှိချေ။
လုရွှမ် ဂရုတစိုက်နဲ့ ကမ်းစပ်ကို ပြန်ပြေးလာခဲ့သည်။ ကျောက်စိမ်းဆွဲသီးကို အသက်သွင်းလိုက်စဥ် သူ့စိတ်ထဲမှာ နားမလည်နိုင်တဲ့ ကျမ်းချက်တစ်ခု ပေါ်လာလေ၏။ သိပ်မကြာခင်မှာပဲ အနက်ရောင် အရိပ်တစ်ခုက အဝေးကနေ လွင့်ပျံလာပြီး တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။
ဒါပေမယ့် အရင်ကနဲ့ လုံးဝမတူဘဲ ပိုကြီးလာတာ သိသိသာသာပင်။
"အကြီးကြီးပဲ!"
ရန်ဖေး အော်ပြောနေပေမယ့် ဥဒေါင်း ချိုင်ယန်းကတော့ တစ်ခါမှ မမြင်ဖူးတာကြောင့် ပါးစပ်အဟောင်းသားဖြင့်။ လူသုံးယောက် သင်္ဘောပေါ် တက်လာသောအခါ အခန်းသည် ပို၍ သက်ဝင် လှုပ်ရှားလာခဲ့သည်။
ယခင်က ရွက်နက်သင်္ဘောတစ်စင်းသာ ဖြစ်ခဲ့သော်လည်း ယခုအခါ ဇိမ်ခံကူးတို့သင်္ဘောလို ဖြစ်နေပြီ ဖြစ်သည်။
အခင်းအကျင်းက သဘာဝအတိုင်း အသွင်သဏ္ဌာန်ရှိပြီး ပြင်ပလေထုကို ပိတ်ဆို့ထားသည်။ အမျိုးသမီး နှစ်ယောက်က ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း လုရွှမ်ကတော့ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အမျိုးသမီး နှစ်ယောက် လှေပေါ်တက်ချိန်မှာ ဘာမှ မခံစားရပုံပင်။ သို့သော် လုရွှမ်မျက်လုံးများထဲတွင် အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်ရှိ ဖဲကြိုးများမှ အလင်းရောင် တဖျပ်ဖျပ် လင်းလက်လာပြီး အမျိုးသမီးနှစ်ဦး လှေပေါ်မှ လုံခြုံစွာ ဆင်းသက်နိုင်ခဲ့သည်။
လုရွှမ် ပတ်ဝန်းကျင်ကို ညင်သာစွာ ခံစားလိုက်သော်လည်း ဘာကိုမှ ရှာမတွေ့။ သို့သော် သူခံစားနိုင်သည်။ ဤကန့်သတ်ချက်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားပုံရပြီး ၎င်းကို နှလုံးသား၊ စိတ်နှင့် ထိန်းချုပ်နိုင်တယ်လို့ သူခံစားခဲ့ရသည်။
အမျိုးသမီးနှစ်ယောက်က အခန်းတစ်ခန်းစီကို ရွေးသည်။ လုရွှမ်က သူမတို့ကိုလည်း စောင့်ကြည့်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် ကမ္ဘာ့ကူးတို့သင်္ဘောကို ဘယ်သူမှ မမြင်နိုင်တော့ပေ။
"အစ်ကိုကြီးလုရွှမ်... အစ်မလျိုရှန်း တစ်ခုခုတော့ မဖြစ်သွားလောက်ပါဘူးနော်"
ရန်ဖေး အဝေးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
ရံဖန်ရံခါ ဓားအလင်းများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို မြင်နေရပြီး ထို့နောက်တွင် ဧရာမ နဂါးကြီးများကလည်း ဟောက်နေလေသည်။
ဤအခိုက်အတန့်တွင် ပျံသန်းနေသော နဂါးများနှင့် သားရဲ ဘီလူးများစွာတို့သည် ကျွန်းထဲမှ ထွက်ပြေးပြီး ပတ်ဝန်းကျင် ပင်လယ်ကို လှည့်ပတ် ကြည့်ရှုကြသည်။ တစ်စုံတစ်ယောက်ကို ရှာနေသလိုပင်။
လုရွှမ်: "သူတို့ တစ်ခုခုဖြစ်သွားကြပြီ!"