အောင်ထျန်း
Vol. 142 Ch. 4.1644
ယခု ထွက်လာတဲ့ လူတွေက တစ်စုံတစ်ယောက်ကို ရှာဖွေနေတာ သိသာသည်။ ၎င်းတို့က ပင်လယ်ကမ်းစပ်တွင်သာ ရှာဖွေနေသောကြောင့် ကမ္ဘာ့ကူးတို့လှေကို ရှာနေတာ ထင်ရှားပေသည်။
ဒါကြောင့် အနည်းဆုံးတော့ သူတို့ထဲက တစ်ယောက်ကို ဖမ်းမိသွားပြီလို့ ဆိုလိုခြင်းပင်။
အကောင်းဆုံး အခြေအနေမှာတောင်မှ သူတို့ရဲ့အသွင်အပြင်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြနိုင်တဲ့သူက ကောင်းကင်မျိုသားရဲ ဒါမှမဟုတ် မီးဖီးနစ်မျိုးနွယ်က ဒုတိယ မင်းသမီးပဲ ဖြစ်လိမ့်မည်။
ကမ္ဘာ့ကူးတို့လှေသည် သာမာန်နတ်ဆိုးများအတွက် အရေးကြီးသောအရာ မဟုတ်သော်လည်း နဂါးကျွန်းက အဆင့်မြင့် အထက်တန်းစားများအတွက် အလွန်အရေးကြီးပါသည်။
ကမ္ဘာ့ကူးတို့လှေ ဒီကို ရောက်လာခဲ့ရတဲ့ ယေဘုယျ လမ်းကြောင်းသည် ရှောင်လွှဲ၍ မရပေ။ သူတို့အတွက်က လွတ်မြောက်သွားသူကို ရှာတွေ့နိုင်လျှင် အနာဂတ်ရဲ့ အခြေအနေကို နှောင့်နှေးစေနိုင်သည် သို့မဟုတ် နောက်ပြန်လှည့်သွားစေနိုင်သည်။
လာမည့်ခေတ်ကြီးသည် လူသားတို့ရဲ့ခေတ် ဖြစ်လာစေဖို့ ရည်မှန်းထားသောကြောင့် ကမ္ဘာ့ကြီးကို ကြီးစိုးလာမည့် အူတိုင်ကလည်း လူသားများသာ မလွဲမသွေ ဖြစ်လာလိမ့်မည်။
အဲဒီတော့ လူသားမျိုးနွယ်ထဲမှာ ဘယ်ပါရမီရှင်တွေရှိလဲ။
လုရွှမ် ကိုယ်တိုင်က မသိသေးပေမယ့် အခု နဂါးကျွန်း တစ်ခုလုံးမှာ လုရွှမ်ရဲ့ နာမည်နဲ့ သူ့အကြောင်းက လူသိများနေပြီး သားရဲတိုင်းလိုလို သိနေကြပါပြီ။ လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်၊ အနာဂတ်လမ်းကြောင်းကို လွှမ်းမိုးမည့် ပထမဆုံးပုဂ္ဂိုလ်ဟူ၍။
"ငါ သူတို့ကို အပြင်ထွက်ပြီး ကယ်ထုတ်ရမယ်"
အကြာကြီး တုံ့ဆိုင်းသွားပြီးနောက် လုရွှမ် ဆိုလိုက်သည်။
ရန်ဖေး: "အစ်ကိုလုရွှမ်... ညီမလည်း လိုက်ခဲ့မယ်"
လုရွှမ် ခေါင်းကို ခါယမ်းပြလိုက်သည်။
"မဟုတ်ဘူး... ငါတို့က လူတွေများလေလေ အန္တရာယ်များလေပဲ ငါတစ်ယောက်တည်း သွားတာ ပိုအဆင်ပြေလိမ့်မယ် နောက်ပြီး ချိုင်ယန်းရဲ့ ဒဏ်ရာတွေက မသက်သာသေးဘူး မင်းသူ့ကို ဂရုစိုက်ဖို့ လိုသေးတယ်... ဒါ့အပြင် ကမ္ဘာ့ကူးတို့လှေက မင်းရဲ့ ဂရုစိုက်မှုကို ကောင်းကောင်းလိုသေးတယ်... စိတ်ချပါ ငါသူတို့ကို မရိုက်နိုင်ပေမယ့် ထွက်ပြေးလို့ မရတာမှ မဟုတ်တာ!"
အမျိုးသမီးနှစ်ယောက်ကို လက်ပြနှုတ်ဆက်ပြီးနောက် လုရွှမ် နဂါးကျွန်းသို့ တစ်ဖန် ပြန်တက်လာခဲ့သည်။ ကောင်းကင်မှာလည်း ကမ္ဘာ့ကူးတို့သင်္ဘော အကြောင်း သတင်းရှာနေတဲ့ သတ္တဝါမျိုးစုံနဲ့ ပြည့်နေတာကြောင့် လုရွှမ် ဂရုတစိုက်နဲ့ ချဉ်းကပ်လာခဲ့သည်။
"ဟေ့... ပင်လယ်ထဲမှာ လှေရှာရအောင် လှေက ဘယ်မှာလဲ"
"မှန်တယ်.. သူတို့က ဘာမှ မပြောဘဲ ငါတို့ကို ရှာခိုင်းတယ် သူတို့က ငါတို့ကို လူသားတွေလို လာဆက်ဆံနေတာလား..."
"သူတို့လည်း လိုက်ရှာနေတာပဲလေ! ဟမ့် ရယ်စရာကောင်းလိုက်တာ... ဒီနေရာက ဘယ်နေရာလဲ ဒါက နဂါးကျွန်းလေ.. ဒီမှာ လူသားတွေ မရှိဘူး သူတို့က လာရဲတာလား?"
……
နှစ်ယောက်စလုံးက ပါးစပ်ကြီးပြီး သူတို့ရဲ့ ညည်းညူသံတွေက လုရွှမ်ကို ကျွန်းပေါ်က အခြေအနေအကြောင်း နည်းနည်း နားလည်လာအောင် ကူညီပေးခဲ့သည်။
အနည်းဆုံးတော့ လက်ရှိအခြေအနေက သိပ်ဆိုးပုံ မပေါ်သေးပါ။ တခြား ထူးခြားသည့် အရာများနဲ့ ပတ်သက်ပြီးတော့ ဤသားရဲနှစ်ယောက်ထံမှ ဘာကိုမျှ ရှာမတွေ့ခဲ့ပေ။
လုရွှမ် သူ့ခန္ဓာကိုယ်ထဲရှိ နတ်နဂါးရောင်ဝါကို ဆင့်ခေါ်လိုက်သည်။ သူ့မှာ နဂါးနှလုံးသားရဲ့ အရိပ်အာဝါသ ရှိပြီးသားဖြစ်ပြီး နောက်ပိုင်းမှာ လက်သည်းငါးချောင်းရှိတဲ့ ရွှေနဂါးကြီးရဲ့ သွေးအစစ်နဲ့လည်း ပေါင်းစပ်လိုက်သဖြင့် ရောင်ဝါနဲ့ပတ်သက်လျှင် လုရွှမ် သရုပ်ဆောင်ရန် ခက်ခဲမည် မဟုတ်ပေ။
ငရဲကျွန်းပေါ်တွင် ရှိစဉ်က သူသည် နဂါးသွေးသုံးပုလင်း၊ စစ်မှန်သော နှလုံးသွေးသုံးစက်ကို သောက်ခဲ့ပြီးပြီ။ သူ့ခန္ဓာကိုယ်အတွင်းရှိ နဂါး၏ ရောင်ဝါကို လှုံ့ဆော်ပေးကာ အစစ်အမှန်နှင့် ခွဲခြား၍ မရသည့်တိုင်အောင် ဆင်တူနေပါပြီ။
အပြင်လူတွေ အတွက်ကတော့ သူက နဂါးလေးတစ်ကောင်ပါပဲ။ လုရွှမ် သူ့အသွင်အပြင်ကို အနည်းငယ် ပြုပြင်လိုက်ပြီး နဂါးပုတီးစေ့ မျက်နှာဖုံးကို တက်လိုက်တာနဲ့ အခြားသူများက သူဘယ်သူလဲ မပြောနိုင်တော့ပေ။
နဂါးကျွန်းသို့ ပထမဆုံး ဝင်ရောက်စဉ်က အနည်းငယ် ဆန်းသစ်မှုတစ်ခုကို ခံစားခဲ့ရသည်။ ဒါပေမဲ့ နဂါးကျွန်းကို ဒုတိယအကြိမ်ရောက်တဲ့အခါ နားမလည်နိုင်တဲ့ ရှေးဟောင်း ခံစားမှုတစ်ခုကို ခံစားလာရလေ၏။
ဖျတ်ခနဲ သူ့ခန္ဓာကိုယ် အတွင်းက ကောင်းကင်ဘုံ နဂါးပုတီးစေ့က ရောင်ပြန်ဟပ်လာသည်။ ထို့အပြင် လုရွှမ်သည် သူ့အား ခေါ်ဝေါ်သည့် ဝိုးတဝါး အသံတစ်ခု ရှိနေသည်ဟုလည်း ယောင်ဝါးဝါး ခံစားမိလာသည်။
ဒီခံစားချက်ကို ပထမဆုံးအကြိမ်တုန်းက ဘာလို့ မခံစားခဲ့ရတာလဲ။ လုရွှမ်သည် ဤအရာသည် အခြားမျိုးနွယ်ဝင် တစ်ဦးအဖြစ် နားလည်မှုလွဲခြင်း မရှိဘဲ ပထမဆုံးအကြိမ် ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ထို့ကြောင့် သူလည်း သူ၏ရောင်ဝါအားလုံးကို ထိန်းထားနိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် နတ်နဂါး၏ အငွေ့အသက်များ ထွက်ပေါ်လာပြီး နဂါးကျွန်းရဲ့ ခေါ်သံကိုလည်း ချက်ချင်း ခံစားလိုက်ရသည်။
လုရွှမ် ထိုအတွေးကို အလိုလို ဖြတ်ပစ်ချင်ခဲ့သည်။ အခု လျိုရှန်း နဲ့ တခြားသူတွေဟာ အန္တရာယ်ထဲမှာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူ့စိတ်တွေက ရှုပ်ထွေးနေတုန်းပါပဲ။
ခေါင်းကို လှည့်လိုက်ရင်တော့ စိတ်ထဲမှာ နာကျင်လာသလို ခံစားလာရသဖြင့် အသက်ပြင်းပြင်း ရှူထုတ်ရင်း အတွင်းစိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်သည်။
"ဒါဆိုရင်လည်း သွားကြည့်ရတာပေါ့"
ထူးဆန်းတာက သူ ဒါကို တွေးပြီး အချိန်အတော်ကြာ နှောက်ယှက်နေတဲ့ နှလုံးသားက နာကျင်တာ ရပ်သွားခဲ့သည်။
ကောင်းကင် အလိုတော်ကို ချိုးဖောက်လို့ မရဘူးပဲ။
လုရွှမ် ထိုခံစားချက်အတိုင်း အရှိန်အဟုန်ဖြင့် လိုက်ကာ ပြေးသွားလိုက်သည်။ တောင်တွေ မြစ်တွေကို ဖြတ်ကျော်ခဲ့ပြီးနောက် ကျွန်းငယ်အချို့ကိုလည်း ဖြတ်ကျော်ကာ ရေပေါ်တွင် ရပ်သွားခဲ့သည်။
ခံစားချက်က ပျောက်သွားပြီ။ သူ အံ့သြနေချိန်မှာပဲ ကမ္ဘာကြီးက ရုတ်တရက် လှည့်ပတ်နေသလို ခေါင်းက ချာချာလည်သွားသည်။ လုရွှမ် ထိတ်လန့်သွားခဲ့စဥ် လူက ရေထဲသို့ လဲကျသွားခဲ့ပြီ။
နေရာတိုင်းတွင် ရေများပက်ဖျန်းပြီး ရုတ်တရက် အလင်းတန်းတစ်ခု ထွက်လာချိန်မှာတော့ လုရွှမ်ရုပ်လွှာက ပျောက်ကွယ်သွားပါပြီ။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပျောက်သွားပြီး နောက်ဆုံး မျက်လုံးတွေ ပွင့်လာပေမယ့် ကျွန်းငယ်လေး တစ်ခုကြောင့် ရုတ်တရက် လဲကျသွားရပြန်သည်။
ပတ်ဝန်းကျင်မှာ လူတွေရှိတယ်!
ထောင်ချောက်တစ်ခု ဖြစ်နိုင်လား။
လုရွှမ် ကောင်းကင်ဓားကို အမြန်ထုတ်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သူသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်ကာ ရောက်ရှိလာသော လူများကို ကြည့်လိုက်သည်။
လျိုရှန်း ရှိနေ၏။
လုရွှမ် အံ့အားသင့်သွားတာက ရှန်းရှန်းကိုလည်း သူတကယ် မြင်နေရလို့ပင်။
သို့သော် ယခင်ကနှင့်မတူဘဲ ရှန်းရှန်းသည် ယခုအခိုက်အတန့်တွင် သူ့ကို သတိမထားမိပုံပါပဲ။ သူမသည် ဖြူစင်သော ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ ဖြူစင်သော အသားအရည်နှင့် အတော်လေး လိုက်ဖက်သည်။
သူမခန္ဓာကိုယ်ထဲမှ အေးခဲသွားစေနိုင်သည့် အအေးဓာတ်တစ်ခုသည် သူမဆီ ချဥ်းကပ်လာမယ့် လူများ၏နှလုံးသားကိုပါ အေးခဲလုနီးပါး ဖြစ်သွားစေ၏။
လုရွှမ် အံ့သြသွားသည်။ သူမ အရမ်းပြောင်းလဲသွားတာ ဘာဖြစ်သွားတာလဲ။
သူသေပြီလို့ ထင်လိုက်တဲ့အခိုက် ထိတ်လန့်သွားမိသည်။ သူမကို နှုတ်ဆက်ချင်ပေမယ့် ထိန်းထားလိုက်၏။ ဒီနေရာမှာ ထူးဆန်းတာ တစ်ခုခုတော့ ရှိပေမည်။ သူမကို အရူးအမူး အသိအမှတ် မပြုတာက ပိုကောင်းပါ၏။
လျိုရှန်းနဲ့ ရှန်းရှန်းအပြင် ကောင်းကင်မျိုသားရဲမှလွဲ၍ အခြားသူများကြားတွင် ရင်းနှီးသောမျက်နှာ တစ်ခုလည်း ရှိသေးသည်။ သို့သော် သူ့မျက်နှာမှာ အနည်းငယ် အားနည်းနေတာ သိသာထင်ရှားပြီး ယခင်ဒဏ်ရာများက အပြည့်အဝ မသက်သာသေးကြောင်း ထင်ရှားသည်။
ဒါတွေအပြင် တခြားလူတချို့လည်း အသီးသီး နေရာယူထားကြပြီး သူ့ကို အေးစက်စွာ ကြည့်နေကြသည်။
"နဂါးမျိုးရိုးလား... မြေကမ္ဘာရဲ့ နဂါးမျိုးရိုးမှာ ဒီလိုမျိုး ပါရမီရှင်တစ်ယောက် ရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး... ဟုတ်တယ်မလား"
နဂါးမျိုးရိုးမှ ချောမောသော လူငယ်တစ်ယောက်က လှမ်းအော်သော်လည်း အမေးခံရသူမှာ သူ့ဘေးတွင် ရပ်နေသော ရှန်းရှန်း ဖြစ်သည်။
ရှန်းရှန်းက ထိုလူကို ဘာမှမထူးခြားသလို တစ်ချက် ကြည့်လိုက်ပြီး အေးစက်သော လေသံဖြင့် ဆို၏။
"သခင်တွေက သာမန်လူတွေကြားမှာ ရှိနေလည်း သခင်ပဲ ဖြစ်နေမှာ ဆိုတဲ့ ဆိုရိုးစကား လူသားမျိုးနွယ်ကြားမှာ ရှိတယ်... ကျွန်မတို့ရဲ့ မြေကမ္ဘာက နဂါးမျိုးရိုးမှာလည်း အဲဒီလိုပဲ.."
"ဟာဟား...." အဲဒီလူက ပြုံးပြီး "ဟုတ်တာပေါ့..."
သူက လုရွှမ်ကို လှည့်ကြည့်လိုက်ပြီး ဦးညွှတ်ကာ အပြုံးတစ်ခုနဲ့ ပြောလာသည်။
"ငါ့နာမည် အောင်ထျန်းပါ... ဒီက ညီအစ်ကိုကို ဘယ်လို ခေါ်ရမလဲ?"
အောင်ထျန်း?
ဒီလူက အောင်ထျန်း ဖြစ်နေသည်။ သူသည် မျှော်စင်နယ်ပယ် အဆင့်၅ ကို ရောက်နေပြီ။ သူ့ရဲ့ရောင်ဝါက ပြင်းထန်ပြီး တကယ်ကို ထူးခြားပါ၏။ လုရွှမ်လည်း ပြန်လည် ဦးညွှတ်လိုက်သည်။
"အစ်ကို အောင်ထျန်းကိုး.. တွေ့ရတာ ဝမ်းသာပါတယ် ငါ မင်းကို လေးစားခဲ့တာ ကြာပါပြီ ငါက အောင်ကျန်းပါ"
"အောင်ကျန်း? နာမည်ကောင်းပဲဗျ... ညီအစ်ကို... လာ... ငါ့ဘေးမှာ လာရပ်"
အောင်ထျန်းက နွေးထွေးစွာ ဖိတ်ခေါ်လေသည်။
"ဟမ့်.. ဒါက နဂါးကျွန်း ဆိုပေမယ့် တန်ခိုးရှိတဲ့ သားရဲက နဂါးတွေပဲ မဟုတ်ဘူး!"
လူသတ်ချင်စိတ်တွေ အပြည့်နဲ့ အသံတစ်သံက ရုတ်တရက် ဝင်ဆိုလာသည်။