← Chapters

ဆန့်ကျင်ဘက်

Vol. 142 Ch. 4.1645

ဆန့်ကျင်ဘက်

Vol. 142 Ch. 4.1645

စကားပြောတဲ့သူက ယောက်ျားလေးပင်။ သူက အရပ်မရှည်ပေမယ့် အသံကတော့ အရမ်းကျယ်ကာ မိုးခြိမ်းသံလိုမျိုး လူတိုင်းရဲ့ နားစည်များကို တုန်လှုပ်သွား​စေသည်။ သာမာန်လူတွေဆို အဲဒီလူရှေ့မှာ မရပ်ရဲကြချေ။

လုရွှမ် သူ့နားရွက်များကို ပွတ်သပ်ကာ သူ့မျက်လုံးများက အံ့သြမှုအပြည့်နှင့် လှည့်ကြည့်လိုက်သည်။ ဒီလူရဲ့ အသံစွမ်းအားကို ကြည့်ပြီး မျှော်စင် နယ်ပယ်အောက်က လူမှန်သမျှ သူ့အသံကို နားထောင်ရုံနဲ့ သေတဲ့အထိ တုန်လှုပ်သွားလိမ့်မည်။

"ကျစ်... မင်းတို့ လိန်ကုန်းဟော မျိုးနွယ်က အသံကျယ်ကြတယ် ဆိုတာ ငါတို့လည်း သိပါတယ်... အဲဒါကြောင့် မင်းအသံကို လျှော့လိုက်..."

ထိုလူ၏ဘေးတွင် ရပ်နေသော လူတစ်ယောက်က သူ့နားရွက်ကို လက်ဖြင့်အုပ်ကာ သူ့မျက်နှာကို မကြည့်ဘဲ လှမ်းအော်ရင်စ ဘေးဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

မိုးကြိုးသခင်လေးက နှစ်ခါ အော်ရယ်ရင်း ဂုဏ်ယူ ကျေနပ်​နေသလို ခံစားနေရပုံပင်။

လုရွှမ် အောင်ထျန်း အနားတွင် မနေချင်ပေ။ ဒါကြောင့် သူက နားမလည်သလို လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။

"မင်းရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ် ညီအစ်ကို ငါက အားနည်းနေတယ်... ​​အဲဒါကြောင့် အဆုံးမှာပဲ ရပ်နေလိုက်တာ ပိုကောင်းမယ်"

လက်ရှိလူများထဲတွင် လုရွှမ်ရဲ့ နယ်ပယ်က အမှန်တကယ်ပင် အနိမ့်ဆုံးဖြစ်သည်။

အောင်ထျန်း၊ ကောင်းကင်မျိုသားရဲနှင့် အခြားသော နယ်ပယ်များသည် မြင့်မားတာမျိုး မဟုတ်သော်လည်း ၎င်းတို့သည် အဆင့်အရ အားသာချက် ရှိသည်။

လုရွှမ် တခြားသူတွေကို ကြည့်လိုက်သည်။ ဒီကောင်တွေက အလွန်ထက်မြက်တယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး၊ မဟုတ်ရင် သူတို့ကလည်း ခေါ်တာကို ခံစားပြီး ဒီကို ရောက်လာမှာ မဟုတ်ပေ။

သူအပါအဝင်၊ ဒီမှာ လူ ၁၁ ယောက်ရှိနေပြီ။ ဒါက တော်တော်များတဲ့ အရေအတွက်ပင်။

အမြင့်ဆုံး အဆင့်မှာ မျှော်စင်နယ်ပယ် အဆင့်၈ ဖြစ်တဲ့ လျိုရှန်း ဖြစ်သည်။ ကျန်အများစုမှာ ပဉ္စမအဆင့်နှင့် သတ္တမအဆင့်ကြားတွင် ရှိပြီး လုရွှမ်က အနိမ့်ဆုံးဖြစ်တဲ့ တတိယအဆင့်ဖြစ်သည်။ နှစ်အတော်ကြာ မတွေ့ဖြစ်ကြပြီးနောက် ရှန်းရှန်းလည်း အဆင့်ငါးအထိ ရောက်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။

သူမဆီက ဖြာထွက်နေသော အေးခဲ ရောင်ဝါသည် သူမ၏ ပင်းယိသွေးသား နိုးထမှုဆိုတာ ထင်ရှာပါးသည်။ ၎င်းသည် ရှေးနဂါမျိုးရိုးက ဆင်းသက်လာသော သာလွန်မြင့်မြတ်သော နတ်နဂါးဖြစ်ပြီး ကမ္ဘာကိုဖန်တီးခဲ့သည့် ပထမဆုံးရှေးကျသော ဖယောင်းနဂါးနှင့် ကိုက်ညီသည်။ ယင်နဂါးနှင့် ရွှေနဂါးတို့နှင့် နှိုင်းယှဉ်၍မရပေ။

လျိုရှန်း အပြင်ထွက်သွားတာ တစ်ရက်မျှသာ ရှိသေးသည်။ ဆိုလိုသည်မှာ ဤလူများသည် ဤနေရာတွင် တစ်ရက်အတွင်း စုရုံးလာခဲ့သည်။

ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး အခြားသတ္တဝါတစ်ကောင်လည်း ပြေးဝင်လာသည်။ လူတိုင်းကို မြင်သောအခါတွင် သူသည် သူ့ကိုယ်သူ အမြန်ကာကွယ်ပြီး သိမ်းပိုက်ရန် နေရာတစ်​နေရာကို ရွေးချယ်လိုက်သည်။

နောက်ထပ် နာရီဝက်လောက်ကြာတော့ စိတ်ထဲမှာ ခံစားချက်တစ်ခု ပေါ်လာ၏။ လုရွှမ် အရေးကြီးသော အရာတစ်ခု ဖြစ်ပျက်တော့မလို သူ့နှလုံးသားထဲတွင် နားလည်မှုတစ်ခုကို ခံစားလာရသည်။

အထူးသဖြင့် အောင်ထျန်းသည် တခြားလူတွေကို ကြည့်ရင်း သူ့မျက်လုံးထဲမှာ ထိန်းမနိုင်သိမ်းမရတဲ့ ပျော်ရွှင်မှု အရိပ်အမြွက်မျိုး ပေါ်လာသည်။

"အားလုံး သေချာ ရပ်နေကြပါ!"

ထို့နောက် လူအုပ်ကြားတွင် အလင်းတန်းဆယ့်နှစ်ခု ပေါ်လာပြီး ကောင်းကင်တစ်ခွင် လင်းထိန်သွားခဲ့သည်။

"ဝင်ကြရအောင်...."

အောင်ထျန်းက လှမ်းအော်လိုက်ပြီး သူ့ရှေ့က လင်းနေတဲ့ အလင်းတန်းထဲကို ပထမဆုံး ဝင်သွားခဲ့သည်။ အလင်းတန်းများ အားလုံးက အတူတူပဲဖြစ်ကာ ကွဲပြားတာ တစ်ခုခုလည်း မရှိသောကြောင့် စိတ်ပူစရာမလိုချေ။

လုရွှမ် အလင်းတန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ခဏမျှပင် သူ့ခေါင်းပေါ်တွင် တောင်ကြီးတစ်ခု ကျရောက်နေသလို ခံစားလိုက်ရသည်။ သူ မျှော်ကြည့်လိုက်တော့ အောက်သို့ နိမ့်ဆင်းနေသော တောင်တန်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်အပေါ် ဖိအားများ ရုတ်တရက် မြင့်တက်လာပြီး ခဏတာမျှ သွေးအန်ချင်သလို ခံစားလိုက်ရသည်။

ရုတ်တရက် အောင်ထျန်းဆီက ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။

"အားလုံးပဲ ငါအရင်သွားပြီနော်!"

အောင်ထျန်းမှာ ဒီလိုမျိုး အစွမ်းက သူ့အတွက် ဘာမှမဖြစ်သလိုပဲ အော်သွားသည်။ သူက ခြေဖဝါးကို အားပြု၍ ကောင်းကင်သို့ တက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။ မဆိုင်းမတွဘဲ နောက်ကလိုက်လာတဲ့ ဖီးနစ်ကလည်း အလင်းတန်းထဲ ဝင်ရင်း ချက်ချင်း ပျောက်သွား၏။

ထို့နောက် လူအနည်းငယ်လည်း ပြေးတက်လာပြီး လျင်မြန်စွာ ထွက်ခွာသွားကြသည်။

မကြာခင်မှာ လူလေးယောက်ပဲ ကျန်တော့သည်။ လုရွှမ်၊ လျိုရှန်း၊ ကောင်းကင်မျိုသားရဲနဲ့ နောက်ဆုံး အပြေးဝင်လာသူပင်။

ကောင်းကင်မျိုသားရဲ၏ မျက်နှာသည် နီရဲနေဆဲဖြစ်ကာ ဒဏ်ရာကနေ ကြီးမားတဲ့ သက်ရောက်မှုကြီး ခံစားလိုက်ရတာ ထင်ရှားပါသည်။ လျိုရှန်း၏ မျက်နှာသည် ကြည်ကြည်သာသာ ရှိသော်လည်း သူမသည် အရှိန်မပြင်း၊ ပြေးဝင်လာသော နောက်ဆုံးသတ္တဝါကသာ တောင်ကြီးတစ်ခုမှ ဖိနှိပ်ခံရသကဲ့သို့ ဒူးအနည်းငယ်ကွေးကာ ရုန်းကန်နေရသည်။

လုရွှမ်ရဲ့ မျက်လုံးများကို မြင်လိုက်ရတဲ့အခါ ၎င်းက နှာမွှန်နေကာ ရုတ်တရက် အတောင်ပံတစ်စုံဖြန့်၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ကောင်းကင်မျိုသားရဲကလည်း အော်ဟစ်လိုက်ပြီး လှုပ်ရှားလိုက်သည်နှင့် ၎င်း၏ပါးစပ်ထောင့်မှ အနီရောင်တောက်တောက် သွေးစက် အနည်းငယ် ထွက်လာသည်။

လျိုရှန်းသည် လှောင်ပြောင်မှုဖြင့် ကောင်းကင်မျို သားရဲကို ကြည့်ကာ ဆိုလိုက်သည်။

"မာနထောင်လွှားတဲ့ ကောင်းကင်မျိုသားရဲ! အခု ဘယ်လိုနေသေးလဲ?"

"ဟမ့် ငါအသက်ရှုရဖို့ ကြိုးစားနေတာမလို့... ဒီလမ်းပြအလင်းတန်းက ငါ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ.. ဟမ့် ငါထွက်လာပြီး ငါ့ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အခါ မင်းနဲ့ အဲဒီလူသားလည်း ငါ့ရဲ့လက်စားချေမှုကို စောင့်မျှော်နိုင်မှာပါ"

ကောင်းကင်မျိုသားရဲသည် လုရွှမ်ကို စိုက်ကြည့်ကာ မောက်မာစွာ ဟစ်အော်လိုက်သည်။ ထို့နောက် သွေးများ ပါးစပ်ထဲက ထွေးထုတ်ကာ ပျံတက်သွားခဲ့သည်။

လျိုရှန်း လုရွှမ်ကို လှည့်ကြည့်လိုက်သည်။

"ရှင်က ဘယ်သူလဲ? နတ်နဂါး မျိုးနွယ်မှာ ဒီလို ဉာဏ်ကြီးရှင်ရှိရင် ကျွန်မသေချာပေါက် သိမှာပဲ... ပြီးတော့ ရှင်က နတ်နဂါး မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ပေး​နေတယ်... ရှင် ဘာသားရဲလဲ..."

လုရွှမ် အံ့သြသွားသည်။ ကောင်းကင်လူသားတွေက အမှန်တကယ်ပင် ထူးကဲလှ၏။ အောင်ထျန်းနဲ့ အောင်ရှန်းက သူ့ကို မမှတ်မိပေမယ့် လျိုရှန်းကတော့ သူ့ကို တစ်ချက်တည်းနဲ့ မှတ်မိလေသည်။

"ငါ လုရွှမ်..."

လုရွှမ် စိတ်စွမ်းအင်ဖြင့် လှမ်းပြောရင်း မျက်လုံးတစ်ဖက် မှိတ်​ပြလိုက်သည်။ လျိုရှန်း မျက်လုံးများ တောက်ပလာ၏။

"အဲဒါကြောင့် ရင်းနှီးတဲ့ ခံစားချက်ကို ရနေတာကိုး..."

လုရွှမ်သည် လျိုရှန်း၊ နဂါးလေးနဲ့ သူတို့၏အဖွဲ့၏ အခြေအနေကို အမြန်မေးလိုက်သည်။

"ရဲ့ရှားတို့ သုံးယောက်ကို ကျွန်မ မတွေ့ရသေးဘူး... ဒါပေမယ့် သူတို့ အဆင်ပြေနေလောက်ပါတယ်... အနည်းဆုံးတော့ သူတို့အကြောင်း ဘာသတင်းမှ ထွက်မလာဘူး သူတို့ သုံးယောက်ရဲ့ အထောက်အထားတွေကို ထုတ်ဖော်မပြဘူး... သူတို့က အရမ်းထက်မြက်ပါတယ်...ကျွန်မတို့ ပြန်လာမှာကို စောင့်နေဖို့ ပုန်းဖို့နေရာကို ရွေးထား​လောက်တယ်"

လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။

"အနည်းဆုံးတော့ ဘယ်သူမှ အန္တရာယ် မရှိသေးဘူး... စကားမစပ် ဒီနေရာက ဘယ်မှာလဲ"

လျိုရှန်း မျက်နှာသည် ခိုင်ခံ့မြဲမြံနေပြီး သံသယ အရိပ်အမြွက် ပြကာ ဆို၏။

"ဒါက ဒဏ္ဍာရီခွင်းလွင်လျှို့ဝှက်နယ်မြေ ဖြစ်နိုက်တယ်"

"ခွင်းလွင်လျှို့ဝှက်နယ်မြေ?"

ခွင်းလွင် လျှို့ဝှက်နယ်မြေအကြောင်းကို များများစားစား မသိသော်လည်း ခွင်းလွင်သည် ရှေးခေတ်ကတည်းက ကမ္ဘာပေါ်တွင် နံပါတ်တစ် လျှို့ဝှက်နယ်မြေအဖြစ် လူသိများကြောင်းတော့ သူသိထားပါသည်။

မြင့်မြတ်သောနတ်နဂါး ပင်းယိသည် ခွင်းလွင်၏ လျှို့ဝှက်နယ်မြေမှ မွေးဖွားလာခြင်း ဖြစ်သည်။ သို့သော်လည်း ခွင်းလွင်လျှို့ဝှက်နယ်မြေသည် နှစ်ထောင်ပေါင်းများစွာကတည်းက လူသိများလာခဲ့ပေမယ့် ဘယ်နေရာမှာလဲ ဘယ်သူမှ မသိကြပေ။

တစ်ချိန်က သူသည် ၎င်းက ရှေးဒဏ္ဍာရီတစ်ခုမျှသာဟုပင် သံသယ ရှိခဲ့ဖူးသည်။ အခု သူတို့ ခွင်းလွင်ရဲ့ လျှို့ဝှက်နယ်မြေကို ရောက်လာမိမယ်လို့ သူ မမျှော်လင့်ထားခဲ့။

ဒီလျှို့ဝှက်နယ်မြေနဲ့ ခွင်းလွင်လျှို့ဝှက်နယ်မြေက ဘယ်လို ဆက်နွယ်နေလဲ။

လုရွှမ်လည်း သူသည် ရှေးဒဏ္ဍာရီများအကြောင်း များများစားစား မသိကြောင်း သိပာသည်။ လျိုရှန်းလည်း ဖိအားကို ခံစားနေရသဖြင့် အမြန်မိတ်ဆက်လိုက်သည်။

ကောလဟာလတွေအရ ခွင်းလွင်ရဲ့ အထွတ်အမြတ်ထားရာ နယ်မြေဟာ သမိုင်းရဲ့ရှည်လျားလှတဲ့ မြစ်ထဲမှာ ကြာရှည်စွာ ပျောက်ဆုံးခဲ့ပြီး ပျောက်ကွယ်သွားခဲ့တာလည်း ကြာပါပြီ။ ထို့ကြောင့် နောက်ပိုင်းတွင် ကောင်းကင်နှင့် မြေကြီးသည် အမျိုးမျိုးသော ကမ္ဘာငယ်များအဖြစ် ကွဲကွာသွားခဲ့သည်။

ခွင်းလွင်မှာ မသေမျိုး အကောင်တွေ ရှိခဲ့ပေမယ့် နောက်တော့ မသေမျိုး အကောင်တွေလည်း မရှိတော့ပေ။ စကြာဝဠာမကွဲခင် ခွင်းလွင်က မွေးဖွားပြီး ပျောက်ကွယ်သွားကြောင်း မှတ်တမ်းတင်ထားခဲ့၏။

ရှေးအကျဆုံး အချိန်များတွင် ကမ္ဘာပေါ်တွင် နတ်နဂါးဟူ၍ နှစ်မျိုးသာရှိသော်လည်း ဖယောင်းနဂါးနဲ့ ရေခဲ ပင်းယိနဂါးသာ ဖြစ်သည်။ တစ်ကောင်က ဟွမ့်သွမ့်၊ နောက်တစ်ကောင်က ခွင်းလွင်ကနေ လာတာပင်။ ထို့နောက်တွင် ယင်နဂါးနဲ့ လက်သည်းငါးချောင်း ရွှေနဂါးကို နတ်နဂါးများဟု အမည်ပေးခဲ့သော်လည်း ၎င်းတို့သည် ဖ​ယောင်းနဂါးနဲ့ ပင်းယိတို့ရဲ့ အစားထိုးခြင်းမျှသာဖြစ်သည်။

ခွင်းလွင်ရဲ့ ပျက်ဆီးမှုကြောင့် ပင်းယိကို မတွေ့ရတာ ကြာပါပြီ။

"လုရွှမ် ဒီမျိုးဆက်က နောက်ပြန်ဆုတ်ဖို့ ရည်မှန်းထားတဲ့ နဂါးမျိုးဆက်ကြားထဲမှာ လျှို့ဝှက်ကောလဟာလ တစ်ခုရှိတယ်ဆိုတာ သိလား... ပင်းယိက နောက်ပြန်လှည့်ပြီး မွေးဖွားလာခဲ့တာ အခု ဖယောင်းနဂါးက ထွက်လာတော့မယ်.... လူတော်တော်များများက အောင်ထျန်း ဖြစ်နိုင်တယ်လို့ ထင်နေကြတာ!"

All Chapters