← Chapters

ထိုးထွင်းသိမြင်ခြင်း

Vol. 142 Ch. 4.1648

ထိုးထွင်းသိမြင်ခြင်း

Vol. 142 Ch. 4.1648

သူ့ဟန်ချက်ကို မထိန်းနိုင်တော့သဖြင့် လုရွှမ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ညည်းတွားသံတစ်ချက် ထုတ်လိုက်မိသည်။ အရိုးများက အသည်းခိုက်အောင် နာကျင်နေတာကြောင့် သူ၏ ခန္ဓာကိုယ်အောက်မှာ ကျောက်ခဲလို ဖြစ်သွားသည်။

အောက်ကို ငုံ့ကြည့်လိုက်တဲ့အခိုက် သူ့ရင်ဘတ်မှာ သွေးထွက်သံယို အပေါက်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အတွင်းထဲမှာတော့ သွေးနီရောင် လူသားပုံသဏ္ဌာန်ရှိတဲ့ နှလုံးဟာ တဖြည်းဖြည်း ပိုကြီးလာပါပြီ။

အလွန်အားနည်း နေသေးသော်လည်း ၎င်းသည် အလွန်ပင် တက်ကြွပြီး သူ့ဘဝကို ရှင်သန်စေမည့် တက်ကြွမှုအပြည့် ရှိသည်။

"မဟုတ်ဘူး! ငါသွားရမယ် ဆိုရင်တောင် ဟိုဘက်ကိုပဲ တွားသွားမယ်..."

လုရွှမ်သည် လူသား ကျောက်ဆစ်ရုပ်တုကို ကြည့်ကာ ခက်ခက်ခဲခဲ မတ်တပ်ထရပ်ရင်း လျှောက်သွားခဲ့သည်။

တစ်လှမ်း၊ နှစ်လှမ်း။

နေထွက်သည်၊ လထွက်လာသည်၊ ကြယ်များလည်း ရွေ့လျားနေခဲ့သည်။

​မြေပြင်​တစ်​ခုလုံးမှာ ​သွေး​တွေ ရွှဲနေ၏။

အချိန်ဘယ်လောက် ကြာသွားသလဲ မသိသော်လည်း နောက်ဆုံးတွင်တော့ သူ ကျောက်ရုပ်ထုရှေ့သို့ ရောက်လာခဲ့သည်။ နီးကပ်လာသည်နှင့်အမျှ သူ့မျက်လုံးများက နီရဲနေပြီဖြစ်သော ကျောက်ဆစ်ရုပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ကျောက်ရုပ်ထုတွင် သူစိတ်ကူးထားသည့်အတိုင်း အနည်းငယ်ဆင်တူသည့် မျက်နှာနှင့် မျက်နှာသွင်ပြင်များ ရှိနှင့်ပြီးဖြစ်သည်။ အနည်းငယ် မှုန်ဝါးနေသေးသော်လည်း ၎င်းတွင် အကြမ်းဖျင်း ပုံရိပ်အချို့ရှိနေပြီ ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် သူ့ကျင့်ကြံခြင်း အမြုတေက အနည်းငယ် တုန်တုန်ယင်ယင် ထ​ကြွလာစဥ် လုရွှမ် သူ့လက်ကို ဆန့်တန်းကာ လူသားကျောက်တုံးရုပ်ထုကို ထိလိုက်သည်။ တစ်ဆက်တည်း သူ့ခန္ဓာကိုယ်က လွင့်ပျံလာပြီး ကျောက်ရုပ်ထုထဲသို့ တိတ်တဆိတ် ပေါင်းစပ်သွားခဲ့သည်။

……

"ဖူး!"

အောင်ထျန်း ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ပြီး လေထုထဲကနေ ပြေးထွက်လာခဲ့သည်။

"ခွေးမလေး...ဘာက ကောင်းလဲ ဆိုးလဲ တကယ်မသိဘူး!"

အောင်ထျန်း ခန္ဓာကိုယ်သည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး အပေါက်ကြီးတစ်ခုပါ ဖန်တီးပစ်ခဲ့သည်။ သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်ပြီးနောက် ထရပ်ကာ သူ့ပတ်ဝန်းကျင်ရှိ အပျက်အစီးများနှင့် အဝေးက ကျောက်ရုပ်များကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

"နောက်ဆုံးတော့ ဝင်လာပြီ!"

မဆိုင်းမတွ မတ်တတ်ထရပ်ပြီး အရှိန်ပြင်းပြင်းနဲ့ ဆက်ပြေးလိုက်သည်။ လမ်းတလျှောက်က ကျောက်ရုပ်တွေကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်ပြကာ ရှေ့ကို ဆက်ပြေးလေ၏။

​မြေပြင်​မှာ ​သွေး​စီးကြောင်းကြီး ရှိနေသည်။

"ကောင်းပြီ... ငါ့ထက် စောရောက်တဲ့လူ ရှိနေတာကိုး!"

"လူသားမျိုးနွယ်ရဲ့ ကျောက်ရုပ်ထုအထိ ရောက်သွားတာပဲ... လာတဲ့သူတွေက လူသားလား"

အောင်ထျန်းလည်း အံ့အားသင့်စွာဖြင့် လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်ထုဆီသို့ သတိကြီးစွာ ပျံသန်းသွားခဲ့သည်။ ဤနေရာသည် သာမန်သတ္တဝါများ ဖြတ်သန်းသွားလာနိုင်သော နေရာမဟုတ်ကြောင်း သူသိထားပြီးသား ဖြစ်သည်။

ဤနေရာသည် ခွင်းလွင်လျှို့ဝှက်နယ်မြေထဲရှိ အမှန်တကယ် မှော်ဆန်သော နေရာဖြစ်သည်။

အေးစက်မှု အရိပ်အမြွက်ဖြင့် ကျောက်ရုပ်ထုမှ ထွက်လာသော နဂါး၏ ပြင်းထန်သော ရောင်ဝါကို သူခံစားနိုင်နေပြီ ဖြစ်သော်လည်း သူခံစားရသည့်အရာကမူ ဖရိုဖရဲ အသွင်အပြင်ဘက်ကို ပိုရောက်နေသည်။

သူ့ရောင်ဝါနဲ့ လိုက်ဖက်ပါ၏။

အပြင်မှာထွက်တဲ့ ကောလဟာလတွေက မမှားပါ။ ဧကန်စင်စစ် မြေကမ္ဘာထဲရှိ အောင်ရှန်းက အတ္တဝါဒ၏ လက္ခဏာများကို ပြသသောအခါ သူ့ခန္ဓာကိုယ်ကတော့ ဆုတ်ယုတ်မှု လက္ခဏာများ ပြသလာခဲ့သည်။

ကောလဟာလတွေထဲမှာ ပြောထားသလိုပဲ၊ သူ့ဘိုးဘေးက ဖယောင်းနဂါးပင်။ ဖယောင်းနဂါးက ပင်းယိနဂါးထက် ပိုမိုအားကောင်းနေတာ ထင်ရှားပြီး လက်ရှိကမ္ဘာသည် မူလပရမ်းပတာများ ပျောက်ကွယ်သွားခြင်းမှ တဖြည်းဖြည်း ဆင်းသက်လာခြင်း ဖြစ်သည်။

အောင်ထျန်းသည် သူ့ဘိုးဘွားအိမ်သို့ ပြန်သွားပြီး ဖယောင်းနဂါး၏ အာဏာကို ပြန်လည်ရရှိရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် အောက်ကမ္ဘာသို့ သွားခွင့်ရသောအခါ သူ ဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် မြေကမ္ဘာကြီးတွင် အခွင့်အလမ်း နှစ်ခုရှိသည်။

ဦးစွာ သူသည် ပင်းယိ၏ ဘိုးဘွားပုံစံသို့ ပြန်သွားခဲ့သော တစ်စုံတစ်ဦးနှင့် ပေါင်းစည်းနိုင်ခဲ့ပါက၊ ယင်နှင့် ယန်တို့သည် ပေါင်းစည်းနိုင်ခဲ့ပါက၊ သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ဖယောင်းနဂါးသွေးကို ဆွဲထုတ်ရန် ပင်းယိရဲ့ စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။

ဒုတိယတစ်ခုကတော့ ခွမ်းလွင်ရဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး ကမ္ဘာကြီးကို ထိန်းချုပ်ထားတဲ့ နတ်နဂါးကြီးရဲ့ ကျောက်ဆစ်ရုပ်ထုကို ရှာဖွေဖို့ပါပဲ။ ကျောက်ရုပ်ထုရဲ့ စွမ်းအားကို အားကိုးပြီး သူ့ခန္ဓာကိုယ်ထဲက ဖယောင်းနဂါး သွေးလမ်းကြောင်းကို ဆွဲထုတ်လိုက်လို့ရသည်။

နည်းလမ်းနှစ်ခုတွင် တစ်ခုက အောင်မြင်နိုင်မှာ သေချာသောကြောင့် အောင်ရှန်းကို အကြိမ်ကြိမ် လက်ထပ်လိုခြင်း ဖြစ်သည်။ ကံမကောင်းစွာပဲ အောင်ရှန်းသည် အေးစက်သော စိတ်ထားသာရှိ၏။ သူ့နားလည်မှုအရ ထိုလူသားကြောင့် အောင်ရှန်းသည် သူမ၏စိတ်ကို အေးခဲထားခဲ့သည်။

၎င်းသည် ပင်းယိနဂါးရဲ့ သွေးအဆက်အစပ် ဖြစ်ပွားမှုကိုလည်း မြှင့်တင်ခဲ့ပြီး သူမကိုယခုကဲ့သို့ ဖြစ်လာစေခဲ့သည်။

အရင်တုန်းကဆိုရင် သူက အင်အားသုံးနိုင်တုန်းပဲ။ ဒါပေမယ့် အခု ပင်းယိ အသွေးအသားကို အသက်သွင်းပြီးသား အောင်ရှန်းနဲ့ ရင်ဆိုင်လိုက်ရတော့ သူ့ရင်ထဲမှာ အထူးကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရတော့သည်။

နတ်နဂါးများ၊ အထူးသဖြင့် ဖယောင်းနဂါးနဲ့ ပင်းယိနဂါးသည် ယခင်အကွဲဝိဥာဉ်မှ ဆင်းသက်လာခဲ့ပြီး ၎င်းတို့သည် ကမ္ဘာ့နံပါတ်တစ် သန့်ရှင်းသော နယ်မြေဖြစ်သည့် ခွမ်းလွင်မှ ဆင်းသက်လာခဲ့သဖြင့် ဂုဏ်အယူဆုံးဖြစ်သည်။

ထို့ကြောင့် ခွမ်းလွင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ဖို့က အခြားရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ သူသည် နဂါးကျွန်းတွင် သုံးနှစ်ကြာအောင် စောင့်နေခဲ့ရပြီး နောက်ဆုံးတွင် ခွင်းလွင် လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့သည်။

အမှောင်ထဲမှာ သူ့အတွက် တောက်ပတဲ့ အလင်းရောင်ကို ဖွင့်ထားသလိုပါပဲ။

အောင်ရှန်း နဲ့ သူ့လက်ထပ်တာကိုတောင် လောလောဆယ် ဖယ်ထားလိုက်လို့ ရ၏။ အကယ်၍ သူလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ဖယောင်းနဂါးရဲ့ သွေးလမ်းကြောင်းကို ဆွဲထုတ်နိုင်ခဲ့လျှင် ကမ္ဘာကြီးသည် သူ့အတွက် ဖြစ်လာလိမ့်မည်။ အောင်ရှန်းဟာလည်း သူမ၏ မြင့်မြတ်သောခေါင်းကို နှိမ့်ချကာ သူ့ရှေ့မှောက်တွင် လက်အောက်ခံရမည် ဖြစ်သည်။

ကောင်းကင်နဲ့ မြေကြီးရဲ့ လမ်းကြောင်းလို့ ခေါ်တဲ့ အခေါ်အဝေါ်အရတော့ ကောင်းကင်နဂါးတွေရဲ့ လွှမ်းမိုးမှုကနေ လူသားတွေ လွှမ်းမိုးခံရမှုအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် သူ့ကို အရင်မေးကြည့်သင့်ပါ၏။

ပါးစပ်က သွေးတွေ ထွက်လာပြီး အောင်ထျန်း အတွင်းစိတ်က ကျိန်ဆဲလိုက်သည်။

"ကောင်းကင်ကြီး က ငါ့ကို တားချင်နေတာလား... ဟမ့် ငါတို့ နတ်နဂါး မျိုးနွယ်စုနဲ့ ကောင်းကင်လူသားတွေက အတူနေနိုင်မယ် မထင်ဘူး... ဒီတစ်ခါ မင်းရဲ့ ကျောက်ဆစ်ရုပ်တွေကို ငါ လုံးလုံး ဖျက်ဆီးပစ်မယ်"

လူသားကျောက်ဆစ်ရုပ်ကို စောစောစီးစီး ရောက်လာသူ ရှိပုံရသော်လည်း အောင်ထျန်း တခဏမျှ တုံ့ဆိုင်းသွားကာ မကျော်တက်သေးပေ။ သူရဲ့ လက်ရှိအင်အားက အနှီလူသားရုပ်တုနဲ့ နီးစပ်ဖို့ မလုံလောက်သေးသလို ဒဏ်ရာကလည်း ရထားသေးသည်။

ဖယောင်းနဂါး သွေးကို နှိုးဆွပြီးသည်နှင့် လူသား ကျောက်ဆစ်ရုပ်ကို ဖျက်ဆီးပစ်ဖို့က ပိုမိုလွယ်ကူလာလိမ့်မည်။

သူသည် တစ်ဆင့်ပြီးတစ်ဆင့် နဂါးတည်ရှိရာ ကျောက်ဆစ်ရုပ်ရှေ့သို့ ရောက်ရှိလာပြီး နဂါး၏ ကျောက်ဆစ်ရုပ်ကို ထိရန် လက်လှမ်းလိုက်သည်။ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

အောင်ထျန်း၏ ခန္ဓာကိုယ်သည် လေးလံသော တူဖြင့် ရိုက်ထုတ်ခံလိုက်ရသလို ခပ်ဝေးဝေးသို့ လွင့်ပျံသွားခဲ့သည်။ အောင်ထျန်း မယုံနိုင်စွာ မြေပြင်မှ ထလိုက်သည်။

"အစောကြီး ရောက်​နေတဲ့သူ..."

မြေပြင်ပေါ်ရှိ သွေးများကို မြင်လိုက်သောအခါက လူသားများ ဤနေရာသို့ ဝင်ရောက်လာနိုင်ကြောင်း သူ မယုံနိုင်သေးချေ။ တွေ့ရင် အဲဒီလူကို ဘယ်တော့မှ အသက်မရှင်စေရဘူးလို့လည်း ဆုံးဖြတ်ထားသည်။

ဆိုလိုတာက ဝင်လာတဲ့ ယောက်ျားလေး ၁၁ ယောက်ထဲမှာ တစ်ယောက်က လူသားပင်။

ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။

အောင်ထျန်း သွေးထွက်နေသော မျက်လုံးများဖြင့် လူသညးရုပ်ထုကို စိုက်ကြည့်နေသည်။ အလင်းတန်းတစ်ခုက သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရခက်ခဲစေ၏။ သူသည် ဝင်လာသူများရဲ့ ပုံရိပ်ကို စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖယ်ထုတ်လိုက်ပြီး နောက်ဆုံးတွင် လုရွှမ်ရဲ့ပုံစံက သူ့ကို နားမလည်နိုင်အောင် အေးစက်သွားစေခဲ့သည်။

မျှော်စင်နယ်ပယ် တတိယအဆင့်တွင် ရှိသော အောင်ကျန်းဟုခေါ်သော ကောင်လေးမှာ ခွန်အားလုံးဝမရှိခဲ့သလိုဖြင့်။ တကယ်တော့ ၎င်း၏စွမ်းရည်သည် အခြားသူများထက် မနည်းလှပေ။

နဂါးမျိုးရိုးက ဒီလို နတ်နဂါးအကြောင်း ဘယ်လိုလုပ် မသိနိုင်တာလဲ။

သူက လူသားတစ်ဦး ဖြစ်နိုင်လား။

သူ့စိတ်ထဲမှာ သံသယတွေနဲ့ ပြဿနာကို လုံးဝကွဲပြားတဲ့ ရှုထောင့်ကနေ ကြည့်နေ၏။ ခဏကြာတော့ သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။ သူ့လက်သီးကို ဆုပ်လျက် အံ့သြစရာကောင်းတဲ့ ကျောက်ရုပ်ထုအောက်မှာ ရပ်လိုက်သည်။

၎င်းသည် မှိန်ဖျော့သွားပြီ ဖြစ်ကာ အတွင်း၌ တန်ခိုးမကျန်တော့ပေ။ ၎င်းသည် စိမ်း​ပြာနဂါးရဲ့ နှလုံးသားဖြစ်ကြောင်း ယောင်ဝါးဝါး မြင်နိုင်ပါသေးသည်။

အောက်ခြေအဆင့် နတ်နဂါးများရဲ့ ခေါင်းဆောင် စိမ်းပြာနဂါး နှလုံးလား။

အမ်?

လက်သည်းငါးချောင်း ရွှေနဂါးရဲ့ သွေးရောလား...။

သူ လှည့်စားခံရတာ မဆန်းပါဘူး။

လူသားတွေက အရမ်းလိမ္မာပါးနပ်တာပဲ!

All Chapters