← Chapters

ချီတုံချတုံ

Vol. 142 Ch. 4.1649

ချီတုံချတုံ

Vol. 142 Ch. 4.1649

"ဖုန်းကနဲ" အသံဖြင့် အပေါက်တစ်ခု ပေါ်လာပြီး အမျိုးသမီးတစ်ဦး ပြေးထွက်လာသည်။

သူကတော့ လျိုရှန်းပါပဲ။ သူမမျက်နှာမှာ ဖြူဖျော့နေပြီး နဖူးမှာ ပြတ်ရှဒဏ်ရာတစ်ချက် ရှိ​နေသည်။ သက်သာသွားပေမယ့် ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ် အခြေအနေကို ယောင်ဝါးဝါး မြင်နေရဆဲပါ။ သူမဒဏ်ရာကနေ အရင်တိုက်ပွဲက ဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲ ဆိုတာ တွေးကြည့်နိုင်ပါ၏။

"ကောင်းပြီ... မင်းကိုး ကောင်းကင်လူသား မင်း မသေသေးဘူးပဲ!"

အောင်ထျန်း အော်လိုက်သည်။

လျိုရှန်း: "ဒါက ခွင်းလွင်ရဲ့ လျှို့ဝှက်နယ်မြေ.... နဂါးမျိုးနွယ်က ဝင်နိုင်တယ်၊ လူသားမျိုးနွယ်ကလည်း ဝင်နိုင်တယ် ကျွန်မတို့ရဲ့ ကောင်းကင်လူသား မျိုးနွယ်က ဘာလို့ မဝင်လာနိုင်ရမှာလဲ"

လျိုရှန်း အောင်ထျန်းကို ငုံ့ကြည့်ကာ ဆက်ပြော၏။

"အရင်က ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေက အချည်းနှီး မဖြစ်သွားဘူးပဲ... ရှင့်ထက်အရင် တစ်ယောက်ယောက်က အရင် ရောက်လာခဲ့တာပဲ"

အောင်ထျန်းရဲ့ မျက်နှာကြီး မည်းမှောင်လာပြီး ဒေါသတကြီး အော်ငေါက်ပစ်လိုက်သည်။

"ကောင်းကင်လူသား ငါတကယ် နားမလည်ဘူး... မင်းဦးနှောက်မှာ တစ်ခုခုများ မှားနေပြီလား"

"ကမ္ဘာကြီး ပြောင်းလဲတော့မှာ.. နောက်ကမ္ဘာက လူသားမျိုးနွယ်နဲ့ သက်ဆိုင်လိမ့်မယ်ကွ! ဟမ့် ဟာသပဲ... ဘယ်သူက ဒီကံကြမ္မာကို လူသားတွေဆီ ပေးခဲ့တာလဲ... သူတို့နဲ့ ထိုက်တန်လို့လား... ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ!"

လျိုရှန်းမှာ အောင်ထျန်းကို ဂရုမစိုက်ချင်တော့သဖြင့် အရူးတစ်ယောက်ကို ကြည့်နေသလိုပဲ ပြန်ကြည့်နေလိုက်သည်။

ကမ္ဘာကြီးရဲ့ ယေဘူယျလမ်းကြောင်းနှင့် သမိုင်းဘီးလုံးသည် ရှေ့သို့ ရွေ့လျားရန် ရည်မှန်းထားပြီးသားဖြစ်ကာ ဘယ်သူမှ ပြောင်းလဲနိုင်မည် မဟုတ်ချေ။ မည်သူမဆို ၎င်းကို ရပ်တန့်လိုပါက ဘီးများနှင့် သမိုင်း၏ အမှုန်အမွှားများအောက်တွင် လူသေကောင် အဖြစ်သို့သာ ရောက်ရှိသွားလိမ့်မည်။

ရုတ်​တရက်​ပင်​ ​ကျောက်​ရုပ်​သုံး​ခုလုံးက တောက်​ပလာခဲ့​လေသည်​။

နတ်နဂါးနှင့် ကောင်းကင်လူသားတို့၏ ကျောက်ဆစ်ရုပ်များသည် ဖရိုဖရဲ အလင်းရောင်ဖြင့် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေချိန်တွင် လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်သည် တစ်စုံတစ်ခု ဖြစ်ပျက်သွားသကဲ့သို့ တောက်ပနေသော အလင်းရောင်ဖြင့် လွှမ်းခြုံနေခဲ့သည်။

"ဟားဟား!" အောင်ထျန်း အော်ရယ်လိုက်သည်။

"ကောင်းကင်လူသား... မင်းမြင်တယ်မလား ငါတို့သမိုင်းရဲ့စင်မြင့်က မကုန်သေးဘူး လူသားမျိုးနွယ်က ထချင်နေတာတောင် ထနိုင်လို့လား? လူသားကျောက်တုံးရုပ်ထုထဲမှာ ပုန်းနေတဲ့သူက သေတော့မယ်ကွ!"

လျိုရှန်းလည်း ထိတ်လန့်တုန်လှုပ်သွားပြီး လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်ထုကို ထိတ်လန့်စွာ ကြည့်နေခဲ့လေသည်။

လမ်းတစ်လျှောက်မှာ ကျန်ခဲ့တဲ့ သွေးတွေကို သူမမြင်ခဲ့ရပေမယ့် အထဲမှာက ဘယ်သူလဲ။ လုရွှမ်ပဲ ဖြစ်ရမယ် ဆိုတာကို သူမစိတ်ထဲမှာ ကောင်းကောင်းသိနေပြီးသား။

လုရွှမ် တစ်ခုခု ​ဖြစ်နေပြီလား။

နဂါးရုပ်ထုက ရုတ်တရက် လင်းထိန်သွားပြီး လူသား၏ ကျောက်ရုပ်ထုကို ဖုံးအုပ်ထားသည့် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်လူသား၏ ကျောက်ဆစ်ရုပ်သည် နဂါးရုပ်တုကဲ့သို့ပင် လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်ကို ဘယ်ညာမှ တွန်းထုတ်လိုက်သည့် အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာသည်။

ခေါက် ခေါက်!

လက်နှစ်ချောင်းက လူသားကျောက်ဆစ်ရုပ်ကို ခက်ခက်ခဲခဲ တွန်းထုတ်နေသလိုပါပဲ။

လူသားမျိုးနွယ်၏ ကျောက်ရုပ်တုသည် ကြီးကြီးမားမား မဟုတ်ပေ။ ကောင်းကင်လူသား၊ နဂါး၏ ကျောက်ဆစ်ရုပ် နှစ်ခုနှင့် နှိုင်းယှဉ်ကြည့်လျှင် ကလေးနဲ့တောင် တူနေသေးသည်။ ကောင်းကင်လူသားနဲ့ နဂါး ကျောက်ဆစ်ရုပ်နှစ်ခုသည် ဆွေးမြေ့နေသော လူအိုများနှင့်တူသော်လည်း နှိုင်းယှဉ်ကြည့်လျှင် အားကောင်းလာ၏။

နှစ်ယောက်နဲ့ တစ်ယောက်မလို့ လူသား ကျောက်ရုပ်က အန္တရာယ်ထဲ ကျရောက်နေပြီဟု ဆိုရမည်။ လူသားမျိုးနွယ်ရဲ့ ကျောက်ဆစ်ရုပ်ထုက ပို၍ ပို၍ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ မကြာခင် ပြုတ်ကျပြီး အပိုင်းပိုင်း ကျိုးသွားတော့မလို ထင်လာရသည်။

"ကောင်းကင်လူသား... မင်းဘယ်လိုထင်လဲ မင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို လိုက်နေတယ်လို့ ထင်လား။ ဟမ့် ဒါက မင်းရဲ့ ကောင်းကင်လူသားမျိုးနွယ်ရဲ့ သင်္ကေတ ဖြစ်နေရင်တောင် မင်းတို့က ဒီလူသားမျိုးနွယ်ရဲ့ ရုပ်တုကို ဖျက်ပစ်ချင်နေတာပဲမလား..."

အောင်ထျန်းင ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများက မျှော်လင့်ချက် အပြည့်ဖြင့် တောက်ပလာခဲ့သည်။ လူသားမျိုးနွယ် ကျောက်ဆစ်ရုပ်ထုကို တွန်းချပြီး ကျိုးသွားသည်နှင့်အမျှ ထိုလူသားရဲ့ ကံကြမ္မာက လည်ပင်းညှစ်ခံရတော့မှာပဲ ဖြစ်သည်။

ထိုကဲ့သို့ အားနည်းသော လူသားမျိုးနွယ်ကို မှီခိုအားထားကာ ဤကဲ့သို့ ရုန်းရင်းဆန်ခတ်နှင့် ရန်ပွဲများ ပြည့်နေသော ကမ္ဘာကြီးထဲတွင် ကံကောင်းခြင်းများကို စုဆောင်းကာ ကံကြမ္မာကို ဖောက်ဖျက်ချင်နေတာက စိတ်ကူးယဉ်ဆန်လွန်းနေပါပြီ။

သို့သော် ယခုတော့ လူသားမျိုးနွယ်ရဲ့ ကျောက်ဆစ်ရုပ်ကို အလိုအလျောက် ဖြိုချ၍ မရသေးတာ ထင်ရှားသည်။ ၎င်းက ပြင်းထန်စွာ လှုပ်ရမ်းနေပြီး အချိန်မရွေး ပြုတ်ကျနိုင်သည်ဟု ထင်ရသော်လည်း၊ ပြုတ်ကျလာတော့မယ့် ပုံစံအတိုင်း တည်ငြိမ်စွာ လှုပ်ခါသော်လည်း ပြုတ်ကျလာတဲ့ အရိပ်အယောင် မရှိသေးချေ။

အောင်ထျန်းလည်း ဟစ်အော်ကာ လူသားမျိုးနွယ်၏ ကျောက်ရုပ်ထုဆီသို့ ပျံသန်းသွားခဲ့သည်။

"ဟားဟား... ငါမျှော်လင့်ထားသလိုပဲ၊ ကျောက်ရုပ်ထုက ဘယ်လောက်ပဲ အားကောင်းနေပါစေ အခု နတ်နဂါး ကျောက်ဆစ်ရုပ်ကို တွန်းလှန်ဖို့ သူ့ရဲ့ခွန်အားရှိသမျှကို သုံးနေရပြီ... ငါတို့ကို ဘယ်လိုလုပ် တားဆီးနိုင်မှာတဲ့လဲ"

လျိုရှန်းလည်း အလွန်တုန်လှုပ်သွားသည်။ ဤအခိုက်အတန့်တွင် ကျောက်ဆစ်ရုပ်သုံးခုသည် နားမလည်နိုင်စွာ ဟန်ချက်ညီနေပုံရသည်။ အောင်ထျန်းခွန်အားက မမြင့်ပေ။ ကျောက်ပန်းပုရုပ်သုံးခုနဲ့ ယှဉ်ရင် သဘာဝအတိုင်း နောက်ကျကျန်နေခဲ့ပြီးသား။

ဒါပေမဲ့ ဒီအချိန်မှာ သူ့မှာ ဟန်ချက်ထိန်းနိုင်စွမ်း ဒါမှမဟုတ် ချိန်ခွင်လျှာကို ဖျက်စီးနိုင်စွမ်း ရှိသေးသည်။

သူ ပါဝင်လိုက်တာက လူသားကျောက်ရုပ်ထုအတွက် နောက်ဆုံး ကောက်ရိုးပင်ကို ချိုးဖျက်လိုက်သလိုပင်။

ဘာလုပ်ရမလဲ?

လျိုရှန်း တုံ့ဆိုင်းသွားသည်။

အမှန်တော့ သူမသည် ကောင်းကင်လူသား ဖြစ်ပြီး ဒါက ငြင်းလို့မရပါ။ အကယ်၍ လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်များကို အမှန်တကယ် ခေါက်ချိုး ဖြိုခွဲလိုက်လျှင် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာသည် ပျောက်ကွယ်သွားပေလိမ့်မည်။

ကမ္ဘာကြီးက အနာဂတ်တွင် ကမောက်ကမ အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ယခင်ဘဝက အုပ်ချုပ်သူများသာ မလွဲမသွေ အကျိုးကျေးဇူးများစွာ ရရှိသွားလိမ့်မည်။

နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ ခေတ်တစ်ခုအထိတောင် တည်တံ့နိုင်ပါသေးသည်။

ဒါက သူမအတွက်ရော ဘယ်သူ့အတွက်မဆို ကြီးမားတဲ့ သွေးဆောင်မှုတစ်ခုလို့ ပြောရပါလိမ့်မည်။

ဒါက ခွင်းလွင်ရဲ့ လျှို့ဝှက်နယ်မြေဖြစ်ပြီး ကမ္ဘာကိုဖန်ဆင်းပြီးနောက် ပထမဆုံးသန့်ရှင်းသော နေရာဖြစ်ခဲ့သည်။ အရာအားလုံး၏ အရင်းအမြစ်လည်း ဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ်၏ ကံကြမ္မာသည် ဤနေရာတွင် လုံးလုံးလျားလျား ပျက်ဆီးသွားပါက လူသားမျိုးနွယ်သည် ဘယ်သောအခါမှ နောက်ပြန်လှည့်နိုင်​တော့မည် မဟုတ်ချေ။

သူမကို တုန်လှုပ်စေခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် ကောင်းကင်လူသား တစ်​ယောက်အဖြစ် သူမရဲ့ အထောက်အထားက သူမကို တွန့်ဆုတ်စေခဲ့သည်။

အောင်ထျန်း လူသားကျောက်ရုပ်ကို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ဂရုတစိုက် ပျံသန်းသွားခဲ့သည်။ ဒါဟာ ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာမှာသေချာကာ မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားပါလိမ့်မည်။

နတ်နဂါးကသာ ကမ္ဘာကြီးကို ဆက်လက်အုပ်စိုးနေမည်ဟု သူ မျှော်လင့်ထားသော်လည်း သူ့အသက်ကို စတေးရတာလည်း မဖြစ်စေချင်ပေ။ အနာဂတ်တွင် ကမ္ဘာကြီးတစ်ခုလုံးကို နဂါးမျိုးရိုးမှ ချုပ်ကိုင်ထားမည်ဖြစ်ပြီး သူသည်လည်း ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်ဖြစ်လာလိမ့်မည်ဟု တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးသည်။

သူ့မှာ အရည်အချင်းရှိပြီး ကြီးကျယ်တဲ့ အရာတွေကို လုပ်ဖို့ ရည်မှန်းထားပြီးသား။ သူဒီမှာ ဘယ်လိုသေနိုင်မှာလဲ။

အရှေ့ဘက်င လူသားရုပ်ထုကို သတိပြုနေချိန်တွင် လျိုရှန်းကို ဂရုတစိုက် ကြည့်နေသည်။ ဤအမျိုးသမီးသည် အလွန်အစွမ်းထက်ပေ၏။ သူမ၏ စွမ်းရည်သည် သူ့လောက် မကောင်းမွန်သော်လည်း နယ်ပယ်မှာ အလွန်ကောင်းမွန်ပြီး သူမ၏ ထူးကဲသော မှော်စွမ်းအင်များကလည်း သူ့ကို ထိတ်လန့်စေခဲ့ဖူးသည်။

အဲဒီအမျိုးသမီးက မလှုပ်သေးချေ။ သူမသည် လေးလေးနက်နက် မျက်နှာထားဖြင့် သူမရှိနေသည့်နေရာတွင်သာ ရပ်နေခဲ့သည်။ ခဏလောက် စဉ်းစားပြီးမှ အောင်ထျန်းလည်း တုံ့ပြန်လိုက်၏။

ဒီအမျိုးသမီးက တုံ့ဆိုင်းနေပြီ။

အောင်ထျန်း အရမ်းပျော်သွားသည်။

သူ လျိုရှန်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အလွန်ရှင်းလင်းစွာ သတိထားမိခဲ့သည်။ လျိုရှန်းသည် လူသားများအား ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်စေရန် ကူညီပေးခဲ့မယ်လို့ သူဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။

သူမဟာ အနာဂတ်အုပ်စိုးရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်လိုခြင်းသာ ဖြစ်သည်။ ဒါပေမယ့် ဘယ်သူက အုပ်စိုးရှင်လဲ သေချာ သဘောမပေါက်ရင်တော့ ဖြစ်နိုင်ခြေက ပြဿနာတစ်ခုပဲ ဖြစ်သွားလိမ့်မည်။

ယခုအချိန်တွင် လျိုရှန်းသည် အောင်မြင်မှုနှင့် ကျရှုံးမှုအကြား ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် လိုအပ်နေပေပြီ။

သူ လျိုရှန်းကို အတင်းမတိုက်တွန်းခဲ့ပါ။ သူ့မှာ ထက်မြက်တဲ့စိတ် ရှိပါသေးသည်။ လူတိုင်းတွင် ပုန်ကန်တတ်သော စိတ်ဓာတ်ရှိကြသည်။ အထူးသဖြင့် ကျွမ်းကျင်သူများတွင်ပင်။ ထို့ကြောင့် အခြားသူများ၏ ထင်မြင်ယူဆချက်များကို အခြားသူများအပေါ် ထားဖို့ ကြိုးစားသောအခါ သံသယနဲ့ ရွံရှာမှုတွေကို ဖြစ်ပေါ်လာစေလိမ့်မည်။

"နတ်သမီး မင်း ဆုံးဖြတ်ချက်ချစရာ မလိုပါဘူး... အားလုံးအတွက် ငါတာဝန်ယူနိုင်တယ်"

အောင်ထျန်းက အော်လိုက်သည်။ လျိုရှန်း ဝင်ကူညီရင်တော့ အကောင်းဆုံးပင်။ ဒါပေမယ့် သူက အများကြီး မတောင်းဆိုချင်ဘဲ ဒုက္ခဝင်မပေးဘဲနေရင် ရပါပြီ။

အောင်ထျန်းရဲ့ စကားကို ကြားပြီးနောက် လျိုရှန်းစိတ်က ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။

All Chapters