← Chapters

မသေမျိုးအရိယဖလပုံပွား

Vol. 13 Ch. 195

မသေမျိုးအရိယဖလပုံပွား

Vol. 13 Ch. 195

"ခင်ဗျားက ထာဝရအရှင်ဆိုတဲ့မသေမျိုးလား"

လုယန်ခန္ဓာကိုယ် တုန်ခါလာသည်။ လက်နှစ်ဘက် ဂဏာမငြိမ်ဖြစ်နေသည်။ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျက်နှာကပြုံးရွှင်နေသည်။

"ကောင်လေး၊ အဲလောက်စိတ်မလှုပ်ရှားပါနဲ့။ ငါဒီမှာရှိနေပြီပဲ"

ထာဝရအရှင်က နူးညံ့သည့်လေသံဖြင့်ပြောသည်။

"မင်းဟာ ဒီပြိုင်ပွဲမှာ ပထမနေရာရတဲ့လူပဲ။ ချီအဆင့်အုပ်စုမှာ ပထမရတဲ့လူကလည်း ပါရမီရှိပေမယ့် မင်းကိုတော့မမီဘူး။ မင်းဟာ ပထမနေရာနဲ့ တကယ်ထိုက်တန်ပါတယ်။ ဆုလာဒ်အနေနဲ့ မင်းဆန္ဒတစ်ခုကို ငါဖြည့်ဆည်းပေးမယ်"

"ဆန္ဒလား။ ကန့်သတ်ချက်တွေရှိသေးလား"

"ပြောသာပြောပါ။ ငါအားလုံးဖြည့်ဆည်းပေးနိုင်ပါတယ်"

"လောကကြီးအမြဲငြိမ်းချမ်းစေဖို့ ကျုပ်ဆန္ဒရှိပါတယ်"

"နောက်တစ်ခုပြောင်းပြောကြည့်ပါလား"

ထာဝရအရှင် မရဲတရဲထပ်မေးသည်။ ခုနက သူပြောလိုက်သည့်စကား နည်းနည်းပိုလွန်းသွားမှန်းသိသည်။

လုယန်ကို ဝင်ပူးကပ်နိုင််ဖို့ ခန္ဓာကိုယ်ထဲတွင် အမြစ်ခိုင်ခိုင် ဖြစ်တည်နေသည့်ဝိညာဉ်ကို ဖယ်ရှားပစ်ရမည်။ ဖယ်ရှားလိုက်ပြီးမှ ဝိညာဉ်စိတ်၏ အမြစ်အထုံးကျန်နေလျှင် ခန္ဓာကိုယ်းအပိုင်သိမ်ယူသည့်ဖြစ်စဉ် ရှုပ်ထွေးလာမည်။ အနာဂတ်ကျင့်ကြံမှုအတွက် အဟန့်အတားဖြစ်မည်။

(**အသက်ဝိညာဉ်မရှိ‌တော့သည့်တိုင် ခန္ဓာကိုယ်တွင် အမြစ်တည်နေသည့် ဗီဇသိစိတ် သို့မဟုတ် အစွဲစိတ်ကျန်နေခြင်းကို ရည်ညွှန်းပါသည်)

အကောင်းဆုံးချဉ်းကပ်နည်းက လုယန်၏ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ သို့မျှသာ ဝိညာဉ်ကို အမြစ်မှ ပြတ်သားစွာခွာထုတ်နိုင်မည်။ ခန္ဓာကိုယ်ကို အပြည့်အဝပူးကပ်နိုင်မည်။

အခြေတည်အဆင့်သာရျိသေးသည့် လုယန်သည် ဝါနုသည့်ကျင့်ကြံသူသာဖြစ်သည်။ ရိုးရှင်းသည့်ဆန္ဒများသာရှိမည်ဟု သူယူဆသည်။ အလွန်ဆုံး မသေမျိုးရတနာတစ်ခုလောက်သာ တောင်းဆိုလိမ့်မယ်။ သူပေးနိုင်သည်။ ခန္ဓာကိုယ်သိမ်းပိုက်ပြီးလျှင် သူပြန်ယူနိုင်သည်။

"လူအားလုံး မသေမျိုးဖြစ်လာစေချင်ပါတယ်"

ပထမဆန္ဒထက်ပင် ပိုခက်ခဲလာသည်။

"လူတွေ ပင်ပင်ပန်းပန်းအလုပ်မလုပ်ဘဲ အထောက်အပံ့တွေရပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်လောက်အောင် ကုတ်ထုတ်လုပ်မှုကို အများကြီးတိုးတက်စေချင်ပါတယ်"

"...နောက်တစ်ခုပြောင်းပြောပါ"

နတ်ဆိုးဂိုဏ်းကို ဦးစီးဖို့ရောက်လာသလား။ မဟာရှားနိုင်ငံကိုဖြို့ချပြီး နိုင်ငံသစ်တည်ထောင်ဖို့ကြံနေသလားမသိတော့။

ထာဝရအရှင်ကို လုယန်နည်းနည်းစိတ်ပျက်သွားဟန်ရှိသည်။ ထိုမသေမျိုး တကယ်စွမ်းဆောင်နိုင်ရည်မှ ရှိပါလေစ။ ပဲဝါထက်ပင် အကြွားသန်သေးသည်။ သို့သော် သူ့ဆန္ဒကို တစ်ခုမှဖြည့်ဆည်းမပေးနိုင်။

လုယန်အကြည့်ကြောင့် ထာဝရအရှင် ဒေါသထွက်သွားသည်။ သို့သော် ဤကိစ္စမျိုးသည် အလျင်စလိုလုပ်၍မရမှန်း သူသိနေသည်။

"ကောင်လေး၊ မင်းဆန္ဒတွေအားလုံးက လောကကြီးနဲ့ပတ်သက်နေတာ။ ကိုယ်ပိုင်ဆန္ဒလေးဘာလေး မရှိဘူးလား"

ထာဝရအရှင် စိတ်ရှည်လက်ရှည် လမ်းကြောင်းခင်းပေးသည်။ မသေမျိုးဖြစ်ချင်ပါသည်ဟု လုယန် ပြောလာစေချင်သည်။ ထိုသို့ဆိုလျှင် ခန္ဓာကိုယ်ပူးကပ်ဖို့ အကြောင်းပြစရာတစ်ခုရမည်။

လုယန်ခန္ဓာကိုယ်ကို အသုံးချ၍ မသေမျိုးဖြစ်အောင်ကျင့်ကြံခြင်းသည် ဆန္ဒဖြည့်သည့်သဘောမျိုး အကျုံးဝင်သည်။

"ဟုတ်ကဲ့ ရှိပါတယ်။ စကြာဝဠာကို ပြန်ပြုပြင်ဖန်တီးနိုင်တဲ့အဆင့်ထိ ကျုပ်ကျင့်ကြံချင်ပါတယ်"

ထိုထက် နည်းနည်းလျှော့၍ မရတော့သည်လားမသိ။

သူသာ ထိုကဲ့သို့စွမ်းဆောင်နိုင်လျှင် ထိုကောင်လေးကို အချိုသပ်၍ ပြောနေစရာအကြောင်းမရှိ။

ထာဝရအရှင် မဖြည့်ဆည်းနိုင်ကြောင်း ရိပ်မိသဖြင့် လုယန် တစ်ထစ်လျှော့သည်။

"ကျုပ်မှာ အမတစ်ယောက်ရှိတယ်။ သူ့ကျင့်ကြံမှုက ပြိုင်ဘက်ကင်းတယ်။ ကျုပ်သူ့ကို အနိုင်ယူချင်တယ်"

"ဟားဟားဟား၊ ဒါကတော့ အလွယ်လေးပါကွာ။ ငါလက်တစ်ချက်ယမ်းလိုက်တာနဲ့ သူ့ကိုအနိုင်ယူနိုင်ပါတယ်"

ထာဝရအရှင် ပျော်ရွှင်စွာရယ်မောလိုက်သည်။ နောက်ဆုံးတွင် ရိုးရှင်းသည့်ဆန္ဒတစ်ခုကို သူကြားရပြီဖြစ်သည်။

အခြေတည်အဆင့်တစ်ယောက်၏ အမသည် ဘယ်လောက်ကျင့်စဉ်စွမ်းအားမြင့်နိုင်မည်နည်း။ ကြီးမြတ်သည့်ထာဝရအရှင်က ထိုကဲ့သို့ အသေးအဖွဲလူတစ်ယောက်ကို အနိုင်ယူဖို့ဆိုသည်မှာ ကလေးကစားစရာလောက်သာဖြစ်သည်။

"ငါမင်းကို ပူးကပ်ပြီးရင် အဲဒီကောင်မလေးကို မင်းအတွက် ငါအနိုင်ယူပေးမယ်"

"ပူးကပ်မယ်.."

လုယန် မျက်လုံးပြူးသွားသည်။ မသေမျိုးတစ်ယောက်၏ ကတိကောင်းချီးက ပူးကပ်ဖို့ကိစ္စသို့ ပြောင်းလဲသွားသည်။ သူလှည့်ထွက်ပြေးသည်။ ဤမကောင်းဆိုးဝါးဂူထဲမှ လွတ်မြောက်ရန်ကြိုးစားသည်။

"လက်လျှော့လိုက်ပါ။ ငါလက်ကနေ မင်းထွက်ပြေးနိုင်တယ်ဆိုရင် ငါ့မျက်နှာဘယ်နားသွားထားတော့မလဲကွ"

ထာဝရအရှင်ထန်မှ ပြင်းထန်သည့်စွမ်းအင်ဖိအားတစ်ခု ကျလာသည်ကို လုယန်ခံစားရသည်။ အတော်စိတ်ပျက်သွားသည်။

ပြိုင်ပွဲကိုသာ အနိုင်မရခဲ့လျှင် ထိုအခြေအနေမျိုး ကြုံရမည်မထင်။

ဆန္ဒတစ်ခုသာ မပြောခဲ့လျှင် ထိုအခြေအနေမျိုး ကြုံရမည်မထင်။

ထာဝရဂိုဏ်းကိုသာ မဝင်ခဲ့လျှင် ထိုအခြေအနေမျိုး ကြုံရမည်မထင်။

ထိတ်လန့်မှု၊ နောင်တနှင့် အကြောက်တရား။ ခံစားချက်မျိုးစုံ သူ့စိတ်ထဲတွင် ပေါ်လာသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။

လုယန်အမူအရာကိုကြည့်၍ ထာဝရအရှင် လှောင်ပြုံးပြုံးလိုက်သည်။ မီးခိုးငွေ့အသွင်ပြန်ပြောင်း၍ လုယန်၏ သိစိတ်နယ်မြေထဲသို့ ဝင်သွားသည်။

ထို့နောက် သူချက်ချင်း ရိုက်ချခံလိုက်ရသည်။

"ဖျောင်း"

ကျယ်လောင်သည့် လက်ဝါးသံနှင့်အတူ သူလွင့်ထွက်သွားသည်။

"ငါ့နေရာမှာ အယောင်ဆောင်နေတဲ့ ခွေးသူတောင်းစားက နင်ပေါ့"

ဒေါသထွက်နေသည့်မိန်းကလေးက ထာဝရအရှင်ကို စတင်ရိုက်နှက်သည်။ မသိသူများအဖို မိန်းမငယ်လေးတစ်ယောက်က သက်တမ်းရင့်အဘိုးကြီးတစ်ယောက်ကို တိုက်ခိုက်နေသည်ဟု ထင်ကြပေလိမ့်မည်။

"ငါပြောလိုက်မယ်။ ရှေးဟောင်းခေတ်က ယင်ထန်မသေမျိုးတို့လူစုတောင် ဒါမျိုးမလုပ်ရဲဘူး။ နင့်ကိုယ်နင် ဘာထင်နေလဲ။ ငါ့နေရာမှာ အယောင်ဆောင်တယ်ပေါ့။ နင်ငါ့ကို အရိုအသေပေးပြီးပြီလား။ ရတနာတွေနဲ့ ပူဇော်ပြီးပြီလား။ ငါကရော ခေါင်းငြိမ့်အတည်ပြုပေးခဲ့လို့လား"

"ဒါကဘယ်သူလဲ"

ထာဝရအရှင် ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ သူအရိုက်မခံရခင် ဘာတွေဖြစ်ခဲ့သည်ကို စဉ်းစားမရ။ ဘာကြောင့် သိစိတ်နယ်မြေတွင် တစ်ခြားလူများရှိနေသနည်း။ ထိုကောင်လေးသည် လူကြိုက်များလွန်း၍ အားလုံးက ပူးကပ်ဖို့ တန်းစီစောင့်နေကြခြင်းလားမသိ။

"ငါနင့်ကို အသိအမှတ်မပြုတာတောင် နင်ကဒီမှာ မျက်နှာလာပြရဲသေးတယ်ပေါ့"

ထာဝရနတ်မယ် အစကတည်းက ထိုလူကို ရွံရှာနေသည်။ ထိုလူက မသေမျိုးနာမည်ဖြင့် အယောင်ဆောင်၍ တစ်ခြားလူများကို လှည့်စားနေသည်။ မသေမျိုးအစစ်ဖြစ်သည့် သူက လုယန်အထင်သေးခံနေရသည်။ ယွမ်ကျိ၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်။ ဆိုးဝါးသည့်ဘဝတွင် နေထိုင်နေရသည်။

ယခုမှ ထာဝရအရှင် သူ့နယ်မြေထဲတွင်လာသည်။ ကောင်းကောင်းရိုက်နှက်ဆုံးမရမည်။

ဤထာဝရအရှင်ဆိုသူကို သူမသိ။ သူသိခဲ့သည့်လူများထဲမှမဟုတ်။

"နတ်မယ်လက်သီးစွမ်းအား"

ထာဝရနတ်မယ် နာမည်တစ်ခုအော်ဟစ်လိုက်သည်။ ထာဝရအရှင်ကိုယ်ပေါ်သို့ မြန်ဆန်ပြင်းထန်သည့် လက်သီးချက်များ မိုးရွာသလိုကျလာသည်။

ကြုံရာကျဘမ်းတိုက်ခိုက်နေသယောင် ထင်ရသော်လည်း အဆင့်မြင့်မြင့်တတ်မြောက်ထားခြင်းဖြစ်သည်။ လက်သီးချက်များက ခန့်မှန်း၍မရ။

လက်သီးချက်တိုင်းက ထာဝရအရှင်၏ သေကွင်းသေကွက်နှင့် ပျော့ကွက်နေရာများကိုထိသည်။ ဝိညာဉ်အသွင်ဖြင့် ရှိနေသည့်တိုင် ထာဝရအရှင် သွေးအန်မတတ်ဖြစ်ပြီး ဒူးထောက်ကျသွားသည်။ သူ့ဝိညာဉ် ကြေမွပျက်စီးမတတ်ဖြစ်နေသည်။

ထိုမိန်းကလေးသည် ဘယ်လိုနတ်ဆိုး ဘယ်လိုဝိညာဉ်မှန်းမသိ။

"တရားလွန်အနိုင်ကျင့်မလာနဲ့ကွ"

ထာဝရအရှင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် မသေမျိုးအရိယဖလကို ပိုင်ဆိုင်ထားသည်။ ပြန်ရှင်သန်လာကတည်းက ထာဝရဂိုဏ်း၏ ရိုသေလေးမြတ်မှုကို ခံယူခဲ့ရသည်။ အရာအားလုံး သူ့အစီအစဉ်အတိုင်း ဖြစ်ခဲ့သည်။ အရာအားလုံးချောမွေ့ခဲ့သည်။ ထိုသို့ တစ်ခါမှ အရှက်ခွဲမခံခဲ့ရ။

"ခေတ်အဆက်ဆက်ဖြတ်ကျော်ခဲ့တဲ့ မသေမျိုးစွမ်းအား"

ထာဝရအရှင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့လက်ဝါးမှ ရွှေရောင်အလင်းတစ်ခု ထိုးထွက်လာသည်။ စူးရှတောက်ပသည်။ တိုက်ရိုက်ကြည့်လျှင် မျက်စိကျိန်းသည်။ ထိုရွှေအလင်းသည် ရုပ်ဝတ္ထုလည်းမဟုတ် ဝိညာဉ်လည်းမဟုတ်။ ထိုဖြစ်တည်မှုနှစ်ခုထက် ကျော်လွန်နေသည်။

ဘယ်နိယာမ ဘယ်စွမ်းအင်မှ မထိနိုင် မဖျက်ဆီးနိုင်သယောင်ထင်ရသည့် ထူးဆန်းသည့်စွမ်းအားမျိုးကို ပါဝင်သည်။ ထာဝရအရှင်ပေါ် ကျလာသမျှတိုက်ခိုက်မှုအားလုံး လွင့်ပြယ်သွားသည်။

"မသေမျိုးအရိယဖလပုံပွားလား"

(**အရိယဖလအယူအဆကို နောက်လာမည့်အပိုင်းများတွင် ဖော်ပြထားပါသည်။ အကြမ်းဖျင်းအားဖြင့် မသေမျိုးဖြစ်ဖို့ အရိယဖလ (သို့မဟုတ်) မသေမျိုးဓမ္မခန္ဓာတစ်ခု တည်ဆောက်ရသည်။ ထိုမူလအရိယဖလမှ ပွားယူထားသည့် ဓမ္မခန္ဓာများကို အရိယဖလုံပုံစံတူ (သို့မဟုတ်) အရိယဖလပုံပွားဟု ခေါ်ပါသည်)

ထာဝရနတ်မယ် အံ့အားသင့်သွားသည်။ ထာဝရဂိုဏ်းချုပ်ထံမှ အာရုံရခဲ့သည့် သူရင်းနှီးနေသည့်စွမ်းအင်ရောင် ဘယ်ကရောက်လာသည်ကို သူနားလည်လာသည်။

ဤလူလိမ်တွင် ထူးခြားမှုတစ်ခုရှိသည်။

"မင်းဗဟုသုတရှိသားပဲ။ မှန်တယ်။ ဒါကတကယ် အရိယဖလပဲ။ အဲဒီမတိုင်ခင်က ငါဟာမသေမျိုးပဲ။ သက်တမ်းအကန့်အသတ်မရှိဘူး။ မသေနိုင်ဘူး။ ငါ့ကိုဖျက်ဆီးလို့မရဘူး။ ခေတ်အဆက်ဆက်ဖြတ်ကျော်ခဲ့တဲ့ တစ်ဦးတည်းသောလူပဲ။ ကံကြမ္မာတွေအားလုံး ပျက်စီးသွားတယ်။ တိုက်ခိုက်မှုမှန်သမျှ လေဟာနယ်ထဲမှာ လွင့်ပြယ်သွားတယ်။ မင်းတိုက်ခိုက်တာတွေက ငါ့ကိုအန္တရာယ်မပြုနိုင်ဘူး"

အရိယဖလစွမ်းအားကိုပြပြီးနောက် ထာဝရအရှင် သူ့ကိုယ်သူယုံကြည်မှုရှိလာသည်။

ပဲဝါက မခိုးမခန့်ပြုံးသည်။

"အဲဒါပဲလား။ ငါ့ရဲ့ပုံပွားဖြစ်ရတာကို အတော်ဂုဏ်ယူနေတယ်ပေါ့"

ပဲဝါ လက်သီးများကို နောက်တစ်ကြိမ်ဝှေ့ယမ်းသည်။ ထာဝရအရှင်ဂုဏ်ယူနေသည့် အလင်းရောင်အကာအကွယ်ကို ချိုးဖျက်သည်။ လက်သီးများက သူ့မျက်နှာပေါ် ဆက်တိုက်ကျသွားသည်။

"ဒီအရိယဖလပုံပွားက နည်းနည်းစိတ်ဝင်စားစရာကောင်းသားပဲ"

ထာဝရနတ်မယ် အရိယဖလပုံပွားကို ဖျတ်ခနဲ ဆွဲယူလိုက်သည်။ ရွှေရောင်အလင်းလုံးတစ်ခုဖြစ်သည်။ နတ်မယ် စိတ်ဝင်တစား ကြည့်နေသည်။ ထိုအလင်းလုံးထဲတွင် မရေမတွက်နိုင်သည့် မှော်သင်္ကေတများ စွမ်းအင်ရောင်များ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ အမြဲမပြတ် ပြောင်းလဲနေသည့်သဘောဖြစ်သည်။ မသေမျိုးဘဝ၏ အဓိပ္ပါယ်စစ်ဖြစ်သည်။

လုယန်လည်း စိတ်ဝင်စားသဖြင့် လှမ်းကြည့်သည်။ သို့သော် ထာဝရနတ်မယ်က သူ့ကိုဘေးသို့တွန်းထုတ်သည်။

"ဝေးဝေးနေပါ။ နင့်အဆင့်က နိမ့်လွန်းသေးတယ်။ ဒါကိုကြည့်လို့မရသေးဘူး"

"မင်းဘာလုပ်လိုက်တာလဲ"

ထာဝရအရှင် ထိတ်လန့်သွားသည်။ ထိုအရိယဖလပုံပွားသည် သူနှင့်အနီးကပ်ဆက်သွယ်ထားသည်။ သူ့ဝိညာဉ်ထက်ပင် ပို၍ဆက်စပ်နေသည်။ အားသုံး၍ ခွဲခွာဖို့ ဖြစ်နိုင်ခြေမရှိ။

သို့သော်ယခု အရိယဖလနှင့်ဆက်သွယ်မှုကို သူလုံးဝမခံစားရတော့။ သူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားသည်။

'ဒီမိန်းကလေး ဘယ်သူလဲ။ သူဘယ်လို လုပ်ခဲ့တာလဲ'

"ငါ့ရှေ့မှာ အရိယဖလအကြောင်း လာကြွားတာက မိကျောင်းမင်းကို ရေခင်းပြနေသလိုပဲ"

ထာဝရနတ်မယ် မခိုးမခန့်ပြုံးနေသည်။

ထို့နောက် ကြည်လင်သာယာသည့် နောက်ထပ်စကားသံတစ်ခု ထာဝရအရှင်၏နားထဲတွင် ပဲ့တင်ထပ်၍ မြည်ဟိန်းသွားသည်။

"ခုနက ရှင်ကျွန်မကို အနိုင်ယူမယ်လို့ ကြားလိုက်သလားလို့"

ထိုအချိန်ကျမှ ထာဝရအရှင် သတိထားမိသည်။ အရိယဖလယူသွားသည့်မိန်းကလေးနှင့်လုယန်အပြင် သိစိတ်နယ်မြေတွင် တတိယလူတစ်ယောက် ရှိနေသည်။

ဤသိစိတ်နယ်မြေတွင် လူဘယ်နှယောက်ရှိနေသနည်း။

ယနေ့ခေတ်တွင် ခန္ဓာကိုယ်ပူးကပ်ဖို့ တန်းစီလက်မှတ်ယူရန် လိုအပ်သေးသလားမသိ။

*******************************

All Chapters