← Chapters

စရိုက်တူမှ လူချင်းပေါင်း

Vol. 13 Ch. 181

စရိုက်တူမှ လူချင်းပေါင်း

Vol. 13 Ch. 181

အချိန်မသေမျိုးနှင့်ပတ်သက်၍ လူရန်သိထားသမျှမှာ ဘွဲ့နာမည်သာရှိသည်။ ကျန်သည့်ကိစ္စများကို ရှင်းရှင်းလင်းလင်းမသိသေး။ သို့သော် နည်းနည်းတော့ ခန့်မှန်းမိသည်။

ထာဝရနတ်မယ်နာမည်တွင် 'ထာဝရ'ဟူသည့် စကားလုံးကို ရှေ့တွင်ထားသည်။ သူပိုင်ဆိုင်သည့် မသေမျိုးဗီဇစွမ်းရည်ဖြစ်သည်။ ထို့ကြောင့် အချိန်မသေမျိုး၏ မသေမျိုးဗီဇစွမ်းရည်သည် ဝေးကွာသည့်အတိတ်ကာလ သိုမဟုတ် အချိန်နှင့် ပတ်သက်နေပေလိမ့်မည်။

ထာဝရနတ်မယ်ကို အချိန်မသေမျိုးသင်ပေးသည့် ကျင့်စဉ်ကို ယခု သူ့ဆီလက်ဆင့်ကမ်းသည်။ မသေမျိုးနှစ်ယောက်၏ အထောက်အပံ့ရသလိုပင်ဖြစ်သည်။ ထိုကျင့်စဉ်၏စွမ်းအားကိုလည်း သက်သေပြဖို့ လုံလောက်သည်။

ထို့ပြင် အချိန်နှင့်ပတ်သက်သည့် ကျင့်စဉ်ပညာများသည် ကျင့်စဉ်အားလုံးထဲတွင် အရှားပါးဆုံးဖြစ်သည်။ လေဟာနယ်ပည၊ ရှေ့ဖြစ်ဟောပာနှင့် တစ်ခြားပညာရပ်များထက်ပင် ရှားပါးသေးသည်။

"ဘာလို့အချိန်မသေမျိုးက ခင်ဗျားကို ဒီပညာသင်ပေးတာလဲ"

ထာဝရနတ်မယ်က အချိန်မသေမျိုးကို စိတ်ထွေပြားအောင် အဆိပ်ခတ်ပြီး လှည့်စားရယူခဲ့ခြင်းဟုတ်မဟုတ် သူသိချင်သည်။

လုယန် ထိုသို့တွေးလေလေ ဖြစ်နိုင်ခြေရှိသည်ဟု ထင်လာလေဖြစ်သည်။

ထာဝရနတ်မယ်က စိတ်ဆိုးသွားဟန်ဖြင့်

"နင်ဘာတွေပြောနေတာလဲ။ ငါ့ရဲ့ပင်ကိုယ်ဆွဲဆောင်မှုကြောင့် အချိန်မသေမျိုးက ဒီပညာသင်ပါလို့ တောင်းတောင်းပန်ပန်ပြောခဲ့တာ ထူးဆန်းလို့လား

ထိုသို့ဆိုလျှင် အချိန်မသေမျိုးကို ဉာဏ်ထိုင်းအဆိပ်ခတ်ခဲ့ခြင်းဖြစ်မည်။

"‌ဘယ်လိုဖြစ်ခဲ့တာလဲ အရင်ပြောပါဦး"

"တစ်နေ့မှာပေါ့။ အချိန်မသေမျိုးရှေ့မှာ ငါမ‌ကျေမနပ်ညည်းလိုက်တယ်။ ငါကတော့ သူတို့အတွက် အဟာရဖြစ်မယ့် အစားအသောက်တွေပြင်ဆင်ပြီး သူတို့အားလုံးကို ဖိတ်ခေါ်လိုက်ရတာ။ သူတို့မလာတော့ အစားအသောက်တွေ အလဟဿဖြစ်တာပေါ့လို့လေ။ ဒါကြောင့် အခြေအနေကြည့်ပြီး ကြိုတင်ပြင်ဆင်လို့ရအောင် သူတို့လာမယ်မလာဘူးဆိုတာ ကြိုသိနိုင်မယ့် ကျင့်စဉ်ပညာတစ်ခု သင်ပေးပါလားလို့ ငါသူ့ကိုပြောလိုက်တယ်။

သူက သိပ်ပြီးသင်ချင်ပုံမရဘူး။ ဒီပညာကို ငါတတ်သွားရင် သူမှာအလုပ်လုပ်စရာ မရှိတော့မှာစိုးလို့ထင်တယ်။ ဒါလည်း နားလည်ပေးလို့ရပါတယ်။ သူတုံ့ဆိုင်းနေတာမြင်လို့ သင်ပေးဖို့ ငါထပ်ပြီဖိအားမပေးပါဘူး။

"ပြီးတော့ရော"

"ငါစိတ်သဘောထားနူးညံ့တာ ကိုယ်ချင်းစာတတ်တာ ရက်ရောတာ သဘောကောင်းတာ နင်လည်းသိသားပဲ"

သူနှင့်သိပ်မအပ်စပ်သည့် ဂုဏ်ပုဒ်များကို ထာဝရနတ်မယ်ပြောသည်။

အဲဒီတုန်းက ငါလည်းကိုယ်ချင်းစာစိတ်နဲ့ ပြောလိုက်တယ်။ 'နင်တို့က ကြယ်ကမ္ဘာတွေအများကြီး အုပ်ချုပ်နေရတော့ အရမ်းအလုပ်များပြီး ငါဆီကို လာပြီးမစားသောက်နိုင်တာ ငါနားလည်ပါတယ်။

ဒီတော့ ငါကပဲ အပင်ပန်းခံပြီး အိမ်အရောက်ပို့စနစ်နဲ့ အစားအသောက်တွေကို နင်တို့စားပွဲပေါ် အ‌ရောက်ပို့ပေးပါ့မယ်။ အဲလိုဆို ငါ့အစားအသောက်တွေလည်း အလဟဿမဖြစ်တော့ဘူး။ နင်တို့လည်း အချိန်ကုန်သက်သာသွားမယ်'လို့လေ။

ဒီလိုအသေးအဖွဲ့ကိစ္စတွေအတွက် တန်ဖိုးရှိလွန်းတဲ့ ငါ့အချိန်တွေကို မဖြုန်းတီးသင့်ဘူးလို့ အချိန်မသေမျိုးက ခံစားမိပုံရတယ်။ ချက်ချင်းပဲ 'အနာဂတ်မြင်ပညာ'ကို ငါ့ကိုသင်ပေးတယ်။ အဲတော့ ဘယ်သူလာမယ် ဘယ်သူမလာဘူးဆိုတာ ငါကြိုတင်ခန့်မှန်းနိုင်သွာားတာပေါ့။

ဒီကျင့်စဉ်ပညာက ခက်လောက်မယ်ထင်လို့ ငါမသင်တော့ပါဘူး၊ အစားအသောက်ကိုပဲ အရောက်ပို့ပေးမယ်လို့ ငါပြောပါသေးတယ်။ အချိန်မသေမျိုးက စိတ်အားထက်ထက်သန်သန်နဲ့ပြောတယ်။ ဒီပညာက အရမ်းရိုးရှင်းတယ်။ သင်ယူဖို့လွယ်ပါတယ်တဲ့။

သူစိတ်အားထက်သန်နေတာမြင်ရတော့ စိတ်မပါ့တပါနဲ့ ငါသင်လိုက်ရတာပေါ့"

"သင်နိုင်ခဲ့လား"

ထာဝရနတ်မယ် ဝင့်ကြွားသည့်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။

"ငါ့ကိုဘယ်သူထင်လို့လဲ။ ငါက ထာဝရနတ်မယ်လေ။ မသင်နိုင်စရာ ဘာအကြောင်းရှိလဲ။ အဖြစ်အပျက်တွေကို သုံးရက်ကြိုတင်ပြီး ငါခန့်မှန်းနိုင်တယ်။ အမှားအယွင်းလုံးဝမရှိဘူး။

လုယန် တကယ်လေးစားသွားပါသည်။ အဖြစ်အပျက်များကို သုံးရက်ကြို၍ သိနိုင်သည့်စွမ်းရည်သည် ရှေးခေတ်မသေမျိုးတစ်ယောက်၏ဂုဏ်ပုဒ်နှင့် တကယ်ထိုက်တန်သည်။

"ငါနင့်ကို လက်တွေ့သရုပ်ပြမယ်"

ပြောနေရင်းမှာပင် ထာဝရနတ်မယ်၏ဝိညာဉ်က လုယန်ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။ ရုတ်တရက်ပေါ်လာသည့် လေပြေကြောင့် အစိမ်းနုရောင်သူ့ဂါဝန် လှုပ်ခါသွားသည်။ ပန်းချီကားထဲမှ ထွက်လာသယောင်ထင်ရသည်။

ညာလက်ကိုမြှောက်၍ နားလည်ရခက်သည့် ရှေးခေတ်စကားလုံးတစ်ချို့ကို ရွတ်ဆိုသည်။ ရွတ်ဆိုသံနှင့်အတူ ရွှေ‌ရောင်အလင်းများစွာ ပေါ်လာသည်။ လေဟာနယ်ထဲသို့ လွင့်ပျံတိုးဝင်သွားသည်။ ရွတ်ဆိုသံ အမြင့်ဆုံးသို့ရောက်ချိန်တွင် ထိုရွှေရောင်မှော်အလင်းများ လေဟာနယ်မှပြန်ထွက်လာပြီး နတ်မယ်၏မျက်လုံးထဲသို့ စုပြုံတိုးဝင်သွားသည်။

သူ့မျက်လုံးများ ရွှေရောင်တောက်ပ၍ အသက်ဝင်နေသည်။

"မြင်ရပြီ"

"ဘာမြင်လိုက်လဲ"

"ဒီညကနေ မနက်ဖြန်နေ့ခင်းအထိ မိုးရွာနေရာကနေ ကောင်းကင်ကြည်လင်လာမယ်။ အပူချိန် ၁၅ ဒီဂရီကနေ ၁၉ ဒီဂရီကြားမှာရှိမယ်။ အရှေ့တောင်လေ တိုက်မယ်...."

လုယန် - "..."

ထာဝရနတ်မယ် ဆက်ပြောသည်။

"ပြီးတော့ သန်ဖက်ခါလည်း ကောင်းကင်ကြည်လင်မယ်။ တိမ်နည်းနည်းရှိမယ်။ အပူချိန် ၁၇ ဒီဂရီကနေ ၂၄ ဒီဂရီကြားမှာရှိမယ်..."

ထာဝရနတ်မယ် နောက်နှစ်ရက်စာ ရာသီဥတုခန့်မှန်းချက်များ ဆက်ပြောနေသဖြင့် လုယန် အမြန်စကားဖြတ်မေးလိုက်သည်။

"နေပါဦး နယ်မယ်။ ခင်ဗျားသင်ထားတဲ့ အနာဂတ်မြင်ပညာဆိုတာ ဒါလား"

အချိန်မသေမျိုးက နာမည်ပျက်သိက္ခာကျမည်ကို မကြောက်ဘဲ ထိုကျင့်စဉ်ပညာမျိုး ထာဝရနတ်မယ်ကို သင်ပေးရဲသည်။

ထာဝရနတ်မယ်က အလေးအနက်လေသံဖြင့်

"နင်က အမြင်အရမ်းကျင်းတာပဲ။ အနာဂတ်ကိုကြည့်တယ်ဆိုတာ နင်ဘာလုပ်မယ် ငါဘာလုပ်မယ်ဆိုတာတွေပဲ ခန့်မှန်းတယ်ထင်နေလား။

ငါလည်းအရင်က နင့်လိုပဲ သံသယဝင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်မသေမျိုးက ငါ့ကို အလေးအနက် ရှင်းပြတယ်။ ရာသီဥတုကြိုတင်ခန့်မှန်းတာက အနာဂတ်မြင်ပညာရဲ့ အစိတ်အပိုင်းတစ်ခုပဲမဟုတ်လားတဲ့။

ပြီးတော့ မိုးလေဝသအခြေအနေ ခန့်မှန်းရတာက လူသားတွေရဲ့လုပ်ဆောင်မှုတွေကို ခန့်မှန်းရတာထက် ပိုပြီးတောင်ခက်ခဲသေးတယ်တဲ့။ ရာသီဥတုဆိုတာ ဘာကိုကိုယ်စားပြုလဲ။ မိုးမြေကြားက အပြောင်းအလဲတွေကို ကိုယ်စားပြုတယ်တဲ့။ မိုးမြေဆိုတာ လူသားတွေထက် အရင်ဖြစ်တည်ခဲ့တာ။ မိုးမြေအပြောင်းအလဲတွေကို ခန့်မှန်းရတာက လူသားအပြုအမူတွေကို ခန့်မှန်းရတာထက် ပိုခက်တာပေါ့တဲ့

ငါရာသီဥတုကို ခန့်မှန်းနိုင်တယ်ဆိုတာ အနာဂတ်မြင်ပညာကို အဆင့်မြင့်မြင့်တတ်ကျွမ်းသွားတဲ့သဘောဘဲ။ တစ်ခြားလူတွေ ငါ့လိုတတ်ချင်တာတောင် မတတ်ကြဘူးတဲ့"

အချိန်မသေမျိုးပြောခဲ့သည့် စကားများကို ထာဝရနတ်မယ် လုယန်ကို ပြန်ပြောပြသည်။ ကျောင်းသားတစ်ယောက်ကို ရှင်းပြနေရသည့်အဖြစ်...မဟုတ်သေး...ဆရာလုပ်ရသည့်အဖြစ်ကို သူ့ကိုယ်သူအတော်ကျေနပ်နေသည်။

ထာဝရနတ်မယ်သည် အချိန်မသေမျိုး၏ လှည့်စားခြင်းကို ခံခဲ့ရလေသလားဟု လုယန် သံသယဖြစ်မိသည်။ သို့သော် အချိန်မသေမျိုးကို သူအနိုင်မယူနိုင်။ ထိုကြောင့် ပြန်မေးခွန်းမထုတ်ရဲ။

"တစ်ခြားကိစ္စတွေကိုရော ခင်ဗျားခန့်မှန်းနိုင်လား"

"ရာသီဥတုကိုပဲ ခန့်မှန်းနိုင်တယ်"

သေချာသွားသည်။ အချိန်မသေမျိုးက နတ်မယ်ကို လှည့်စားခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်မသေမျိုးကို လုယန် အနိုင်မယူနိုင်ပါ။

ရှေးဟောင်းခေတ်သည် ရက်စက်လွန်းလှသည်။ မသေမျိုးများပင် အခြေခံကျသည့် လူသားချင်းစာနာစိတ်မျိုးမရှိ။ ရူးနေသူများကိုပင် လှည့်စားကြသည်။ အတော်စက်ဆုပ်စရာကောင်းသည်။

"ခင်ဗျားရဲ့ မိုးလေဝသကြိုတင်ခန့်မှန်းချက်က ဟုတ်ရောဟုတ်ရဲ့လား။ တာအိုလမ်းစဉ်ဂိုဏ်းက တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်နေတာနော်။ မိုးရွာတယ်ဆိုတာ ရှားတယ်"

လုယန် ထာဝရနတ်မယ်ကို မယုံမရဲကြည့်နေသည်။ ထိုပညာရပ်၏ မှန်ကန်မှုအတိုင်းအတာကို သံသယဖြစ်မိသည်။

"ငါ့ရဲ့ မိုးလေဝသခန့်မှန်းချက်က ဘယ်တုန်းကမှ မမှားဖူးဘူး"

"ဒါဆိုခင်ဗျားကကျုပ်ကို မိုးလေဝသခန့်မှန်းတဲ့ပညာ သင်ပေးမယ်ပေါ့"

လုယန် မျက်ခုံးတွန့်သွားသည်။ အစောပိုင်းက တွေးထားသည့် အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။

ဤမနောမယရွှေလက်ညှိုးသည် တကယ်သုံးစားမရ။

"ငါသင်ထားတာက အနာဂတ်မြင်ပညာရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ မိုးလေဝသခန့်မှန်းပညာပဲ။ ဒီပညာသင်ဖို့အတွက် နင့်ပါရမီက မဆိုးပါဘူး။ ဒါပေမယ့် ငါ့ကိုတော့ မမီဘူးပေါ့။ ပြီးတော့နင်က အခြေတည်အဆင့်ပဲ ရှိသေးတာ။ ငါတတ်ထားတဲ့ အတိုင်းအတာထိ နင်ဘယ်လိုလုပ်သင်နိုင်မှာလဲ"

ထာဝရနတ်မယ်၏ ယုံကြည်ချက်များ ဘယ်ကဘယ်လိုရလာသည်ကို လုယန် အတော်နားမလည်အောင်ဖြစ်ရသည်။

"ဒါဆို ခင်ဗျားကျုပ်ကို သင်မှာကတော့ ပုံမှန်အနာဂတ်မြင်ပညာပဲ။ ဒါပေမယ့် ခင်ဗျားကတော့ မိုးလေဝသခန့်မှန်းတဲ့အဆင့်ကို တန်းရောက်သွားတယ်လို့ ပြောချင်တာလား"

"မှန်တယ်"

စရိုက်မတူလျှင် ပေါင်းသင်း၍မရသည့် သဘောမျိုးဖြစ်မည်ထင်သည်။

သူ့ကိုယ်ထဲမှ ဝိညာဉ်ဖြစ်၍ ထာဝရနတ်မယ်တွင် သူနဲ့ဆင်တူသည့် လက္ခဏာတစ်ချို့ ရှိနေသည်မှာ မဆန်းလှ။

နင်သင်မှာလား။

"အင်း"

"နင်သင်မယ်ဆိုရင်တော့ အခြေခံအကျဆုံးဖြစ်တဲ့ ရှေးခေတ်ဘာသာစကားကို စသင်ရမယ်။ ရှေးဟောင်းဘာသာစကားနဲ့ ခေတ်ဘာသာစကားကြားမှာ ကွာဟချက်တွေ အများကြီးရှိတယ်။ ချက်ချင်းကြီးတော့ နင်တတ်မှာမဟုတ်ဘူး။ အခုလောလောဆယ်အဆင်ပြေဖို့တော့ အနာဂတ်မြင်ပညာ မှော်သွင်းတဲ့အခါ ရွတ်ဆိုရတဲ့ ရှေးခေတ်စကားလုံးတွေကိုပဲ လေ့လာဖို့လိုတယ်"

ထာဝရနတ်မယ် ခဏစကားရပ်ပြီးနောက် အစောပိုင်းက သူရွတ်ဆိုခဲ့သည့် ရှေးခေတ်စကားလုံးများကို နောက်တစ်ကြိမ် ရွတ်ဆိုပြသည်။

"အဲဒါ ဘာအဓိပ္ပါယ်လဲ"

လုယန် စပ်စုလိုက်သည်။

ထာဝရနတ်မယ်က ဘာသာပြန်ပေးသည်။

"ငါပြောလိုက်တာက 'မိုးမြေဝိညာဉ် အချိန်မသေမျိုး၊ သောက်သုံးမကျတဲ့ လိပ်မြေး၊ နင့်ဝိညာဉ်ကို ထုတ်ပြစမ်း'ဆိုတဲ့ အဓိပ္ပါယ်ပါ"

လုယန် နောက်သို့ ခြေနှစ်လှမ်း အလိုလိုဆုတ်မိသွားသည်။ အချိန်မသေမျိုး ချက်ချင်းဆင်းလာပြီး လက်တစ်ချောင်းဖြင့် သူ့ကိုအသေထိုးသတ်ပစ်မည်ကို စိုးရိမ်နေသည်။

ထာဝရနတ်မယ်ထံမှ ကျင့်စဉ်ပညာများသည် အခြေခံကျသည့် အသက်အာမခံချက်မျိုးပင်မပါ။ အမယွမ်ကသာ ပို၍စိတ်ချရသည်။

"ငါ့နောက်ကလိုက်ဆိုပါ"

"အင်း..ဒါပေမယ့် စိတ်ချရအောင် မေးချင်သေးတယ်။ "သောက်သုံးမကျတဲ့လိပ်မြေး" ဆိုတာကြီးကို မဖြစ်မနေပြောဖို့လိုလား"

"မလိုပါဘူး။ ဒါက အဖြည့်စကားပါ။ ထည့်ပြောလည်းရတယ်။ ချန်ခဲ့လည်းရပါတယ်"

************************************

All Chapters