← Chapters

နာမည်ကြီးပုဂ္ဂိုလ်

Vol. 13 Ch. 189

နာမည်ကြီးပုဂ္ဂိုလ်

Vol. 13 Ch. 189

"မင်းဘာလုပ်နေတာလဲ"

ဟူညီအကိုများ ကြောက်ဒူးတုန်နေကြသည်။

ဒုဂိုဏ်းချုပ်ကျင်းက ဂန္တဝင်ဆန်ဆန် အေးစက်စက်ပြုံးလိုက်သည်။

"ငါတို့ဘယ်သူလဲသိလား"

"မသိဘူး။ ကျုပ်တို့မသိဘူး"

"မသိဘူးဆိုရင် မင်းတို့သေသင့်တယ်"

"မဟုတ်ဘူး မဟုတ်ဘူး။ ကျုပ်တို့သိပါတယ်"

ဟူညီအကိုများ ချက်ချင်းစကားပြန်ပြင်ပြောသည်။

"သိသွားပြီဆိုတော့ မင်းတို့ကို အသက်ရှင်ခွင့်မပေးနိုင်ဘူး"

ညီအကိုသုံးယောက် ငိုမဲ့မဲ့ဖြစ်သွားသည်။ သိသင့်မသိသင့် သူတို့မခွဲခြားတတ်တော့။

ဒုဂိုဏ်းချုပ်ကျင်းက ဆက်မကစားတော့ဘဲ ဟူညီအကိုသုံးယောက်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။

အပြန်လမ်းခရီးတွင် ထိုညီအကိုများအဖြစ်က အသေးစားဇာတ်လမ်းလေးဖြစ်သွားသည်။

လှေပျံ ဆက်သွားသည်။ စွမ်းအင်ရောင်တစ်ချို့ လှေပျံကို လွှမ်းခြုံလာသည်။ ဝိညာဉ်ပြောင်းအကြိုအဆင့်မှ ဝိညာဉ်ပြောင်းအစောပိုင်းအဆင့်ထိရှိသည်။

"ဟူညီအကိုတွေ ငါတို့နဲ့ ဒီနေရာမှာဆုံရမှာ။ ဒါပေမယ့် သူတို့ရောက်မလာဘူး။ ဒီအချိန်အတွင်း ဒီနေရာကဖြတ်သွားတာ မင်းတို့ပဲရှိတယ်။ ငါ့လူတွေကို မင်းတို့သတ်လိုက်တာလား"

ဟူညီအကိုအဖွဲ့မှ အကြီးဆုံးအကို ညီငယ်သုံးယောက်အတွက် လက်စားချေရန် ကြိုးစားနေခြင်းဖြစ်သည်။

လုယန်တွေးသည်။

'ဒါက အငယ်ကိုရိုက်လို့ အကြီးနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့ အဖြစ်မျိုးလား'

ထိုကဲ့သုံပုံပြင်ဇာတ်လမ်းများစွာ သူကြားဖူးသည်။ လူငယ်သူရဲကောင်းက အနိုင်ကျင့်သူကို တိုက်ခိုက်သည်။ အနိုင်ကျင့်သူ၏ အဖေရောက်လာသည်။ ထို့နောက် အဘိုးပေါ်လာသည်။ ထို့နောက် အဘေးပေါ်လာသည်။ အဆုံးမရှိတော့။

(**ပုံမှန်ရှန်းရှများ၏ တွေ့နေကျဇာတ်ကွက်ကို ပြောနေခြင်းဖြစ်သည်)

ကိုယ့်သွေးထိလျှင်မခံတတ်သည့်စိတ်ကို လုယန် တကယ်လေးစားသွားသည်။

ပြောစရာမလိုပါ။ ဟူအကိုကြီးကိုလုည်း ဒုဂိုဏ်းချုပ်ကျင်းက အလွယ်တကူပင်သတ်လိုက်သည်။

လှေပျံ ဆက်သွားသည်။ မကြာမီ ပို၍ပြင်းထန်သည့်စွမ်းအင်ရောင်တစ်ခု လှေပျံကို လွှမ်းခြုံလာပြန်သည်။

"ဪ..မင်းတို့က ငါ့လူတွေကိုသတ်..."

"မင်းတို့မပြီးနိုင်ကြသေးဘူးလားကွာ"

စုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်၍ ထိုသို့ ဆက်တိုက်စော်ကားခံနေရသည်ကို ဒုဂိုဏ်းချုပ်ကျင်း သည်းမခံနိုင်။ တစ်ခါတည်းအပြတ်ရှင်းရန် ဆုံးဖြတ်သည်။ ဟူညီအကိုဓားပြစခန်းကို ချက်ချင်းသွားတိုက်ခိုက်သည်။ အားလုံးသတ်လိုက်သည်။

.....

လှေပျံ ဌာနချပ်သို့ ပြန်လာချိန်တွင် ဒုဂိုဏ်းချုပ်ကျင်းက ဂုဏ်ပြုပိုးသားလံတစ်ခုကို ကိုင်ထားသည်။ သူ့အမူအရာက စိတ်မပါလက်မပါပုံစံမျိုး ဖြစ်နေသည်။

ထိုဂုဏ်ပြုအလံကို ရှားနိုင်ငံရုံးတော်မှ တရားဝင်ရယူထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒုဂိုဏ်းချုပ်ကျင်းကို နတ်ဆိုးဂိုဏ်းဝင်ဟု ဘယ်သူမှ သံသယမဖြစ်ကြ။ ဘယ်နတ်ဆိုးဂိုဏ်းက အများပြည်သူအတွက် အနှောက်အယှက်များကို ရှင်းလင်းပေးမည်နည်း။

ထိုအကြောင်းသိသွားသဖြင့် ဂိုဏ်းဝင်အချင်းချင်း တီးတိုးပြောကြသည်။ ဒုဂိုဏ်းချုပ်ကျင်းကို အတော်လေးစားနေကြသည်။

"တကယ်ဒုခေါင်းဆောင်ပီသတာပဲ။ တော်ဝင်လမ်းဘက်က ဂုဏ်ပြုအလံတောင် ရအောင်ယူထားနိုင်တယ်။ နှစ်ဘက်ခွကစားနိုင်တာ တကယ်အမြင်ကျယ်တာပဲ"

"ဟုတ်တယ်။ နတ်ဆိုးဂိုဏ်းကိုမဝင်ခင်က ဒုဂိုဏ်းချုပ်ကျင်းဟာ လမ်းမှန်ဘက်မှာ နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တယ်လို့ကြားတယ်"

လုယန် အတော်စိတ်ဝင်စားသွားပြီး ချက်ချင်းမေးလိုက်သည်။

"သူက ဒီလိုနောက်ခံမျိုးရှိတာလား။ ဒုဂိုဏ်းချုပ်က တော်ဝင်လမ်းဘက်မှာ ဘာအလုပ်လုပ်တာလဲ"

"ညကင်းစောင့်လေ"

"..."

လုယန်ခဏစဉ်းစားပြီးနောက် ပြန်ပြောသည်။

"ဒါဆို ဒုဂိုဏ်းချုပ်ကျင်းလည်း တော်ဝင်လမ်းဘက်မှာတုန်းက အချိန်ကိုထိန်းချုပ်နိုင်ခဲ့တဲ့လူပေါ့"

ဆွေးနွေးနေသည့် နတ်ဆိုးဂိုဏ်းဝင်က လုယန်ကို တအံ့တဩ လှည့်ကြည့်ကြသည်။

"စိတ်ဝင်စားစရာကောင်းတဲ့ ရှုထောင့်ပဲ။ ငါအဲဒီလို မစဉ်းစားမိခဲ့ဘူးကွာ"

ထိုဂိုဏ်းဝင်က ဒုဂိုဏ်းချုပ်ဆီ အပြေးသွားပြီး လုယန်သုံးသပ်ပုံကို ပြန်ပြောပြသည်။ ဒုဂိုဏ်းချုပ်ကျင်း အတော်မနောခွေ့သွားသည်။ လုယန်ကို လာတွေ့ပြီး တကယ်အမြင်ကျယ်သည်ဟု ချီးကျူးသည်။

"သိပ်ကောင်းတဲ့အတွေးပဲကွာ။ ခုချိန်ကစလို့ တော်ဝင်လမ်းဘက်မှာ ငါဟာတစ်မြို့လုံးရဲအချိန်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ နာမည်ကျော်ပုဂ္ဂိုလ်ပါလို့ ငါပြောတော့မယ်"

အစောပိုင်း နတ်ဆိုးဂိုဏ်းဝင်ခွင့် စမ်းသပ်ပွဲတွင် လုယန် ပြဿနာရှာခဲ့သော်လည်း ထိုကိစ္စများက အတိတ်တွင်ကျန်ခဲ့ပြီဖြစ်သည်။ ယခု ဒုဂိုဏ်းချုပ်ကျင်းက လုယန်ကို ပို၍ပို၍ သဘောကျလာသည်။

လှေပျံခရီး နှောင့်နှေးမှုကြောင့် နေရာစုံမှ အခြေတည်အဆင့် ချီအဆင့် နတ်ဆိုးပါရမီရှင်အားလုံးနီးပါး ရောက်နေကြပြီဖြစ်သည်။ လုယန်တို့အဖွဲ့က နောက်ဆုံးမှရောက်လာသည်။

ချီအဆင့်များကို လုယန်အရေးမစိုက်တော့။ သူ့ကိုမခြိမ်း‌ခြောက်နိုင်။ အခြေတည်အဆင့်ပါရမီရှင်များကိုသာ အာရုစိုက်သည်။

အခြေတည်အဆင့်တွင် နာမည်အကြီးဆုံး ပါရမီရှင်တစ်ချို့အကြောင်း ဘေးလူများပြောနေသည်ကို သူကြားရသည်။

"ရွှေသပိတ်ကိုင်ထားတဲ့ ဘုန်းကြီးကိုတွေ့လား။ သူ့ကို အသားစားဘုန်းကြီးလို့ ခေါ်ကြတယ်။ မသေမျိုးငါးဂိုဏ်းထဲက စွန်စီးဘုံကျောင်းကို သူဝင်ခွင့်ရခဲ့တယ်တဲ့။ ဒါပေမယ့်သူ ပြတ်ပြတ်သားသားစွန့်လွှတ်လိုက်တယ်။ သူ့ဘာသာ ဉာဏ်အလင်းရမယ့်လမ်းကြောင်းကိုရှာမယ်လို့ ကျိန်ဆိုခဲ့တယ်ဆိုပဲ"

"ပြီးတော့ ဟိုဓားကိုင်ထားတဲ့တစ်ယောက်။ လူတွေပြောကြတဲ့ ဓားနတ်ဆိုးကုကျားဆိုတာများလား"

"သူ့နတ်ဆိုးဓားက အတော်ထူးဆန်းတယ်လို့ပြောတယ်။ ဓားသွန်းပြီးတဲ့အချိန်မှာ ဓားကလေထဲကို လွင့်ပျံလာပြီး ပန်းပဲဆရာကို သတ်လိုက်တဲ့။ အဲဒီ့နောက်ပိုင်း အဲဒီ့နတ်ဆိုးဓားကို ပိုင်ဆိုင်တဲ့လူတိုင်း ဓားကဝါးမျိုတာကိုခံရတယ်။ ဝိညာဉ်ပြောင်းအဆင့်တွေတောင်ပါတယ်။ ကုကျားတစ်ယောက်ပဲ အခုထိ ဒီဓားကိုကိုင်ထားနိုင်တာ"

"ကြောက်စရာအကောင်းဆုံးက ယန်ဖေးကွ။ ဂိုဏ်းချုပ်ကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ ပါရမီရှင်လို့ပြောတယ်။ မှော်အဆောင်ရေးဆွဲတာ ကျွမ်းကျင်တယ်။ သူ့မှော်အဆောင်က ရွှေသန္ဓေအဆင့်တွေကိုတောင် ချုပ်နှောင်နိုင်တယ်။ အဲဒီ့လူတွေကို ရက်ရက်စက်စက်ညှင်းပန်းပြီးမှ သတ်ပစ်တာ။ သူ့နည်းလမ်းတွေက တကယ်ကြမ်းတမ်းတယ်"

ပြောစရာမလိုပါ။ ထိုသုံးယောက်လုံး အခြေတည်နောက်ဆုံးအဆင့်များဖြစ်သည်။

လုယန် သိစိတ်အာရုံမှ အဖော်နှစ်ယောက်ကို ဆက်သွယ်သည်။

"လောလောဆယ် ဒီသုံးယောက်နားကို မကပ်နဲ့ဦး။ ငါတို့ချင်းလည်း မသိသလို ဟန်ဆောင်ကြမယ်။ စမ်းသပ်ပွဲက ဘယ်လိုလာမလဲ မသိသေးဘူး။ ဒီတော့ အခြေအနေပေါ်မူတည်ပြီး အဖွဲ့တစ်ခု ဖွဲ့ဖို့လိုမလို ကြည့်ကြတာပေါ့"

လုယန်တို့သုံးယောက်၏ နက်ရှိုင်းသည့်နတ်ဆိုးဗီဇကို ဒုဂိုဏ်းချုပ်နှင့် အဆင့်မြင့်ဂိုဏ်းဝင်တစ်ချို့သာ သိထားသည်။ အခြေတည်အဆင့်ပါရမီရှင်များ သူတို့အကြောင်း မကြားဖူးကြ။

ဂိုဏ်းချုပ် လေထဲတွင် လက်နှစ်ဘက်နောက်ပစ်၍ ပေါ်လာသည်။ မျက်နှာက တင်းမာသည်။ ပြိုင်ပွဲစည်းမျဉ်းများကို ကြေငြာသည်။

လူအားလုံး၏လက်ဝါးပြင်အလယ်တွင် "၁"ဟူသည့် စာလုံးရှိနေသည်ကို သတိထားမိလာသည်။ ဘယ်အချိန်ကတည်းက ပေါ်နေခဲ့မှန်းမသိကြ။

"ဒီစမ်းသပ်ပွဲမှာ မင်းတို့စိတ်ကြိုက် သတ်ဖြတ်နိုင်တယ်။ လူတစ်ယောက်သတ်တိုင်း အဲဒီ့လူလက်ဝါးပေါ်က နံပတ်ကို မင်းတို့ရမယ်။ နံပတ်အမြင့်ဆုံးလူက နောက်ဆုံးအောင်နိုင်သူပဲ။ အနိုင်ရတဲ့သူဟာ ထာဝရအရှင်ရဲ့ ကောင်းချီးကိုရမယ်"

လူအားလုံး စိတ်အားထက်သန်သည့်အမူအရာမျိုး ပေါ်လာသည်။ လုယန်တို့သုံးယောက်သာ ထာဝရအရှင်ကို ကိုးကွယ်ယုံကြည်သူအသွင် ဟန်ဆောင်ထားသည်။ တစ်ခြားလူများက အစစ်အမှန် ကိုးကွယ်ကြသူများဖြစ်သည်။ ထာဝရအရှင်၏ကောင်းချီးသည် ထာဝရဂိုဏ်းတွင် အမြင့်ဆုံးဆုလာဒ်ဖြစ်သည်။

"အခြေတည်အဆင့်တွေက အုပ်စုတစ်ခု၊ ချီအဆင့်တွေက အုပ်စုတစ်ခုရှိမယ်။ အုပ်စုတစ်ခုစီမှာ အနိုင်ရတဲ့လူ တစ်ယောက်စီရှိမယ်။ စမ်းသပ်ပွဲကာလကို နှစ်ရက်သတ်မှတ်တယ်"

လုယန်တွေးနေသည်။ နတ်ဆိုးဂိုဏ်းသည် လူသတ်သည်ကို စမ်းသပ်ပွဲလို သဘောထားသည်။ ပြိုင်ပွဲဝင်အားလုံး သေသွားလည်း အရေးမစိုက်ကြ။ မျိုးဆက်တစ်ခု ကွာဟသွားမည်ကို ထည့်မတွက်။

ဂိုဏ်းချုပ် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ လုံးဝမခုခံနိုင်ဘဲ လူအားလုံး နေရာမှချက်ချင်းပျောက်ကွယ်သွားပြီး တောနက်တစ်ခုထဲတွင် ပေါ်လာသည်။

"ဒီနေရာဟာ မဟာယုခေတ်က တောအုပ်ပဲ။ ကောင်းကင်ရတနာတွေ မြေရတနာတွေ မျိုးစုံရှိတယ်။ မင်းတို့တွေ တိုက်ခိုက်ဖို့ အာရုံစိုက်ထားလည်းရတယ်။ ဒါမှမဟုတ် ကျင့်စဉ်အဆင့်တက်ဖို့ ရတနာရှာခွင့်လည်းရှိတယ်။

မှတ်ထားကြပါ။ ထာဝရအရှင်က မင်းတို့ကိုစောင့်ကြည့်နေတယ်"

ဂိုဏ်းချုပ်က စကားအရိပ်အမြွက်ပြောသည်။ လုယန်တစ်ယောက်သာ အဓိပ္ပါယ်ကို နားလည်သည်။

"ပြိုင်ပွဲစပြီ"

ပြိုင်ပွဲစကြောင်း ကြေငြာပြီးနောက် ဂိုဏ်းချုပ်က ထာဝရအရှင်ကို ရိုရိုသေသေမေးသည်။

"အရှင်၊ ဘာကြောင့် ဒီလိုပြိုင်ပွဲလုပ်ပြီး လူရွေးတာလဲ။ ပါရမီအခြေခံကိုကြည့်ပြီး တိုက်ရိုက်ရွေးချယ်လိုက်ရင် ပိုမလွယ်ဘူးလား"

ထာဝရအရှင်က ကရုဏာသက်ဟန်ဖြင့် ပြုံးသည်။

"ကောင်လေး၊ လူတစ်ယောက် စွမ်းအားအကြီးဆုံးဖြစ်လာဖို့ ဘာကအရေးကြီးဆုံးလို့ထင်လဲ။ တစ်ကိုယ်တော်ဝိညာဉ်မြစ်လား။ မသေမျိုးရုပ်ခန္ဓာလား။ ဒါတွေက အရေးမကြီးဘူးကွ။ အဖိုးမတန်တဲ့ ခန္ဓာကိုယ်တစ်ခုဆိုရင်တောင် ငါဆန္ဒရှိလို့ သိမ်းပိုက်ပြီးကျင့်ကြံရင် ကူးဖြတ်ခြင်းအဆင့်ထိ ရောက်နိုင်တယ်။ မသေမျိုးဆင့်ထိတောင် ရောက်နိုင်တယ်။..အရေးကြီးတာက ငါနဲ့အံဝင်ခွင်ကျဖြစ်ဖို့ပဲ။ အသက်ကိုရင်းရတဲ့ စမ်းသပ်ပွဲမျိုးဟာ လူတစ်ယောက်ရဲ့ စွမ်ရည်ကို အကောင်းဆုံးဖော်ထုတ်ပေးတယ်။ သူတို့ရဲ့ အမြင့်ဆုံးစွမ်းရည်ကို ငါက ထုတ်ပြစေချင်တာ။ ဒါမှ ငါစောင့်ကြည့်ပြီး ငါနဲ့အကိုက်ညီဆုံးက ဘယ်သူလဲဆိုတာ ရွေးချယ်နိုင်မှာပေါ့"

ဂိုဏ်းချုပ်က ပြန်မေးသည်။

"အံဝင်ခွင်ကျဖြစ်နိုင်ခြေမြင့်တဲ့လူက ဘယ်လိုလူမျိုးလဲ""

"ငါစိတ်ကျေနပ်တဲ့လူပေါ့"

"ကျုပ်ကို‌ရော စိတ်ကျေနပ်ရဲ့လား အရှင်"

"မင်းကို စိတ်ကျေနပ်မှုအနည်းဆုံးပဲ"

"ဒါပေမယ့်ကျုပ်က အရှင့်ကို အယုံကြည်ဆုံး နောက်လိုက်ပါ"

ဂိုဏ်းချုပ်က ပြန်ချေပသည်။

********************************

All Chapters