← Chapters

နတ်ဆိုးဓား

Vol. 13 Ch. 191

နတ်ဆိုးဓား

Vol. 13 Ch. 191

လုယန်လက်ဝါးမှ ဂဏန်းနံပတ်က "၁"ဟု ပြခဲ့သည်။ ကုကျားလက်တွင် "၈၇" ဟု ပြနေခဲ့သည်။ ကုကျားကိုသတ်ပြီးနောက် လုယန်လက်မှ ဂဏန်းနံပတ်က "၈၈"ဟု ပြောင်းသွားသည်။

"ဒါက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နတ်ဆိုးဓားဆိုတာလား။ ပိုင်ရှင်တွေအားလုံးကို ဒီဓားက သတ်ခဲ့တယ်တဲ့။ ကုကျားကျမှ ချွင်းချက်ဖြစ်နေတာလား"

ကုကျားသည် ကိုယ့်ပစ္စည်းကိုယ်မရိုသေတတ်မှန်း သိသာသည်။ ပစ္စည်းများကို ဖြစ်ကတတ်ဆန်း လွှင့်ပစ်ထားသည်။ လုယန်က ပြန်ကောက်ယူရသည်။

နတ်ဆိုးဓားက နီညို‌ရောင်ဖြစ်သည်။ လက်ကိုင်ကို နတ်ဆိုးသားရဲတစ်ကောင်၏ဦးချိုဖြင့် လုပ်ထားဟန်ရှိသည်။ လက်ကိုင်နှင့်ဓား ဆုံသည့်နေရာတွင် နီညိုရောင်ကျောက်တစ်လုံး မြှုပ်ထားသည်။ မျက်လုံးနှင့် သဏ္ဌာန်တူသည်။

အသွင်အပြင် ဆန်းပြားသည်မှလွဲ၍ ဘာမှထူးထူးခြားခြားမရှိလှ။

"အင်း..ဒီဓားက စိတ်ဝင်စားစရာပဲ။ လက်ကိုင်ကို ရေနဂါးဦးချို၊ ဓားသွားကို သန့်စင်သံမဏိနဲ့ လုပ်ထားတယ်။ နီညိုရောင်ကျောက်က 'ဖေး'လို့ခေါ်တဲ့ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ မျက်လုံးပဲ"

(**'ဖေး'သားရဲကို အရှေ့ပိုင်းတရုတ်တောင်တန်းရှစ်ခုအနက် နောက်ဆုံးတောင်တန်းဖြစ်သည့် 'မဟာတောင်တန်း'တွင် တေါ့ရသည်။ နွားနှင့်သဏ္ထာန်တူသည်။ အဖြူရောင်ဦးခေါင်းရှိသည်။ မျက်လုံးတစ်လုံးတည်းသာရှိသည်။ အမြီးက မြွေအမြီးမျိုးဖြစ်သည်။ မြက်ခင်းပေါ်ဖြတ်သွားလျှင် သူ့အောက်ဘက်မှ မြက်များခြောက်သွေ့သွားသည်။ စမ်းချောင်းကိုဖြတ်လျှင် သူနှင့်ထိသည့်ရေများ အငွေ့ပျံသွားသည်။ လောက၏ ကပ်ဆိုးနိမိတ်ကို ကိုယ်စားပြုသည်)

ထာဝရနတ်မယ်က ဖေးသားရဲ၏ မှော်ဆန်သည့်လက္ခဏာများကို ရှင်းပြသည်။

"ဒီဓားရဲ့ကုန်ကြမ်းပစ္စည်းတွေက အတော်ကောင်းတယ်။ သေချာသွန်းလုပ်မယ်ဆိုရင် အသက်ဝင်လာနိုင်တယ်။ ဒါပေမယ့် ပန်းပဲဆရာက အရည်အချင်းမမီဘူး။ ဓားဝိညာဉ်မပေးနိုင်ခဲ့ဘူး။ အခွဓံသက်သက်ပဲ ဖန်တီးနိုင်ခဲ့တာ။ အခွံသက်သက်ဆိုပေမယ့်လည်း ရှားပါးတဲ့ ဝိညာဉ်ရတနာမျိုးပါ။ ဒီဓားရဲ့ဗီဇကိုက သိစိတ်ကိုတောင့်တယ်။ ဒါကြောင့် သွေးဆာတဲ့စရိုက်မျိုး ဖြစ်လာတာပေါ့။ လူပိုသတ်လေ အသိဝင်လာနိုင်ခြေများလေပဲ"

"သူ့သခင်ဖြစ်လာ‌အောင် ဘယ်လိုလုပ်ရမလဲ"

"သွေးစတေးပေးရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် နင်မလုပ်တာပိုကောင်းတယ်။ ဒီဓားက အရမ်းလောဘကြီးတယ်။ သွေးပိုကျွေးလေ သခင်ကို ပိုစားချင်လေ ဖြစ်လာမှာ။ သွေးမကျွေးရင်လည်း သခင်ကို ကာပြန်မှာ"

ရှေးခေတ်က ဝိညာဉ်ရတနာတို့တွင် ထိုဗီဇမျိုး ရှိကြသည်။ ထိုရတနာမျိုးကို ထိန်းချုပ်နိုင်သည့်ပါရမီရှိသည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်သူများစွာ ထာဝရနတ်မယ် မြင်ခဲ့ဖူးသည်။ အများစုက သေသွားသည်။ အနည်းစုသာ အောင်မြင်သည်။

"သဘောပေါက်ပါပြီ"

အရင်ဓားသခင်များ ဘာကြောင့်အသတ်ခံရသည်ကို သူနားလည်လာသည်။ ထိုဓားသည့် သူ့သခင်များကို လုံးဝအသက်ရှင်ခွင့်ပေးမည်မဟုတ်။

"အတော်စိတ်ဝင်စားစရာကောင်းတဲ့ဓားပဲ"

"ကုကျား ဒီဓားဝါးမျိုတာ မခံရတာက သူဓားကိုင်တာ မကြာသေးလို့ပါ။ ဒါကြောင့် ဓားကသူ့ကို မဆန့်ကျင်သေးတာ"

လုယန် ထပ်မေးသည်။

"ဒီနတ်ဆိုးဓား သိစိတ်ဝိညာဉ်ရလာရင် အရည်အသွေးက ဘယ်လိုရှိလာမလဲ"

ထာဝရနတ်မယ်က အထင်မကြီးဟန်ဖြင့်

"ငါ့အတွက်ကတော့ ခြေနင်းတုံးလုပ်ဖို့တောင် မထိုက်တန်ဘူး"

"ဪ"

ထိုနတ်ဆိုးဓား၏အရည်အသွေးက သိပ်မကောင်းမှန်း လုယန်သဘောပေါက်သွားသည်။

ယွမ်ကျိက တစ်ချိန်လုံး အသံတိတ်နေသည်။ စာအုပ်ကိုသာ ဖတ်နေသည်။

လုယန်တို့သုံးယောက်အရည်အချင်းဖြင့် ပြိုင်ပွဲတွင် ပထမနေရာရဖို့ သိပ်မခက်ဟု သူယုံကြည်သည်။

ထိုစဉ် လုယန်လက်ဝါးမှ နံပတ်က "၈၈"မှ "၁၃၁" သို့ပြောင်းသွားသည်။

အသားစားဘုန်းကြီးသည် အများပစ်မှတ်ထားခံရသူဖြစ်၍ ဂျင်ဆင်းသီးမရခဲ့။ နည်းနည်းနာမည်ကြီးသည့် အခြေတည်အဆင့်နှစ်ယောက် ဂျင်ဆင်းသီးကိုယ်စီ ဆွဲယူသွားပြီးနောက်တွင် အဆိပ်မိ၍သေသွားကြသည်။

ထိုဂျင်ဆင်းသီးနှစ်လုံးလည်း ပြင်းထန်သည့်အဆိပ် သုတ်လိမ်းထားသည်။ သို့သော် နေရာချင်း တေးကွာလွန်းသွားပြီဖြစ်၍ ဂျင်ဆင်းကိုယ်ပွား၏အခြေအနေကို လုယန် အာရုံမခံနိုင်တော့။

ဂျင်ဆင်းကိုယ်ပွားများကို အဆက်အသွယ်ဖြတ်ပြီး မူလခန္ဓာကိုယ်အရွယ်အစားသို့ သူပြန်ပြောင်းလိုက်သည်။

နတ်ဆိုးဓားကို မှော်လက်စွပ်ထဲ သိမ်းလိုက်ပြီး နောက်ပစ်မှတ်ကို ရှာသည်။

ထိုမှော်လက်စွပ်ကို ယာယီသုံးနေခြင်းဖြစ်သည်။ ထာဝရဂိုဏ်း၏ပိုင်နက်ထဲတွင် တာအိုလမ်းစဉ်ဂိုဏ်း၏ ကျောက်စိမ်းတံဆိပ်ကို မှော်လက်စွပ်အဖြစ်သုံးလျှင် ဉာဏ်နည်းသည်ဟု မဆိုနိုင်သော်လည်း ယုံကြည်မှုလွန်ကဲလွန်းရာကျသည်။

"ဟ..ဒါက ဘယ်သူ့သွေးလဲ"

လတ်ဆတ်သည့်သွေးစက်တစ်ချို့ မလှမ်းမကမ်းတွင် တွေ့လိုက်ရသည်။ ဒဏ်ရာဖြင့် ထွက်ပြေးသွားသူတစ်ယောက်၏သွေးစက်များ ဖြစ်ဟန်တူသည်။

"လိုက်ကြည့်သေးတာပေါ့လေ"

ဒဏ်ရာရထားသည့်လူသည် သေချာပေါက် တိုက်ခိုက်နိုင်စွမ်း လျော့နည်းနေပေလိမ့်မည်။ ချက်ချင်းအကျိုးအမြတ်ရနိုင်သည်။

ခန့်မှန်းထားသလိုပင် ခြေရာခံ၍လိုက်ရင်း သွေးစက်များက ပိုထင်ရှားလာသည်။ သွေးစက်အနည်းငယ်မှသည် သွေးအိုင်တစ်ခုအဆင့်သို့ ပြောင်းသွားသည်။ ထိုလူ ဒဏ်ရာအပြင်းအထန်ရထားမှန်း သိသာသည်။

နောက်ဆုံးတွင် ဒဏ်ရာရှင်ကို တွေ့သည်။ အသားစားဘုန်းကြီးဖြစ်သည်။

တစ်ခြားလူတစ်ယောက်၏ လည်ပင်းကိုချုပ်ကိုင်ထားသည်ကို လုယန်တွေ့ရသည်။ ထို့နောက် ဘုန်းကြီးက လည်ပင်းကိုဖျောက်ခနဲ ချိုးပစ်လိုက်သည်။

"နောက်တစ်ယောက် ထောင်ချောက်ထဲ ဝင်လာပြန်ပြီ"

အသားစားဘုန်းကြီး အေးစက်စက်ပြုံး၍ပြောသည်။

ဂျင်ဆင်းသစ်သီးအရှုပ်တော်ပုံအတွင်း တိုက်ရင်းခိုက်ရင်း ဒဏ်ရာရသလိုဟန်ဆောင်၍ ထွက်ပြေးပြီး တစ်ခြားလူများ သူ့နောက်မှလိုက်လာအောင် ဆွဲဆောင်ခဲ့သည်။ ထို့နောက် တစ်ယောက်ချင်းသတ်ပစ်သည်။

"ငါ့ရဲ့ကြောက်စရာနာမည်ဂုဏ်သတင်းကြောင့် ဒီလိုနည်းလမ်းသုံးရုံကလွဲလို့ တစ်ခြားရွေးစရာမရှိဘူးလေ။ မဟုတ်ရင် ဘယ်သူမှ ငါနဲ့တစ်ယောက်ချင်းတိုက်ခိုက်ချင်မှာမဟုတ်ဘူး"

အသားစားဘုန်းကြီးက ပြုံး၍ရှင်းပြသည်။

အထူးချွန်ဆုံး ပြိုင်ပွဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်၍ တစ်ခြားလူများက သူ့ကိုမြင်ရုံဖြင့် ထွက်ပြေးသည်။ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေးမရ။

အားနည်းချက်တစ်ခုပြ၍ မျှားခေါ်ခြင်းက ပိုကောင်းသည်။

"မင်းကို ငါမြင်ဖူးသလိုပဲ။ ဒါပေမယ့် အရေးတော့မကြီးပါဘူးလေ။ မင်းဘယ်သူဖြစ်ဖြစ် ငါနဲ့တွေ့တာ မင်းကံဆိုးလို့ပဲ"

လုယန်က ဂျင်ဆင်းသီးနှင့် တူနေသဖြင့် ရင်းနှီးသလို သူခံစားရခြင်းဖြစ်သည်။ သို့သော် သူဆက်စပ်၍ မစဉ်းစားမိ။

အသားစားဘုန်းကြီး လက်သီးဆုပ်လိုက်သည်။ ကြွက်သားများတင်းမာလာသည်။ သွေးထွက်နေသည်ဒဏ်ရာ ချက်ချင်းပျောက်ကင်းသွားသည်။ ရွှေသပိတ်ကိုဆွဲထုတ်၍ လုယန်ကိုဖမ်းဆီးရန် ချိန်ရွယ်သည်။

လုယန်က မှော်လက်စွပ်ထဲမှ နတ်ဆိုးဓားကို အသာထုတ်၍ ဆောင့်ကြောင့်ထိုင်ပြီး ဘုန်းကြီးချန်ထားခဲ့သည့် သွေးကိုထိလိုက်သည်။

နတ်ဆိုးဓားက အသားစားဘုန်းကြီးကို သခင်အဖြစ် ချက်ချင်းအသိအမှတ်ပြုလိုက်သည်။

ဓားက လေထဲသို့လွင့်တက်ပြီး ဘုန်းကြီးထံ ပြေးဝင်သွားသည်။

ထိုမျှ သွေးရက်ရောသည့်သခင်မျိုး တစ်ခါမှကြုံဖူးဟန်မတူ။ သူ့သခင်ကို ကြင်နာစွာပွေ့ဖက်ချင်သည်။..ဓားသွားဖြင့်။

ဘုန်းကြီး ထိပ်လန့်တုန်လှုပ်သွားသည်။ ထိုနတ်ဆိုးဓား ဘယ်ကရောက်လာသနည်း။ ဘာကြောင့် သူ့ကိုတိုက်ခိုက်နေသနည်း။

အချိန်အတော်ကြာသူနှင့်အတူရှိခဲ့သည် ရွှေသပိတ်ကို ချက်ချင်းထိုးဖောက်သွားသည်။ သူခုခံရန်ကြိုးစားသည်။

လုယန် စုပ်တစ်ချက်သပ်လိုက်သည်။

"စွန်စီးဘုံကျောင်းကရွေးလောက်တဲ့လူမျိုးလည်း ဟုတ်ပုံမရပါဘူး"

မသေမျိုးငါးဂိုဏ်းထဲမှ စွန်စီးဘုံကျောင်းသည် ဂိုဏ်းတပည့်အနည်းဆုံးဖြစ်သည်။ အလွန်ထူးခြားသည့် ပါရမီရှင်များကိုသာ လက်ခံသည်။ အသားစားဘုန်းကြီး၏စွမ်းရည်က ဘုံကျောင်းတွင် အစေခံလုပ်ဖို့ပင် အရည်အသွေးမမီ။

"စွန်စီးဘုံကျောင်းက လူတိုင်းဝင်ခွင့်ရှိတယ်လို့ ကြေငြာထားတာပဲ။ ငါ့မှာလည်း အခွင့်အရေးရှိတာပေါ့။ ငါကသာ စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တာပါ"

ဘုန်းကြီးက ပြန်ချေပသည်။

"...ခင်ဗျားက ကိုယ့်ကိုယ်ကို အတော်လေးအမွှမ်းတင်တတ်သားပဲ"

နတ်ဆိုးဓားကို ဘုန်းကြီးမယှဉ်နိုင်။ ရင်ဘတ်ကိုဓားစိုက်သွားသည်။

နတ်ဆိုးဓား နောက်တစ်ကြိမ် သခင်မဲ့သွားပြန်သည်။

"သနားစရာကောင်းတဲ့ကောင်။ အခုပဲ သခင်တစ်ယောက်ရတယ်။ သေသွားပြန်ပြီ"

လုယန် နတ်ဆိုးဓားကိုကောက်ယူ၍ ခရီးဆက်သည်။

"ငရဲသွေးမြစ်စွမ်းအား"

တစ်ယောက်က သူ့ကို အလစ်ချောင်း၍ တိုက်ခိုက်သည်။

သွေးလှိုင်းတစ်ခု သူ့ဆီ တိုးဝင်လာသည်။ ‌သွေးစိမ်းနံ့က သိသာထင်ရှားနေသည်။

လုယန် တည်တည်ငြိမ်ငြိမ်ဖြင့် နတ်ဆိုးဓားကို နောက်တစ်ကြိမ်ထုတ်လိုက်သည်။ ဓားပညာနှင့်သင့်တော်သည့် ဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်၍ ဓားပညာများကို နားလည်ဖန်တီးနိုင်သည့်ပါရမီက ရှိနေသည်။

အသစ်ဖန်တီးထားသည့် ဓားပညာကိုသူသုံးလိုက်သည်။

"ဓားသခင်စွမ်းအား"

နတ်ဆိုးဓားက သွေးလှိုင်းကို ထိုးခွဲသွားသည်။ သွေးနံ့ရသည့် ငါးမန်းတစ်ကောင်ကဲ့သို့ အနီရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားသည်။ လုယန်အား တိုက်ခိုက်လာသူကို ဓားက သတ်လိုက်ပြန်သည်။

"သွေးလက်ဝါးစွမ်းအား"

"ဓားသခင်စွမ်းအား"

"သွေးအရိုးစွမ်းအား"

"ဓားသခင်စွမ်းအား"

နတ်ဆိုးလမ်းစဉ်သမားများ ပီသကြပါသည်။ သင်ယူထားသည့် ကျင့်စဉ်ပညာများက သရဲနှင့်အရိုးစုများ သို့မဟုတ် သွေးနှင့်ဝိညာဉ်များနှင့် ဆက်စပ်နေသည်။ နတ်ဆိုးဓားအတွက် သခင်ရွေးချယ်ရသည်မှာ အတော်အဆင်ပြေသည်။

ဓားသခင်စွမ်းအားသုံး၍ စိန်ခေါ်သူအားလုံးကို ပြိုင်ဘက်မရှိ အနိုင်ယူလိုက်သည်။

ကံဆိုးသွားသည့် ဓားသခင်များကတော့ ထူးထူးခြားခြား အသက်တိုသည်။ သုံးစက္ကန့်ထက်ပိုမခံကြ။

လုယန် စိတ်မကောင်းဟန်ဖြင့် ခေါင်းခါသည်။ သူက နတ်ဆိုးဓားအတွက် ရေရှည်ခံမည့် သခင်တစ်ယောက် ရှာချင်ရုံသာဖြစ်သည်။ ဘာကြောင့် ထိုမျှခက်ခဲနေရသနည်း။

"ဒီလိုဝိညာဉ်ရတနာကောင်းတစ်ခုကို မင်းတို့နဲ့ မထိုက်တန်ပါဘူး"

လုယန်အဖြစ်ကို သတိထားမိသူ တဖြေးဖြေးများလာသည်။ ကုကျားကို ရက်ရက်စက်စက်သတ်ပြီးနောက် လုယန်သည် နတ်ဆိုးဓား၏သခင်ဖြစ်သွားပြီဟူသည် ကောလဟာလများ ပျံ့နှံ့သွားသည်။

တစ်ချို့ကလည်း လုယန်သည် ဂျင်ဆင်းသီးနှင့်တူသည်ကို သတိထားမိကြသည်။ အဆိပ်သင့်သေသူများ၏အဖြစ်နှင့် ဆက်စပ်စဉ်းစားကြည့်ပြီးနောက် ဂျင်ဆင်းသီးကိစ္စသည် အလိမ်အညာဖြစ်ကြောင်း သဘောပေါက်သွားသည်။

နောက်ထပ် သခင်တစ်ယောကက်ကို နတ်ဆိုးဓားက သတ်ဖြတ်ပြီးနောက် လုယန် မုန်ကျင်းကြိုးနှင့် ရင်ဆိုင်တွေ့သည်။

မုန်ကျင်းကျိုးက လုယန်ကိုကြည့်၍ အံတင်းတင်းကြိတ်သည်။

"အတော်ဉာဏ်များတာပဲ။ မင်းကိုယ်မင်း ဂျင်ဆင်းသီးအဖြစ်ဟန်ဆောင်ပြီး အားလုံးကိုလှည့်စားတယ်ပေါ့"

*************************************

All Chapters