← Chapters

ခန္ဓာကိုယ်ပေါင်းစပ်ခြင်း

Vol. 13 Ch. 193

ခန္ဓာကိုယ်ပေါင်းစပ်ခြင်း

Vol. 13 Ch. 193

သူ့ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးရန် ကျမ်းစာဆောင်ပထမထပ်တင် လုယန် လပေါင်းများစွာ အချိန်ဖြုန်းခဲ့သည်။ အမြင်ကျယ်စေမည့် ကျင့်စဉ်ပညာများစွာ ဖတ်ရှုခဲ့သည်။

ကျင့်ကြံသူတစ်ယောက်၏ တည်နေရာကို တစ်ယောက်က သိနိုင်သည့် ကျင့်စဉ်ပညာတစ်မျိုးလည်း တွေ့ခဲ့သည်။ မှတ်တမ်းအရ ထိုကျမ်းစာကို တစ်ယောက်လှုပ်ရှားမှုကို တစ်ယောက်စောင့်ကြည့်လိုသည့် ကျင့်ကြံသူလင်မယားနှစ်ယောက်က ရေးသားခဲ့သည်ဟုဆိုသည်။

ထို့နောက်တွင် မယားဖြစ်သူက ဆောင်ကြာမြိုင်သို့ မကြာခဏသွားသည်ကို လင်ဖြစ်သူက သိလာသည်။ လင်ဖြစ်သူလည်း ဆောင်ကြာမြိုင်သို့ မကြာခဏသွားကြောင်း မယားဖြစ်သူက သိသွားသည်။

မျက်လုံးဖွင့်၍အိပ်နိုင်သည့် ကျင့်စဉ်တစ်မျိုးကိုလည်း သူရှာတွေ့ခဲ့သည်။ နေ့ခင်းစာသင်ချိန်များတွင် အတော်အသုံးဝင်သည်။ လူတစ်ယောက်ကို အလွန်တရာ ရုပ်ဆိုးအကျည်းတန်စေသည့် ကျင့်စဉ်ပညာကိုလည်း တွေ့ခဲ့သည်။ ထိုပညာကို တီထွင်ရသည့်ရည်ရွယ်ချက်ကို လုယန်စဉ်းစားမရ။

တိရစ္ဆာန်များကိုတုပ၍ ဆောင်းခိုအိပ်စက်သည့်ကျင့်စဉ်တစ်မျိုးလည်း ရှိသည်။ တစ်နပ်စားပြီးလျှင် သုံးလကြာအောင် အိပ်စက်နိုင်သည်။ ထိုပညာ လက်တွေ့အသုံးချသူကိုတော့ ယခုထိသူမမြင်ဖူးသေး။ နောက်ပိုင်းတွင် ထိုကဲ့သို့ကျင့်စဉ်တီထွင်မှုတို့သည် စီနီယာအကိုအမများက ကျိုးဆောင်မှတ်များ လှည့်စားရယူသည့်နည်းလမ်းဖြစ်ကြောင်း နောက်ပိုင်းတွင် သူသိလာသည်။

ဂိုဏ်းတွင်မရှိသေးသည့် ကျင့်စဉ်များကို မစ်ရှင်ခန်းမသို့ တင်သွင်း၍ ကျိုးဆောင်မှတ်များ ရယူနိုင်သည်။ အမယွမ်သည် သူ့အတွက် သီးခြားစာအုပ်စင်တစ်ခု ထားပေးရသည်အထိ ထိုတာဝန်ကို အသုံးချခဲ့သည်။ သီးသန့်စာအုပ်စင်ရှိသဖြင့် သူ့ကျင့်စဉ်ပညာများကို မစ်ရှင်ခန်းမသို့ အထပ်ထပ်တင်သွင်းနေစရာမလိုတော့။ ရေးထားသည့်ကျင့်စဉ်ကျမ်းများကို ကျမ်းစာတိုက်တွင် ထားလိုက်ရုံသာဖြစ်သည်။ ကျိုးဆောင်မှတ်များကို သူ့စိတ်ကြိုက် အသုံးပြုနိုင်ခဲ့သည်။

တစ်ခြားညီအကိုမောင်နှမများက ယွမ်ကျိလောက် အရည်အချင်းမရှိ။ သို့သော် ကျိုးဆောင်မှတ်လိုချင်ကြသည်။ ထို့ကြောင့် အပြင်ပန်းကြည့်ကောင်းပြီး လက်တွေ့သုံးစားမရသည့် ကျင့်စဉ်များစွာ ကျမ်းစာတိုက်တွင် ပြည့်နေခြင်းဖြစ်သည်။

လုယန်စဉ်းစားသည်။ သူသာ ထိုကျင့်စဉ်ပညာမျိုးရေးလျှင် အမယွမ်က သူ့ကို ကြိုးနှင့်ချည်၍ ရိုက်လောက်သည်။..ယွမ်ကျိကိုယ်တိုင် ရိုက်စရာပင်မလိုလောက်။ ရုပ်သေးရှိနေရုံဖြင့် လုံလောက်သည်။

"ပျော်ခြင်းငါးပါး ဝမ်းနည်းခြင်းရှစ်ပါး မသေမျိုးကျင့်စဉ်တဲ့လား"

လုယန်တီထွင်ကြံဆထားသည့်နာမည်ကို ကြားပြီးနောက် ထာဝရနတ်မယ် တစ်စုံတစ်ခုကို သတိရလာဟန်ရှိသည်။

"ဒီနာမည်က ကိုးဆမသေမျိုးရဲ့ ကျင့်စဉ်ပညာနာမည်နဲ့ အတော်တူတာပဲ"

"ကိုးဆမသေမျိုး.."

လုယန် ရေရွတ်လိုက်သည်။ ထာဝရနတ်မယ်သည် ကိုးဆမသေမျိုးအကြောင်း ပြောလေ့သိပ်မရှိ။

ကိုးဆမသေမျိုးသည် မသေမျိုးရုပ်ခန္ဓာပိုင်ရှင်ဖြစ်ကြောင်း သိရသည်။ ရှေးဟောင်းခေတ်မသေမျိုးများထဲတွင် မသေမျိုးအဆင့်ကို ပထဆုံးရောက်ခဲ့သူဖြစ်သည်။

"သူ့ကျင့်စဉ်နာမည်က ဘာတဲ့လဲ"

လုယန် စပ်စုလိုက်သည်။

ယွမ်ကျိလည်း ရှားရှားပါးပါး စိတ်ဝင်စားမှုပြသည်။ စာအုပ်ကိုချ၍ ထာဝရနတ်မယ်၏အဖြေကို နားစွင့်နေသည်။

"ကိုးဆမသေမျိုးရဲ့ ကျင့်စဉ်တွေကလည်း သူကိုယ်တိုင်ရေးထားတာပဲ။ သူ့ကျင့်စဉ်ကို 'ပရမ်းပတာချီတစ်ခု၊ တူရိယာနှစ်ခု၊ ပုံရိပ်လေးမျိုး၊ ‌ပျော်ရွှင်ခြင်းခြောက်ပါး၊ ဝမ်းနည်းခြင်းရှစ်ပါး၊ နယ်မြေကိုးခု၊ ကောင်းကင်ဆယ်ခု, တစ်ခုတည်းသောအရှင်မသေမျိုးကျင့်စဉ်'လို့ နာမည်ပေးတယ်။

ငါကတော့ သူ့ကျင့်စဉ်တွေကို "ဂဏန်းစဉ်မသေမျိုးကျင့်စဉ်"တွေလို့ပဲ ခေါ်တယ်။ တစ်ခါတစ်လေ လူတွေက "လေးခြောက်မသေမျိုးကျင့်စဉ်", "မသေမျိုးကျင့်စဉ်ရှစ်ဆယ်" စသဖြင့် သူတို့စိတ်ထဲရှိရာ ခေါ်ကြတယ်။ ဘာပဲပြောပြော ကိုးဆမသေမျိုးကိုယ်တိုင်ကလည်း သူ့ကျင့်စဉ်နာမည်တွေကို အကုန်မမှတ်မိဘူးလေ"

"..."

ကိုးဆမသေမျိုးသည် ကိန်းဂဏန်းများနှင့်ပတ်သက်၍ အစွဲတစ်ခု ရှိနေသလားမသိ။

ယွမ်ကျိ နည်းနည်းစတ်ပျက်သွားသည်။ ကျင့်စဉ်နာမည်မှတစ်ဆင့် ကိုးဆမသေမျိုး၏ စွမ်းအားအတိမ်အနက်ကို ခန့်မှန်းဖို့ သူမျှော်လင့်ထားခဲ့သည်။

သူယုံကြည်မှုလွန်ကဲသွားသည်ထင်သည်။

သိစိတ်နယ်မြေတွင် ရှေးဟောင်းခေတ်မှ ထူးဆန်းထွေလာများကို နားထောင်နေရင်း လုယန်က အပြင်လောကတွင် အဖော်နှစ်ယောက်နှင့်အတူ နေရာစုံလှည့်ပတ်သတ်ဖြတ်နေသည်။ ထို့နောက် ယန်ဖေး၏အော်ဟစ်သံကို ကြားရသည်။

"လုယန်ရယ်၊ မုန်ကျင်းကျိုးရယ် အရိုးရိုင်းရယ်က တစ်ဖွဲ့တည်းဟေ့"

ထိုသို့ တမင်တကာအော်ဟစ်ခြင်းဖြစ်သည်။ ထိုသုံးယောက်က အန္တရာယ်များသည်။ သူ့စွမ်းအားအဆင့်နှင့်ပင် စွမ်းအားကြီး၍ ဉာဏ်များသည့် ထိုသုံးယောက်ကို အနိုင်မယူနိုင်။

အားလုံး၏အင်အားကိုစုစည်း၍ ထိုသုံးယောက်ကို ဖြိုချဖို့လိုသည်။ သို့မှသာ ပထမနေရာကို သူရခွင့်ရှိမည်။

"ရိပ်မိသွားတာ စောလှချည်လား"

ထိုထက်တော့ကြာသင့်သည်ဟု မုန်ကျင်းကျိုးယူဆသည်။ သူပျော်၍ပင်မဝသေး။

သုံးယောက်လုံး လက်ဝါးဖြန့်၍ သူတို့ရမှတ်ဂဏန်းများကို ကြည့်သည်။ အနည်းဆုံးဖြစ်သည့် အရိုးရိုင်းပင် "၃၅၀"ဖြစ်သည်။ လုယန်နှင့် မုန်ကျင်းကျိုးကတော့ ပြောစရာမလို လုံးဝနတ်ဆိုးဆန်သည်ဟု ပြောရမည်။ ကြက်သတ်ဝက်သတ်သတ်ထားသည်။

"ဘယ်လိုလုပ်ကြမလဲ။ တိုက်မလား ပြေးမလား"

အရိုးရိုင်း မေးသည်။

"ပြေးရမှာပေါ့။ ထိပ်ဆုံးနေရာသုံးခုဟာ ငါတို့အတွက်ပဲ ဖြစ်ရမယ်။ အချိန်ကုန်တဲ့အထိ ငြိမ်ငြိမ်လေးစောင့်နေရုံပါပဲ"

မုန်ကျင်းကျိုးက မုန်မိသားစု၏ ဂုဏ်သိက္ခာနှင့် လုံးဝမအပ်စပ်သည့်စကားကို ပြောသည်။ "ပြေး"ဟူသည့်စကားကိုပြောရသည်မှာ အခက်အခဲတွေ့ပုံမရ။

သူတို့အားလုံး ကလေးဘဝကတည်းက ပြေးခြင်းနှင့် အသားကြခဲ့ပြီးဖြစ်သည်။ သူတို့ဖခင်က လေ့ကျင့်ပေးခဲ့သည်။

"သူတို့ဒီမှာဟေ့"

တစ်ယောက်က လှိုဏ်ဂူထဲမှ ထွက်လာချိန်တွင် သူတို့သုံးယောက်အတူရှိနေသည်ကို မြင်သွားသည်။ တစ်ဖွဲ့တည်းမှန်း သိသွားသည်။

ပွဲစကတည်းက ဟန်ဆောင်နေခဲ့ကြသည်။ ယန်ဖေး၏သံသယစိတ်ကြောင့်သာမဟုတ်လျှင် ဘယ်သူမှရိပ်မိမည်မဟုတ်။

ရှက်စရာကောင်းလှသည်။ နတ်ဆိုးကျင့်ကြံသူတို့သည် တစ်ခြားလူများကိုသာ လှည့်စားလေ့ရှိသည်။ ယခု သူတို့အလှည့်ရောက်လာသည်ထင်သည်။ ကောင်းကောင်းကြီးလှည့်စားခံလိုက်ရသည်။

ဒေါသဖွင့်ထုတ်ဖို့ ထိုသုံးယောက်ကို မသတ်နိုင်လျှင် သူတို့ကျင့်စဉ်လမ်းတိုးတက်မှုတွင် အတွင်းစိတ်အဟန့်အတားမျိုး ဖြစ်လာလိမ့်မည်။

"ပြေးကြစို့ဟေ့"

မုန်ကျင်းကျိုး ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ ဦးဆောင်၍ ထွက်ပြေးသည်။ လုယန်နှင့် အရိုးရိုင်းက နောက်မှလိုက်သည်။

"သူတို့ကိုဖမ်းကြ"

"သူတို့ဒီမှာဟေ့"

"သတ်ကြကွာ"

နတ်ဆိုးလမ်းစဉ်သမားတို့သည် ပူးပေါင်းတိုက်ခိုက်လေ့မရှိ။ အခြေတည်အဆင့်အားလုံး ယခုလိုစည်းလုံးမှုမျိုး တစ်ခါမှမကြုံခဲ့ဖူး။

ထာဝရဂိုဏ်းချုပ် ကျိတ်၍ခေါင်းငြိမ့်သည်။ ထိုသုံးယောက် တာအိုလမ်းစဉ်ဂိုဏ်းသို့ ထိုးဖောက်ဝင်နိုင်ခဲ့သည်မှာ မဆန်းတော့။ ရူးမိုက်သည့်ဒုဂိုဏ်းချုပ်နှစ်ယောက်ကြောင့် ထိုအဖိုးတန်မျိုးဆက်များ တာအိုလမ်းစဉ်ဂိုဏ်းက ထွက်လာအောင်လုပ်ခဲ့သည်ကို သူစိတ်မကောင်းဖြစ်မိသည်။

"ငါတို့တကယ်အဖမ်းခံရတော့မယ်ဆိုရင် မင်းအနစ်နာခံပြီးနောက်ချန်နေခဲ့ပေးကွာ"

လုယန်က မုန်ကျင်းကျိုးကိုပြောသည်။

"ဘာလို့ငါလုပ်ရမှာလဲ။ ဒီအစီအစဉ်ကို မင်းစိတ်ကူးရခဲ့တာပဲ။ မင်းလုပ်ပေါ့"

"ငါက စိတ်ကူးရခဲ့ပေမယ့် အသေးစိတ်လိုက်လုပ်တာက မင်းလေ။ မင်းကပိုအရေးကြီးတယ်။ မင်းသွားပါ"

"လက်တွေ့လုပ်တာထက် စိတ်ကူးက ပိုအရေးကြီးတယ်ကွ။ မင်းပဲသွား"

တစ်ယောက်နှင့်တစ်ယောက် အနစ်နာခံပေးဖို့ လွှဲချနေကြသည်။ အရိုးရိုင်း ဝင်မပြောနိုင်။ သူက သရုပ်ဆောင်သက်သက်သာဖြစ်သည်။

"သူတို့ကို ငါဖမ်းထားပြီဟေ့"

ခြေရာခံကျွမ်းကျင်သည့် လူတစ်ယောက်က လုယန်အင်္ကျီကို ဖမ်းမိလုနီးပါးဖြစ်လာသည်။

ထိုအချိန်တွင် မမြင်ရသည့်တိုက်ခိုက်မှုတစ်ခု သူ့အပေါ်ရိုက်ခတ်လာသည်။ သူ့ရင်ဘတ်ချိုင့်ဝင်၍ လွင့်ထွက်သွားသည်။

မျက်လုံးမမှိတ်ခင် သူ‌စောပိုင်းရှိခဲ့သည့်နေရာကို ကြည့်သည်။ လွင့်ပျံနေသည့် မှော်အဆောင်တစ်ခုမှလွဲ၍ ဘာမှမမြင်ရ။

"ဒါကဘာလဲ"

မှော်အဆောင်က သိစိတ်ရှိသကဲ့သို့ လွင့်မျောနေသည်။ လုယန်တို့သုံးယောက်နား ကပ်လာသူမှန်သမျှကို တိုက်ထုတ်သည်။ နောက်ဆုံးတွင် ထိုမှော်အဆောင်ကို တစ်ယောက်က သတိထားမိသွားသည်။

"အဲဒါ ကိုယ်ပျောက်အဆောင်ပဲဟေ့။ သူတို့မှာ ကြံရာပါတစ်ယောက်ရှိသေးတယ်"

လုယန်ရေးဆွဲသည့်မှော်အဆောင်က အတော်ထိရောက်သည်။ အာရုံခံအကောင်းဆုံးလူပင် အတားအဆီးရှိနေသည်ကို မရိပ်မိ။

ထို့နောက်တွင် အော်ဟစ်သတိပေးခဲ့သည့်လူက မူမမှန်သည့်အချက်ကို နားလည်လာသည်။ မှော်အဆောင်က လူကိုသာဖျောက်ထားသည်။ မှော်အဆောင်ကို မြင်နေရသည်။

လုယန်က မှော်အဆောင်ဆီ လှမ်းအော်သည်။

"ယန်ဖေး၊ သူတို့ကို မြန်မြန်သတ်လိုက်"

"ယန်ဖေးလည်း သူတို့နဲ့တစ်ဖွဲ့တည်းလား"

လိုက်လာသူများ အံ့အားသင့်သွားကြသည်။ သို့ဆိုလျှင် ယန်ဖေးက လုယန်တို့အကြံကို ရိပ်မိသည်ဆိုသည်မှာ အလိမ်အညာသာဖြစ်မည်။ ထောင်ချောက်အစိတ်အပိုင်းတစ်ခုသာဖြစ်မည်။

ယန်ဖေးက 'ကျန်း'ရှစ်ဆယ်အကွာမှ ဒေါသဖြင့်လှမ်းကြည့်နေသည်။ ကိုယ်ပျောက်မှော်အဆောင်နှင့် အတူမရှိ။

"ငါသိပြီ။ ကိုယ်ပျောက်မှော်အဆောင်ကပ်ထားတဲ့လူဟာ မင်းရဲ့ကိုယ်ပွားပဲ"

လုယန်၏ သစ်သားကိုယ်ပွားအကြောင်း ယန်ဖေးပြန်သတိရလာသည်။ ပါးနပ်သည့် လူတစ်ယောက်က မှော်အ‌ဆောင်ကို ဖျတ်ခနဲ ဆွဲခွာလိုက်သည်။ မှော်အဆောင်ပိုင်ရှင်ပေါ်လာသည်။

ဗောဓိသစ်သားကိုယ်ပွား ခေါင်းတုံးလုယန်ဖြစ်နေသည်။

လုယောင်၏ ကိုယ်ပျောက်အဆောင်သည် ခန္ဓာကိုယ်ကိုသာ ဖျောက်နိုင်သည်။ အဝတ်အစားကို မဖျောက်နိုင်။ သစ်သားကိုယ်ပွားက သစ်ရွက်များကိုသာ အဝတ်အစားအဖြစ်သုံးသည်။

တစ်နည်းဆိုရလျှင် သစ်သားကိုယ်ပွားသည် အဝတ်ဗလာဖြစ်သည်။

လုယန်၏ကိုယ်ပျောက်မှော်အဆောင်နှင့် အံဝင်ခွင်ကျဖြစ်နေသည်။

လူရိုင်းတစ်ယောက်လို သစ်ရွက်ဝတ်စုံနှင့်ဖြစ်နေသဖြင့် သစ်သားကိုယ်ပွားကို လုယန် ထိန်းချုပ်ဖောက်ခွဲလိုက်သည်။ အဆိပ်များထွက်လာသည်။ ထိုသို့ဖြစ်မည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်၍ ယန်ဖေးက လေပြင်းကိုဆင့်ခေါ်၍ အဆိပ်ကို ဖယ်ရှားလိုက်သည်။

"သတ်ကြ"

လုယန်တို့သုံးယောက် အဝိုင်းခံလိုက်ရသည်။ လက်နက်ပုံးနှင့် လက်နက်မျိုးစုံ သူတို့ဆီလွင့်ပျံလာသည်။ တစ်ချို့က တိုက်ရိုက်တိုက်ခိုက်၍ သတ်ဖြတ်ရန်ကြိုးစားသည်။

တိုက်ခိုက်မှုများက ဆက်တိုက်မရပ်မနား ဝင်လာသည်။

လုယန် သက်ပြင်းချသည်။

"ဒီအချိန်ကျမှတော့ ငါတို့သုံးယောက် ခန္ဓာကိုယ်ချင်းပေါင်းစပ်ရုံပဲရှိတော့တာပေါ့"

သုံးယောက်သား အချင်းချင်းကြည့်၍ ခန္ဓာကိုယ်ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။

"ခန္ဓာကိုယ်ပေါင်းစပ်တာတဲ့လား"

ယန်ဖေး သေချာနားမလည်သော်လည်း စိတ်လေးလာသည်။

"မပေါ့ကြနဲ့ဟေ့။ သူတို့ခန္ဓာကိုယ်ပေါင်းစပ်တော့မယ်"

အားလုံးကို သူအော်ဟစ်သတိပေးလိုက်သည်။

ထာဝရဂိုဏ်းအကြီးအကဲများပင် ဇဝေဇဝါဖြစ်သွားကြသည်။ ကျင့်ကြံသူများ ခန္ဓာကိုယ်ပေါင်းစပ်နိုင်သည်ဟု တစ်ခါမှမကြားဖူး။

အရိုးရိုင်း အော်ဟစ်မာန်သွင်းလိုက်သည်။ ကြွက်သားများဖောင်းထလာသည်။ မုန်ကျင်းကျိုးနှင့်လုယန်၏ ခြေကျင်းဝတ်ကို တစ်ဘက်စီကိုင်မြှောက်လိုက်သည်။ မုန်ကျင်းကျိုးက ခန္ဓာကိုယ်ကို အသက်သွင်းသည်။ ရွှေရောင်အလင်းများတောက်ပ၍ မယုံနိုင်လောက်အောင် မာကျောလာသည်။

လုယန် ဦးခေါင်းထက်တွင် လက်အုပ်ချီသည်။ ဓားစွမ်းအင်ရောင်က သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။

လူသုံးယောက် ပေါင်းစပ်ခြင်းဖြစ်သည်။

ယန်ဖေး - "..."

******************************

All Chapters