← Chapters

ကောင်လေး၊ မင်းဆန္ဒကဘာလဲ

Vol. 13 Ch. 194

ကောင်လေး၊ မင်းဆန္ဒကဘာလဲ

Vol. 13 Ch. 194

ယန်ဖေးသာမဟုတ်။ ထာဝရဂိုဏ်းအကြီးအကဲများပါ ဉာဏ်အလင်းပွင့်သလို ခံစားလိုက်ရသည်။ ထိုနည်းလမ်းသည် လူငယ်မျိုးဆက်များကြား ရေပန်းစားသည့် တိုက်ခိုက်နည်းများလားမသိ။ သူတို့ခေတ်နောက်ကျနေပြီထင်သည်။

မုန်ကျင်းကျိုးနှင့်လုယန်ကို ဆွဲကိုင်၍ အရိုးရိုင်းက ဘေးပတ်လည်တစ်ဝိုက် ချာလပတ်ရမ်းပစ်သည်။ လက်နက်ပုံးများ တိုက်ခိုက်လာသူများ လွင့်ထွက်သွားသည်။

"အတော်ကြောင်တောင်တောင်နိုင်တာပဲ။ အတူပေါင်းတိုက်ကြမယ်ဟေ့"

ယန်ဖေး အော်ဟစ်၍ ရှေ့ဆုံးမှပြေးဝင်သွားသည်။ တစ်ခြားလူများလည်း ဝိုင်းအုံလာသည်။ အားလုံးပေါင်း၍ တိုက်ခိုက်ရသည်ဖြစ်စေ ထိုသုံးယောက်ကို မြေမြှုပ်ပစ်ရန် ဆုံးဖြတ်ထားကြသည်။

"အမြင့်ဆုံးပေါင်းစပ်ခြင်းတိုက်ကွက်၊ မဟာလေရဟတ်"

သုံးယောက်လုံးသံပြိုင်အော်သည်။ အရိုးရိုင်းက လျင်မြန်စွာ စက်ဝိုင်းလျည့်နေသည်။

ယခု အရိုးရိုင်းသည် အမာကျောဆုံးတင်းပုတ်နှင့် အထက်မြက်ဆုံးဓားကို ကိုင်ထားသည်။ ရှေ့တိုး၍တိုက်ခိုက်သည်။ နောက်ဆုတ်၍ ကာကွယ်သည်။ အရေးကြီးဆုံးအချက်က တင်းပုတ်နှင့်ဓားသည် ဉာဏ်ရည်မြင့်မား၍ သူ့တို့ဘာသာ တိုက်ခိုက်နိုင်ခြင်းပင်ဖြစ်သည်။

မုန်ကျင်းကျိုးက ကောင်းကင်တုန်ခြောက်ကွက်ကို သုံးသည်။ လက်သီးနှစ်ဘက်ကို လွှဲယမ်းသည်။ ရန်သူတို့၏မျက်နှာများ ဖူးယောင်ညိုမဲသွားသည်။ အရိုးများကျိုးသွားသည်။

လုယန်က လက်နှစ်ဘက်ကို ဓားစွမ်းအင်ပို့လွှတ်၍ ဓားအဖြစ်အသုံးချသည်။ တစ်ချက်ကောင်းဓားချက်မှော်ပညာကိုသုံးသည်။ ရန်သူတို့၏အသက်ကို အငဲ့အညှာမရှိနှုတ်ချွေနေသည့် ကောင်းကင်ဓားတစ်လက်နှင့် တူနေသည်။

ပေါင်းစပ်တိုက်ကွက်က ရိုးရှင်းသော်လည်း အတော်ထိရောက်သည်။ အရိုးရိုင်းက စက်ဝိုင်းလှည့်နေသည်။ မုန်ကျင်းကျိုးက လက်သီးလွှဲယမ်းသည်။ လုယန်က ဓားလက်နှစ်ခုသုံးသည်။ သူ့အပိုင်းသူလုပ်ဆောင်ကြသည်။ တစ်ခြားလူ၏လှုပ်ရှားမှုကို အဟန့်အတားမဖြစ်စေရ။

လုယန်၏ဓားစွမ်းအင်ရိပ်ထိသဖြင့် ယန်ဖေး၏သံချပ်ကာ ပြတ်ထွက်သွားသည်။ သံချပ်ကာသာဝတ်မထားလျှင် ယခုချိန် သူသွေးသံရဲရဲဖြစ်နေပေလိမ့်မည်။

ဤပေါင်းစပ်တိုက်ကွက်က မိုက်ရူးရဲဆန်သည်။ သို့သော် တကယ်စွမ်းအားကြီးသည်။

အရိုးရိုင်း ရှေးခေတ်နတ်ဆိုးနတ်ဘုရားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ယင်ယန်စွမ်းအင်နှစ်မျိုးကိုကိုင်စွဲ၍ လူအုပ်ကြားသို့ ထိုးဖောက်နေသလိုရှိသည်။ ပြိုင်ဘက်များက မုန်ကျင်းကျိုး၏ ဦးခေါင်းကြောင့် သေသူရှိသည်။ လုယန်၏ ဓားစွမ်းအင်ကြောင့် နှစ်ပိုင်းပြတ်သွားသူရှိသည်။

အကြီးအကျယ်အထိနာပြီးနောက် ယန်ဖေး အနီးကပ်ဝင်မတိုက်ခိုက်ရဲတော့။

ထိုအဖြစ်ကိုကြည့်၍ တစ်ခြားလူများလည်း ထွက်ပြေးရန်ပြင်ကြသည်။ လက်စားချေခြင်းသည် ချိုမြိန်ပါသည်။ သို့သော် အသက်ရှင်နေမှသာ ထိုချိုမြိန်မှုကို ခံစားနိုင်မည်။

သို့သော် ပေါင်းစပ်တိုက်ကွက်တွင် ပြဿနာနှစ်ခုရှိသည်။ တစ်ခုက သတ်ဖြတ်မှုအားလုံးကို မုန်ကျင်းကျိုးနှင့်လုယန်သာ လုပ်ရခြင်းဖြစ်သည်။ နောက်တစ်ခုက အလွန်တရာ ခေါင်းမူးခြင်းဖြစ်သည်။

"အား..."

သုံးယောက်လုံး ရင်ဘတ်ထဲမှ ပျို့တက်လာသည်။

သူတို့လေ့ကျင့်ထားသော်လည်း လေ့ကျင့်စဉ်အချိန်က ခဏသာဖြစ်သည်။ ယခု ဆက်တိုက်ချာလပတ်ရမ်းနေခဲ့ရသဖြင့် ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်သွားသည်။

အော့အန်နေရင်းမှ လုယန်က ပြောသည်။

"ငါကြား..ကြားဖူးတယ်။ ခေါင်းမူးတယ်ဆိုတာ အတွင်းကလီစာတွေကြောင့်တဲ့။ ငါ..ငါတို့ ရွှေသန္ဓေအဆင့်ရောက်ရင် ကိုယ်တွင်းအင်္ဂါတွေကို ထိန်းချုပ်နိုင်တယ်။ အဲဒီ့အချိန်ကျရင် ဒီတိုက်ကွက်ကို ဆက်တိုက်သုံးနိုင်မှာပါ"

"ဟုတ်လို့လား"

မုန်ကျင်းကျိုး လုယန်ကို သိပ်မယုံ။

"သဘောတရားအရတော့ အဲလိုဟုတ်ပါတယ်။ ငါတို့ ရွှေသန္ဓေအဆင့်ရောက်မှ စမ်းကြည့်တာပေါ့"

သူတို့ အခြေအနေမလှဖြစ်နေသည်ကို မြင်သဖြင့် တစ်ခြားလူများ နောက်တစ်ကြိမ် ပြန်ချီတက်လာသည်။

သုံးယောက်သာ ဗျူဟာပြောင်းလိုက်ကြသည်။ တိုက်ခိုက်ချိန်တွင် အရိုးရိုင်းက မုန်ကျင်းကျိုး၏ ခြေကျင်းဝတ်ကိုဆုပ်ကိုင်သည်။ လုယန်က လည်ပင်းကိုဆုပ်ကိုင်သည်။ မုန်ကျင်းကျိုးကို ဒိုင်းအဖြစ်သုံး၍ တိုက်ခိုက်မှုများကို ကာကွယ်သည်။

ထိုဗျူဟာ အလုပ်ဖြစ်ကြောင်း တွေ့ရသဖြင့် လုယန်နှင့်အရိုးရိုင်းတို့ မုန်ကျင်းကျိုးကိုဒိုင်းကာလုပ်၍ ရှေ့ဆက်တိုးသွားကြသည်။

"ဟေ့ကောင်တွေ ဟေ့ကောင်တွေ။ မင်းတို့ လွန်လွန်းသွားပြီ။ ငါ့ကိုဒိုင်းကာအဖြစ်မသုံးနဲ့ကွ"

မုန်ကျင်းကျိုး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ် မာကျောခိုင်ခံ့သည့်တိုင် တိုက်ခိုက်ခံရသည်က နာကျင်လှသည်။

လုယန်တို့နှစ်ယောက် မုန်ကျင်းကို အောက်သို့ချလိုက်သည်။

လူတစ်ချို့ တစ်နေရာတည်းမှ ပြေးဝင်တိုက်ခိုက်လာသည်။ မုန်ကျင်းကျိုးနှင့်အရိုးရိုင်းက လုယန်၏ခြေထောက်ကို တစ်ဘက်စီကိုင်သည်။ လုယန်က နတ်ဆိုးဓားကိုဆွဲထုတ်၍ ရန်သူများကို တစ်ပြိုင်တည်းရင်ဆိုင်သည်။ သူ့ဓားချက်များက မြွေလျှာကဲ့သို့မြန်ဆန်၍ ရက်စက်သည်။

ရုတ်တရက် လုယန်၏မျက်လုံးများ စူးရှ‌တောက်ပလာသည်။ ခြေထောက်များကိုကန်ထုတ်၍ မုန်ကျင်းကျိုးတို့လက်ထဲမှ ရုန်းထွက်ပြီး ယန်ဖေးဆီ ပျံဝင်သွားသည်။ သူတို့ကို အမြဲတမ်းပြဿနာရှာခဲ့သည်က ထိုသတ္တဝါဖြစ်သည်။

"ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်မနေနဲ့ကွ။ မင်းတို့သုံးယောက်အတူပေါင်းတိုက်ရင်သာ ငါ့ကိုနိုင်ချင်နိုင်မယ်။ မင်းတစ်ယောက်တည်းနဲ့ ငါ့ကိုသတ်နိုင်မယ်ထင်နေလား"

ယန်ဖေးက လုယန်ကိုမကြောက်။

ယန်ဖေး အသက်ဆက်မှော်ရတနာဖြစ်သည့် ကျောက်စိမ်းပုလွေကို ဆွဲထုတ်သည်။ အသံလှိုင်းဖြင့်တိုက်ခိုက်နိုင်သည်။

"ဝူ.."

ယန်ဖေး ကျောက်စိမ်းပုလွေကိုမှုတ်သည်။ လုယန်ကို အသံလှိုင်းဖြင့် ပိုင်းဖြတ်သည်။

လုယန်က မြေထဲသို့စုန့်ဝင်သွားပြီး ရှောင်သည်။ သူ့နောက်ဘက်မှ သစ်ပင်များ ခါးလည်မှပြတ်သွားသည်။ အသံအားလှိုင်း၏ စွမ်းအားသက်သေဖြစ်သည်။

"မြေထွက်ပြေးပညာလား"

ယန်ဖေး အံ့အားသင့်သွားသည်။ ထိုမျှခက်ခဲ့သည့်ပညာကို လုယန်ကျွမ်းကျင်နေမည်ဟု ထင်မထား။

"သူဘယ်နေရာမှာ ပေါ်လာမှာလဲ"

ယန်ဖေး နောက်သို့အမြန်လှည့်လိုက်သည်။ နောက်ကျောဘက် တိုက်ခိုက်လာမည်ဟု ထင်သောကြောင့်ဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ သူ့အောက်ဘက်မှမြေပြင် အက်ကွဲသွားပြီး ဗောဓိပင်ထိုးထွက်လာသည်။ လုယန်နှစ်ယောက်ပေါက်လာသည်။

လုယန်နှင့်သူ့ကိုယ်ပွား ဗောဓိပင်မှ ပြိုင်တူဆင်းလာသည်။ ကိုယ်ပွားက ကျားလက်သီးသိုင်းဖြင့် ကြမ်းတမ်းရက်စက်သည့် ကျားတစ်ကောင်အသွင်ပြောင်းပြီး ယန်ဖေးကို ခုန်အုပ်သည်။ လုယန်က နတ်ဆိုးဓားဖြင့် ယန်ဖေးကိုခုတ်သည်။

ဤအကွာအဝေးလောက်တွင် သူ့ကိုယ်ပွားကို အခက်အခဲမရှိထိန်းချုပ်နိုင်သည်။

ကျားနတ်ဆိုးခွန်အားက တားဆီးမရနိုင်အောင် ပြင်းထန်သည်။ လုယန်၏ဓားချက်များက စွမ်းအားကြီးသည်။ အနီးကပ်တိုက်ခိုက်ရသည်ဖြစ်၍ ယန်ဖေး သူ့ပုလွေကို မှုတ်ချိန်မရ။

"ဆန့်ထွက်စမ်း"

ကျောက်စိမ်းပုလွေက လူတစ်ရပ်စာခန့် ဆန့်ထွက်လာသည်။ ယန်ဖေးလက်ထဲတွင် လည်ပတ်နေပြီး လုယန်နှင့်ကိုယ်ပွား၏ တိုက်ခိုက်မှုများကို ကာကွယ်သည်။ ကျောက်စိမ်းပုလွေလည်ပတ်နှုန်းက မြန်လွန်းသဖြင့် တဝီဝီမြည်နေပြီး အသံလှိုင်းများထွက်လာသည်။

လုယန် ဘေးသို့အမြန်ခုန်ထွက်၍ မမြင်နိုင်သည့် အသံလှိုင်းတိုက်ခိုက်မှုကို ရှောင်တိမ်းသည်။

ထိုနည်းလမ်းသည်လည်း ကျောက်စိမ်းပုလွေကို အသံထွက်အောင်လုပ်နိုင်သည့်နည်းလမ်းပင်ဖြစ်သည်။

"အတော်ကောင်းတဲ့စိတ်ကူးပါလား"

လုယန် အေးစက်စက်လှောင်ပြုံးပြုံးသည်။ သို့သော် သူကြိုတင်ပြင်ဆင်ထားသဖြင့် အန္တရာယ်မရှိနိုင်။

ထိုနည်းလမ်းမျိုးက တာအိုလမ်းစဉ်ဂိုဏ်းတွင် ကလေးကစားစရာအဆင့်သာရှိသည်။ စကားထဲထည့်ပြောဖို့ပင် မထိုက်တန်။ ယန်ဖေးလို လူရှေ့သူရှေ့မထွက်ရဲသူများသာ တိုက်ခိုက်နည်းအဖြစ်သုံးသည်။

အတုမဲ့စွမ်းအားအောက်တွင် ယန်ဖေး ဘာလုပ်နိုင်မည်နည်း။

တာအိုလမ်းစဉ်ဂိုဏ်းအပြင်ဘက် အခြေတည်အဆင့်များထဲတွင် ယှဉ်နိုင်သူမရှိဟု လုယန် သူ့ကိုယ်သူယုံကြသည်။ ယခု သူ့ကိုယ်ပွားပါရှိနေသည်။

နတ်ဆိုးဓားဖြင့် သူ့ဓားပညာကို ထုတ်သုံးသည်။ ကျားနတ်ဆိုးက အော်ဟစ်ဟိန်းဟောက်၍ လူစားဖြင့်ပြောသည်။

"ခွဲဓား"

"တောင်ပေါ်က ကျားဆင်းတိုက်ကွက်"

လုယန်နှင့်ကိုယ်ပွား ယန်ဖေးကို နှစ်ဘက်ညှပ်၍ တိုက်ခိုက်သည်။

ဒဏ်ရာတစ်ချက်ရပြီး သွေးစထိသည်နှင့် နတ်ဆိုးဓားက သူ့သခင်ကို ချက်ချင်းအသိအမှတ်ပြုသည်။ ယန်ဖေး၏နှလုံးနေရာကို ထိုးဖောက်သွားသည်။ ယန်လေးလည်း သက်တမ်းတိုသည့် ဓားသခင်တစ်ယောက် ဖြစ်သွားသည်။

ထိုမြင်ကွင်းကိူကြည့်၍ ဒုဂိုဏ်းချုပ်ကျင်းက ဂိုဏ်းချုပ်ကိုမေးသည်။

"ယန်ဖေးက ဂိုဏ်းချုပ်ရဲ့အမွေခံမဟုတ်လား။ ဘာလို့ဝင်မတားတာလဲ"

ဂိုဏ်းချုပ်က အေးစက်စက်ရယ်သည်။

"အမွေခံတဲ့လား။ ဒါက ယန်ဖေးသူ့ကိုယ်သူပေးထားတဲ့ အဆင့်သတ်မှတ်ချက်ပါ။ သူ့အတွက် အကျိုးအမြတ်မျိုးစုံသိမ်းယူနိုင်ဖို့ စကားအရိပ်အမြွက်အမျိုးမျိုးပြောပြီး သူကငါ့ရဲ့ဆက်ခံသူပါလို့ လူတွေထင်လာအောင်လုပ်တာ"

"သူ့ကိုအပြစ်မပေးဘူးလား"

"ဘာလို့ပေးနေမှာလဲ။ သူသာတကယ်အစွမ်းအစရှိရင် သူ့ကို ငါ့ရဲ့ဆက်ခံသူအဖြစ် အသိအမှတ်ပြုလိုက်မှာပေါ့။ ဒီနေ့လို သူအစွမ်းမရှိလို့သေရင်လည်း သေလိုက်ပေါ့"

ယန်ဖေးသည် ဂိုဏ်းချုပ်မျက်စိကျလောက်အောင် စွမ်းဆောင်ရည်မရှိ။

"အရှင်၊ အရှင့်ကိုယ်ထည်ဖြစ်နိုင်လောက်အောင် ကံကောင်းတဲ့လူကို ရွေးချယ်ပြီးပြီလား"

ဂိုဏ်းချုပ်က ထာဝရအရှင်ကို ရိုရိုသေသေမေးသည်။

ထာဝရအရှင်ကလည်း ရွေးချယ်ပြီးဖြစ်သည်။

"လုယန်ပေါ့။ ဒီကောင်က ရက်စက်တယ်။ ပါးနပ်တယ်။ ပါရမီရှိတယ်။ ဝိညာဉ်မြစ်ကလည်း ကောင်းတယ်။ ငါ့ကိုယ်ထည်ဖြစ်ဖို့ အဆင့်မီရုံလောက်တော့ ရှိပါတယ်"

ထိုသို့ပြောနေသော်လည်း လုယန်သည့် သူ့အတွက် ပြည့်စုံသည့်ကိုယ်ထည်ဖြစ်သည်ဟု သူစိတ်ထဲတွေးနေသည်။

ဂိုဏ်းချုပ် နည်းနည်းတုံ့ဆိုင်းနေသည်။ ဂိုဏ်းချုပ်ဖြစ်ကတည်းက သူမြင်ဖူးသမျှ ပါရမီအကောင်းဆုံး နတ်ဆိုးကျင့်ကြံသူသည် လုယန်ဖြစ်သည်။ သို့သော်ယခု ထာဝရအရှင်က ရွေးချယ်သွားသည်။

သို့သော် ထိုကိစ္စက ဂုဏ်ယူစရာကိစ္စဖြစ်သည်။ ထာဝရအရှင် စွမ်းအားအမြင့်ဆုံးပြန်ရနိုင်ဖို့ လုယန်တစ်ယောက်စတေးရခြင်းသည် ထိုက်တန်ပါသည်။

"သူ့ကို လျှို့ဝှက်ခန်းထဲလွှတ်လိုက်ပါ"

"ဟုတ်ကဲ့"

ဂိုဏ်းချုပ် လေထဲတွင်ရပ်လျက် ရုပ်လုံးထွက်ပြသည်။

"ပြိုင်ပွဲပြီးသွားပြီ။ လုယန်လက်ဝါးမှာ အမြင့်ဆုံးရမှတ်ရှိနေတယ်။ ဒီတော့ သူဟာ ပထမနေရာရတဲ့ အောင်နိုင်သူပါ။ ထာဝရအရှင်ရဲ့ကောင်းချီးကို ခံယူခွင့်ရသွားတဲ့လူပါ"

လုယန်၏စွမ်းဆောင်ရည်က သိသာထင်ရှားနေသော်လည်း ထာဝအရှင်၏ကောင်းချီးနှင့် ကပ်လွဲသွားသူများ ဝမ်းနည်းနေကြဆဲဖြစ်သည်။

"လုယန်၊ ငါနဲ့လိုက်ခဲ့ပါ"

ဂိုဏ်းချုပ် လက်ကိုဆန့်ထုတ်၍ လုယန်ကို လေထဲသို့မ,တင်သည်။ လျှို့ဝှက်ခန်းရှေ့သို့ ခေါ်သွားသည်။

ထို့နောက် အကြံပေးသည်။

"မသေမျိုးအရှင်ရဲ့ကောင်းချီးဟာ သိပ်အရေးကြီးတယ်။ လျှို့ဝှက်ခန်းထဲဝင်သွားပါ။ ငါဘာပြောလဲဆိုတာ မင်းနားလည်လာလိမ့်မယ်"

"ဟုတ်ကဲ့"

လုယန်မျက်နှာတွင် စစ်မှန်သည့်အပြုံးမျိုး ပေါ်လာသည်။ ဂိုဏ်းချုပ် ခေါင်းတစ်ချက်ငြိမ့်သည်။ အမှန်တကယ်ပင် ထာဝရအရှင်ကို ယုံကြည်သည့် နောက်လိုက်ကောင်းပီသသည်။

လုယန် အခန်းထဲဝင်သွားသည်။ ထာဝရဂိုဏ်းက အတော်ဆင်းရဲလှသည်။ အခန်းတစ်ခုလုံး မည်းမှောင်နေသည်။ အလင်းရောင်လုံးဝမရှိ။

ရုတ်တရက် ထာဝရအရှင်၏ရုပ်ထုအောက်မှ မွှေးတိုင်ခွက်မှ မွှေးတိုင်သုံးချောင်း မီးစွဲသွားသည်။ မွှေးတိုင်မှ မီးခိုးများ မြင့်တက်လာပြီး ကရုဏာရိပ်သန်းသည့် အဘိုးအိုတစ်ယောက်အသွင်ပေါ်လာသည်။

"ကောင်လေး၊ ဒီကိုလာပါ"

အဘိုးအိုက လုယန်ကို လက်ယပ်ခေါ်သည်။

လုယန်မျက်နှာတွင် စိတ်လှုပ်ရှားရိပ်သန်းလာသည်။

"ခင်ဗျားက..."

အဘိုးအိုက ပြုံး၍ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ မင်းထင်တဲ့အတိုင်းပါပဲ"

"ခင်‌ဗျားက တကယ်ဒီရုပ်ထုရဲ့ဝိညာဉ်လား"

ထာဝရအရှင် - "..."

"ကောင်လေး၊ ငါက ထာဝရအရှင်ပါ။ မင်းစိတ်ထဲရှိတဲ့ ဆန္ဒကိုပြောပါ။ ငါမင်းကို ကူညီပြီဖြည့်ဆည်းပေးမယ်"

******************************

All Chapters