← Chapters

အခန်း (၃၆၀)

Vol. 24 Ch. 360

အခန်း (၃၆၀)

Vol. 24 Ch. 360

ရွှမ်ဘိုးဘေး(၁၁)၏ စကားများနှင့် ရွှမ်ယီ၏ ရိုးသားသော အကြည့်များကိုမြင်လျှင် ပု‌ဟုန်(လေဟာနယ်ဘုရင်) တခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ.. ဒါဆို ငါယဉ်ကျေးမနေတော့ဘူးနော်…”

စကားဆုံးသည်နှင့် နတ်ဘုရားအရင်းအမြစ်များအား သိမ်းဆည်းကာ ရွှမ်ယီအနားတိုးသွားလိုက်၏။

ထို့နောက် အနည်းငယ်ဦးညွှတ်ရင်း

“ သူငယ်ချင်းလေး ရွှမ်ယီ.. အစောပိုင်းက ငါမင်းကို နည်းနည်းစိတ်ဆိုးခဲ့မိတယ်… အဲ့တာကို စိတ်ထဲမထားပါနဲ့….”

ရွှမ်ယီ ပြုံးရင်း ပုဟုန်အား ထူမပေးလိုက်ကာ

“ စီနီယာက ယဉ်ကျေးလွန်းနေပါပြီ.. အနာဂါတ်မှာ မိသားစု‌ဖြစ်လာတော့မှာမို့ ဒါတွေမလိုပါဘူး…”

ထိုအချိန်တွင် ရွှမ်မိသားစု ကောင်းကင်ထက်၌ နောက်ထပ် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

ရွှမ် ဘိုးဘေး(၁၁)နှင့် ပုဟုန်တို့ အံ့အားသင့်သွားခဲ့ကြသော်လည်း ရွှမ်မိသားစုမှ လူများအတွက်မူ ၎င်းမှ ထွက်ပေါ်လာသော အရှိန်အဝါနှင့် တော်တော်လေး ရင်းနှီးနေကြချေပြီ။

လက်ရှိ ရွှမ်ဘိုးဘေးက ပြုံးလိုက်ပြီး

“ အဘိုး တိုင် [ ရွှမ်ဘိုးဘေး (၁၁)နာမည် ရွှမ်တိုင် ] … စိတ်ပူမနေပါနဲ့… အဲ့တာ ကျွန်တော်တို့ ရွှမ်မိသားစုက ပင်းယုပါ….”

ထို့နောက် လေဟာနယ်အတွင်းမှ အလွန်မှင်သက်ဖွယ်ကောင်းသော အလှတရားအား ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာပြီး ရွှမ်ယီထံသို့ သိုလှောင်အိတ်တစ်ခု ကမ်းပေးလိုက်သည်။

“ ‌ဟို(၄)ယောက်ရဲ့ အင်အားစုတွေကို ငါရှင်းခဲ့ပြီးပြီ… အဲ့ထဲမှာ သူတို့ပိုင်ဆိုင်သမျှပဲ…”

ရွှမ်ယီက သိုလှောင်အိတ်အား လှမ်းယူလိုက်ပြီး ပင်းယုအား ပြုံးပြကာ

“ ပင်ပန်းသွားပြီ…”

ပင်းယုကလည်း ရွှမ်ယီအား အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး ရွှမ်မိသားစုမှ လူများအား ခေါင်းတစ်ချက်ညိတ်ကာ နှုတ်ဆက်ခဲ့ပြီးနောက် ဗဟိုသူတော်စင် အကယ်ဒမီရှိရာသို့ ပြန်သွားတော့သည်။

ယခုမှသာ ရွှမ်တိုင်တစ်ယောက် မိမိအနေဖြင့် ရွှမ်မိသားစုနှင့်ပတ်သက်ပြီး ဘာမှမသိသေးကြောင်း နားလည်သွား၏။

ရွှမ်မိသားစု အရေးအခင်းများ နောက်ဆုံးတွင် ဤနေရာ၌ ပြီးဆုံးသွားချေပြီ။

ရွှမ်တိုင်က ပုဟုန်အား ရွှမ်မိသားစု ကာကွယ်သူအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီး ရွှမ်ယီကလည်း ထိုဆုံးဖြတ်ချက်အား အလွန်သဘောတူပေသည်။

ရွှမ်တိုင် မပြောလျှင်တောင် သူပြောရန် စဉ်းစားထားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ပင်းယုက ဗဟိုသူတော်စင် အကယ်ဒမီသို့ပြန်သွားပြီဖြစ်ပြီး သူမ၏ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံနေတတ်သည်။

လာမည့်အချိန်များတွင် ရွှမ်ယီအနေဖြင့် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန်အတွက် ရှေးဟောင်းစစ်မြေပြင်သို့ မကြာခဏ၀င်ထွက်နေရန် အစီအစဉ်ရှိသည်။

ရွှမ်မိသားစုတွင် ပြသနာပေါ်လာပါက လေဟာနယ်အားခွဲပြီး အလျင်အမြန်ပြန်လာနိုင်သည့်တိုင်အောင် မတော်တဆ နောက်ကျသွားမည်ကို အလွန်စိုးရိမ်နေမိ၏။

ရွှမ်မိသားစုအင်အားက ရှေးဟောင်းကျင့်ကြံသူများ ပြန်မလာသေးမီတွင် ရွှမ်ယီရောက်သည်အထိ အချိန်ဆွဲထားရန် လုံလောက်သော်လည်း ယခုတွင် ထိုသို့မဟုတ်တော့ချေ။ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများသာ အချိန်ဆွဲထားရန်နှင့် မိမိကိုယ်ကိုယ်ကာကွယ်ရန် အရည်အချင်းပြည့်မီ၏။

ပုဟုန်သာ ရွှမ်မိသားစု ကာကွယ်သူဖြစ်လာပါက သူပြန်ရောက်လာသည်အထိ အတတ်နိုင်ဆုံး အချိန်ဆွဲထားနိုင်ပေလိမ့်မည်။

ထို့အပြင် ဟောင်တျန်တို့အင်အားစုများထံမှာ သိမ်းဆည်းခဲ့သည့် အရင်းအမြစ်များဖြင့် မကြာခင် ရွှမ်တိုင်လည်း ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည်ဖြစ်၏။

ရွှမ်မိသားစုအား တိုက်ခိုက်လိုသူများအနေဖြင့် ထိုသို့မလုပ်မီ နှစ်ခါပြန်စဉ်းစားရပေလိမ့်မည်။

……..

“ အရင်းအမြစ်ဒေသ ဟုတ်လား…? လက်ထောက် ဌာနမှူးရွှမ်က ဘာလို့ အဲ့တာကိုသိချင်တာလဲ….”

ရွှမ်ယီ၏ မေးခွန်းအားကြားလျှင် ဌာနမှူး ပဟေဠိဖြစ်သွားခဲ့သည်။

ရွှမ်ယီ ဗဟိုသူတော်စင် အကယ်ဒမီသို့ ပြန်ရောက်သည်နှင့် အနားပင်မယူဘဲ ဌာနမှူးထံသို့သွားပြီး အရင်းအ‌မြစ်ဒေသနှင့် ပတ်သက်၍ မေးမြန်းခဲ့၏။

ထိုဒေသ၏ မြေပုံရှိလျှင် သူ့အတွက် ပိုအဆင်ပြေမည် မဟုတ်ပေလော။

ကောင်းကင်ဘုရင် ကျောင်းကျီက ဟွမ်ဖူမိသားစု၏ အခက်အခဲများကို ပြောပြခဲ့ပြီး အလွန်အင်အားကောင်းသည့် ရှေးဟောင်း ကောင်းကင်ဘုရင်အဖွဲ့နှင့် ရင်ဆိုင်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

သူ့အနေဖြင့် အရင်သွားပြီး စနည်းနာရန် စဉ်းစားထား၏။ အကယ်၍ အဆင်ပြေပါက ဟွမ်ဖူမိသားစုအတွက် အစီအစဉ်များ ပြုလုပ်ပေးခဲ့နိုင်မည်ဖြစ်သည်။

၎င်းက အနည်းဆုံး ဟွမ်ဖူ မိသားစု အန္တရာယ်ကြုံလာစဉ်တွင် စစ်ကူများရောက်လာသည်အထိ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး ဖုံးကွယ်ထားစရာမလိုသည်ဖြစ်ရာ ရွှမ်ယီက ဌာနမှူးအား အကြောင်းစုံရှင်းပြလိုက်၏။

“ အရင်းအမြစ်ဒေသက တော်တော်လေးထူးခြားတယ်… အသေးစိတ်အချက်အလက်တွေကိုတော့ ငါလည်းမသိဘူး… ဒါပေမယ့် အရင်က အကယ်ဒမီမှာ အရင်းအမြစ်ဒေသက ဆရာတစ်ယောက် ရှိခဲ့ဖူးတယ်… ပြီးတော့ အရင်းအမြစ်ဒေသ မြေပုံကို သူဆွဲပြီး စာကြည့်တိုက်ထဲ ထားခဲ့တယ်… မင်း သွားရှာကြည့်လိုက်လေ….”

ရွှမ်ယီ ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် အကယ်ဒမီ စာကြည့်တိုက်သို့ တန်းသွားလိုက်၏။ သို့သော် ကံမကောင်းစွာနှင့် အရင်းအမြစ်ဒေသမြေပုံက ထိုနေရာ၌ ရှိမနေခဲ့ပေ။ တစ်စုံတစ်ယောက် ငှားသွားဟန်ရ၏။

ရွှမ်ယီ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာစဉ် စာကြည့်တိုက်၀င်ပေါက်သို့ အရောက်၌ မိန်းကလေးတစ်ယောက်၏ အံ့အားသင့်စွာ ရေရွတ်သံကို ကြားလိုက်ရသည်။

“ ဆရာ…!”

“ ဟမ်.. ယီယီ မင်းလည်း ဒီကိုရောက်နေတာလား…”

ကုယီယီလည်း ရွှမ်ယီကို တွေ့လျှင် အလွန်အံ့အားသင့်သွားပြီး ပြုံးပြကာ အရိုအသေပေးလိုက်၏။

“ ကျွန်မ ငှားထားတဲ့ မြေပုံတစ်ခု ပြန်လာအပ်တာ…”

“ မြေပုံလား…”

ရွှမ်ယီ အံ့ဩသွားကာ ကုယီယီအား ထူးဆန်းသလိုကြည့်လိုက်ပြီး

“ အဲ့တာက အရင်းအမြစ်ဒေသ မြေပုံတော့ မဟုတ်ဘူးမလား…”

ကုယီယီ တဒင်္ဂမျှအေးခဲသွားပြီး

“ အမ်.. ဆရာက ဘယ်လိုလုပ်ပြီး သိနေတာလဲ…”

ရွှမ်ယီ ခါးသီးစွာ ရယ်မောလိုက်ပြီး

“ ငါလည်း အဲ့မြေပုံငှားမလို့ရောက်လာတာ.. ဒါပေမယ့် အခြားတစ်ယောက်လက်ဦးသွားတယ်လေ.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး…”

“ ဒါနဲ့ ကလေးမ မင်းက အဲ့တာကို ဘာလုပ်မလို့လဲ…ကြည့်ရတာ မင်းကျင့်ကြံမှုက အဆင့်ချိုးဖျက်မယ့် အခြေအနေလည်း မရောက်သေးပါဘူး….”

အရင်းအမြစ်ဒေသ၌ နတ်ဘုရားအရင်းအမြစ်နှင့်တူသော ရတနာများ ထွက်သော်လည်း ၎င်းက မပြည့်စုံသော နတ်အရင်းအမြစ်များသာ‌ဖြစ်ကြောင်း ရွှမ်ယီသိထား၏။

သို့သော် ၎င်းအတွင်း ပါ၀င်သော ဥပဒေသစွမ်းအားများကမူ ကျန်ရတနာများထက် ပိုမိုများပြား၏။

သို့သော် ၎င်းက ဘုရင်အဆင့်အောက်ကျင့်ကြံသူများအတွက်သာ အသုံး၀င်ပြီး ဘုရင်အဆင့်သို့ ချိုးဖျက်တော့မည့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် အလွန်အသုံး၀င်သည်။

ကုယီယီက အသာအယာရယ်လိုက်ပြီး

“ အဲ့တာ ကျွန်မအတွက်မဟုတ်ဘူး..

ရှောင်ဟောင်တို့ မောင်နှစ်မအတွက်လေ… သူတို့က အတွေ့အကြုံရဖို့အတွက်နဲ့ အဆင့်ချိုးဖျက်ဖို့ အရင်းအမြစ်ဒေသကိုသွားကြမလို့… ဒါပေမယ့် အခုတံခါးပိတ်ကျင့်ကြံနေကြလို့ မအားတာနဲ့ မြေပုံငှားဖို့ အကူအညီတောင်းလို့ ကျွန်မလာငှားပေးတာ….”

ရွှမ်ယီက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကုယီယီထံမှ မြေပုံအား ခဏ‌ယူလိုက်ပြီး အသေးစိတ်မှတ်သားလိုက်သည်။

ထို့နောက် ကုယီယီအား ပြန်ပေးလိုက်၏။

ရွှမ်ယီ၏ လုပ်ရပ်ကိုမြင်လျှင် ကုယီယီလည်း မနေနိုင်ဘဲ အနည်းငယ်စပ်စုလိုဟန်ဖြင့်

“ ဆရာလည်း အရင်းအမြစ်ဒေသကို သွားမလို့လား…”

ရွှမ်ယီ ခေါင်းညိတ်ပြသည်ကိုမြင်လျှင် ကုယီယီက အသာအယာရယ်လိုက်ပြီး

“ ဒါဆို ဆရာဟိုရောက်ရင် ညီမ ချင်ဆီကို သွားနိုင်တာပေါ့…”

“ ဟမ် စစ်ထူချင်…! ဒီကလေးမ အရင်းအမြစ်ဒေသကို ဘာသွားလုပ်တာလဲ…”

ရွှမ်ယီ တစ်ခဏမျှ တုန်လှုပ်ပြီး အံ့အားသင့်နေမိသည်။

သူ စစ်ထူချင်နှင့် နောက်ဆုံးတွေ့ခဲ့စဉ် ထိုကလေးမ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရုံသာရှိသေး၏။

ကုယီယီက လက်နှစ်ဖက်ဖြန့်ကာ ပုလုံးတွန့်လိုက်ပြီး ရှင်းပြလိုက်သည်။

“ ညီမချင်က ဘုရင်ခန္ဓာပိုင်ဆိုင်ထားတာလေ.. သူ့ပါရမီက လုံး၀ အမိုက်စားပဲ… အခုဆို ဘုရင်အဆင့်နဲ့ တော်တော်လေးနီးကပ်နေပြီ… ဒါပေမယ့် သူ့အပေါ်မှာ ဆရာ့ကျေးဇူးတွေများနေပြီ ထပ်ပြီး ဒုက္ခ‌မပေးချင်တော့ဘူးဆိုပြီး အရင်းအမြစ်ဒေသကို တစ်ယောက်တည်း ခရီးထွက်သွားတယ်….”

ထိုစကားအားကြားလျှင် ရွှမ်ယီ အကူအညီမဲ့စွာ ခေါင်းယမ်းမိလိုက်၏။

စစ်ထူချင်၏ ငယ်ဘ၀က အလွန်ကြမ်းတမ်းကာ သနားစရာကောင်းလွန်းလှသည်။

ငယ်စဉ် အလွန်ထူးချွန်ခဲ့သော်လည်း နတ်ဆိုးသားရဲကျူးကျော်မှုတွင် စိတ်ဝိညာဉ်အမြစ် ပျက်စီးသွားခဲ့ရသည်။ ထို့နောက် တစ်မြို့လုံး၌ အနှိမ်ခံဖြစ်ကာ မိသားစုထဲတွင်လည်း အလွန်အနိုင်ကျင့်ခံခဲ့ရသည်။

နောက်ဆုံးတွင် သူများ မယားငယ် လုပ်ရန်ပါ မိသားစုထံတွင် ဖိအားပေးခံခဲ့ရ၏။ အကယ်၌ ရွှမ်ယီနှင့်သာ မတွေ့ခဲ့ပါက သူမဘ၀ ထိုနေရာ၌ပင် ဆုံးခန်းတိုင်သွားပေလိမ့်မည်။

All Chapters