← Chapters

အခန်း (၃၄၉)

Vol. 24 Ch. 349

အခန်း (၃၄၉)

Vol. 24 Ch. 349

ရွှမ်ယီ၏ မှိတ်ထားသော မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။

နတ်ဘုရားအရင်းအမြစ် ဂျင်ပေါင်း(၁)သိန်း သူ သန့်စင်ခဲ့သော်လည်း ၎င်းတို့ထဲမှ အနှစ်သာရ အများစုကို စွမ်းအားတစ်မျိုးအဖြစ်သိမ်းဆည်းထားခဲ့၏။

စိတ်ဝိညာဉ်ဒြပ်စင်နုတ် (၁၉)ခု တည်ဆောက်ခဲ့ပြီးဖြစ်ကာ စိတ်ဝိညာဉ်ဒြပ်စင် စက်၀န်းကြီးနှစ်ခု ပြီးဆုံးတော့မည်ဖြစ်သည်။

စိတ်ဝိညာဉ်ဒြပ်စင်(၁၉)ခုဆိုသည့် အရေအတွက်က ကျောင်းချီပင် မရောက်နိုင်သော်လည်း ရွှမ်ယီအတွက်မူ ကောင်းကင်ဘုရင်အဆင့်သို့ပင် မရောက်သေးချေ။

သလင်းနန်းတော်ထဲ၌ ဂိုဏ်း(၁၀)ခုမှ ကောင်းကင်ဘုရင်များအား သတ်ဖြတ်ပြီးချိန် ပင်းယုက သူ၏ ကျင့်စဉ်နှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။

သူကျင့်ကြံထားသည့် ဟွမ်ဂျီကျင့်စဉ်က နန်ကျိုးမှ ကျန် အင်ပါယာအဆင့်ကျင့်စဉ်များနှင့် ခြားနား၏။

နန်ကျိုးမှ ကျင့်စဉ်များ၏ နောက်ဆုံးကန့်သတ်ချက်မှာ စိတ်ဝိညာဉ်ဒြပ်စင်(၁၈)ခုဖြစ်သည်။

ထို့အပြင် တစ်ခုသိထားရန်လိုအပ် တည်ဆောက်ရမည့် စိတ်ဝိညာဉ်ဒြပ်စင်ပိုများလေ ၊ ‌တည်ဆောက်ထားသည့် စိတ်ဝိညာဉ်ဒြပ်စင် ပိုများလေ အဆင့်ချိုးဖျက်ရန် ပိုခက်လေဖြစ်၏။

ဟွမ်ဂျီကျင့်စဉ်ကမူ စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခု တည်ဆောက်နိုင်ပြီး စိတ်ဝိညာဉ်ဒြပ်စင်စက်ဝန်းကြီး (၆)ခု ဖွဲ့စည်းနိုင်ပေသည်။

ထို့အပြင် စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခုမြောက်ကို တည်ဆောက်ပြီးသည်နှင့် ကောင်းကင်ဘုရင်အဆင့်သို့ အတားအဆီးမရှိ ချိုးဖျက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ရွှမ်ယီအနေဖြင့် အဆင့်ချိုးဖျက်ရန် အလွန်အမင်း အလျင်မလိုတော့ချေ။

ဤမျှ စုပ်ယူသန့်စင်မှု နှုန်းဖြင့်ဆိုပါက စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခုအား တည်ဆောက်ရန် လက်ထဲရှိ နတ်ဘုရားအရင်းအမြစ်များက မလုံလောက်ပေ။

ရွှမ်ယီ ခေါင်းကိုက်နေစဉ် ရွှမ်ယီသားစုထံမှ ဆက်သွယ်ရေး ကျောက်စိမ်းက ‌ရုတ်တရက် လင်းလက်လာ၏။

“ ဒီမှာ ပြသနာတက်‌နေပြီ… မြန်မြန်လာခဲ့ပါ….”

ရွှမ်ယီ မြေအောက်နန်းတော်၌ ရက်ပေါင်း(၁၀၀)ကျင့်ကြံနေခဲ့သော်လည်း ပြင်ပကမ္ဘာ၌ (၁၀)ရက်သာရှိသေး၏။

သို့သော် ထို(၁၀)ရက်အတွင်း မြေအောက်နန်းတော်မှ လွတ်မြောက်သွားသူများကြောင့် နန်းကျိုးတစ်ခွင် တုန်ခါသွားခဲ့သည်။

တချို့ ရှေးဟောင်းကျင့်ကြံသူများ မိမိတို့ဒေသသို့ ပြန်ရောက်လျှင် မိမိတို့ ဂိုဏ်း ၊ မိသားစုများ မရှိတော့သည်ကို တွေ့လိုက်ရ၏။

သို့ဖြစ်ရာ ဒေါသတကြီးဖြင့် ရန်သူများအား လိုက်ရှာတော့သည်။

သူတို့အားလုံး အဆင့်တူတွင် အလွန်အစွမ်းထက်ကြသူများဖြစ်ကြ၏။

ဤသို့ဖြင် (၁၀)ရက်လုံး နန်ကျိုး၌ တိုက်ပွဲများနှင့် ဖရိုဖရဲဖြစ်နေခဲ့သည်။

ရွှမ်မိသားစုရှိရာ ကောင်းကင်ဒေသလည်း ထိုမုန်းတိုင်းအတွင်းမှ မလွတ်မြောက်ခဲ့ပေ။

ကောင်းကင်ဒေသ ၊ ချင်အင်ပါယာ….

လက်ရှိအချိန်တွင် ချင်အင်ပါယာ ပင်မနန်းတော်ထဲ၌ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။

နန်းတော်အတွင်းမှ ရာဇပလ္လင်က လက်ရှိ ချင်ဘုရင်၏ နေရာဖြစ်သော်လည်း ယခုအချိန်တွင် ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူဖြင့် အဘိုးကြီးတစ်ဦး ထိုင်နေ၏။

ထိုင်နေသော အဘိုးအို၏ ကိုယ်နေဟန်ထားက အရှိန်အဝါမြင့်မားလျက်ရှိပြီး နက်မှောင်နေသော မျက်၀န်းများအတွင်း ရံဖန်ရံခါ လက်သွားသည့် အလင်းများက လက်ရှိ ချင်ဘုရင်၏ နှလုံးသားအား တုန်ခါသွားစေသည်။

ထိုအဘိုးအိုက တခြားသူမဟုတ်ပေ။

၎င်း နာမည်က ချင်ဝူဒီဖြစ်ပြီး မဟာချင်အင်ပါယာ၏ (၇)ဆက်မြောက် ဘိုးဘေးဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၉၀၀၀)တုန်းက အထွတ်အထိပ် လူသားဘုရင်အဆင့်သို့ ချိုးဖျက်၀င်ရောက်ခဲ့ပြီး ကောင်းကင်ဒေသအား ပေါင်းစည်းကာ ချင်အင်ပါယာ၏ တန်ခိုးအာဏာကို ထူထောင်နိုင်ခဲ့သည်။

သို့သော် အထွတ်အထိပ်လူသားဘုရင်အဆင့်၌ နှစ်ပေါင်း(၇၀၀၀)ကြာအောင် သောင်တင်နေခဲ့ပြီး ဆက်မတိုးတက်ခဲ့ချေ။

နောက်ဆုံးရွေးချယ်မှုအနေဖြင့် ရှေးဟောင်းစစ်မြေပြင်သို့ ထွက်ခွာသွားခဲ့၏။

သို့သော် ကံမကောင်းစွာနှင့် စမ်းသပ်မှု ကျရှုံးပြီး မြေအောက်နန်းတော်၌ အကျဉ်းကျသွားခဲ့သည်။

ပြင်ပမှလူများအတွက် သူပျောက်ဆုံးသွားသည်မှာ နှစ်ပေါင်း(၁၉၀၀၀)ကြာပြီဖြစ်ပြီး ယခုအချိန်၌ စွမ်းအားအပြည့်ဖြင့် ပြန်ရောက်လာမည်ဟု လုံး၀မမျှော်လင့်ထားကြချေ။

စမ်းသပ်မှုအား ကျရှုံးခဲ့သော်လည်း ပထမပိုင်းစမ်းစပ်မှုတစ်ချို့ အောင်မြင်ခဲ့သည်ဖြစ်ရာ ဆုလာဘ်တချို့ရရှိခဲ့သည်။ ၎င်းတို့အား အသုံးပြုပြီး နှစ်ပေါင်း(၁၉၀၀၀၀)လုံးလုံး ကျင့်ကြံနေခဲ့ပြီး ကောင်းကင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်သေးသည့်တိုင် ကောင်းကင်ဘုရင်တစ်၀က်အဆင့်သို့ ရောက်ရှိကာ သက်တမ်း(၃၀၀၀)တိုးသွားခဲ့သည်။

( Note- မြေအောက်နန်းတော်အစီအရင်က ခန္ဓာကိုယ်ရဲ့ ဇီ၀ဖြစ်စဉ်ကို နှေးကွေးအောင်လုပ်ထားလို့ နှစ်တွေကြာလည်း မသေခဲ့တာပါ )

လက်ရှိ ချင်ဘုရင်ပင် ချင်ဝူဒီထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် ဖိအားကြောင့် ၀ပ်တွားနေရ၏။

ကောင်းကင်ဘုရင်တစ်၀က်အဆင့်…

“ ဘိုးဘေး ပြန်ရောက်လာပြီ… ငါတို့ ချင်အင်ပါယာရဲ့ တန်ခိုးအာနုဘော် ဘုန်းမီးနေလ တောက်ပတော့မယ်…”

ချင်အင်ပါယာ ပင်မနန်းတော်အတွင်းမှ လူများ၏ နှလုံးသားထဲ၌ ထပ်တူညီစွာ တွေးတောနေကြသည်။

“ ဘိုးဘေးရဲ့ ကျင့်ကြံမှုက ပြီးပြည့်စုံတဲ့ အခြေအနေကိုရောက်နေပါပြီ… ဘယ်အချိန် ကောင်းကင်ဘုရင်အဆင့်ကို ချိုးဖျက်မလဲမသိဘူး… ကျွန်တော် နေရာအခင်းအကျင်း ပြင်ဆင်ပေးပါ့မယ်…”

ချင်ဘုရင်က ဦးညွှတ်ပြီး လေးစားစွာ မေးလိုက်၏။

“ ကောင်းကင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့လား…”

ယခုမှ ရာဇပလ္လင်ထက်သို့ ပြန်ရောက်သော ချင်ဝူဒီ ပြင်းထန်စွာ တုံ့ပြန်လိုက်သည်။

“ မိုက်မဲတဲ့ မျိုးဆက်… ဘိုးဘေးကို သေစေချင်နေတာလားကွ…”

ဘုန်း…

ချင်ဘုရင် လေထဲသို့ လွင့်စင်သွား၏။

လူတိုင်း အံ့အားသင့်သွားသော်လည်း မည်သည့်စကားမှ မဆိုရဲကြချေ။

ဤမတိုင်မီရက်များကတည်းက ရှေးဟောင်းကျင့်ကြံသူများ ပြန်လာသည့် သတင်းက ပျံ့နှံ့နေခဲ့သည်။

၎င်းတို့က နှစ်ပေါင်းများစွာ အကျဉ်းကျနေခဲ့သည်ဖြစ်ရာ စိတ်သဘောထားများက အလွန်ထူးဆန်းနေခဲ့ပြီး မှန်းဆရန် ခက်ခဲလှ၏။

အလွယ်ပြောရမည်ဆိုလျှင် ၎င်းတို့အား အရူးများဟု ခေါ်ဆိုရန် ပိုသင့်တော်သည်။

ထို့ကြောင့် ချင်ဘုရင် လူအများရှေ့ အရိုက်ခံရသော်လည်း မည်သူမျှ ဘာမှ ၀င်မပြောရဲကြချေ။

ချင်ဝူဒီ မတ်တပ်ရပ်ကာ ပြုံးလိုက်ပြှီး

“ ကိုင်း ငါ့ကိုပြော… လက်ရှိ ကောင်းကင်ဒေသမှာ အင်အားစုကြီး ဘယ်နှစ်ခုရှိလဲ…”

ချင်ဝူဒီ၏ အမေးကို မည်သူမှ လျစ်လျူမရှုဝံ့ကြချေ။ လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က ချက်ချင်း အလွန်ရိုကျိုးဟန်ဖြင့် အရိုအသေပြုလိုက်ပြီး

“ ဘိုဘေးကို ဖြေကြားလိုပါတယ်… လက်ရှိ ကောင်းကင်ဒေသမှာ ကျွန်ုပ်တို့ ချင်ပါယာအပါအ၀င် ကိုင်မိသားစု ၊ ရွှမ်မိသားစုဆိုပြီး အင်အားစုကြီး (၃)ခုရှိပါတယ်…”

“ (၃)ခုပေါ့….”

ချင်ဝူဒီ၏ မျက်နှာက ပြုံးနေသော်လည်း မျက်၀န်းများကမူ အေးစက်နေလေသည်။

“ ကောင်းပြီ… ဒါဆို တပ်သားတွေအားလုံးကို အမိန့်ပေးလိုက်… ကိုင်မိသားစုကို ပထမဆုံးချီတက်ကြမယ်… ပြီးရင် ရွှမ်မိသားစု အပါအ၀င် ကောင်းကင်ဒေသတစ်ခုလုံးကို အကြောင်းကြားလိုက်… ဒီနေ့ကစပြီး ကောင်းကင်ဒေသမှ ချင်အင်ပါယာတစ်ခုပဲရှိရမယ်…”

ချင်ဝူဒီ၏ အမြင်တွင် လူသားဘုရင်အဆင့်များအား မဆိုထားနှင့် သာမန်ကောင်းကင်ဘုရင်များပင် သူ့ပြိုင်ဘက်မဖြစ်နိုင်ချေ။

ထိုစွမ်းအားက နန်ကျိုး၌ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ရန် လုံလောက်သည်။

သို့သော် ချင်အင်ပါယာမှ လူများ တုံ့ပြန်သော အမူအရာများက ချင်ဝူဒီအား ထူးဆန်းသလို ခံစားလိုက်ရစေသည်။

“ ဘာ အဆင်မပြေတာရှိလို့လဲ…”

အားလုံး မည်သူမှ ရှေ့မထွက်ဝံ့ကြသော‌ကြောင့် လဲကျနေရာမှ ပြန်ထလာသည့် ချင်ဘုရင်အား မျက်စပစ်ပြလိုက်ကြ၏။

ချင်ဘုရင်၏ မျက်နှာက ဖြူဖျော့နေပြီး ခေါင်းငုံ့လိုက်ကာ

“ ဘိုးဘေးကို တင်ပြလိုပါတယ်… ပြောရမယ်ဆိုရင် ကိုင်မိသားစု ဘာပြသနာမှာမရှိပါဘူး… ဒါပေမယ့် ကိုင်မိသားစုနဲ့ ရွှမ်မိသားစုက မဟာမိတ်ဖွဲ့ထားကြတယ်… ပြီးတော့ လူသားဘုရင်အဆင့် ဇယားနံပါတ်(၁)က ရွှမ်မိသားစုကပဲ…”

“ လူသားဘုရင်အဆင့်ဇယား နံပါတ်(၁)… လူသားဘုရင်အဆင့်….”

ချင်ဘုရင်၏ စကားကိုကြားပြီးနောက် ချင်ဝူဒီ မထိန်းနိုင်ပဲ ရယ်မောလိုက်၏။

“ လူသားဘုရင်အဆင့်လား… အမှိုက်တစ်စသာသာပဲ… ဟမ့် မင်း ထူးဆန်းတာကို မခံစားမိဘူးလား… မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ဒီကိုကြည့်လိုက်စမ်း…..”

ဘုန်း…

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ချင်ဝူဒီ၏ နောက်ကျောဘက်တွင် ကမ္ဘာငယ်လေးတစ်ခု၏ အပိုင်းအစတစ်ခု ထွက်ပေါ်လာလေသည်။

၎င်းထံမှ အသက်ဓာတ်များ ထွက်ပေါ်နေခြင်းမရှိသော်လည်း ကြောက်မက်ဖွယ် စိတိဝိညာဉ်စွမ်းအားများနှင့် အဆုံးမဲ့ တောက်ပနေသည့် အလင်းတန်းများ ထွက်ပေါ်နေသည့် ခမ်းနားသော အင်ပါယာအဆောက်အဦးတစ်ခုဖြစ်၏။

All Chapters