← Chapters

အခန်း (၃၅၀)

Vol. 24 Ch. 350

အခန်း (၃၅၀)

Vol. 24 Ch. 350

၎င်းမှ ထွက်ပေါ်နေသည့် စိတ်ဝိညာဉ်စွမ်းအားများက လှိုင်းလုံးများအလားဖြစ်နေပြီး ကမ္ဘာငယ်လေး၏ နယ်နိမိတ်များအတွင်းမှ အပြင်သို့ လျှံထွက်လုနီးပါး ဖြစ်နေသည်။

ပို၍ အံ့ဩစရာက အင်ပါယာနန်းတော် အထက် ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပနေသည့် နေ(၁၈)လုံးဖြစ်၏။

၎င်းထံမှ မြင့်မြတ် ခမ်းနားသည့် စွမ်းအားများထွက်ပေါ်နေပြီး နန်းတော်အတွင်းမှ လူတိုင်းအား ကြမ်းပြင်ထက်သို့ ဒူးထောက်ကျသွားစေသည်။

“ ချင်ဟွမ် ကျင့်စဉ်ရဲ့ ကန့်သတ်ချက်…. စိတ်ဝိညာဉ်ဒြပ်စင်(၁၈)ခု….”

လက်ရှိ မြင်ကွင်းက ချင်ဘုရင်အပါအ၀င် ခန်းမအတွင်းမှ လူတိုင်းအား ပင့်သက်ရှိုက်စေမိခဲ့သည်။

လူသားဘုရင်အဆင့် ဇယားမှ ယခင် နံပါတ်(၁)လူ ကောင်းကင်ဘုရင်အဆင့် ချိုးဖျက်စဉ်ကပင် စိတ်ဝိညာဉ်ဒြပ်စင်(၁၇)ခုသာရှိခဲ့၏။

သို့သော် ချင်ဝူဒီထံတွင် စိတ်ဝိညာဉ်ဒြပ်စင်(၁၈)ခုတိတိ ရှိနေပေသည်။

ထိုစွမ်းအားဖြင့်ဆိုပါက လူသားဘုရင်အဆင့်မှလူတိုင်းအား ကြက်တစ်ကောင်သတ်သကဲ့သို့ သတ်နိုင်၏။

သို့သော် ရွှမ်မိသားစု နောက်ခံက ရွှမ်ယီမျှသာမဟုတ်ချေ။

ချင်ဘုရင် အသက်ပြင်းပြင်းရှုကာ အံကြိတ်လိုက်ပြီး

“ ဘိုးဘေး မသိသေးတာ တစ်ခုကျန်သေးတယ်… ရွှမ်မိသားစု နောက်ကွယ်မှာ အရမ်းအစွမ်းထက်တဲ့ ကောင်းကင်ဘုရင်တစ်ယောက်ရှိတယ်… သူ့စွမ်းအားက ကောင်းကင်ဘုရင်တွေထဲမှာတောင်မီ ထိပ်တန်းပဲ…”

ချင်ဝူဒီ ပြုံးလိုက်၏။ သို့သော် ထိုအပြုံးက လူတိုင်း နှလုံးသားကို တုန်ခါသွားစေသည်။

သူက အလွန်ကြင်နာတတ်သည့် အဘိုးအိုတစ်ဦးအလား ချင်ဘုရင်၏ ပခုံးထက်သို့ အသာအယာ လက်တင်လိုက်၏။

“ ကောင်းကင်ဘုရင်လား… ငါတို့ ချင်မိသားစုရဲ့ မျိုးဆက်တွေက ကောင်းကင်ဘုရင်ကို အရမ်းကြောက်တယ်ပေါ့… သူက ဘယ်လောက်တောင် အစွမ်းထက်လို့လဲ… ကောင်းကင်ဘုရင်အဆင့်ဇယားမှာ ထိပ်တန်း (၃)ယောက်ထဲပါလား… ဒါမှမဟုတ် နံပါတ်(၁)နေရာကလား….”

ချင်ဘုရင်၏ နှဖူးထက်မှာ ချွေးအေးများစီးကျလာသည်။

ဘိုးဘေး ဒေါသထွက်ပြီး သူ့လည်ပင်းအား တိုက်ရိုက်ချိုးလိုက်မည်ကို အလွန်းစိုးရိမ်နေမိ၏။

သို့သော် ချင်ဝူဒီက ချင်ဘုရင်အား သတ်ဖြတ်ရန် စိတ်ကူးမရှိချေ။ အစောပိုင်းက တစ်ချက်ရိုက်ခဲ့ရုံနှင့် လုံလောက်နေချေပြီ။

ထို့နောက် ချင်ဝူဒီ၏ စကားသံက နန်းတော်တစ်ခုလုံးသို့ လွှမ်းခြုံကာ ထွက်ပေါ်လာခဲ့သည်။

“ ငါ မြေအောက်နန်းတော်မှာရှိနေခဲ့တုံးက မိတ်ဆွေတွေ ရခဲ့တယ်… ဟမ့် ‌ကောင်းကင်ဘုရင် တစ်ယောက်လောက်ကိုမပြောနဲ့… ကောင်းကင်ဘုရင် တစ်ဒါဇင်လောက်ရှိနေရင်တောင် စကားထဲ ထည့်ပြောစရာမလိုဘူး….”

“ ငါ့အမိန့်အတိုင်း လေဟာနယ်တံခါးတွေ ပြင်ဆင်တော့… ကိုင်မိသားစုကို စစ်တပ်ချီတက်မယ်… နောက်ရက် ရွှမ်မိသားစု အလှည့်ပဲ…..”

ချင်ဝူဒီ၏ ရည်မှန်းချက်က ရိုးရှင်းပေသည်။

သူ့အနေဖြင့် မြေအောက်နန်းတော်၌ နှစ်ပေါင်း(၁၉၀၀၀၀)ကျော် အကျဉ်းချခံထားခဲ့ရ၏။

ထိုနေရာမှ လွတ်မြောက်လာပြီးနောက် ပထမဆုံးပြုလုပ်လိုသည့်အရာက ကောင်းကင်နယ်မြေအား သိမ်းပိုက်ရန်ပင်။

သူကျင့်ကြံထားသည့် ချင်ဟွမ် ကျင့်စဉ်က အဆင့်နိမ့် အင်ပါယာကျင့်စဉ်တစ်ခုသာဖြစ်၏။

၎င်းအား အသုံးပြုပြီး စိတ်ဝိညာဉ်ဒြပ်စင် (၁၈)ခုဖြင့် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားခြင်းမှာ အလွန်အန္တရာယ်များပေသည်။

ထို့ကြောင့် ‌ကိုင်မိသားစုနှင့် ရွှမ်မိသားစုအား နမူနာ စစ်မြေပြင်အဖြစ် အသုံးချပြီး ကောင်းကင်ဒေသတစ်ခုလုံးမှ နတ်ဘုရားအရင်းအမြစ်များအား သိမ်းပိုက်ရမည်။

နတ်ဘုရား အရင်းအမြစ် ဂျင်(၁၀၀)၀န်းကျင် စုဆောင်းရရှိပါက သူ့အနေဖြင့် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန် (၇၀)ရာခိုင်နှုန်း သေချာသွားမည်ဖြစ်၏။

သူ၏ အခြေခံအုတ်မြစ်ခိုင်မာမှုနှင့်ဆိုပါက ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးသည်နှင့် နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့်ကိုပင် တိုက်ခိုက်နိုင်ပေလိမ့်မည်။

ထို့အပြင် ရှေ့ရက်များ၌ မြေအောက်နန်းတော်တွင် ခင်မင်ခဲ့သည့် မိတ်ဆွေများထံမှ သတင်းများ ကြားခဲ့ရ၏။

၎င်းတို့က သူ့ထက်ပင် ပို၍ ကြီးစိုးခဲ့ကြသည်။

ထိုလူများက အင်အားစုကြီးများအား တိုက်ရိုက်ကျုးကျော်ခဲ့ကာ အရင်းအမြစ်များလုယက်ပြီး အဆင့်များ တစ်ခုပြီးတစ်ခု ချိုးဖျက်သွားကြ၏။

၎င်းတို့က မြေအောက် နန်းတော်မှ လွတ်လာပြီးနောက် အဆင့်နှစ်ဆင့်ချိုးဖျက်ကာ နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်များ ဖြစ်နေကြချေပြီ။

သူတို့ တိုက်ခိုက်နိုင်စွမ်းဖြင့်ဆိုပါက ကောင်းကင်ဘုရင်အဆင့်ဇယားမှ အထွတ်အထိပ်ကောင်းကင်ဘုရင်များဖြင့်ပင် ယှဉ်တိုက်နိုင်ပေလိမ့်မည်။

ချင်ဝူဒီ၏ မျက်၀န်းထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ့မိတ်ဆွေများအား ဆက်သွယ်လိုက်သည်။

ဘယ်အရာမဆို ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်၏။

ကောင်းကင်ဒေသ ၊ ကိုင်မိသားစု…

ဤနေရာက ကိုင်မိသားစု အဓိက‌နယ်မြေဖြစ်ပြီး ကောင်းကင်ဒေသ၌ အကောင်းဆုံးသော ကျင့်ကြံခြင်းနယ်မြေဖြစ်၏။

ပတ်၀န်းကျင်တစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ကိုင်မိသားစု၏ အနာဂါတ်ဖြစ်သော အဓိကတပည့်များအားလုံး ဤနေရာ၌ ကျင့်ကြံနေကြသည်။

ကိုင်မိသားစုက ရွှမ်မိသားစုနှင့် မဟာမိတ်ဖြစ်ပြီး နန်ကျိုးရှိ ရွှမ်ယီ၏ ဂုဏ်းသတင်းများကြောင့် ပတ်၀န်းကျင်ဒေသများမှ ကောင်းကင်ဘုရင်အင်အားစုများပင် ပြသနာမရှာဝံ့ချေ။

သို့သော် ကိုင်မိသားစုမှ တပည့်များ အေးချမ်းစွာ ကျင့်ကြံနေစဉ် ကြည်လင်နေသည် ကောင်းကင်ကြီးက ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွား၏။

“ မြန်မြန်… ဘိုးဘေးကို အကြောင်းကြားကြ… ရန်သူ‌တွေ ကျူးကျော်လာပြီ…”

ကိုင်မိသားစုမှ အကြီးအကဲတစ်ဦး ပြူးကျယ်နေသော မျက်လုံးများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။

ရှေးခေတ် ကျင့်ကြံသူတစ်ယောက် ဟန်ပန်နှင့် လူတစ်ဦး ချင်အင်ပါယာသို့ရောက်လာသည့် သတင်း သူတို့ကြားထားကြသည်။

ထိုသတင်းက ဒေသတစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့၏။

မိသားစု ခေါင်းဆောင် အကြီးအကဲအားလုံးကို နိုးနိုးကြားကြားနေရန် သတိပေးထားခဲ့သည်။

ယနေ့တွင် မမျှော်လင့်ထားစွာ ချင်အင်ပါယာက ရုတ်တရက် တိုက်ခိုက်လာ၏။

‘ တော်သေးတယ်.. အခုချိန် မိသားစုမှာ ဘိုးဘေးတစ်ယောက်တည်း ရှိနေတာမဟုတ်လို့…’

ယနေ့တွင် ရွှမ်မိသားစု ဘိုးဘေးအပါအ၀င် မိသားစုမှ ထိပ်တန်းခေါင်းဆောင်များ ကိုင်မိသားစုသို့ လည်ပတ်ရန် ရောက်နေခဲ့သည်။

ဆိုးရွားသော ကိစ္စများ မဖြစ်နိုင်လောက်ပေ။

ကိုင်မိသားစု အတွင်းပိုင်းမှ သက်တံ့ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း ချင်အင်ပါယာ စစ်တပ်ရှေ့သို့ ရောက်သွား၏။

“ ဒီနေရာက ကိုင်မိသားစု ပိုင်နက်ပဲ…ရပ်စမ်း…”

ကိုင်မိသားစု ဘိုးဘေးက ရှေ့ဆုံး၌ရပ်ကာ မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။

“ အထွတ်အထိပ်လူသားဘုရင်လား… ဘယ်ကရတဲ့ သတ္တိနဲ့ ငါ့လမ်းကိုလာ တားဆီးရဲတာလဲ…”

ချင်ဝူဒီ ရယ်မောကာ လက်ဝှေ့ယမ်းလိုက်ပြီး

“ သွား.. သတ်လိုက်…”

ချင်ဘုရင် လက်ထဲသို့ တောက်ပသည့် ငွေဖြူရောင် ဓားတစ်ချောင်းရောက်လာခဲ့ပြီး ရှေ့ထွက်သွားလိုက်၏။ ထို့နောက် လေဟာနယ်အား ဖြတ်သန်းကာ တိုက်ခိုက်လိုက်သည်။

“ ဒန်…”

ဓားနှစ်လက် ထိခတ်သံ ထွက်ပေါ်လာလေသည်။

ချင်ဘုရင်၏ ဓားချက်အား အဝေးမှ လွင့်ပျံလာသည့် ဓားတစ်ချောင်းက တားဆီးလိုက်ခြင်းဖြစ်ပြီး ဓားနှစ်လက် ထိခတ်ရာမှ မီးပွားများပင်ထွက်ပေါ်လာ၏။

ရွှမ် ဘိုးဘေး ဦးဆောင်သော ရွှမ်မိသားစုအဖွဲ့ ရောက်လာခြင်းဖြစ်ပြီး ကိုင်ဘိုးဘေး နံဘေး၌ ၀င်ရပ်လိုက်ကြသည်။

“ သူတို့က ဘယ်သူတွေလဲ… ကိုင်မိသားစုမှ ဘုရင်တွေ အများကြီးရှိနေပါလား…”

ချင်ဝူဒီ အနည်းငယ်မျှ မအံ့ဩသွားသည့်အပြင် ၀မ်းမြောက်သွားခဲ့၏။

ကိုင်မိသားစု ပိုမိုအစွမ်းထက်လေ ၎င်းတို့အား အညံ့ခံစေပြီးနောက် ရှေးဟောင်းစစ်မြေပြင်၌ တိုက်ခိုက်ရန် လူအင်အား ပိုရလေဖြစ်သည်။

သို့သော် ချင်ဘုရင် မျက်နှာက ရှုံ့မဲ့သွားပြီး ချင်ဝူဒီအနားသို့ တိုးကပ်ကာပြောလိုက်၏။

“ ဘိုးဘေး… အဲ့တာ ရွှမ်မိသားစုပဲ.. ရှေ့ဆုံးမှာ ရပ်နေတာက ရွှမ်မိသားစု ဘိုးဘေးပါ…”

“ အိုး.. ဒါဆို သူတို့က ရွှမ်မိသားစုကပေါ့… ကောင်းသားပဲ… အားလုံးကို တစ်ရက်တည်း ဖြေရှင်းနိုင်တော့မယ်…”

ချင်ဝူဒီက လက်ဝှေ့ယမ်းလိုက်ပြီး အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ရွှမ်မိသားစု ဘိုးဘေး ‌ဒေါကန်သွားကာ ရယ်မောလိုက်ပြီး

“ ချင်ဝူယီ(ချင်ဘုရင်)... ကျုပ် ခင်ဗျားကို စီနီယာတစ်ယောက်အနေနဲ့ လေးစားတာတော့ မှန်တယ်… ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးမနေဖို့ သတိပေးပါရစေ…”

ကိုင်မိသားစု ဘိုးဘေးကလည်း…

“ ငါတို့ အင်အားစု(၃)ခုက ကောင်းကင်ဒေသကို နယ်မြေ (၃)ခုအဖြစ် ဝေမျှထားခဲ့ကြတယ်… အခု ချင်အင်ပါယာက ငါတို့ (၂)ဖွဲ့ကို တစ်ကိုယ်တော် တိုက်ခိုက် အနိုင်ယူမယ်ဆိုရင်တော့… စိတ်ကူးယဉ်နေတာပဲ…”

“ စိတ်ကူးယဉ်တယ်.. ဟုတ်လား…”

စကားဆုံးသည်နှင့် ချင်ဝူဒီက လက်တစ်ဖက် ဆန့်တန်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာ၏။

ဘုန်း….

All Chapters