အခန်း (၃၅၁)
Vol. 24 Ch. 351
ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအင်က အလွန်သေးငယ်သော်လည်း ၎င်း၏အတွင်း၌ ပါဝင်သော စွမ်းအားများက ရွှမ်ဘိုးဘေးနှင့် ကိုင်ဘိုးဘေးနှစ်ယောက်စလုံးအား ထိတ်လန့်သွားစေခဲ့သည်။
လက်ထဲမှ မှော်ရတနာများနှင့်အတူ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုအားအသုံးပြုကာ ကာကွယ်လိုက်၏။
သို့သော်
ဂျွတ်… ခရက်…
ချင်ဝူဒီ တိုက်ခိုက်လိုက်သည့် စိတ်ဝိညာဉ်စွမ်းအင်အလင်းတန်းလေးက အဆင့် (၅) မှော်ရတနာ နှစ်ခုလုံးအား တိုက်ရိုက်ချိုးဖျက်လိုက်ပြီး အနည်းငယ်မျှပင် အရှိန်မလျော့သွားပဲ ကိုင်ဘိုးဘေးထံသို့ ဝင်ရောက်သွားလေသည်။
ဘုန်း….
ချင်ဝူဒီ၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာ၏။
သူက စောင့်ဆိုင်းမနေပဲ ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်၏။
ထိုအချိန်တွင် ကိုင်ဘိုးဘေး၏အနောက်ဘက်မှ လေဟာနယ်က ရုတ်တရက်အက်ကွဲသွား၏။
ထို့နောက် ၎င်းအတွင်းမှ မှိန်ဖျော့သောဓါးအလင်းတစ်ခုထွက်ပေါ်လာကာ စိတ်ဝိညာဉ်အလင်းတန်းအား တားဆီးလိုက်ပြီး ကိုင်နှင့်ရွှမ် ဘိုးဘေး နှစ်ယောက်လုံးအား ကယ်တင်လိုက်သည်။
“ ရွှမ်ယီ…”
“ လက်ထောက်ဌာနမှူးရွှမ်…”
ရောက်ရှိလာသူအား မြင်လိုက်လျှင် ရွှမ်ဘိုးဘေးနှင့်ကိုင်ဘိုးဘေးတို့ နှစ်ယောက်လုံး အလွန်အံ့အားသင့်သွားခဲ့ကြ၏။
ရွှမ်ယီက ထိုနှစ်ယောက်အား ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီး ချင်အင်ပါယာမှ စစ်တပ်ရှေ့သို့ လျောက်သွားလိုက်သည်။
“ မင်းက လူသားဘုရင်အဆင့်ဇယား နံပါတ် (၁) နေရာက ရွှမ်ယီပေါ့… “
ရွှမ်ယီ ထွက်ပေါ်လာသည်နှင့် ချင်ဘုရင်က ချင်ဝူဒီ အနားသို့ကပ်ကာ မည်သူဖြစ်ကြောင်းပြောပြခဲ့၏။
ချင်ဝူဒီ၏ မျက်နှာထက်တွင် အထင်သေးသော အရိပ်အယောင်များထွက်ပေါ်လာပြီး ရွှမ်ယီအား လက်ညိုးထိုးလိုက်ကာ
“ ကောင်လေး… ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်… ချက်ချင်းဒူးထောက်ပြီး အရှုံးပေးလိုက်… ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်…”
“ အဘိုးကြီး… ခင်များတို့က သူများတွေထက်ပိုပြီး အသက်ရှည်ရှည်နေခဲ့ရတာနဲ့ ပြိုင်ဘက်ကင်းနေပြီ ထင်နေတာလား…”
စကားဆုံးသည်နှင့် ရွှမ်ယီက ဓါးအားဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
“ ခင်များတို့က အကျဉ်းချခံထားရတဲ့ အကျဉ်းသားတစ်စုသာသာပါပဲ…”
ဘုန်း….
ချင်ဝူဒီ၏ ဘဝတစ်လျောက်လုံး အကြီးမားဆုံးသော အရှက်ရမှုမှာ မြေအောက်နန်းတော်၌ နှစ်ပေါင်း (၁၉၀၀၀၀) အကျဉ်းချခံထားရခြင်းဖြစ်ပေသည်။
ထို နှစ်ပေါင်း (၁၉၀၀၀၀) အတွင်း ကြီးမားသောဆင်းရဲဒုက္ခများကို ခံစားခဲ့ရ၏။
သူက အကျဉ်းချခံထားရစဉ် ကျင့်ကြံနေခဲ့သော်လည်း နှစ်ပေါင်း (၉)သောင်း ကုန်လွန်ပြီးနောက် သူ၏ကျင့်ကြံမှုက အကန့်အသတ်သို့ရောက်သွားပြီး ဆက်လက်မတိုးတက်တော့ချေ။
ကျန်နှစ်ပေါင်း (၁)သိန်း လုံး နေ့ရက်များအား လက်ချိုးရေတွက်ရင်း နေထိုင်ခဲ့ရသည်။
မြေအောက်နန်းတော်က လူပေါင်းများစွာတို့အား အကျဉ်းချထားခဲ့သည်။ သို့သော် ယခုပြင်ပသို့ လွတ်မြောက်လာသူများမှာ အနည်းငယ်သာဖြစ်၏။
အဘယ်ကြောင့်နည်း….!
မျှော်လင့်ချက်အရိပ်အယောင် အနည်းငယ်မျှမရှိပဲ နှစ်ပေါင်း သိန်း ၊ သန်းချီ အကျဉ်းချခံထားရသည်ဖြစ်ရာ နောက်ဆုံးတွင် တောင့်မခံနိုင်တော့ပဲ အများစုက မိမိကိုယ်ကိုသတ်သေရန်ရွေးချယ်ခဲ့ကြသည်။
“ ဂျူနီယာ… မင်းအရမ်းမောက်မာလွန်းတယ်…”
ချင်ဝူဒီ အလွန်ဒေါသထွက်သွား၏။
ဝုန်း…
ချင်ဝူဒီ လှုပ်ရှားရန်ပြင်နေစဉ်တွင် ရုတ်တရက် ကောင်းကင်ထက်ရှိ တိမ်မဲများက လှုပ်ခါလာခဲ့သည်။
အလွန်စွမ်းအားကြီးမားသည့် စိတ်ဝိညာဉ်အလင်းတန်း (၄) ခုထွက်ပေါ်လာပြီး အလွန်စွမ်းအားကြီးမားသည့် အရှိန်အဝါများထွက်ပေါ်လာလေသည်။
ကောင်းကင်ထက်မှအရှိန်အဝါအား ခံစားမိလိုက်ကြလျှင် ကိုင်နှင့်ရွှမ် မိသားစုနှစ်ခုမှ ကျင့်ကြံသူများအားလုံး မျက်စိမျက်နှာပျက်သွားခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ထက်မှအရှိန်အဝါ (၄) ခုထွက်ပေါ်လာခြင်းဖြစ်ပြီး တစ်ခုချင်းဆီက လူသားဘုရင်အဆင့်ထက် ကျော်လွန်နေချေပြီ။ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ (၄) ယောက်ရောက်လာခြင်းဖြစ်၏။
“ ကောင်လေး… မင်းမှာ ကောင်းကင်ဘုရင်အဆင့်နောက်ခံရှိတာနဲ့ စိတ်ကြိုက်မောက်မာလို့ရတယ်ထင်နေတာလား…”
ချင်ဝူဒီ အေးစက်စွာရယ်မောလိုက်ပြီး သူ၏လက်ထဲတွင် လျှို့ဝှက်ဆန်းကျယ်ဟန်ဖြင့် လွင့်မျောနေသော သွေးလတစ်စင်းထွက်ပေါ်လာခဲ့သည်။
“ ငါနဲ့မင်း အကြားက ကွာဟချက်ကို အခုပြပေးမယ်…”
“ ခင်များက စောက်ရူးပဲ…”
ရွှမ်ယီ၏ အမူအယာက အနည်းငယ်မျှ မပြောင်းလဲပဲ ကောင်းကင်ဘုရင် (၄) ယောက်ထံမှ ဖိအားကို လျစ်လျူရှုကာ ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။
ထို့နောက် လက်ထဲမှဓါးဖြင့် အလျားလိုက်ခုတ်ချလိုက်၏။
ဓါးအလင်းက ကောင်းကင်နှင့်မြေပြင်အား တုန်ခါသွားစေသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး အရောင်အဆင်း ၊ အသံ အားလုံးကင်းမဲ့သွားဟန်ရပြီး လောကကြီးအလယ်၌ ရွှမ်ယီထံမှ ထွက်ပေါ်လာသည့် ဓါးတစ်ချောင်းသာ ရှိနေသည့်အလားပင်။
ချင်ဝူဒီ၏ မျက်နှာထက်မှ ရက်စက်သော အပြုံးက ရုတ်ချည်းအေးခဲသွားလေသည်။
“ ညီအကိုတို့… မြန်မြန်ထွက်သွားကြတော့…”
သူက ကောင်းမော့ကာ အလျင်စလိုအော်ဟစ်လိုက်သော်လည်း ထိုအချိန်တွင် ဓါးအလင်းက သူ့ထံသို့ ရောက်နေပြီဖြစ်၏။
ထို့နောက် ဓါးအလင်းက သူ၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားပြီး စိတ်ဝိညာဉ်ကိုပင် တစ်စစီပျက်စီးသွားစေခဲ့သည်။
ချင်ဝူဒီက ဓါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရချေပြီ။
ဘုန်း…
အကူအညီပေးရန်ရောက်လာသည့် ရှေးဟောင်းကောင်းကင်ဘုရင် (၄) ယောက်လုံး မှင်သက်သွားခဲ့ကြပြီး တစ်ခဏအကြာတွင် အားလုံးသတိဝင်လာခဲ့ကြ၏။ ရုတ်တရက်ဖြစ်သွားသော ကိစ္စကြောင့် သူတို့အားလုံးအလွန်ဒေါသထွက်သွားကြသည်။
သူတို့ ရှေးဟောင်းစစ်မြေပြင်မှထွက်လာပြီးကတည်းက သူတို့၏တိုက်ခိုက်နိုင်စွမ်းများက အဆင့်တူများအားလုံးထက် သာလွန်နေမည်ဟု ယုံကြည်ခဲ့ကြ၏။
သို့သော် ရွှမ်ယီက ဓါးတစ်ချက်တည်းဖြင့် ချင်ဝူဒီကို သတ်ဖြတ်ခဲ့ပြီး သူတို့အားလုံးအား ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
“ ဒါက ခင်များတို့ခေတ်မဟုတ်တော့ဘူး… သင်္ချိုင်းထဲက လမ်းလျောက်ထွက်လာကြတဲ့ အရိုးခြောက်အုပ်စုတစ်စု… ခင်ဗျားတို့ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးမနေကြနဲ့…”
ရွှမ်ယီက လေထဲတွင် တစ်ယောက်ထဲရပ်နေခဲ့ပြီး ကောင်းကင်ဘုရင် (၄) ပါးထံမှ ဖိအားနှင့်အရှိန်အဝါများအား ဘာမှမဟုတ်သလို သဘောထားပြီး အော်ပြောလိုက်သည်။ သူ၏စကားသံက ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်ကာ ထွက်ပေါ်သွားလေသည်။ ပတ်ဝန်းကျင်မှလူတိုင်း မှင်သက်သွားကြ၏။
“ မကြာခင် ကောင်းကင်ဒေသမှာ အဓိက အင်အားစုကြီး (၃) ခုဆိုပြီး ရှိတော့မှာမဟုတ်ဘူး…”
ထိုအတွေးက ကိုင်မိသားစုမှ လူတိုင်း၏ နှလုံးသားထဲတွင် ရုတ်တရက်ထွက်ပေါ်လာလေသည်။
သို့သော် သူတို့ကိုင်မိသားစုမှ ဒုတိယသခင်မလေးက ဗဟိုသူတော်စင်အကယ်ဒမီ၌ ရွှမ်ယီ၏ လက်အောက်တွင် သင်ကြားနေသည်ဖြစ်ရာ ကောင်းကင်ဒေသမှ သူတို့ကိုင်မိသားစုအနေဖြင့် မည်သည့်ပြသနာမျှ ရှိမည်တော့မဟုတ်ချေ။
ရွှမ်ယီ၏ အရိပ်ကြောင့် ပိုမိုအင်အားတောင့်တင်းလာခြင်းသာရှိပေလိမ့်မည်။
သို့သော် ရွှမ်နှင့်ကိုင် ဘိုးဘေးများကမူ အောက်ခြေမှလူများကဲ့သို့ စိတ်အေးလက်အေးမရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ချင်ဝူဒီ သေဆုံးသွားပြီဖြစ်သော်လည်း သူဖိတ်ခေါ်ထားခဲ့သည့် ကောင်းကင်ဘုရင် (၄) ယောက်ကျန်ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
ကောင်းကင်ဘုရင် (၄) ပါးထံမှ စွမ်းအားများက အင်မော်တယ်တစ်ပါးကမ္ဘာကြီးပေါ်သို့ ဆင်းသက်လာသည့်အလား ကမ္ဘာကြီးပေါ်သို့ ဖြာကျနေ၏။
သူတို့၏ လက်အားမြှောက်လိုက်လျှင် ပတ်ဝန်းကျင်မှလေဟာနယ်က တဝုန်းဝုန်းပြိုကွဲသွားပြီး ဥပဒေသစွမ်းအားများပင် သူတို့ရှေ့၌ ဦးညွှတ်နေသည့်အလားဖြစ်နေခဲ့၏။
“ ဝူဒီအတွက် လက်စားချေရင်း ရှေးဟောင်းကျင့်ကြံသူတွေကို စော်ကားလို့မရကြောင်း နန်ကျိုးကလူတွေကို သတိပေးရအောင်…”
ထို (၄) ယောက်အနက်မှ တစ်ယောက်ကပြောလိုက်ပြီး သူ၏နောက်ဘက်တွင် မြေအောက်ကမ္ဘာတစ်ခုထွက်ပေါ်လာလေသည်။ ထိုနေရာမှ မှုန်မှိုင်းသော အရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့်ပြုလုပ်ထားသည့် ယင်စစ်သည်(အရိပ်စစ်သည်)များ ပြေးထွက်လာကြသည်။
ထောင်နှင့်ချီသော ယင်စစ်သည်များက တပ်ဖွဲ့ကြီးတစ်ခုအသွင်ပြောင်းလျက် ရွှမ်ယီထံသို့ ခြိမ်းခြောက်မှုကြီးတစ်ခုအလား ပြေးဝင်သွား၏။
၎င်းက အစောပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်သေးသော်လည်း မြေအောက်နန်းတော်အတွင်းတွင် လူသားဘုရင်အဆင့်၌ ကန့်သတ်ချက်ကိုရောက်အောင်ကျင့်ကြံနိုင်ခဲ့သည်။ မြေအောက်နန်းတော်မှ လွတ်မြောက်လာပြီးနောက် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့၏။ သူက အစောပိုင်းကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သေးသော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းက နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်နှင့် ယှဉ်နိုင်ပေသည်။ သို့သော် ရွှမ်ယီ၏ အမူအယာက သာမန်အတိုင်းသာရှိနေခဲ့ပြီး အနည်းငယ်မျှ ကြောက်ရွံ့ဟန်မရချေ။
“ ဓား(၁သောင်း) လာစမ်း…”
ရွှမ်ယီ၏ပတ်ဝန်းကျင်တွင် မီးတောက်ဓါးနယ်မြေထွက်ပေါ်လာပြီး ၎င်းအတွင်းမှ မီးဓားများ တစ်ချောင်းပြီးတစ်ချောင်းထွက်ပေါ်လာလေသည်။
“အသေစားကျွမ်းကျင်မှုလေးတစ်ခုပဲ….”
ငရဲဘုရင်က လှောင်ရယ်လိုက်၏။
ထို့နောက် စစ်တပ်တစ်ခုအသွင်ဖွဲ့စည်းထားသည့် ယင်စစ်သည် (၃၆၀၀) တို့နှင့်မီးတောက်ဓါးများ တွေ့ဆုံသွားကြလေသည်။
ဝုန်း…..