← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

ထို ရန်သူဟောင်းပြန်ရောက်လာသည့် သတင်းအား ဟွမ်ဖူမိသားစုကိုယ်တိုင် ရရှိခဲ့ခြင်းမဟုတ်ပေ။

ဟွမ်ဖူ မိသားစုနှင့် ရင်းနှီးသော မိသားစု တစ်ခုထံမှ ကြားရခြင်းဖြစ်၏။

ထိုမိသားစုမှ ဘိုးဘေးတစ်ဦးလည်း မြေအောက်နန်းတော်တွင် ပိတ်မိနေခဲ့ပြီး ယခုပြန်ရောက်လာသည်ဖြစ်ရာ ဟွမ်ဖူမိသားစုအား ကြိုတင်ပြင်ဆင်နိုင်စေရန် သတိပေးခဲ့ခြင်းဖြစ်၏။

သို့သော် လက်ရှိ ဟွမ်ဖူမိသားစု အခြေအနေဖြင့် သတင်းရလျှင်တောင် မည်သို့သော ပြင်ဆင်မှုများ လုပ်နိုင်မည်နည်း။

ဟွမ်ဖူပေါင် ရှိနေလျှင် ကာကွယ်ရန်ဖြစ်နိုင်သေး၏။

သို့သော် ဟွမ်ဖူပေါင်က အဆုံးမဲ့ပင်လယ်တိုက်ပွဲ၌ သေဆုံးသွားခဲ့သည်။

သို့ဖြစ်ရာ ဟွမ်ဖူမိသားစု အနေဖြင့် ဘာမှမတတ်နိုင်တော့ချေ။

ကျောင်းကျီ ထိုသတင်းရခဲ့စဉ်က တာ၀န်မကျေစိတ်နှင့် အပြစ်ရှိစိတ် ခံစားခဲ့ရ၏။

ထို့နောက် အဆုံးမဲ့ပင်လယ် စစ်ပွဲ၌ ပါ၀င်ခဲ့သည့် ကောင်းကင်ဘုရင်အချို့နှင့် ဆက်သွယ် ပူးပေါင်းခဲ့သည်။

ယခုပြန်ရောက်လာသည့် ရှေးဟောင်းဘုရင်က ကိုယ်တိုင် အားနည်းသူတစ်ယောက်မဟုတ်သလို မြေအောက်နန်းတော်တွင်လည်း မိတ်ဆွေများရခဲ့နိုင်ချေများ၏။

၎င်းက ကြောက်မက်ဖွယ် အင်အားတစ်ခုဖြစ်ပြီး သတိနှင့်ကိုင်တွယ်မှဖြစ်မည်။

ထိုအချိန်တွင် ရွှမ်ယီ ထုတ်ဖော်ပြသခဲ့သည့်အင်အားက ကျောင်းကျီအား ထိတ်လန့်သွားခဲ့သည်။

ဤသို့ဖြင့် လာမည့်တိုက်ပွဲ၌ ရွှမ်ယီလည်း ပါ၀င်ရန် မျှော်လင့်ခဲ့၏။

ကျောင်းကျီထံမှ တောင်းဆိုမှုကိုကြားလျှင် ရွှမ်ယီ ချက်ချင်းခေါင်းညိတ် သဘောတူလိုက်သည်။

ဟွမ်ဖူပေါင်က လူသားမျိုးနွယ်အတွက် အသက်စွန့်သွားခဲ့ခြင်းဖြစ်၏။

သူရဲကောင်းတစ်ဦးဟု တင်စားလောက်ပေသည်။

သို့ဖြစ်ရာ ၎င်း၏ ကျန်ခဲ့သော မိသားစုအား အန္တရာယ်ကြုံချိန် ကာကွယ်ပေးရမည်။

ရွှမ်ယီ သဘောတူလက်ခံသည်ကို မြင်မှ ကျောင်းကျီ စိတ်အေးသွားတော့သည်။

ယခင်တိုက်ပွဲမှတဆင့် ရွှမ်ယီ၏ စွမ်းအားကို သိရှိခွင့်ရခဲ့သည်။

အထွတ်အထိပ်ကောင်းကင်ဘုရင်နှင့် ညီမျှသော သန်မာသူတစ်ဦး သူတို့ဘက် ပေါင်းစပ်ပါ၀င်လာခြင်းက ထို ရှေးဟောင်းဘုရင်များ ညီးညွတ်နေလျှင်ပင် အခက်တွေ့သွားစေနိုင်၏။

ထို့နောက် ကျောင်းကျီ၏ သိုလှောင်အိတ်တစ်လုံးထုတ်ကာ ရွှမ်ယီအား ကမ်းပေးလိုက်သည်။

ရွှမ်ယီ အံ့အားသင့်သွားသည်ကိုမြင်လျှင် ကျောင်းကျီပြုံးလိုက်ပြီး

“ ဒါက ဟွမ်ဖူမိသားစုက ပေးလိုက်တဲ့ လက်ဆောင်ပါ.. မငြင်းနဲ့ လက်ခံလိုက်… အဲ့တာမှ ဟွမ်ဖူမိသားစုလည်း စိတ်ထဲ သက်တောင့်သက်သာ ရှိသွားလိမ့်မယ်…”

ရွှမ်ယီ တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ လက်ခံလိုက်၏။

ထိုအခါမှ ကျောင်းကျီ ၀မ်းသာဟန်ဖြစ်သွားပြီး ရွှမ်ယီကို နှုတ်ဆက်ကာ ပြန်သွားလေသည်။

ကျောင်းကျီ ပြန်သွားပြီးနောက် ရွှမ်ယီ နှဖူးအား နှိပ်နယ်လိုက်၏။ ထို ရှေးဟောင်းဘုရင်များ ပြန်လည်ရောက်ရှိလာခြင်းက အမှန်တကယ်ကို ကပ်ဘေးတစ်ခုအလားပင်။

၎င်းတို့က မြေအောက်နန်းတော်မှ လွတ်လာပြီးနောက် အဆက်မပြတ် စွမ်းအားမြင့်တက်လာခဲ့ကြ၏။ ကျောင်းကျီ၏ ပြောစကားများအရဆိုလျှင် ရှေးဟောင်းဘုရင်များအကြားတွင် အင်ပါယာအဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သူများလည်း ရှိနေသည်။

ထို အရူးတစ်ပိုင်းဖြစ်နေသူများသာ အင်ပါယာအဆင့်ရောက်သွားပါက နန်ကျိုးတစ်ခုလုံး ဒုက္ခပင်လယ်ဝေသွားစေလိမ့်မည်။

သူ၏ လက်ရှိခွန်အားက သန်မာသည်မှန်သော်လည်း လုံလောက်ရန် ဝေးကွာနေသေး၏။

ထိုသို့စဉ်းစားပြီးသည်နှင့် လေဟာနယ်အား ဆွဲဖြဲကာ ရှေးဟောင်းစစ်မြေပြင်သို့ ဦးတည်လိုက်သည်။ မြေအောက်နန်းတော်၌ သွားရောက် ကျင့်ကြံမည်ဖြစ်၏။

ကောင်းကင်ဘုရင်အဆင့်သို့ အမြန်ဆုံးဖြတ်ကျော်မှဖြစ်မည်။

ထိုအချိန်တွင် ရွှမ်မိသားစု ကောင်းကင်ထက်၌ လေဟာနယ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာ၏။

ထို့နောက် ၎င်းအတွင်းမှ ဆံပင်နှင့် မုတ်ဆိတ်များဖြူဖွေးနေသည့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ ယခုအချိန်တွင် သူ၏ အမူအရာက အလွန်အလျင်လိုနေဟန်ရ၏။

ရောက်လာသည်နှင့် ကောင်းကင်ကိုပင် တုန်ခါသွားစေမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ ရွှမ်မိသားစုက သားမြေး မျိုးဆက်တွေ ဒီနေရာမှာ ရှိကြလားဟေ့.. ရှိရင် ငါအဆင့်ချိုးဖျက်ဖို့ အရင်းအမြစ်တွေ အမြန်ဆုံးပြင်ဆင်ပါ… ဒီလိုမှ မဟုတ်ရင် ကပ်ဘေးအတွင်း ရွှမ်မိသားစု ဒုက္ခရောက်သွားနိုင်တယ်…”

ထိုအဘိုးအိုက တာအို၀တ်ရုံတစ်ခုအား ၀တ်ဆင်ထားပြီး မျက်နှာထက်၌ စိုးရိမ်ဟန်များ အထင်းသားပေါ်လွင်နေ၏။

သူ၏ အော်သံကြောင့် ရွှမ်မိသားစုအတွင်းမှ ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။

ရွှမ်ဘိုးဘေးလည်း ရောက်ရှိလာခဲ့ပြီး အဘိုးအိုအားမြင်လိုက်လျှင် မှင်သက်သွားခဲ့၏။

ထို့နောက် တုန်ယင်စွာဖြင့်

“ စီနီယာ.. စီနီယာက ရွှမ်မိသားစုရဲ့ (၁၁)ဆက်မြောက် ဘိုးဘေး ဟုတ်တယ်မှတ်လား…”

ထိုစကားအားကြားလျှင် တာအို၀တ်ရုံဖြင့် အဘိုးအို ထိတ်လန့်သွားခဲ့ပြီး ရွှမ်ဘိုးဘေးအား အနီးကပ်ကြည့်လိုက်သည်။

ထို့နောက်

“ (၁၂)လေး မင်းလား…? မင်း အသက်ရှင်နေတုံးလား…”

နှစ်ပေါင်းများစွာကြာပြီးနောက် ငယ်နာမည်အား ပထမဆုံးအကြိမ်ကြားလိုက်ရသည်ဖြစ်ရာ ရွှမ်ဘိုးဘေး ရှက်ရွံ့သွားခဲ့၏။

သို့သော် ဘိုးဘေးက သူ့ရှေ့တွင်ရှိနေသည်ဖြစ်ရာ ခေါင်းညိတ်လိုက်ပြီး

“ အဘိုး… ကျွန်တော် (၁၂)လေး ဟုတ်ပါတယ်….”

တာအို၀တ်ရုံဖြင့် အဘိုးအိုက ကျေနပ်ဟန်ဖြင့် ပြုံးလိုက်ပြီး

“ မင်း လူသားဘုရင်အဆင့်ကိုတောင် ရောက်နေပြီပဲ.. လုံး၀ မမျှော်လင့်ထားခဲ့ဘူး… ကောင်းတယ်.. ကောင်းတယ်… အရမ်းကောင်းတယ်….”

ထို့နောက် တာအို၀တ်ရုံဖြင့် အဘိုးအိုက အရေးကြီးကိစ္စကို သတိရသွားဟန်ဖြင့် နဖူးအား ရိုက်လိုက်ပြီး

“ ဟုတ်ပြီ.. (၁၂)လေး မင်းက ရွှမ်မိသားစုမှာ သက်ရှိထင်ရှားရှိနေဆဲ‌ဆိုတော့ ကိစ္စတွေက ပိုလွယ်ကူသွားပြီ… ဒီ အဘိုးပြောတာကိုနားထောင်.. နတ်ဘုရားအရင်းအမြစ်တွေ မြန်မြန်လေးပြင်ဆင်ပေးပါ… အဘိုး ကောင်းကင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့လိုတယ်… နောက်ကျလို့ မရဘူး….”

ထိုအခါ ရွှမ်ဘိုးဘေးအပါအ၀င် ရွှမ်မိသားစုမှ ဘုရင်အဆင့် ကျင့်ကြံသူတိုင်း အံ့အားသင့်သွားကြ၏။

သူတို့ အရူးများမဟုတ်ချေ။ (၁၁)ဆက်မြောက် ဘိုးဘေး ရုတ်တရက် ပြန်ရောက်လာကတည်းက အကြောင်းအရင်းကို ခန့်မှန်းမိခဲ့ပြီးဖြစ်၏။

သူက အခွင့်အလမ်းများရှာဖွေရန် ရှေးဟောင်းစစ်မြေပြင်သို့ သွားရောက်ခဲ့သည်။

ထို့နောက် မြေအောက်နန်းတော်၌ အကျဉ်းကျနေခဲ့ပြီး ယခု အစီအရင်များကျိုးပျက်ရာ ပြန်လည် လွတ်မြောက်လာခဲ့၏။

သူပြောခဲ့သော ကပ်ဘေးဆိုသည်က လွတ်မြောက်လာသည့် ရှေးဟောင်းကျင့်ကြံသူများအား ရည်ညွှန်းခြင်းဖြစ်ရမည်။

သို့သော် ရှေးဟောင်း ကျင့်ကြံသူများနှင့် ပတ်သက်ပြီး ဤမျှ ကြောက်ရွံ့နေရန် လိုအပ်သလော…?

ရွှမ်ဘိုးဘေးအပါအ၀င် လူတိုင်း တစ်ခဏမျှ အတွေးနက်နေခဲ့ကြ၏။

ထိုမြင်ကွင်းက ဘိုးဘေး(၁၁)၏ နှလုံးသားအား တင်းကြပ်သွားစေပြီး မြေးဖြစ်သူထံမှ အာရုံစိုက်မှုအား ပြန်လည်ရရှိနိုင်ရန် ၎င်း၏ ဦးခေါင်းအား ပွတ်သပ်ရန် ပြင်လိုက်သည်။

သို့သော် လမ်းခုလတ်၌ လက်ပြန်ရုတ်လိုက်ရ၏။

တစ်ချိန်က (၁၂)လေးဟု ခေါ်ခဲ့သော မြေးဖြစ်သူက ယခုတွင် ရွှမ်မိသားစုမှ ဂုဏ်သရေရှိဘိုးဘေး ဖြစ်နေချေပြီ။

ဤသို့ဖြင့် အံကြိတ်လိုက်ပြီး အလျင်လိုနေဟန်ဖြင့်

“ (၁၂)လေး ဘာတွေ စဉ်းစားနေသေးတာလဲ… မြန်မြန်ပြင်ဆင်လိုက်တော့လေ….”

ထပ်မံ လောဆော်လိုက်၏။

ရွှမ်ဘိုးဘေးက ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်ပြီး

“ အဘိုး.. မလောပါနဲ့… အရင်ဆုံး ကျွန်တော်တို့ ရွှမ်မိသားစုဆီကို ဘယ်လို ကပ်ဘေးမျိုး ရောက်လာမှာလဲ ရှင်းပြပါဦး….”

ထိုစကားအားကြားလျှင် ဘိုးဘေး(၁၁)၏ အမူအရာက ခါးသီးသွားခဲ့ပြီး ပြန်ပြောရန်ပြင်လိုက်စဉ်

ရွှမ်မိသားစု ကောင်းကင်ထက်၌ လေဟာနယ်အားဖြတ်သန်းလျက် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက် ၎င်းတွင်းမှ ဆံဖြူအဘိုးအိုတစ်ယောက် ထွက်ပေါ်လာပြီး ရွှမ် ဘိုးဘေး(၁၁)အား မြင်လျှင် စိတ်အားထက်သန်စွာဖြင့် အားတက်သရောပြောလိုက်၏။

“ ညီအစ်ကိုရွှမ်… မင်း အဆင်သင့်မဖြစ်သေးဘူးလား…”

ထိုရောက်လာသည့် အဘိုးအိုက အလွန်အသက်ကြီး‌နေဟန်ရသော်လည်း ထွက်ပေါ်နေသည့် စွမ်းအားများကမူ အားနည်းခြင်းအလျင်းမရှိချေ။

သူ့ထံမှ ဖြာထွက်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များက စိတ်ဝိညာဉ်အနှစ်သာရအဖြစ်သို့ ပေါင်းစပ်လုနီးပါဖြစ်နေပြီဖြစ်ပြီး ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း အခိုင်အမာဖော်ပြ‌နေပေသည်။

“ စီနီယာက….”

ရွှမ်ဘိုဘေးက အသစ်ရောက်လာသည့် ဆံဖြူအဘိုးအိုအား တလေးတစားဖြင့် မေးလိုက်၏။

ထို အဘိုးအိုရောက်လာပြီးနောက် ရွှမ် ဘိုးဘေး(၁၁)မျက်နှာထက်၌ စိတ်သက်သာရ ရသွားဟန် အပြုံးတစ်ခု ရှိနေခဲ့ပြီး

“ ကောင်းတယ်.. ကောင်းတယ်… မင်း အခုလို မြန်မြန်ချိုးဖျက်နိုင်သွားတာကို ငါတကယ်မယုံနိုင်သေးဘူး… ဘာပဲဖြစ်ဖြစ် အခုတော့ ငါ စိတ်အေးသွားခဲ့ပြီ…..”

ထို့နောက် ရွှမ် ဘိုးဘေး(၁၁)က ရွှမ်ဘိုးဘေး၏ ပုခုံးအား ကိုင်လှုပ်လိုက်ပြီး

“ (၁၂)လေး… မြန်မြန်သွား… ဟောဒီက ဂုဏ်ထူးဆောင်ဧည့်သည်ကို ကောင်းကောင်း ဧည့်ခံရမယ်….”

All Chapters