← Chapters

အခန်း (၃၅၈)

Vol. 24 Ch. 358

အခန်း (၃၅၈)

Vol. 24 Ch. 358

ဒါက ဘာအခြေအနေကြီးလဲ…?

ကောင်းကင်ထက်မှ ဟောင်တျန်‌တို့(၄)ယောက် အလွန်မှင်သက်နေမိကြ၏။

သူတို့မြင်နေရသော အခြေအနေအား လုံး၀ နားမလည်နိုင်တော့ချေ။

သူတို့ မိတ်ဆွေ နှစ်ယောက်က အဘယ်ကြောင့် ရောက်သည်နှင့် ဒူးထောက်နေကြသနည်။

ကောင်းကင်ထက်မှ (၄)ယောက်အနက် တစ်‌ယောက်က

“ ညီလေး ယွဲ့ နဲ့ အစ်ကို ရီ… မင်းတို့ ဘာလုပ်နေကြတာလဲ… ဘာကို ဒီလောက်တောင်ကြောက်လန့်နေကြတာတုံး… ရွှမ်မိသားစုမှာ လူသားဘုရင်အဆင့်တွေပဲရှိတာလေ… အမြင့်ဆုံးတောင် ကောင်းကင်ဘုရင် တစ်၀က်အဆင့်ပဲရှိတယ်….”

“ ချီး…”

သူတို့အား လှမ်းခေါ်ပြီး တရင်းတနှီးပြောနေသည်ကိုကြားလျှင် ကောင်းကင်ဘုရင် ယွဲ့နှင့် ရီတို့ ကောင်းကင်ထက်မှ (၄)ယောက်အား ကျိန်ဆဲမိလိုက်ကြ၏။

သူတို့ဘ၀၌ အကြီးဆုံးသော အမှားက ထို(၄)ယောက်နှင့် မိတ်ဆွေဖွဲ့မိခဲ့ခြင်းဖြစ်၏။ ထာ၀ရ နောင်တရစရာ ရွေးချယ်မှုကြီး တစ်ခုအား ပြုလုပ်မိခဲ့ကြသည်။

လူသားဘုရင်အဆင့်လား…?

အမြင့်ဆုံးလူက ကောင်းကင်ဘုရင်တစ်၀က်တဲ့လား…?

ဒါဆို သူတို့ရောက်လာစဉ် တားဆီးခဲ့သည့် အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်စွမ်းအားက ဘယ်ကရောက်လာသနည်း…?

ထိုအချိန်ကစွမ်းအားကို ပြန်စဉ်းစားမိလိုက်လျှင် ယွဲ့နှင့်ရီတို့ ကြက်သီးပင်ထသွားခဲ့ရသည်။

ထိုကောင်းကင်ထက်မှ (၄)ကောင်အား ချက်ချင်းပြေးသွားပြီး တစ်စစီလုပ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေ၏။

အထူးသဖြင့် ကောင်းကင်ဘုရင် ရီ ဖြစ်သည်။

လက်ရှိ အချိန်တွင် သူက ကံအဆိုးဆုံးလူဖြစ်၏။

အစပိုင်းတွင် ဟောင်တျန်တို့(၄)ယောက်ထံ ဖိတ်ခေါ်ခံရသူက ကောင်းကင်ဘုရင် ယွဲ့တစ်ယောက်တည်းသာဖြစ်သည်။

သို့သော် ထိုအချိန် သူက ယွဲ့ထံရောက်နေသည်ဖြစ်ရာ ဖင်ရှည်ပြီး စိတ်အားထက်သန်စွာ လိုက်လာမိခဲ့၏။

သို့သော် သူက ယွီနှင့် ယှဉ်ပါက ပို၍ သတိကြီးသူတစ်ယောက်ဖြစ်သည်။

ဤသို့ဖြင့် မိသားစုအတွင်းမှ တစ်ယောက်အား ဆက်သွယ်ပြီး ရွှမ်မိသားစုနှင့် ပတ်သက်ပြီး စုံစမ်းရန် စေခိုင်းခဲ့၏။

သို့သော် ကံမကောင်းစွာဖြင့် သူ့ထံသို့ သတင်းရောက်လာစဉ် သူက ရွှမ်မိသားစုသို့ ၀င်ရောက်နေချေပြီ။

တိုက်ပွဲဖြစ်ပွားနေရာနှင့် မိုင်(၁၀၀)သာဝေးတော့၏။

ထို့အချိန်တွင် သူ့ဘက်ထံသို့ သတင်းပို့ကျောက်စိမ်းရောက်ရှိလာခဲ့သည်။

လွန်ခဲ့သော တစ်လကျော်က ရွှမ်မိသားစု၌ ကောင်းကင်ဘုရင်များစွာ သေဆုံးခဲ့၏။

၎င်းအား ဖတ်လိုက်ရသည့်တိုင် စိတ်ထဲသိပ်မထားသေးချေ။

ကောင်းကင်ဘုရင်တစ်၀က်အဆင့်က အစောပိုင်းကောင်းကင်ဘုရင်းအား သတ်ဖြတ်နိုင်သော်လည်း သူ့မျက်လုံးထဲတွင် ၎င်းက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသေး၏။

သူက မြေအောက်နန်းတော်မှ ထွက်ခွာလာစဉ် အစောပိုင်းကောင်းကင်ဘုရင်‌တစ်ယောက်သာ ဖြစ်နေသေးသော်လည်း အလယ်အလတ်ကောင်းကင်ဘုရင်အဆင့်နှင့် ယှဉ်တိုက်နိုင်ပေသည်။

ယခုတွင် အလယ်အလတ်ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီးဖြစ်ကာ နှောင်းပိုင်းကောင်းကင်ဘုရင်နှင့် ညီမျှသော စွမ်းအားမျိုးပိုင်ဆိုင်ထား၏။

သို့သော် နောက်တွင်ပါလာသည့် နာမည်များက ရီအား စိတ်မ‌အေးနိုင်ဖြစ်သွားစေခဲ့သည်။

ငရဲဘုရင် ၊ ကွိုင်ဘုရင် ၊ ဟွာတျန်…

ထို(၃)ယောက် စွမ်းအားများ သူ့ထက် နိမ့်ကျခြင်းအလျင်းမရှိချေ။

သို့သော် နောက်ဆုံးနေရာမှလူ၏ အမည်က သူ့အား ခေါင်းမွေးများပင် ထောင်သွားစေခဲ့သည်။

ကျိုးပဲ့ဘုရင်….

ထိုသရဲအိုကြီးက မြေအောက်နန်းတော်မှ လွတ်မြောက်သည်နှင့် နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။

၎င်းအား ကျန်မြေအောက်နန်းတော်များကလည်း သတိပြုမိခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ကျိုးပဲ့ဘုရင်၏ အဆင့်ချိုးဖျက်မှုက ကောင်းကင်နှင့် မြေပြင်အား ကြီးမားစွာ တုန်ခါသွားစေခဲ့သောကြောင့်ပင်။

ထို့အပြင် တချို့သော မြေအောက်နန်းတော်များမှ ယိုယွင်းသွားနေသော အစီအရင်အား ထိခတ်မိသွားပြီး ရှေးဟောင်းကျင့်ကြံသူအများအပြားအား လွတ်မြောက်စေခဲ့သည်။ သူကလည်း ထိုအထဲမှ တစ်ယောက်ဖြစ်၏။

သူက အဆင့်မချိုးဖျက်ခင်ကပင် အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။

၎င်းက ‌ခေတ်ပြိုင် ရှေးဟောင်းကျင့်ကြံသူများ အကြားတွင်ပင် အလွန်အားကောင်းသူဖြစ်၏။

သို့သော် ထိုလူက ရွှမ်မိသားစုလက်ထဲ၌ သေဆုံးသွားခဲ့သည်။

အတိအကျဆိုရလျှင် ရွှမ်မိသားစုမှ ကောင်းကင်ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူထံတွင် အသတ်ခံခဲ့ရခြင်းဖြစ်၏။

ထိုသတင်း မှန်သည် မှားသည်က ယခုအချိန်တွင် အရေးမကြီးပေ။

ကျိုးပဲ့ဘုရင် သေဆုံးသွားခဲ့ခြင်းက ငြင်းပယ်မရသော အမှန်တရားတစ်ခုဖြစ်၏။

ယခု သူတို့က မည်သည့်အတွက်ကြောင့် ဤနေရာသို့ အလျင်စလိုရောက်လာခဲ့ကြသနည်း..?

သေရန်အတွက်ပေလော…?

ဤသို့ဖြင့် တိုက်ပွဲ၌ ၀င်ရောင်စွက်ဖက်ရန် ပြင်နေသည့် ယွဲ့အား ရီက လှမ်းတားလိုက်၏။

ထို့နောက် လေဟာနယ်အတွင်းမှ အပြင်သို့ထွက်ရန်ပြင်လိုက်စဉ် အအေးဓာတ်တစ်ခုအား ခံစားလိုက်ရပြီး အရိုးထိအေးစက်သွား‌သလို ခံစားလိုက်ရသည်။

ထိုစွမ်းအားက သူတို့အား ပစ်မှတ်ထားပြီး ပတ်၀န်းကျင်မှ တဖြည်းဖြည်း ၀န်းရံလာနေ၏။

ရီ နှင့် ယွဲ့တို့ မျက်နှာများ ချက်ချင်းဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ကြသည်။

ရီလက်ခံရရှိခဲ့သော သတင်းစကားအရ

ကျိုးပဲ့ဘုရင်အား သတ်ခဲ့သည့် ရွှမ်ယီက ရွှမ်မိသားစု၌ အစွမ်းထက်ဆုံး မဟုတ်ချေ။

ရွှမ်ယီ၏ နောက်ကွယ်တွင် ကောင်းကင်ဘုရင်အဆင့်ဇယား နံပါတ်(၃) နေရာမှ ပင်းယုဆိုသော အမျိုးသမီးရှိနေသေးသည်။ သူမက အလွန်အစွမ်းထက်လှပြီး ယခုအချိန်ထိ သူမစွမ်းအားကို မည်သူမှ အတိအကျမခန့်မှန်းနိုင်သေးချေ။

ယခု ထွက်ပေါ်လာသည့် အအေးဓာတ်က သူမ၏ အမှတ်သင်္ကတဖြစ်ပေသည်။

ချက်ချင်း ရီ နှင့် ယွဲ့တို ခန္ဓာကိုယ်များ လေဟာနယ်အတွင်း၌ အေးခဲသွားခဲ့၏။

သူတို့ ထွက်ခွာချင်ကြသော်လည်း လေဟာနယ်တစ်ခုလုံးအား ဆီးလ်ခတ်ထားပြီး ကြပ်ခဲနေသည်ဖြစ်ရာ မည်သို့မှ မလွတ်မြောက်နိုင်ကြချေ။

ထိုအချိန်တွင် ပြုလွယ် ပြင်လွယ်သော လေဟာနယ်က သံမဏိတုံးကြီးတစ်ခု ဖြစ်သွားသည့်အလားပင်။

စိတ်ဝိညာဉ်ဒြပ်စင်များ ထုတ်ဖော်ပြီး အစွမ်းကုန်ကြိုးစားခဲ့ကြသည့်တိုင် ဟာကွက်သေးသေးလေးတစ်ခုမျှ ရှာမရခဲ့ချေ။

ဤသို့ဖြင့် ယွဲ့ နှင့် ရီတို့ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်အားငယ်စွာ ကြည့်လိုက်မိကြ၏။

သို့သော် မကြာမီ သူတို့ ပြန်လှုပ်ရှားနိုင်ခဲ့ကြသည်။

အရိုးထိအေးစက်စေခဲ့သော ရေခဲစွမ်းအားက သူတို့ကို တားဆီးခဲ့သော်လည်း မသတ်ဖြတ်ခဲ့ချေ။

သူတို့ နှစ်ယောက်လုံး နောက်ဆုံးတွင် တစ်စုံတစ်ခုအား နားလည်သွားကြ၏။

ချက်ချင်း အရှိန်အမြင့်ဆုံးတင်လျက် ရွှမ်မိသားစုသို့ အမြန်ပြေးဆင်းလိုက်ကြသည်။

ထို့နောက် မြေပြင်၌ ဒူးထောက်လျက် ရွှမ်ယီအား တောင်းပန်စကားဆိုလိုက်ကြ၏။

“ မင်းတို့.. စောက်ရူး (၄)ကောင်… အသက်ရှင်ချင်သေးရင် မြန်မြန် ဆင်းလာပြီး ဒူးထောက် တောင်းပန်ကြစမ်း… မင်းတို့ စောက်ရူးတွေ ဘယ်လို ဒုက္ခမျိုး သယ်ဆောင်လာလဲဆိုတာ သိကြလား….”

ကောင်းကင်ဘုရင် ရီက ထို ထိတ်လန့်မှင်သက်နေသည့် (၄)ကောင်အား မော့ကြည့်လိုက်သည်။ ချက်ချင်းပြေးသွားပြီး ၎င်းတို့အား အသေအကြေရိုက်နှက်ပစ်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်နေ၏။

ကျိူးပဲ့ဘုရင်အားသတ်ခဲ့သည့် ကောင်းကင်ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူ…

ထို (၄)ကောင်အား သတ်ဖြတ်သည်မှာ ငှက်ပျောသီး အခွံနွှာစားသကဲ့သို့ လွယ်ကူပေလိမ့်မည်။

ဟောင်တျန်တို့ (၄)ယောက်ကမူ ယခုအချိန်ထိ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ကြသေးပေ။

သူတို့အား အဘယ်ကြောင့် တောင်းပန်ခိုင်းနေရသနည်း…?

ထို(၄)ယောက် မှင်သက်နေဆဲဖြစ်သည်ကိုမြင်လျှင် ကောင်းကင်ဘုရင်ယွဲ့ မနေနိုင်တော့ဘဲ ကိစ္စများအား အကျဉ်းချုံးကာ ပြန်ရှင်းပြလိုက်၏။

“ ကျိူးပဲ့ ဘုရင်တောင် မင်းတို့ရှေ့က လူငယ်လေးလက်ထဲ သေခဲ့ရတယ်… မင်းတို့အားလုံး ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး…”

ထိုစကားဖြင့် အဆုံးသတ်လိုက်သည်။

ကျိုးပဲ့ဘုရင်လား…?

ဟောင်တျန်တို့(၄)ယောက် ထိတ်လန့်နေသော မျက်၀န်းများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…?

ကျိုးပဲ့ဘုရင်က ရှေးဟောင်းဘုရင်တွေထဲမှာတောင် အစွမ်းထက်ဆုံးထဲ ပါတယ်မဟုတ်လား…?

ထိုအချိန်တွင်

ရွှမ်ယီ စိတ်မရှည်တော့ပေ။ ရွှမ် ဘိုးဘေး(၁၁)နှင့် ဆံဖြူအဘိုးအိုတို့ကိုလည်း ရှင်းပြရန် စိတ်မပါသည်ဖြစ်ရာ နောက်ဆုံးတွင် လှုပ်ရှားလိုက်တော့၏။

သူက ပင်းယုအား ရွှမ်မိသားစုသို့လာရန် ဆက်သွယ်ပြီး ခေါ်ခဲ့သော်လည်း ရီ နှင့် ယွဲ့ဆိုသူ (၂)ယောက် ဤနေရာသို့ ရုတ်တရက် ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။

All Chapters