အဆိပ်နဲ့ ကစားတာ ဘယ်သူပိုတော်လဲ
Vol. 116 Ch. 1611
ရှီမာယူယူ ခြံဝန်းမှထွက်ခွာသောအခါ အစေခံတစ်ယောက် အသွင်ယူ ထားသည်။ သူမသည် ဝိညာဉ်အသီးပန်းကန်ကိုကိုင်ကာ ထောင်ယိရွှမ် အရင် ပြောထားသောလမ်းအတိုင်း လျှောက်လာလိုက်သည်။ သူမသည် အဆိပ်သခင် နေသော နေရာဆီသို့ ဦးတည်သွားလိုက်သည်။
သွားသောလမ်းတွင် ကင်းလှည့်အချို့နှင့်တွေ့ရသည်။ ထိုလူများသည် သူမ လက်ထဲမှ ဝိညာဉ်အသီးများကိုတွေ့သည်နှင့် အာခြောက်လာကာ လက်ဆန့်ထုတ်ပြီး ထိုဝိညာဉ်အသီးများကို ယူဟန်ပြင်လေသည်။
သူမ နောက်ပြန်ဆုတ်ကာ ဣန္ဒြေရှိရှိပင် ဦးညွှန်ကာပြုံးလိုက်သည် “အစ်ကိုကြီး ဒီဝိညာဉ်အသီးတွေက မိသားစုခေါင်းဆောင်က ပို့ခိုင်းထားတာပါ ဒီအစေခံက ဒါတွေကိုသခင်ကြီးဂျီဆီကိုပို့ရမှာပါ”
အစောင့်များ၏ လက်မှာ လေထဲတွင် ရပ်တန့်သွားတော့သည်။
သခင်ကြီးဂျီက ဝိညာဉ်အသီးကြိုက်တာကို ဘယ်သူမသိလို့လဲ။ သူ့ ပစ္စည်းကို ဘယ်သူကထိရဲလို့လဲ။ ယူစားလိုက်လျှင် အသက်ကိုပင် အာမ,မခံနိုင် ပေ။
“သခင်ကြီးဂျီအတွက်ဆိုမှတော့ မြန်မြန်ယူသွားလိုက်တော့” အစောင့် သည် သူမအား သံသယမဝင်ဘဲ လက်ခါပြလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” ရှီမာယူယူသည် ထလိုက်ပြီး ဝိညာဉ် အသီးများကို ကိုင်ပြီးထွက်သွားလေတော့သည်။
နေ့တစ်ဝက်လောက်လျှောက်ပြီးနောက်တွင် ရှီမာယူယူသည် လူသူ ကင်းမဲ့သော ခြံဝန်းတစ်ခုသို့ရောက်လေသည်။ သခင်ကြီးဂျီသည် ပေါင်းသင်း ဆက်ဆံမှုမရှိကာ တခြားသူများနှင့် ပတ်သက်ရသည်ကို မနှစ်သက်လှဟု ထောင်ယိရွှမ် ပြောခဲ့ပုံကို တွေးမိလိုက်သည်။ ‘ဒါပေမဲ့ ဒီလောက်အဝေးကြီးမှာ နေဖို့လိုသလား’ဟု တိတ်တိတ်လေး တွေးနေမိသည်။
သူမသည် ခြံဝန်းတံခါးကေိုခေါက်ပြီး ပြောလိုက်သည် “သခင်ကြီးဂျီ ဒီအစေခံက မိသားစုခေါင်းဆောင်ရဲ့အမိန့်နဲ့ ဝိညာဉ်အသီးကိုလာပို့တာပါ”
ခဏကြာပြီးနောက်တွင် ခြံဝန်းတံခါးပွင့်သွားသည်နှင့် တံခါးနောက်တွင် ကလေးငယ်တစ်ယောက် ရပ်နေသည်။ သူသည် သူမအား အေးစက်သော မျက်နှာထားဖြင့်ကြည့်နေသည်။
“ဒီနေ့အသီးက အကုန်ပို့ပြီးသွားပြီလို့ ဆရာကပြောတယ် ဘာလို့ထပ်ပို့ ပြန်တာလဲ” ကလေး၏ အသံသည် မရင့်ကျက်သေးသော်လည်း လေသံမှာ တော့ ကြင်နာသမှုမရှိပေ။
“ဒီလိုပါ ဒီအသီးတွေက အောက်ကနေအခုမှပို့လာလို့ပါ၊ သူတို့က တောင် တွေထဲကတွေ့လာတာပါတဲ့၊ မိသားစုခေါင်းဆောင်က သခင်ကြီးဂျီ အရင်က မစားဖူးသေးလို့ ဒီအစေခံကိုပို့ခိုင်းလိုက်တာပါ၊ သခင်ကြီးဂျီကြိုက်တယ်ဆိုရင် နောက်ထပ်ပို့ပေးဦးမှာပါ” ရှီမာယူယူသည် တွေ့ကရာဆင်ခြေကို ကောက်ပြော လိုက်သည်။
“ဒါဆိုလည်း ကျွန်တော့်ကိုပေး” ကလေးသည် လက်ဆန့်ထုတ်ကာ ယူ လိုက်သည်။
ရှီမာယူယူသည် သူ့ကိုအသီးများပေးပြီးနောက် ပြောလိုက်သည် “မိသားစု ခေါင်းဆောင်က သခင်ကြီးဂျီကို ဒီအစေခံကတစ်ဆင့် စကားပါးပေးဖို့ မှာလိုက် ပါသေးတယ်”
“ဒါဆိုလည်း လိုက်ခဲ့လေ” ကလေးသည် လှည့်ထွက်သွားရာ ရှီမာယူယူ နောက်မှလိုက်သွားပြီး အနောက်မှတံခါးကိုပိတ်လိုက်သည်။
သခင်ကြီးဂျီသည် အဆိပ်မြက်ပင်အချို့ကို လေ့လာနေရာ အကြိမ် အနည်းငယ်စမ်းသပ်ပြီးနောက် အသန့်ရှင်းဆုံးအဆီအနှစ်မရသဖြင့် ဒေါသ ထွက်နေသည်။ ထိုအချိန်တွင် သူ၏ တပည့်လေးသည် အစေခံမိန်းကလေးကို ခေါ်ပြီးလျှောက်ဝင်လာသည်။
“ဘာဖြစ်လို့လဲ” သူသည် ခပ်မာမာပင်မေးလိုက်သည်။
“သခင်ကြီးဂျီ” ရှီမာယူယူသည် ဣန္ဒြေရရပင် အရိုအသေပေးပြီးပြော လိုက်သည် “အောက်ကလူတွေက လတ်လတ်ဆတ်ဆတ်အသီးတွေပို့ပေး လိုက်လို့ သခင်ကြီးဂျီစားရအောင်ဆိုပြီး မိသားစုခေါင်းဆောင်က ဒီအစေခံကို ပို့ခိုင်းလိုက်လို့ပါ သခင်ကြီးဂျီကြိုက်တယ်ဆိုရင် သူထပ်ပို့ပေးပါမယ်တဲ့”
သခင်ကြီးဂျီသည် သူ၏တပည့်လေးကိုင်ထားသော ဗန်းထဲမှ ဝိညာဉ် အသီးများကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် သူ အရင်ကမမြင်ဖူးသော အသီးနှစ်လုံးရှိနေသည်။ တစ်လုံးမှာ မြစိမ်းရောင်ဖြစ်ကာ နောက်တစ်လုံးမှာ နှင်းဆီသွေးရောင်ဖြစ်သည်။ အရည်ရွှမ်းပြီး ချိုမြမည့်ပုံပေါ်သည်။
သို့သော် လက်ရှိမှာ သူ ဒေါသထွက်နေချိန်ဖြစ်သဖြင့် အသီးစားရန် စိတ် မပါပေ။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည် “ငါအခု စားချင်စိတ်မရှိဘူး ငါစားပြီးတာနဲ့ မင်းကိုပြောလိုက်မယ် အရင်ဆုံးပြန်လိုက်တော့”
ရှီမာယူယူက ဘယ်လိုလုပ် ထွက်သွားချင်မှာလဲ။ သူမသည် ခေါင်းငုံ့ကာ ပြောလိုက်သည် “သခင်ကြီးဂျီ မိသားစုခေါင်းဆောင်က သခင်ကြီးရဲ့သတင်းကို စောင့်နေပါတယ်လို့ ပြောပါတယ်၊ သခင်ကြီးဂျီ မိသားစုခေါင်းဆောင်ရဲ့စိတ်ကို နားလည်လောက်မှာပါနော်”
သခင်ကြီးဂျီသည် ထိုအရာကိုသိသည်။ ခေါင်းဆောင်မှ သူ့ကို အသီး အမျိုးအစားအသစ်ပို့ပေးပါက သူ့ကိုမည်သို့အခြေအနေရှိကြောင်း ပြောလေ့ရှိ သည်။ သူကြိုက်ပါက အကောင်းဆုံးကြိုးစားရှာပေးမည်ဖြစ်သည်။
သူသည် အနီရောင်ဝိညာဉ်အသီးကို ယူလိုက်သည်။ ထိုဝိညာဉ်အသီး သည် သေးငယ်ပြီး နှင်းဆီသွေးရောင်ပေါက်ကာ ချယ်ရီသီးနှင့်ပင်ဆင်တူလေ သည်။ သို့သော် မက်မုံသီးထက်ပင် ပိုမွှေးသည်။ သူသည် ပါးစပ်ထဲသို့ ထည့် လိုက်သည်။ အသားအိအိလေးသည် ပါးစပ်ထဲတွင် အရည်ပျော်သွားကာ မွှေးပျံ့ သောအနံ့သည် ရင်ဘတ်မှ နှလုံးသားထဲသို့ရောက်သွားလေသည်။
စားပြီးနောက်တွင် လုံးဝကုန်သွားသည်အထိ မနားတမ်းဝါးစားလေသည်။ ပြီးမှပင် ရပ်သွားလေသည်။
“ဒါဘာအသီးလဲ” သူ မေးလိုက်သည်။
“ဒါက နှလုံးသားမဲ့အသီးလို့ခေါ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“နှလုံးသားမဲ့အသီးဟုတ်လား”
“ဟုတ်ပါတယ် နောက်နာမည်တစ်ခုက အသက်ဖမ်းအသီးလို့ခေါ်ပါတယ်”
“အသီးတစ်လုံးက ဘယ်လိုလုပ် အဲလိုနာမည်ရှိနိုင်တာလဲ” ဘာကြောင့် မှန်းတော့မသိပေ။ သို့သော် သူ ထိုနာမည်ကိုကြားသည်နှင့် ရုတ်တရက် ထခုန်မိ သည်။
“သေချာပေါက်ရှိတာပေါ့ ဘာလို့လဲဆိုတော့ ကျွန်မကပဲ အဲဒီနာမည်ကို ပေးခဲ့တာလေ” ရှီမာယူယူ ပြုံးလိုက်သည်။
သခင်ကြီးဂျီသည် တစ်ခုခုလွဲမှားနေသလို ခံစားရသည်။ သူ တစ်စုံတရာ ပြောချင်သော်လည်း ရုတ်တရက် ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစားလိုက်ရ သည်။
သူ့ခန္ဓာကိုယ်မှာ ထူးဆန်းလာသည်။
သူရှေ့သို့တိုးလာပြီး ရှီမာယူယူကို ဆုပ်ကိုင်လိုက်ချင်သော်လည်း သူမ သည် ချက်ချင်းပင် အခန်း၏တခြားနေရာတွင် ပေါ်လာသည်။
“မင်း ဘယ်သူလဲ” ဒီမှာ ကျွမ်းကျင်တဲ့အစေခံမိန်းကလေး ဘယ်လိုလုပ်ရှိ နိုင်တာလဲ။ အထူးသဖြင့် သူ့ကိုတောင် လာလုပ်ရဲနေသေးတယ်။
ရှီမာယူယူသည် ပိပိရိရိပင် အရိုအသေပြုကာ ပြောလိုက်သည် “ဒီအစေခံ က အိမ်တော်ရဲ့အစေခံလေးပါပဲ”
“ဟင်း ဒီအိမ်တော်မှာ မင်းလို့အစေခံရှိတာကို ငါက ဘယ်လိုလုပ်မသိခဲ့ တာလဲ” သခင်ကြီးဂျီသည် ရှီမာယူယူကို တိုက်ခိုက်လေသည်။ သို့သော် သူမ သည် သူ့ကိုထပ်ရှောင်လိုက်ပြန်သည်။
“သခင်ကြီးဂျီ ကျွန်မသာ ရှင်ဆိုရင် ဒီအချိန်ကို ဒေါသထွက်ပြီး ဝိညာဉ် စွမ်းအင်သုံးမှာမဟုတ်ဘူး” ရှီမာယူယူ သူ့ကိုသတိပေးလိုက်သည်။
သခင်ကြီးဂျီသည် သူမအား အေးစက်သောအကြည့်ဖြင့် ကြည့်လိုက် သည်။ သူ့အကြည့်သည် ဒေါသကြီးပြီး အဆိပ်ပြင်းသောမြွေတစ်ကောင်မှ သေလုနီးပါး ဖြစ်နေသော တိရိစ္ဆာန်လေးတစ်ကောင်အား ကြည့်သကဲ့သို့ပင် ဖြစ်သည်။
သူသည် အတန်ကြာပြီးနောက် အားလျော့လာကာ ထိုင်ခုံပေါ်သို့ထိုင် လိုက်သည်။
သူသည် ဤခံစားချက်နှင့် အလွန်ရင်းနှီးနေသည်။
“မင်း ငါ့ကိုအဆိပ်ခတ်လိုက်တာပဲ ဘယ်လိုလုပ်လိုက်တာလဲ” သူသည် ချက်ချင်းပင် ငြိမ်ကျသွဦးသည်။ တစ်ဖက်လူသည် သူ့ကို သေစေလောက်သည့် အဆိပ်ပေးချင်ပုံမပေါ်ပေ။ သူမ ပြောစရာတစ်ခုခုရှိနေသည်မှာ သိသာသည်။
သူ ဤကဲ့သို့ အဆင့်နိမ့်သော အမှားမျိုးလုပ်လိုက်လိမ့်မည်ဟု သူ ထင် မထားပေ။
“ရှင် ကိုယ့်ဘာသာစားလိုက်တာလေ” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။
“ငါ စားလိုက်တယ်ဟုတ်လား ဘာလို့အဆိပ်အရသာမရတာလဲ” သူ မယုံ နိုင်ဖြစ်နေသည်။ သူသည် အဆိပ်ကိုအထူးပြုသော အဆိပ်သခင်ဖြစ်ကာ သူ့ရှေ့ တွင် ဖုံးထားနိုင်သည့်အဆိပ်မရှိပေ။ သူ စားလိုက်စရာ အကြောင်းမရှိဘူး။
အနံ့ရောအရသာပါ မရှိသည့်အဆိပ်ပင်လျှင် အတူတူပင်ဖြစ်သည်။
ရှီမာယူယူသည် ခုံတစ်ခုံကိုဆွဲပြီး သူ့ဘေးတွင် ထိုင်လိုက်သည်။ သူမ ပြောလိုက်သည် “အဆိပ်က အနံ့အရသာမရှိဘူးလို့ ကျွန်မမပြောပါဘူး”
“ဘာ”
“ကျွန်မက ဒီအဆိပ်ကို နှလုံးသားမဲ့အသီးအရသာလိုမျိုးလုပ်ထားတာ”
သခင်ကြီးဂျီသည် မှင်တက်သွားတော့သည်။ သူမသည် နှလုံးသားမဲ့အသီး ကဲ့သို့ အရသာကိုလုပ်နိုင်သည်။ သူသည် ထိုကဲ့သို့ဝိညာဉ်အသီးစားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ ဝိညာဉ်အသီးအရသာမျှသာဖြစ်သည်ဟုပင် တွေး လိုက်သေးသည်။ ဟင်း… အဲဒါကို အဆိပ်လို့ ဘယ်သူထင်မိမှာလဲ။
အဆိပ်သည် ဝိညာဉ်အသီးအပြင်တွင်ရှိနေကာ သူသည် ထိုအတိုင်းပင် စားလိုက်မိသည်။
သူထိုမျှလောက် အလွယ်တကူ ထောင်ချောက်ထဲဝင်သွားလိမ့်မည်ဟု ထင်မထားပေ။
“မင်းက ဘာလုပ်ချင်တာလဲ” သူ မေးလိုက်သည်။
“သခင်ကြီးဂျီ ရှင့်ကိုဘေးဖြစ်စေတဲ့ အဆိပ်က ဘယ်လိုလဲဆိုတာ အရင် မမြင်ချင်ဘူးလား” ရှီမာယူယူ မေးလိုက်သသည်။
“ဟင်း မင်းက ငါ့ကိုချက်ချင်းမသတ်ချင်မှတော့ အဲဒါကိုနောက်မှ မေးဖို့ အချိန်ရှိပါတယ်၊ ငါပိုသိချင်တာက မင်းငါ့ကိုဘာလို့ အဆိပ်ခတ်တာလဲ” သခင်ကြီးဂျီသည် ယုံကြည်ချက်ရှိရှိပင် ပြောလိုက်သည်။
သူ့ကို အားလျော့သွားစေပြီး ဝိညာဉ်စွမ်းအင်ကို ပိတ်စေသည်မှာ သူ့အတွက် ကစားပွဲတစ်ခုလိုပင်။
“သခင်ကြီးဂျီက အဆိပ်ကျွမ်းကျင်လို့ အဲလိုမျိုးစဉ်းစားဖို့ဆိုတာ ပုံမှန်ပါပဲ” ရှီမာယူယူသည် ခုံကိုမှီလိုက်သည် “ဒါပေမဲ့ ကျွန်မကတော့ အဲဒီအဆိပ်ကို စစ်ကြည့်တာ ပိုကောင်းမယ်လို့ထင်နေတုန်းပဲ”
သူမ ယုံကြည်ချက်ရှိနေသည်ကို သခင်ကြီးဂျီမြင်နေရသည်။ သူမသည် ငယ်လွန်းသည်ဟု ခံစားရသည်။ သူ့ကိုကောင်းကောင်း မသိဘဲ လှည့်စားနိုင် သည်။
သို့သော် သူမ ထိုသို့ပြောပြီးနောက် သူ့ကိုယ်သူစစ်ဆေးကြည့်လိုက် သည်။
သူ့ကိုယ်သူ စမ်းသပ်လိုက်သည်နှင့် အမူအရာမှာ ချက်ချင်းပင် အကျည်း တန်သွားပြီး ပေါက်ကွဲလုမတတ်ဖြစ်သွားလေသည်။
***