← Chapters

သူမက တကယ့်ကို သခင်ကြီးပဲ

Vol. 116 Ch. 1612

သူမက တကယ့်ကို သခင်ကြီးပဲ

Vol. 116 Ch. 1612

သခင်ကြီးဂျီသည် နောက်ဆုံးတွင် ရှီမာယူယူကို ပေါ့ပေါ့တန်တန် မဆက်ဆံတော့ပေ။ သူ သူမကိုကြည့်သောအကြည့်မှာ ပြောင်းပြောင်းသွား ကာ နောက်ဆုံးတွင် ဒေါသကိုဖိနှိပ်နိုင်လေသည်။

“မင်းက ဘယ်သူလဲ ဘာလို့ဒီလိုအဆိပ်အမျိုးအစားကို ဘယ်လိုဖော်နိုင် ရတာလဲ”

“ပန်းတစ်ရာပိုးကောင်အဆိပ်၊ ဒီအဆိပ်က ဖော်ဖို့မခက်ပါဘူး၊ သခင်ကြီး ဂျီ အဲလောက်ကြီးအံ့ဩမသွားဘူးမလား” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ က ဘယ်သူလဲဆိုတာတော့ သခင်ကြီးဂျီက စိုးရိမ်နေဖို့မလိုပါဘူး၊ ကျွန်မက ရှင်နဲ့ ဘာအငြင်းပွားမှုမှမလုပ်ချင်ဘူး ဒီအတိုင်းအလဲအလှယ်လုပ်ချင်ရုံပဲ”

သခင်ကြီးဂျီ ခန့်မှန်းကြည့်သည်၊ သူ မျှော်မှန်းထားသည့်အတိုင်း မဟုတ် သဖြင့် မေးလိုက်သည် “ဘာအလဲအလှယ်လဲ”

“ကျွန်မတို့မှာ ပန်းတစ်ရာပိုးကောင်အဆိပ် ကိုယ်စီရှိနေကြတယ် အဆိပ် ဖြေဆေးကို ဘာလို့မလဲရမှာလဲ”

“မင်းက ပန်းတစ်ရာပိုးကောင်အဆိပ်ရဲ့ အဆိပ်ဖြေဆေးကို လိုချင်တယ် ဟုတ်လား၊ မင်းက သခင်လေးရဲ့လူလား” သခင်ကြီးဂျီသည် ချက်ချင်းပင် သူမ ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

“ကျွန်မက သခင်လေးရဲ့လူမဟုတ်ပါဘူး၊ ဒီအတိုင်း သူနဲ့ လတ်တလောမှ သိပြီးတော့ အပေးအယူလုပ်လိုက်တာပဲရှိတာ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက လူတွေနဲ့ အပေးအယူလုပ်ရတာကို ကြိုက်တာပဲ” သခင်ကြီးဂျီ သည် လှောင်ပြောင်ရင်း ပြန်ဖြေလိုက်သည်။

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်”

“….” ထိုစကားသည် ချီးကျူးသည့်စကားမဟုတ်ဟု သခင်ကြီးဂျီသည်  အော်လိုက်ချင်သည်။

“ငါ့မှာ အဆိပ်ဖြေဆေးမရှိဘူး မိသားစုခေါင်းဆောင်ယူထားတယ်” သူ ပြောလိုက်သည်။

“မိသားစုခေါင်းဆောင် ဟုတ်လား၊ သူက ဘာလို့အဆိပ်ဖြေဆေးလိုတာ လဲ” ရှီမာယူယူသည် အံ့ဩနေသည်။

“ငါကဘယ်လိုလုပ်သိမှာလဲ” သခင်ကြီးဂျီသည် အေးစက်စွာ နှာမှုတ် လိုက်သည်။

“ပြဿနာမရှိဘူး အဆိပ်ဖြေဆေးမရှိမှတော့ နောက်တစ်သုတ်သန့်စင်ရုံ ပေါ့” ရှီမာယူယူ ပြောလိုက်သည် “ရှင့်မှာ သေချာပေါက် ဆေးနည်းရှိမယ်ဆို တာ ကျွန်မသိတယ်”

သခင်ကြီးဂျီသည် သူ မသိဘူးဟု မသိစိတ်မှပြောချင်သော်လည်း သူမကို ပြောလိုက်လျှင်လည်း အသုံးဝင်ဝင်မည်မဟုတ်ကြောင်းသိသည်။

“ငါ့မှာ အဲဒီဆေးပင်တွေမရှိဘူး” သူ ပြောလိုက်သည် “အဲလိုအဆိပ် ဖြေဆေးက ဆေးပင်တွေအများကြီးလိုတာ၊ မိသားစုခေါင်းဆောင် သိတယ်၊ ငါ ဆေးပင်တွေသုံးရင် မိသားစုခေါင်းဆောင်က သိမှာပဲ၊ မင်းလည်း သူ့ကိုမသိစေ ချင်ဘူးမလား”

“ပြဿနာမရှိဘူး ကျွန်မမှာ ဆေးပင်တွေရှိတယ်” ရှီမာယူယူ ပြောလိုက် သည် “ကျွန်မကို အဲဒီဆေးနည်းကိုပဲပေး၊ ဘာလုပ်ရမလဲဆိုတာ ကျွန်မသိတယ်”

သူမကို ဆေးနည်းပေးရမယ်ဟုတ်လား။ သခင်ကြီးဂျီသည် မပေးချင်ပေ။

“သေချာစဉ်းစားပါ” ရှီမာယူယူသည် သူ့ကိုမတိုက်တွန်းဘဲ မတ်တတ်ရပ် ကာ အိမ်အားပတ်လျှောက်နေလိုက်သည်။ သူမသည် စားပွဲပေါ်တွင်တင်ထား သော အဆိပ်နှင့် အဆီအနှစ်များကို ကြည့်ပြီးရယ်မောလိုက်သည်။

သူက ခုနက ဒါလေးအတွက်နဲ့ ခေါင်းကိုက်နေတာလား။ အဲဒါကြောင့် သူမ ဝင်လာတုန်းက သူက ဒေါသထွက်တဲ့အကြည့်နဲ့ ကြည့်နေတာကိုး။

သူမသည် မီးလုံးဖန်တီးလိုက်ကာ ဆေးဖိုအသေးလေးထုတ်ပြီး စားပွဲပေါ် မှ ဆေးပင်များကို ပစ်ထည့်လိုက်သည်။

“ဘာလုပ်တာလဲ” သခင်ကြီးဂျီ အော်လေသည်။

ဒီဆေးပင်တွေက ဘယ်လောက်တန်ဖိုးရှိပြီး ရှာဖို့ခက်လဲဆိုတာ သိရဲ့ လား။ သူမက ဘယ်လိုလုပ် လက်လွတ်စပယ်…

သူ၏ ဒေါသသည် လျင်မြန်စွာပင် အံ့ဩမှုအဖြစ်ပြောင်းလဲသွားသည်။ သူမ ဆေးပင်ကို မီးမြှိုက်လိုက်ရုံတင်မကဘဲ အမြစ်မှအရည်များ စတင်စီးဆင်း လာလိမ့်မည်ဟု သူထင်မထားပေ။

သူမ သန့်စင်နေတာလား။

သူထိုအကြောင်းအားတွေးမိချိန်တွင် သူမ သန့်စင်နေသည်ကို ငြိမ်၍သာ ကြည့်နေလိုက်သည်။

ရှီမာယူယူသည် သူ့ကိုဂရုမစိုက်ဘဲ သန့်စင်ခြင်းလုပ်ငန်းကိုသာ လုံးဝ အာရုံစိုက်ထားသည်။ လျင်မြန်စွာပင် ဆေးပင်သည် မြစိမ်းရောင်အရည်အဖြစ် ပြောင်းသွားကာ အကြွင်းအကျန် အပုံလိုက်လေးကျန်ခဲ့လေသည်။

သူမသည် စားပွဲပေါ်မှတွေ့သည် ကျောက်စိမ်းပုလင်းကိုယူကာ အဆီအနှစ်ကို ထည့်လိုက်သည်။ ပြီးနောက် သူမ လက်ဝှေ့လိုက်သည်နှင့် မီးတောက်နှင့် အကြွင်းအကျန် အမှိုက်များသည် ပျောက်သွားတော့လေသည်။

“ကြည့်ရအောင်” သခင်ကြီးဂျီသည် ပြေးလာကာ ခက်ချင်းပင် ကျောက်စိမ်းပုလင်းကို လုယူလေသည်။ အထဲမှ သူလုပ်စဉ်ကထက်ပင် ပိုများ သော မြစိမ်းရောင်အဆီအနှစ်ကို တွေ့သောအခါ သူမအား ပျော်ရွှင်စွာဖြင့် ကြည့်လေသည် “ဒါကိုဘယ်လိုလုပ်လိုက်တာလဲ”

“ဒီအတိုင်းပဲလေ ရိုးရှင်းပါတယ်” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

ဒီကိစ္စက ဘယ်လိုလုပ်ရိုးရှင်းမှာလဲဟု သူ သူမကိုမေးချင်မိသည်။ သို့သော် သူမ အလွယ်တကူပင် လုပ်သွားသည်ကို တွေးမိပြီး သူမအတွက်တော့ ရိုးရှင်းသည့်ကိစ္စဖြစ်ရမည်ဟု တွေးလိုက်သည်။

ထိုမိန်းကလေးသည် ငယ်ရွယ်လွန်းသော်လည်း ဤမျှကျွမ်းကျင်လိမ့်မည် ဟုထင်မထားပေ။ အစောပိုင်းကတင် ပန်းတစ်ရာပိုးကောင်အဆိပ်သည် သူမ ကိုယ်တိုင်သန့်စင်နိုင်သည့် အရာမဟုတ်ဟု သူ တွေးလိုက်သေးသည်။ သို့သော် ဤကဲ့သို့ဖြစ်ပြီးနောက်တွင် သူမသည် အဆိပ်များတွင် ကျွမ်းကျင်သည်ဟု သူ သိလိုက်ရတော့သည်။

“မိန်းကလေး တခြားပြောစရာရှိရင် ငါတို့ကောင်းကောင်းလေး ဆွေးနွေး လို့ရပါတယ် မင်းက ငါ့အဆိပ်ဖြေဆေးလိုချင်တယ် ဒါကမဖြစ်နိုင်တာတော့ မဟုတ်ဘူး ဒါပေမဲ့ မင်းဒါကိုဘယ်လိုလုပ်လဲဆိုတာကိုတော့ ပြောပြပေး မဟုတ် သေးဘူး မင်းဒီမှာနေပြီးတော့ ငါနဲ့အဆိပ်အကြောင်းဆွေးနွေးပေးပါ” သခင်ကြီး ဂျီသည် ပျော်ရွှင်စွာ ပြောလေသည်။

ရှီမာယူယူသည် သူ့ကို နားမလည်နိုင်သလိုကြည့်လိုက်သည်။ သူ ဒီလောက် မြန်မြန်ကြီးပြောင်းလဲသွားတာလား။

“မိသားစုခေါင်းဆောင်က အဆိပ်ဖြေဆေးကို ယူသွားတယ်လို့ အခုလေး တင်ပဲ ပြောလိုက်တာလေ” သူမ ပြောလိုက်သည်။

“မရှိတော့ရင် ထပ်သန့်စင်လို့ရတာပဲ”

“ဆေးပင်တွေမရှိဘူးလို့ ပြောခဲ့တယ်လေ”

“ထပ်ပြီးစုလိုက်ရင် ရတာပဲ”

“ရှင် ဆေးပင်တွေယူလိုက်ရင် မိသားစုခေါင်းဆောင်က အဆိပ်ဖြေဆေး အကြောင်းသိသွားမယ်လို့ ပြောခဲ့တာလေ”

“ငါ့မှာ ဆေးပင်တွေအများကြီးရှိတယ် အရေးကြီးတဲ့ဟာလေးတချို့ပဲ မရှိ တာ၊ ငါသာ အဲဒါတွေယူလို့ မိသားစုခေါင်းဆောင်က မေးလာရင် တခြားဆေး တွေကို စမ်းသပ်နေလို့လို့ ပြောလိုက်မယ်”

“….”

ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်ကာ သူ့ စကားလုံးများသည် အတု အယောင်မှန်းသိသာသည်ဟု ပြောချင်သည်။

သခင်ကြီးဂျီသည် သူ၏ ပန်းတစ်ရာပိုးကောင်အဆိပ်ဖြေဆေး ဆေးနည်း ကို ထုတ်ပြီး ပြောလေသည် “ဒါက ငါသုံးထားတဲ့ ဆေးမျိုးတစ်ရာနဲ့ ပိုးကောင် တွေပဲ၊ ဒါကိုကြည့်ရင် ငါဘယ်လောက် စိတ်ရင်းနဲ့ပြောနေလဲဆိုတာ သိမှာပါ”

ရှီမာယူယူသည် စာရင်းကိုယူပြီး ကြည့်လိုက်သည်။ သူမ သုံးထားသည့် ဆေးပင်များနှင့် ပိုးကောင်များသည် စာရွက်ပေါ်မှ သူသုံးထားသည်နှင့် ဆင်တူ နေသည်ကို သေချာသည်နှင့် အစစ်အမှန်ဖြစ်ကြောင်းသိလိုက်သည်။

သူမ ဘာမှမပြောသည်ကို ကြည့်ပြီး သခင်ကြီးဂျီ ပြောလိုက်သည် “ဒါက ဆေးနည်းဆိုတာကို ငါ ကျိန်ပါတယ်”

ရှီမာယူယူသည် ဆေးနည်းကို သူ့ဆီသို့ပြန်ပစ်ပေးပြီး ပြောလိုက်သည် “ကျွန်မပြောမယ် ကျွန်မ ဒီကိုလာတဲ့ရက်ကနည်းတယ်၊ ရှင် ကျွန်မသရုပ်မှန်ကို ဘယ်သူ့ကိုမှမပြောရင် မသွားခင်ကို အဆိပ်ဖြေဆေးပေးခဲ့မယ်”

“မင်းက ဘယ်တော့သွားမှာလဲ”

“မျိုးနွယ်တွင်းမှာ ရှင့်ရဲ့ပြိုင်ပွဲကိုကြည့်ပြီး သွားမှာပဲ စိတ်ချပါ ရက်နည်း နည်းလောက်ကြာသွားတာနဲ့ ရှင့်အသက်မသေနိုင်ပါဘူး” ရှီမာယူယူ ပြောလိုက် သည်။

“မင်းက အဲလောက်မြန်မြန်သွားလိုက်တော့မှာလား ဒီ့ထက်ကြာကြာ လေး နေလို့မရဘူးလား” သခင်ကြီးဂျီ အော်လေသည်။

ရှီမာယူယူသည် သူ၏ တွန့်ဆုတ်နေသော အကြည့်ကိုမြင်သောအခါ မှင်တက်သွားမိသည် “ကျွန်မမှာ လုပ်စရာလေးတွေရှိသေးတယ် ဒါပေမဲ့ ဒီသုံး လေးရက်အတွင်းမှာ သန့်စင်တဲ့နည်းလမ်းကို သေချာပေါက် သင်ပေးမှာပါ”

“ဒါဆိုလည်း ဟုတ်ပြီလေ”

သခင်ကြီးဂျီသည် မလိုလားစွာပင် သဘောတူလိုက်ရသည်။

ရှီမာယူယူသည် ကလေးရှိရာဆီသို့ လျှောက်သွားလိုက်သည်။ သူသည် သူမ ပထမတိုက်ကွက်မှာတင် မေ့လဲနေခဲ့သည်။ သူမသည် ဆေးတချို့ထုတ်ပြီး သူ၏ နှာခေါင်းနားတွင်ဝှေ့ယမ်းလိုက်ရာ တဖြည်းဖြည်းသတိလည်လာခဲ့သည်။

“ဆရာ ဘာဖြစ်တာလဲ” ကလေးသည် အနည်းငယ် မူးဝေနေတုန်းပင်။

“ဘာမှမဖြစ်ဘူး မင်းဆရာက သူမနဲ့ဆွေးနွေးစရာရှိသေးတယ် မင်း ကိုယ့် အလုပ်ကိုယ်သွားလုပ်လိုက်တော့ ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှမပြောနဲ့ မင်းသာမပြောရင် ဒီခြံဝန်းထဲမှာပြောမယ့်သူမရှိတော့ဘူး” သခင်ကြီးဂျီ ပြော လိုက်သည်။

ကလေးသည် အနည်းငယ် ရှုပ်ထွေးသွားသည်။ သို့သော် သူသည် ဆရာ ဖြစ်သူ၏ အမိန့်ကိုမနာခံရဲသောကြောင့် ကျိုးနွံစွာပင် ထွက်သွားလေသည်။

ဆရာ၏ စကားများမှာ မှန်သည်။

“မိန်းကလေးယူယူ ဒီမှာ မင်းအခု…” သခင်ကြီးဂျီသည် သူမကို သင်ခိုင်း ချင်သည်။ သို့သော် ပစ္စည်းများကိုကြည့်ပြီး မဖြစ်နိုင်တော့ပေ။

“ကျွန်မကိုကြည့်လို့ ဘာအသုံးဝင်တော့မှာလဲ ရှင့်မှာ ဆေးပင်တွေမှမရှိ တော့တာ၊ ကျွန်မက ရှင့်ကိုရှင်းပြရင်တောင် လေ့ကျင့်ဖို့အတွက် အလုပ်မဖြစ် တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငါ အခုပဲ ဆေးခန်းမကိုသွားပြီး လိုနေတဲ့ဆေးတွေကို ကိုယ်တိုင်သွားယူ မယ်၊ ဒါတွေကိုလည်း နည်းနည်းသွားယူခဲ့မယ်” သခင်ကြီးဂျီသည် ပြောပြီး သည်နှင့် ထွက်သွားတော့သည်။

ရှီမာယူယူသည် ခြံထဲတွင် နေခဲ့လိုက်ကာ ကလေးသည် သူမကို အိပ်ခန်း ကိုရွေးပေးလေသည်။ ကလေးထွက်သွားသည်နှင့် သူမသည် နီရဲပျားများကို လွှတ်လိုက်သည်။

သခင်ကြီးဂျီသည် သူ့ကိုယ်သူ အထိခိုက်မခံသည်ကို သူမ သိသော်လည်း ကြိုပြင်ဆင်ထားသည်က ပိုကောင်းသည်။

ထိုအချိန်တွင် မီအာနှင့်ထားခဲ့သော နီရဲပျားများသည် ဒုသခင်ထောင် ပြန် လာကြောင်းကို သတင်းပို့လေသည်။

ရှီမာယူယူသည် သူတို့ကို ဆက်စောင့်ကြည့်ခိုင်းထားသည်။ မီအာ ဒုသခင် ထောင်ကို မည်သို့ဖြေရှင်းမည်ကို သူမ အမှန်တကယ်ပင် သိချင်သည်။

***

All Chapters