← Chapters

အစီအစဉ်....

Vol. 12 Ch. 195

အစီအစဉ်....

Vol. 12 Ch. 195

" ရုပ်ခန္ဓာကို နတ်အသွင်ပြောင်းလဲခြင်းအဆင့်ထိ ကျင့်ကြံပြီးသွားပြီ။ ရုပ်ခန္ဓာနတ်စွမ်းရည်က မမွေးဖွားလာသေးဘူး။ "

တောင်ထိပ်ပေါ်တွင် လင်းယွွမ်က ခရမ်းရောင်ချီများကို စုပ်ယူပြီးနောက် သူ၏ ခေါင်းကို ခါလိုက်သည်။

" ငါကျင့်ကြံတဲ့ ရုပ်ခန္ဓာကျင့်စဉ်က ထိပ်တန်းရုပ်ခန္ဓာကျင့်စဉ် ၇၃ခုကို အခြေခံပြီး နားလည်ထားတာပဲ။ ရုပ်ခန္ဓာနတ်စွမ်းရည်လို့ခေါ်တဲ့အရာက တကယ်ပဲ ဒဏ္ဍာရီတစ်ခုလား။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။

" ဒါပေမယ့် ရုပ်ခန္ဓာနတ်စွမ်းရည်မရှိရင်တောင် ရုပ်ခန္ဓာကျင့်ကြံတာက ငါ့ကို အကျိုးအမြတ်တွေ ရစေခဲ့တယ်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူက တူညီတဲ့အဆင့်က အခြားဘယ်သူကိုမဆို အနိုင်ယူနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဤနှစ်များတစ်လျှောက်တွင် သူက ရုပ်ခန္ဓာကျင့်ကြံခြင်းလမ်းစဉ်တွင် သူ၏ ပါရမီကို ရည်ရွယ်ချက်ရှိရှိပြသခဲ့ပြီး မကြာသေးမီက သူက ရွှေအမြုတေအဆင့်ကို ထုတ်ပြခဲ့သည်။

၎င်းမှာ ကျင့်ကြံခြင်းအရင်းအမြစ်များ ရရှိရန်အတွက် သူ၏ မိဘများ၊ အကိုကြီးနှင့် ဒုတိယအမတို့ကို အဖြေပေးခြင်းပင်ဖြစ်သည်။ လင်းယွမ်က သာမန်လူတစ်ယောက်ဆိုလျှင် ​ကျင့်ကြံခြင်းအရင်းအမြစ်များစွာ လိုအပ်ခြင်းက အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားနိုင်လေသည်။

သို့သော် ရုပ်ခန္ဓာကျင့်ကြံသူတစ်ယောက်အတွက် လိုအပ်သော အရင်းအမြစ်က အခြားတူညီသော အဆင့်ရှိသူများထက် ပိုလေသည်။ ထို့အပြင် သူက တာအိုအင်မော်တယ်ဂိုဏ်း၏ တတိယမျိုးဆက်တစ်ယောက်အနေဖြင့် အဆင့်ချိုးဖျက်နေစဉ် မတော်တဆမှုများ မဖြစ်စေရန် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပို၍ လိုအပ်ပေလိမ့်မည်။

ယခုအခါ လင်းယွမ်က ရုပ်ခန္ဓာကျင့်ကြံခြင်းတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့် သို့ ရောက်သွားပြီး သိုင်းတာအိုတွင် ပဉ္စမအလွှာ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းကလည်း စတင်နေပြီး မကြာမီ ဆဋ္ဌမအလွှာသို့ ရောက်တော့မည် ဖြစ်သည်။

လင်းယွမ်က သူ၏ ရုပ်ခန္ဓာကျင့်ကြံခြင်းစွမ်းရည်ကို ထုတ်ပြခဲ့ခြင်းမှာ အရင်းအမြစ်များ ရရှိရန်သာမက သူ၏ သိုင်းတာအိုကို ဖုံးကွယ်ရန်လည်း ဖြစ်သည်။

သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်နှင့်မတူဘဲ ကွဲပြားသော ကျင့်ကြံခြင်း စနစ်များ ဖြစ်ကြလေသည်။ အနောက်ဘက်မှ နတ်ဆိုးသားရဲများ၊ မြောက်ဘက်မှ သွေးနတ်ဆိုးလမ်းစဉ်၊ တောင်ဘက်မှ မိစ္ဆာလမ်းစဉ်တို့ကဲ့သို့ ဖြစ်သည်။

တာအိုအင်မော်တယ်ဂိုဏ်းအတွက် သိုင်းတာအို နတ်ဆိုးလမ်းစဉ် စသည်ဖြင့် အားလုံးက မကောင်းသော လမ်းစဉ်များ ဖြစ်သည်ဟု ယူဆထားကြသည်။ သူတို့ကို တွေ့သည်နှင့် တိုက်ရိုက်တိုက်ခိုက်နှိမ်နင်းနိုင်လေသည်။

၎င်းမှာ မှန်သည် မှားသည် ကောင်းသည် ဆိုးသည် မရှိဘဲ မဟာတာအို၏ ကွဲလွဲမှုသာဖြစ်သည်။

ဥပမာ ကျွင်းဝူကျိက စိတ်ဝိညာဉ်အမြစ် မရှိသောကြောင့် အင်မော်တယ်လမ်းစဉ်ကို မကျင့်ကြံနိုင်သော်လည်း သူက နတ်ဆိုးလမ်းစဉ် သို့မဟုတ် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံနိုင်လေသည်။

သို့သော် အစမှအဆုံး ကျွင်းဝူကျိ၏ အဖိုးနှင့် မိဘများက ကောင်းကင်ကိုးပါးကြည်လင်ရေကို အသုံးပြုရန်သာ တွေးနေခဲ့ကြသည်။

တာအိုအင်မော်တယ်ဂိုဏ်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို နှစ်ပေါင်းတစ်သောင်းကျော် အုပ်စိုးခဲ့ပြီး သူတို့၏ တပည့်များက မိစ္ဆာ သို့မဟုတ် နတ်ဆိုးလမ်းစဉ်တစ်ခုကို လေ့လကျင့်သည်အား သိလျှင် ဂူထဲမှ ဒေါသတကြီး ထလာကြပေလိမ့်မည်။

ထို့အပြင် ကျွင်းဝူကျိကလည်း ထိုလမ်းစဉ်များကို ကျင့်ကြံရန် တစ်ခါမှစိတ်မကူးခဲ့ပေ။

တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များက ဂုဏ်သိက္ခာကြီးကြပြီး မိစ္ဆာ၊ နတ်ဆိုးများနှင့် အခြားသူများ၏ လမ်းစဉ်များကို အမြဲတမ်း ရှုံ့ချကြလေသည်။ စိတ်ဝိညာဉ်အမြစ်မရှိသည့် ကျွင်းဝူကျိပင် အင်မော်တယ်လမ်းစဉ်မှလွဲ၍ အခြားလမ်းစဉ်များအား လျှောက်လှမ်းနေသူများကို အထင်သေးခဲ့လေသည်။

" အဲ့ဒါ မဟာတာအိုရဲ့ ကွဲလွဲမှုတစ်ခုပဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ဤကမ္ဘာကြီးတွင် အင်မော်တယ်လမ်းစဉ်က ကျယ်ပြန့်စွာ ကြီးစိုးနေပြီး နတ်ဆိုးလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်နှင့် သားရဲလမ်းစဉ်တို့က ပျံ့ကြဲသွားရလေသည်။ ဆန့်ကျင်ရဲလျှင် တိုက်ရိုင်နှိမ်နင်းခြင်း ခံရပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်သည်။

လင်းယွမ်၏ သိုင်းတာအိုကို ရှာတွေ့သွားလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ကွပ်မျက်ခံရပေလိမ့်မည်။ မှန်၏။ လင်းယွမ်၏ နောက်ခံကြောင့် ကွပ်မျက်ခံရမည်မဟုတ်သော်လည်း သူအသက်ရှင်နိုင်လျှင်တောင် သူ၏ သိုင်းတာအိုကျင့်ကြံခြင်းက ဖျက်ဆီးခံရပေလိမ့်မည်။ ထို့အပြင် သေသည့်တိုင်အောင် အကျဉ်းသားတစ်ယောက်ကဲ့သို့ စောင့်ကြည့်ခံရပေလိမ့်မည်။

သိုင်းတာအိုကို အင်မော်တယ်လမ်းစဉ်နဲ့ အတူယှဉ်တွဲပြီး ရှိချင်တာလား။

ဖြစ်နိုင်လေသည်။ သို့သော် ၎င်းက စကားလုံးများနှင့် အောင်မြင်နိုင်သော အရာမဟုတ်ဘဲ ဆက်ဆံရေးများအပေါ် မှီခိုခြင်းများအပြင် အကြွင်းမဲ့ခွန်အားကိုလည်း လိုအပ်လေသည်။

တစ်နေ့ သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်ကို ခုခံနိုင်လျှင် အနည်းဆုံး တာအိုအင်မော်တယ်ဂိုဏ်း၏ ဖိနှိပ်မှုအောက်တွင် ၎င်း၏ အမွေအနှစ်ကို ဆုံးရှုံးတော့မည်မဟုတ်ပေ။ ထို့နောက် နတ်ဆိုးလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ သားရဲလမ်းစဉ်တို့ကဲ့သို့ ဘေးထွက်နေရပေလိမ့်မည်။ နှစ်ပေါင်းထောင်ချီကြာအောင် အင်အားစုသုံးခုက အကြိမ်ကြိမ် ပူးပေါင်းခဲ့ကြသော်လည်း တာအိုအင်မော်တယ်ဂိုဏ်း၏ အကြွင်းမဲ့ခွန်အားအောက်တွင် ချေမှုန်းခြင်းခံခဲ့ရသည်။

" ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ချင်ရင် တာအိုအင်မော်တယ်ဂိုဏ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဤကမ္ဘာတွင် ခြေကုပ်ယူနိုင်ရန် တာအိုအင်မော်တယ်ဂိုဏ်းက မဖြတ်ကျော်နိုင်သော အတားအဆီးတစ်ခု ဖြစ်နေသည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဟင်းလင်းပြင်သန့်စင်ခြင်း ရှေးဟောင်သူတော်စင်တစ်ယောက်ဖြစ်ပြီး ဆဋ္ဌမအလွှာ အထွတ်အထိပ် သို့မဟုတ် သတ္တမအလွှာပင် ရှိနိုင်သော တိုက်ခိုက်ရေးစွမ်းအားနှင့် ဂိုဏ်းရတနာလည်း ရှိနေလေသည်။ ထိုကြောက်စရာကောင်းသော စွမ်းအားက လင်းယွမ်ကို ဖိအားများ ခံစားရစေသည်။

" ဖြည်းဖြည်းပေါ့။ နှစ်ပေါင်း ၄၈၀ ကျန်ပါသေးတယ်။ "

" ငါ ဆဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်ရင် တာအိုအင်မော်တယ်ဂိုဏ်းရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားကို ရင်ဆိုင်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

သတ္တမအလွှာကို ချိုးဖျက်ရန်အတွက် လင်းယွမ်က မျှော်လင့်ချက်မရှိသေးပေ။ နှစ်ငါးရာတည်းနှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကို ဖန်တီးရန် ရိုးရှင်းသော အလုပ်တစ်ခု မဟုတ်ပေ။

၎င်းက သတ္တမအလွှာသို့ ရောက်အောင် ကျင့်ကြံခြင်းမဟုတ်ဘဲ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကို ဖန်တီးရန်ဖြစ်လေသည်။

လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ထိုနှစ်ခုကြားမှ ကွာခြားမှုက ကြီးမားနေဆဲ ဖြစ်သည်။

မူလကမ္ဘာတွင် သတ္တမအလွှာကို ဖန်တီးရန် နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းအထိ ကြာနိုင်လေသည်။

" အခုတော့ တာအိုအင်မော်တယ်ဂိုဏ်းအကြောင်း မေ့ထားရမယ်။ " လင်းယွမ်က အတွေးများကို စုစည်းလိုက်သည်။ သူက အနာဂတ် အန္တိမအသိအမြင်အတွက် ဤကမ္ဘာကြီးတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ချင်လေသည်။

သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန်အတွက် ပထမဆုံး အခြေခံအုတ်မြစ်ချရမည်ဖြစ်သည်။ ကျင့်ကြံခြင်းစနစ်တစ်ခု၏ တိုးတက်အောင်မြင်မှုက နေ့ချင်းညချင်း ဖြစ်ပေါ်လာနိုင်သော အရာမဟုတ်ပေ။

လင်းယွမ်က ဆဋ္ဌမအလွှာရောက်သည်အထိ စောင့်လျှင် နှစ်ပေါင်းရာချီ ကြာသွားပေလိမ့်မည်။ ထိုအချိန်တွင် သူက တာအိုအင်မော်တယ်ဂိုဏ်းကို ဆန့်ကျင်နိုင်လျှင်တောင် ကျန်ရှိသော နှစ်ပေါင်းတစ်ရာနှစ်ရာအတွင်း သိုင်းတာအိုကို ဖြန့်ကျက်ရန် မည်သို့လုပ်နိုင်မည်နည်း။

နှစ်ပေါင်းတစ်ရာနှစ်ရာအတွင်း တတိယနှင့် စတုတ္ထအလွှာ ကျင့်ကြံသူများ မထွက်ပေါ်လာနိုင်ပေ။ လင်းယွမ်ထွက်ခွာသွားလျှင် တာအိုအင်မော်တယ်ဂိုဏ်း၏ တန်ပြန်တိုက်ခိုက်မှုကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပျောက်ကွယ်သွားရပေလိမ့်မည်။

ထို့ကြောင့် သူက သိုင်းတာအိုကို ဖြန့်ကျက်ချင်လျှင် နှစ်ပေါင်းလေးရာကျော်အတွင်း တိုးတက်စေရန် အစီအစဉ်ချထားရပေလိမ့်မည်။ ၎င်းက လင်းယွမ်၏ အရှိန်အဝါထက် ကျော်လွန်ရပေလိမ့်မည်။ လင်းယွမ်က ဤကမ္ဘာတွင် ရှိနေသော နှစ်ငါးရာအတွင်းသာ အားလုံးကို လုပ်ဆောင်နိုင်ပေလိမ့်မည်။

" ဒီကောင်းကင်နဲ့မြေကြီးရဲ့ ကမ္ဘာစိတ်အသိ... " လင်းယွမ်က ၎င်းကို ဂရုတစိုက် ခံစားလိုက်သည်။

" အခြားကျင့်ကြံခြင်းစနစ်တွေရဲ့ ဖိနှိပ်မှုက အဲ့လောက်မပြင်းထန်ဘူး။ " လင်းယွမ်က စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။

မတူညီသော ကမ္ဘာများ၏ စိတ်အသိများကလည်း ကွဲပြားလေသည်။ လင်းယွမ်သွားခဲ့သော စတုတ္ထကမ္ဘာမှ ကမ္ဘာစိတ်အသိက အခြားကျင့်ကြံခြင်းစနစ်များကို လက်ခံနိုင်ခြင်းမရှိပေ။

သို့သော် လက်ရှိ အင်မော်တယ်တာအိုကမ္ဘာ၏ စိတ်အသိက ကျင့်ကြံခြင်းစနစ်များကို လက်ခံနိုင်ပုံရလေသည်။ မဟုတ်လျှင် နတ်ဆိုးလမ်းစဉ်၊ သားရဲလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့က အတူယှဉ်တွဲရှိနေနိုင်မည်မဟုတ်ပေ။

" နှစ်နှစ်ဆယ်အနားယူပြီးပြီဆိုတော့ အခါလှုပ်ရှားရမယ့် အချိန်ပဲ။ " လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေသည်။

အစီအစဉ်ကလည်း ခွန်အားပေါ်တွင် မူတည်လေသည်။ လင်းယွမ်က ဒုတိယအလွှာ သို့မဟုတ် တတိယအလွှာတွင် ရှိနေလျှင် အကြမ်းဖျင်းအားဖြင့် ဤကမ္ဘာပေါ်ရှိ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်တို့နှင့် ညီမျှပေလိမ့်မည်။

စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်နှင့် နတ်အသွင်ပြောင်းလဲခြင်းအဆင့်တို့နှင့် ရင်ဆိုင်ရလျှင် သူ၏ အစီအစဉ်များကို အကောင်အထည်ဖော်နိုင်စွမ်းမရှိဘဲ သူ၏ အသက်ကိုသာ ကာကွယ်နိုင်ပေလိမ့်မည်။

ယခုအချိန်တွင် လင်းယွမ်က ပဉ္စမအလွှာ အထွတ်အထိပ်တွင် ရှိနေလေသည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့်နှင့် ရင်ဆိုင်နိုင်ရုံသာမက သူ၏ များစွာသော နည်းစနစ်များနှင့် ရှေးဟောင်းသူတော်စင်တစ်ယောက်နှင့်ပင် ရင်ဆိုင်နိုင်လေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ဖို့ဆို ငါ ပထမဆုံး သိုင်းတာအိုကျင့်ကြံသူတွေပဲ ပါဝင်တဲ့ အင်အားစုတစ်ခု ထူထောင်ရမယ်။ ပြီးတော့ အင်အားစုတစ်ခု ထူထောင်ဖို့ဆို နယ်မြေတစ်ခု အပိုင်ရှိရလိမ့်မယ်။ " လင်းယွမ်၏ စိတ်က အနည်းငယ် တုန်ခါသွားပြီး သူ၏ မျက်စိရှေ့တွင် မြေပုံတစ်ခုပေါ်လာသည်။

မြေပုံ၏ အလယ်တွင် တာအိုအင်မော်တယ်ဂိုဏ်းရှိရာ အလယ်ပိုင်းနတ်ဘုရားကုန်းမြေဖြစ်၏။

မြောက်ဘက်တွင် သွေးနတ်ဆိုးနှင့် နတ်ဆိုးကျင့်ကြံသူများနေထိုင်သည့် သွေးနီရောင်နယ်မြေရှိသည်။

အနောက်ဘက်တွင် နတ်ဆိုးသားရဲများ နေထိုင်သော ရှေးဟောင်းသူတော်စင်အဆင့်ရှိသော နတ်ဆိုးသူတော်စင်ပိုင်ဆိုင်သည့် နတ်ဆိုးသူတော်အသိုက်ရှိသည်။

တောင်ဘက်တွင် မိစ္ဆာကျင့်ကြံသူများ နေထိုင်ပြီး ဆန်းကျယ်သော မိစ္ဆာနန်းတော် တည်ရှိလေသည်။

လင်းယွမ်၏ အကြည့်က မြေပုံတစ်လျှောက် ရွေ့လျားနေသည်။ နေရာသုံးခုက အင်အားစုကြီးသုံးခု ကြီးစိုးထားသောကြောင့် သိုင်းတာအိုကို ဖြန့်ကျက်ရန် ခက်ခဲပေလိမ့်မည်။

" အရှေ့ဘက်..." လင်းယွမ်၏ အကြည့်က အရှေ့ပိုင်းနယ်မြေပေါ်သို့ ကျရောက်သွားသည်။

အရှေ့ဘက်နယ်မြေက အရှေ့ပင်လယ်အစွန်တွင် တည်ရှိပြီး တရားဥပဒေ ကြီးစိုးမှုမရှိသော နေရာဖြစ်သည်။ တာအိုအင်မော်တယ်ဂိုဏ်းကို ဆန့်ကျင်မိသော လူများက အရှေ့ပင်လယ်သို့ ထွက်ပြေးခဲ့ကြပြီး သူတို့ သေခြင်းကို သူတို့ မရှာဖွေသရွေ့ လွတ်လပ်စွာ နေနိုင်ကြလေသည်။

" အရှေ့ပင်လယ်ကနေစတာ ဖြစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

All Chapters