← Chapters

ချီခွန်ပင်မကြယ်သို့....

Vol. 12 Ch. 181

ချီခွန်ပင်မကြယ်သို့....

Vol. 12 Ch. 181

" ဒါဆို ဒါက ဆဋ္ဌမအလွှာပေါ့။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ယခုအချိန်တွင် သူက အရာအားလုံး ပြောင်းလဲသွားသည်ကို ခံစားနေရသည်။ ဆန်းကြယ်သော စကြာဝဠာစွမ်းအားများကို မြင်နိုင်လာပြီး အထူးသဖြင့် ထိုင်ယင်နှင့် ထိုက်ယန်စွမ်းအားများ ဖြစ်သည်။

" နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

မူလကမ္ဘာတွင် လူသားမျိုးနွယ်ဖြစ်စေ မျိုးနွယ်ခြားများဖြစ်စေ ၎င်းက နယ်နိမိတ်တစ်ခု ဖြစ်သည်။ ၎င်းက ဂြိုလ်အသက်နှင့် စကြာဝဠာအသက်တို့ကို ကိုယ်စားပြုသည်။

ဆဋ္ဌမအလွှာသို့ မရောက်မီ အသက်က အလွန်ပျက်ဆီးလွယ်လေသည်။ ပစ္စည်းများ၏ အကူအညီမပါဘဲ ကမ္ဘာပြင်ပတွင် အသက်ရှင်နိုင်ခြင်းမရှိပေ။ သို့သော် ဆဋ္ဌမအလွှာတွင် စကြာဝဠာက အိမ်တစ်ခုနှင့် တူပေလိမ့်မည်။

ဝှစ်....

လင်းယွမ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ကန်လန်ကြယ်၏ အပြင်ဘက်တွင် ပေါ်လာသည်။

နက်နဲကျယ်ပြောလှသော စကြာဝဠာထဲတွင် လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ သာမန်အားဖြင့် ဖရိုဖရဲနှင့် ပြင်းထန်သော စကြာဝဠာစွမ်းအားများက ယခု သူ၏ ခန္ဓာကိုယ်ထဲသို့ ချောမွေ့စွာ စီးဆင်းနေကြသည်။

" ကန်လန်ကြယ်..." လင်းယွမ်က ကန်လန်ကြယ်ကို ကြည့်လိုက်သည်။

ယခင်က အလွန်ကြီးမားသော ကန်လန်ကြယ်က ယခုအချိန်တွင် အားနည်းနေပုံရသည်။ ၎င်း၏ ဂြိုလ်ကာကွယ်ရေးစနစ်ပင် လင်းယွမ်အလိုရှိလျှင် အချိန်တိုအတွင်း ဖျက်ဆီးနိုင်လေသည်။ ကန်လန်ကြယ်ပေါ်မှ နိုင်ငံသားပေါင်းများစွာ၏ အသက်များကို လင်းယွမ်၏ အတွေးတစ်ချက်နှင့် ဖျက်ဆီးနိုင်လေသည်။

ဂြိုလ်ကာကွယ်ရေးစနစ်က လင်းယွမ်ကို ခနမျှသာ နှောင့်နှေးစေနိုင်ပြီး သူ့ကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။

" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ဘယ်ဘက်အရပ်သို့ ကြည့်လိုက်သည်။

" ညီငယ်လေး..." ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက် ပေါ်လာသည်။

" အကိုကြီး..." လင်းယွမ်က ထိပ်ပြောင်လူ၏ အငွေ့အသက်ကို ခံစားမိပြီး သူ၏ အကိုကြီးမှန်း ချက်ချင်း သိလိုက်သည်။

" ပြီးတော့..." လင်းယွမ်၏ အကြည့်က အခြားတစ်နေရာသို့ ရွေ့လျားသွားသည်။

ထိုနေရညတွင် အရပ်ပုပုနှင့်လူတစ်ယောက် ပေါ်လာသည်။ " ဉာဏ်ပညာနတ်ဘုရားက ငါ့ကို ဒီနေရာလွှတ်လိုက်တာပဲ။ "

" ဉာဏ်ပညာနတ်ဘုရား... " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားကို ဆက်သွယ်ပြီး အတည်ပြုလိုက်သည်။

" တကယ် ဉာဏ်ပညာနတ်ဘုရားလား။ " စီနီယာအကိုကြီးက အံ့ဩသွား၏။ သူက လင်းယွမ်ကို ကာကွယ်နေစဉ် အရပ်ပုပုနှင့်လူ၏ တည်ရှိမှုကိုလည်း ခံစားမိခဲ့သည်။

သူတို့နှစ်ယောက်က တိုက်ခိုက်လုနီးပါးဖြစ်ခဲ့သော်လည်း နတ်ဆိုးကြွက်မျိုးနွယ်က လင်းယွမ်ကို ကာကွယ်ရန် ဉာဏ်ပညာနတ်ဘုရား၏ စေလွှတ်ခြင်းခံခဲ့ရသည်ကို ပြောပြခဲ့သည်။

၎င်းကို ကြားသောအခါ စီနီယာအကိုကြီးက သံသယရှိသော်လည်း တိုက်ခိုက်ခြင်းမရှိဘဲ နတ်ဆိုးကြွက်မျိုးနွယ်ကိုသာ စောင့်ကြည့်နေခဲ့သည်။

သူက လင်းယွမ်ကို ကာကွယ်နေချိန်တွင် လူပုလေးက လှုပ်ရှားခြင်း မရှိခဲ့ပေ။ အကယ်၍ သူက မကောင်းသော ရည်ရွယ်ချက်များ ရှိလျှင် လင်းယွမ် ဆဋ္ဌမအလွှာသို့ အောင်မြင်သည့်တိုင်အောင် စောင့်ဆိုင်းနေမည်မဟုတ်ပေ။

" မစ္စတာလင်းက.... ချီခွန်မျိုးနွယ်ရဲ့ ၁၃ ယောက်မြောက် တပည့်လား။ " လူပုလေးက လင်းယွမ်ကို ဂရုတစိုက် ကြည့်ပြီး ပြောလိုက်သည်။

၎င်းက ခန့်မှန်းရလွယ်ကူလေသည်။ ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်က ဆဋ္ဌမအလွှာသို့ ရောက်လုနီးပါး စွမ်းအားကြောင့် ကျော်ကြားခဲ့ပြီး ယခု လင်းယွမ်ကလည်း ဆဋ္ဌမအလွှာသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ထို့အပြင် လင်းယွမ်က သတ္တမအလွှာ ကာကွယ်သူတစ်ယောက်ရှိပြီး ၎င်းကို ချီခွန်မျိုးနွယ်ကသာ တတ်နိုင်ပေလိမ့်မည်။

" နတ်ဆိုးမျိုးနွယ်ရဲ့ အရှင်သခင် မင်းရဲ့ ကာကွယ်မှုအတွက် ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က အချက်အလက်များ အတည်ပြုပြီးနောက် ကျေးဇူးတင်စကား ပြောလိုက်သည်။

" ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါက အမိန့်နာခံရုံပါပဲ။ " လူပုလေးက သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါက ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အထောက်အထားကို သိချင်ခဲ့ပေမယ့် ငါကာကွယ်ပေးနေတဲ့ လင်းယွမ်ဖြစ်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့မိဘူး။ "

ရှစ်စန်းတောင်ထိပ်သခင်၏ အထောက်အထားများ ထွက်ပေါ်လာချိန်တွင် အနီးရှိ ကြယ်နယ်မြေများအားလုံး တုန်လှုပ်သွားကြပေလိမ့်မည်။

" မစ္စတာလင်းက ဆဋ္ဌမအလွှာကို ရောက်ပြီဆိုတော့ ကျုပ်လည်း ထွက်သွားတော့မယ်။ " လူပုလေးက လင်းယွမ်ကို အနည်းငယ် အရိုအသေပေးပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။

ဉာဏ်ပညာနတ်ဘုရားက လင်းယွမ်ကို ဆဋ္ဌမအလွှာသို့ ရောက်သည်အထိ ကာကွယ်ရန် သူ့ကို အမိန့်ပေးခဲ့သည်။ ယခု လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်ပြီဖြစ်သောကြောင့် တာဝန်က ပြီးမြောက်သွားပြီဖြစ်သည်။

လင်းယွမ်နှင့် ထိပ်ပြောင်လူတို့က ဆရာတူညီအကိုများဖြစ်ပြီး ပြောစရာများ ရှိနေမည်ဖြစ်သောကြောင့် သူက အလိုက်တသိ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

" ဒါဆို သူက နတ်ဆိုးကြွက်မျိုးနွယ်ရဲ့ ဘုရင်ပေါ့။ " စီနီယာအကိုကြီးက လူပုလေး ပျောက်ကွယ်သွားသော နေရာသို့ကြည့်ပြီး ပြောလိုက်သည်။

" နတ်ဆိုးကြွက်မျိုးနွယ် ဘုရင်လား။ " အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

လွန်ခဲ့သော နှစ်တစ်သန်းကျော်က နတ်ဆိုးကြွက်မျိုးနွယ်မှာ လူသားမျိုးနွယ်ကို အညံ့ခံခဲ့သည့်အကြောင်းကို သူသိလေသည်။ ဉာဏ်ပညာနတ်ဘုရားက သူ့ကို ကာကွယ်ရန် ထိုလူပုလေးအား စေလွှတ်ခြင်းမှာ သူမက ထိုလူအပေါ် အကြွင်းမဲ့ယုံကြည်မှုရှိသည်ကို ပြသနေသည်။

အမှန်မှာ ဤမျှလောက်ကြာအောင် လူသားမျိုးနွယ်နှင့် ပူးပေါင်းသွားသော ထိုမျိုးနွယ်များက အခြားလူသားများထက် ပို၍ သစ္စာရှိပေလိမ့်မည်။ သူတို့၏ ဆွေးမျိုးများနှင့် မိသားစုများက လူသားမျိုးနွယ်အတွင်း နေထိုင်ကြလေသည်။ သူတို့သစ္စာဖောက်လျှင် အကျိုးဆက်ကို မျိုးဆက်များအားလုံး ခံစားရပေလိမ့်မည်။

ဘုရင်တစ်ယောက်အနေဖြင့် သူက သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လေသည်။ ပထမအလွှာမှ ဆဋ္ဌမအလွှာထိ အဆင့် ၁၂ ဆင့်စီ ရှိကြသော်လည်း သတ္တမအလွှာများက အဆင့်သုံးဆင့်သာ ရှိလေသည်။ ၎င်းတို့မှာ မှူးမတ်၊ အမတ်နှင့် ဘုရင်တို့ဖြစ်ကြသည်။

သတ္တမအလွှာ ဘုရင်အဆင့်က သတ္တမအလွှာ အထွတ်အထိပ်ဖြစ်ပြီး စစ်မြေပြင်တွင် ဧရိယာတစ်ခုကို လွှမ်းမိုးနိုင်စွမ်းရှိလေသည်။

" ကျေးဇူးတင်ပါတယ် အကိုကြီး။ " လင်းယွမ်က ပြောလိုက်သည်။ လင်းယွမ်က သူ့အားမည်သို့ကာကွယ်ပေးမည်ကို သူ၏ စီနီယာအကိုကြီးအား မေးချိန်တွင် စီနီယာအကိုကြီးက အလွန်ယုံကြည်မှုရှိနေသည်မှာ အံ့ဩစရာမရှိပေ။

သူက ကန်လန်ကြယ်သို့ ကိုယ်တိုင်လာပြီး သူ၏ ညီငယ်လေးကို အေးအေးဆေးဆေး ကျင့်ကြံစေခဲ့ခြင်းဖြစ်သည်။

" ငါတို့က ညီအကိုတွေပဲ ကျေးဇူးတင်ဖို့မလိုဘူး။ " စီနီယာအကိုကြီးက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

" ညီငယ်လေး မင်း ဆဋ္ဌမအလွှာကို ရောက်တာ ဘယ်သူမှမသိသေးခင် ငါနဲ့အတူ ချီခွန်ကြယ်ကို လိုက်ခဲ့ပါ။ " စီနီယာအကိုကြီးက တစ်စုံတစ်ခုကို တွေးပြီး ပြောလိုက်သည်။

နတ်ဆိုးကြွက်မျိုးနွယ်မှ လူပုလေးက လင်းယွမ် ဆဋ္ဌမအလွှာသို့ ရောက်သည်ကို သိသွားသော်လည်း သူက သေချာပေါက် အခြားသူများကို ပြောပြမည်မဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်အထိ လင်းယွမ် ဆဋ္ဌမအလွှာသို့ ရောက်သည်ကို ဘယ်သူမှမသိကြပေ။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး ကန်လန်ကြယ်ကို ကြည့်လိုက်သည်။ " ကျွန်တော်တို့..."

" ငါတို့ ချီခွန်ပင်မကြယ်ကို ဘယ်လိုသွားမလဲ မင်းသိချင်တာ မဟုတ်လား။ " စီနီယာအကိုကြီးက ပြုံး၍ ပြောလိုက်သည်။ " ငါတစ်ယောက်ထဲဆိုရင်တော့ အာကာသယာဉ်နဲ့ အေးအေးဆေးဆေး ပြန်မှာပေါ့။ "

" ဒါပေမယ့် ညီငယ်လေးနဲ့ဆိုရင်တော့ မလိုအပ်တဲ့ပြဿနာတွေ ရှောင်ရှားဖို့ တိုက်ရိုက် နေရာရွေ့ပြောင်းလို့ရတယ်။ " စီနီယာအကိုကြီး၏ စကားဆုံစသည်နှင့် ငါးရောင်ခြယ်သလင်းကျောက်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။

ထိုသလင်းကျောက်က မှော်ကုဗတုံးတစ်ခုနှင့်တူပြီး လေဟာနယ်စွမ်းအားများ ထုတ်လွှတ်နေသည်။

" ဒီမှော်ကုဗတုံးက...." လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူမှ ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပါဝင်သည့် မှော်ကုဗတုံးကြီးကို သတိရသွား၏။

" ဒါက ဆရာပေးထားတဲ့ မှော်ကုဗတုံးပဲ။ ချေမွလိုက်ရင် လေဟာနယ်လမ်းကြောင်းတစ်ခုပေါ်လာပြီး ချီခွန်ပင်မကြယ်နဲ့ ချိတ်ဆက်ပေးလိမ့်မယ်။ " စီနီယာအကိုကြီးက ပြုံး၍ ပြောလိုက်သည်။

သူက မှော်ကုဗတုံးကို အနည်းငယ် ဖိလိုက်သည်နှင့် ၎င်းက ချက်ချင်း အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ မရေတွက်နိုင်သော အမှုန့်များအောက်တွင် လေဟာနယ်စွမ်းအားများက စတင်စုစည်းလာသည်။ ထို့နောက် စီနီယာအကိုကြီး၏ ရှေ့တွင် လေဟာနယ်တံခါးတစ်ခု ဖြစ်ပေါ်လာသည်။

" သွားစို့ ညီငယ်လေး။ " စီနီယာအကိုကြီးက ပြောလိုက်သည်။ " လေဟာနယ်လမ်းကြောင်းက ဆဋ္ဌမအလွှာတွေတောင် အလွယ်တကူ ဖြတ်သန်းဖို့ ခက်ခဲတယ်။ "

" အကိုကြီး..." လင်းယွမ်က ကန်လန်ကြယ်ကို ငုံ့ကြည့်လိုက်သည်။

" မင်းရဲ့ မိသားစုကို စိတ်ပူလို့လား။ " စီနီယာအကိုကြီးက ရယ်လိုက်သည်။ " စိတ်ချပါ။ မင်း ချီခွန်ကြယ်ကို ရောက်ရင် ငါတို့က မင်းရဲ့ အထောက်အထားကို လီမင်ကြယ်ကို အရင်သတင်းပို့ပြီးမှ လီမင်ကြယ်က အပြင်လောကကို ကြေညာပေးလိမ့်မယ်။ "

" လီမင်ကြယ်က ဒီသတင်းကို လက်ခံရတာနဲ့ ညီငယ်လေးရဲ့ မိသားစုတွေကို ကာကွယ်ဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ပေးလိမ့်မယ်။ "စီနီယာအကိုကြီးက ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒါကြောင့် မင်းရဲ့ မိသားစုအတွက် စိတ်ပူဖို့ မလိုပါဘူး။ "

" မျိုးနွယ်ခြားတွေက ငါတို့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တွေကို လုပ်ကြံကြတယ်ဆိုပေမယ့် သူတို့ရဲ့ မိသားစုတွေကို စိတ်မဝင်စားကြဘူး။ "

" စိတ်မဝင်စားဘူးလား။ " လင်းယွမ်က အံ့ဩသွား၏။

" မင်းရဲ့ မိသားစုက မျိုးနွယ်ခြားတွေရဲ့ သတ်ဖြတ်တာ ခံလိုက်ရရင် မင်းက ပျက်ဆီးသွားမှာလား။ "

" မပျက်ဆီးဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ " ကျွန်တော် နားလည်ပြီ။ "

အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများက ကောင်းကင်နှင့်မြေကြီးအား ဖျက်ဆီးနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ကြပြီး သူတို့၏ စိတ်အခြေအနေများက ပြည့်စုံနေပြီဖြစ်သည်။ သူတို့၏ မိသားစုများ သေဆုံးသွားလျှင် မျိုးနွယ်ခြားများအပေါ် ပို၍ မုန်းတီးသွားကြပြီး ပြင်းထန်စွာ လက်စားချေကြပေလိမ့်မည်။ စစ်မှန်သော ပါရမီရှင်တစ်ယောက်ဖြစ်လျှင် သူတို့၏ တိုးတက်မှုကို ပို၍ လျင်မြန်အောင် တွန်းအားပေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

" သွားစို့...."

လင်းယွမ်က ကန်လန်ကြယ်ကို နောက်ဆုံးတစ်ကြိမ် ကြည့်ပြီးနောက် သူ၏ စိနီယာအကိုကြီးနောက်မှ လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။

" ဒီလေဟာနယ်စွမ်းအား..." လင်းယွမ်က အံ့ဩသွား၏။ သူက လေဟာနယ်လမ်းကြောင်း၏ ကာကွယ်ပေးခြင်း ခံထားရသော်လည်း ပြင်းထန်သော စွမ်းအားများကို ခံစားမိနေဆဲ ဖြစ်သည်။

ထိုစွမ်းအားများက လင်းယွမ် နတ်လက်နက်ကမ္ဘာတွင် ဝင်ရောက်ခဲ့သော ဟင်းလင်းပြင်အက်ကြောင်းထက် ပို၍ သန်မာလေသည်။ သို့သော် ယခု လေဟာနယ်မှော်ကုဗတုံး အမှုန့်များက သူ့ကို ကာကွယ်ပေးထားလေသည်။

" လေဟာနယ်နိယာမ အရမ်းအံ့ဩစရာကောင်းတယ်။ "

All Chapters