← Chapters

အသက်တံဆိပ်....

Vol. 12 Ch. 182

အသက်တံဆိပ်....

Vol. 12 Ch. 182

လင်းယွမ်က သူ၏ စီနီယာအကိုကြီးနောက်မှ တစ်လှမ်းချင်း လိုက်ပါသွားသည်။ လေဟာနယ်လမ်းကြောင်းထဲတွင် သူ၏ ခြေတစ်လှမ်းက မီတာပေါင်းများစွာသို့ ရောက်သွားသကဲ့သို့ ခံစားနေရသည်။

လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူရှိ မှော်ကုဗတုံးထဲမှ လေဟာနယ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာခဲ့ပြီး လေဟာနယ်နိယာမကို အနည်းငယ် နားလည်ထားလေသည်။ သို့သော် ယခု သူကြုံတွေ့ရသော နက်နဲသည့် လေဟာနယ်စွမ်းအားများနှင့် ယှဉ်လျှင် ၎င်းက ပိုးစုန်းကြူးနှင့် လမင်းကြီးသဖွယ် ဖြစ်နေလေသည်။

အလွန်လျင်မြန်စွာပင် ခြေဆယ်လှမ်းကျော်အတွင်း လင်းယွမ်တို့က လေဟာနယ်လမ်းကြောင်း၏ အခြားတစ်ဖက်သို့ ရောက်သွားကြသည်။ အဝေးတွင် ကန်လန်ကြယ်ထက် အဆရာပေါင်းများစွာ ကြီးမားသော ဂြိုလ်တစ်လုံးပေါ်လာသည်။

" အဲ့ဒါ ချီခွန်ပင်မကြယ်ပဲ။ " စီနီယာအကိုကြီးက ပြုံးလိုက်သည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်လုံးက လုံးဝ လုံခြုံသွားသည်ကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က သူတို့ကို တိုက်ခိုက်လျှင်တောင် ချီခွန်ကြယ်သခင်၏ တားဆီးခြင်းကို ခံရပေလိမ့်မည်။

" စွမ်းအားကောင်းတဲ့လူတွေ အများကြီးပဲ။ " လင်းယွမ်က ချီခွန်ပင်မကြယ်မှ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများ၏ အော်ရာကို ခံစားလိုက်ရပြီး ချီခွန်ပင်မကြယ်တွင် ဆဋ္ဌမအလွှာများက ရှားပါးခြင်း မရှိပေ။

" ငါ ဆဋ္ဌမအလွှာကို ရောက်သွားတော့ ငါ့ရဲ့ စိတ်ဝိညာဉ်က ပြည့်စုံသွားပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ လုံးဝ ပေါင်းစပ်သွားပြီ။ "

" ဆရာလို စွမ်းအားကြီးတဲ့သူတောင် ငါ ကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မြင်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

၁၃ ယောက်မြောက် တောင်ထိပ်သခင်ဖြစ်လာပြီးနောက် လင်းယွမ်က ချီခွန်ပင်မကြယ်သို့ လာရန် တွန့်ဆုတ်နေခဲ့သည်။ သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခြားသူများ တွေ့မြင်သွားမည်ကို စိုးရိမ်ခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာသို့ ရောက်နိုင်သော အလားအလာ ရှိလေသည်။

ထို့ကြောင့် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူတစ်ယောက်အနေဖြင့် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်များ ဖြစ်ပြီး ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ၁၃ ယောက်ထဲမှ တစ်ယောက်ထက် သာလွန်လေသည်။

" ငါ့နောက်လိုက်ခဲ့။ " စီနီယာအကိုကြီးက လက်ဝှေ့ရမ်းလိုက်သည်နှင့် လေဟာနယ်က တွန့်လိမ်သွားပြီး သူတို့၏ တည်ရှိမှုနှင့် အော်ရာများကို ဖုံးကွယ်သွားသည်။

ဝှစ်.....

စီနီယာအကိုကြီးနှင့် လင်းယွမ်တို့က ချီခွန်ပင်မကြယ်သို့ ဝင်ရောက်သွားကြသည်။

ထိုအချိန်တွင် စွမ်းအားလှိုင်းများစွာ ထွက်ပေါ်လာပြီး သူတို့၏ အထောက်အထားများကို အတည်ပြုသွားခဲ့သည်။ မကြာမီ သူတို့က ဂြိုလ်အလယ်မှ တောင်ထိပ်ဆယ်ခုကျော်ဆီသို့ ရောက်သွားကြသည်။

ထိုတောင်များက ၁၄လုံး ရှိပြီး အလယ်တွင် ချီခွန်ကြယ်သခင်ပိုင်ဆိုင်သော အကြီးဆုံးတောင်ထိပ်တစ်ခု ရှိနေသည်။ အခြားတောင်ထိပ်များက လင်းယွမ်နှင့် အခြားတပည့် ၁၂ ယောက်က ပိုင်ဆိုင်လေသည်။

လမ်းလျှောက်နေစဉ် စီနီယာအကိုကြီးက စကားပြောလိုက်သည်။ " အခု ညီငယ်လေးက ပင်မကြယ်ကို ရောက်လာပြီဆိုတော့ ငါတို့ ချီခွန်မျိုးနွယ်က ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အချက်အလက်တွေကို ပြင်ဆင်ရလိမ့်မယ်။ "

" ညီငယ်လေးက ကန်လန်ကြယ်ကလာပြီး ကန်လန်ကြယ်က လီမင်ကြယ်စနစ်ထဲက အသက်ဂြိုလ်တစ်ခုဖြစ်လို့ ချီခွန်မျိုးနွယ်က အဲ့ဒါကို လီမင်ကြယ်စနစ်ကို အရင်သတင်းပို့ပြီးမှ အခြားနေရာတွေကို သတင်းဖြန့်ခိုင်းလိုက်မယ်။ "

" ကောင်းပြီ။ " လင်းယွမ်က ခေါင်း​ငြမ့်လိုက်သည်။

ဆဋ္ဌမအလွှာသို့ ရောက်ပြီးနောက် လင်းယွမ်က ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်ဟူသော ရာထူးကို အပြည့်အဝ ခံနိုင်ပြီဖြစ်သည်။ စီနီယာအကိုကြီး၊ အကိုနှစ်၊ အကိုသုံးတို့မှလွဲ၍ ကျန်သည့်အကိုများက ဆဋ္ဌမအလွှာတွင် ရှိကြလေသည်။

ချီခွန်ကြယ်သခင်က ကြယ်ပင်လယ်ခွန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် သတ္တမအလွှာသို့ ရောက်မှသာ လူသားမျိုးနွယ်သို့ ပြန်လာရဲခဲ့သည်။ အကြောင်းမှာ ချီခွန်ကြယ်သခင်က ကြယ်ပင်လန်ခွန်ငယ်၏ မိဘများအပြင် အခြားအန္တရာယ်များကိုလည်း စိုးရိမ်သောကြောင့် ဖြစ်သည်။ ကြယ်ပင်လယ်ခွန်များက ရှားပါးသော်လည်း ၎င်းထက် ပိုသန်မာသော တည်ရှိမှုများလည်း ရှိကြလေသည်။

" ချန်ရှီက သူ့ရဲ့ လီမင်ကြယ်စနစ်က ညီငယ်လေးလို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာ သိရင် ဘယ်လိုခံစားရမလဲမသိဘူး။ " စီနီယာအကိုကြီးက ခံစားချက်များနှင့် ပြောလိုက်သည်။

ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ၁၃ယောက်ထဲမှ တစ်ယောက်အနေဖြင့် လင်းယွမ်က ကြယ်စနစ်တစ်ခု၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်လေသည်။

လီမင်ကြယ်စနစ်က လင်းယွမ်ထွက်ပေါ်လာသော နေရာဖြစ်သောကြောင့် သူ့ကို မှီခိုမှုရှိပေလိမ့်မည်။ လီမင်ကြယ်စနစ်က သူ့ဘာသာသူ မပျက်စီးသရွေ့ ချီခွန်နယ်မြေတွင် လင်းယွမ်၏ ထောက်ခံမှုကို ရရှိသည်နှင့် တူညီပြီး ၎င်းတို့၏ ဩဇာအာဏာက မြင့်တက်လာပေလိမ့်မည်။

၎င်းက ကြယ်စနစ်တစ်ခုဖြစ်ပြီး ကန်လန်ကြယ်အတွက် လင်းယွမ်သာ ဆန္ဒရှိလျှင် ၎င်းကို အဆင့်မြင့်အသက်ဂြိုလ်အဖြစ် ပြောင်းလဲနိုင်လေသည်။

အလယ်အဆင့်မှ အဆင့်မြင့် အသက်ဂြိုလ်အဖြစ် မြှင့်တင်နိုင်ရန် ဂြိုလ်တစ်ခု ထိန်းသိမ်းနိုင်သော စကြာဝဠာစွမ်းအား၊ စွမ်းအားကောင်းသူများအရေအတွက် စသည်ဖြင့် ရှုထောင့်အမျိုးမျိုး ပါဝင်လေသည်။ သာမန်အားဖြင့် အဆင့်မြင့်အသက်ဂြိုလ်များက မူလကတည်းကဖြစ်ပြီး အလယ်အဆင့်ဂြိုလ်မှ အဆင့်မြင့်အသက်ဂြိုလ်အဖြစ်သို့ တိုးမြင့်နိုင်ခြင်းက အနည်းငယ်သာ ရှိလေသည်။

ကုန်ကျစရိတ်က အလွန်ကြီးမားလေသည်။ သို့သော် ချီခွန်မျိုးနွယ်မှ တောင်ထိပ်သခင်တစ်ယောက်ဖြစ်သော လင်းယွမ်၏ အကူအညီနှင့် ကန်လန်ကြယ်က အဆင့်မြင့်အသက်ဂြိုလ်ဖြစ်လာရန် အချိန်တစ်ခုသာ လိုအပ်လေသည်။

" အကိုကြီး အခု ဆရာကို သွားတွေ့မှာလား။ " လင်းယွမ်က မေးလိုက်သည်။

" ဆရာကို သွားတွေ့ဖို့လား။ " စီနီယာအကိုကြီးက သူ၏ ခေါင်းကို ခါလိုက်သည်။ " မလိုဘူး။ "

" ငါတို့ ချီခွန်ပင်မကြယ်ထဲဝင်လာကတည်းက ဆရာက သိပြီးနေပြီ။ သွားတွေ့တာ မတွေ့တာက အရေးမကြီးဘူး။ " စီနီယာအကိုကြီးက လင်းယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ " ညီငယ်လေး အခု အရေးကြီးဆုံးက ဆရာကို သွားတွေ့ဖို့လည်း မဟုတ်သလို ဆက်ကျင့်ကြံဖို့လည်း မဟုတ်ဘူး။ "

" အရေးကြီးဆုံးက မင်းရဲ့ အသက်အဆီအနှစ်ကို စကြာဝဠာထဲမှာ မြှုပ်နှံထားဖို့ပဲ။ " စီနီယာအကိုကြီးက လေးနက်စွာ ပြောလိုက်သည်။

ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ အသက်အဆီအနှစ်က စကြာဝဠာထဲတွင် အမှတ်အသားတစ်ခု ချန်ထားနိုင်လောက်အောင် အားကောင်းလှသည်။ ထိုအမှတ်အသားကို အသက်တံဆိပ်ဟုလည်း ခေါ်ကြပြီး လင်းယွမ်က ကျဆုံးခဲ့လျှင်တောင် အသက်တံဆိပ်ကို အသုံးပြုပြီး ပြန်လည်ရှင်သန်နိုင်လေသည်။ ဆဋ္ဌမအလွှာအောက်များကတော့ သူတို့၏ အသက်အဆီအနှစ်က လုံလောက်အောင် မသန်မာသောကြောင့် သူတို့သေလျှင် တကယ်သေသွားမည်ဖြစ်ပြီး ဘယ်တော့မှပြန်လည်ရှင်သန်နိုင်မည်မဟုတ်ပေ။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

လူတစ်ယောက်၏ အသက်တံဆိပ်ကို စကြာဝဠာထဲသို့ ခပ်နှိပ်ထားခြင်းက ဆဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူတိုင်း လုပ်နိုင်သော အရာဖြစ်လေသည်။ အနာဂတ်တွင် ပြန်လည်ရှင်သန်ရန် မသေချာလျှင်တောင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတိုင်းက ထိုကဲ့သို့ လုပ်ဆောင်ကြပေလိမ့်မည်။

လီမင်ပင်မကြယ်....

ချီခွန်ကြယ်မယ်မြေတွင် အသက်ဂြိုလ်တစ်သန်းကျော်ရှိသည့် အဓိကကြယ်စနစ် ရှစ်ခု ရှိလေသည်။ ၎င်းတို့ကြားတွင် လီမင်ကြယ်စနစ်က အားအနည်းဆုံးမဟုတ်သော်လည်း အဆင့်ငါး အဆင့်ခြောက်လောက်သာ ရှိလေသည်။

လီမင်ပင်မကြယ် ဌာနတစ်ခုထဲတွင် ထိုဌာနက လီမင်ပင်မကြယ်၏ အဓိကဌာနများထဲမှ တစ်ခုဖြစ်ပြီး ချီခွန်ပင်မကြယ်မှ ပေးပို့သော သတင်းများကို အဆက်မပြတ် လက်ခံရလေသည်။

" အင်း ရှစ်စန်းတောင်ထိပ်သခင်က ဆဋ္ဌမအလွှာကို ဘယ်တော့တက်မှာလဲမသိဘူး။ သူက တကယ်ဘယ်ကလဲမသိဘူး။ ငါတို့ လီမင်ကြယ်စနစ်က ဖြစ်နိုင်လား။ " ဌာနအတွင်းရှိ မိန်းကလေးတစ်ယောက်က သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် စကားပြောနေသည်။

VR ကမ္ဘာရှိ ပြိုင်ပွဲတွင် ရှစ်စန်းတောင်ထိပ်သခင်က ဝမ်ယန်တော်ဝင်သားတော်ကို နှစ်ချက်တည်းနှင့် အနိုင်ယူခဲ့ရာ သူ၏ စိတ်ဝိညာဉ်ပေါင်းစည်းမှုက ၁၀၀ ရာခိုင်နှုန်းပြည့်စုံသွားပြီကို ပြင်ပမှ စွမ်းအားကြီးပုဂ္ဂိုလ်များက သတိထားမိကြလေသည်။

ထို့ကြောင့် ရှစ်စန်းတောင်ထိပ်သခင်က ဆဋ္ဌမအလွှာသို့ ရောက်သည်နှင့် သူ၏ အထောက်အထားကို လျို့ဝှက်ထားမည်မဟုတ်တော့ပေ။ ချီခွန်ပင်မကြယ်၏ လုပ်ထုံးလုပ်နည်းအရ ထိုသတင်းကို ရှစ်စန်းတောင်ထိပ်သခင် ထွက်ပေါ်လာသော ကြယ်စနစ်မှ အရင်ဆုံး ရရှိမည်ဖြစ်သည်။ ရှစ်စန်း​တောင်ထိပ်သခင်က ကြယ်စနစ်ရှစ်ခုမှမဟုတ်လျှင် ချီခွန်ပင်မကြယ်က တိုက်ရိုက် ကြေညာပေလိမ့်မည်။

" ရှစ်စန်းတောင်ထိပ်သခင်က လီမင်ကြယ်စနစ်က ဖြစ်နိုင်ချေနည်းတယ်လို့ ငါထင်တယ်။ ငါတို့ လီမင်ကြယ်စနစ်မှာ အဆင့်မြင့်အသက်ဂြိုလ် တစ်ရာကျော်ပဲ ရှိတယ်လေ။ ရှစ်စန်းတောင်ထိပ်သခင်လို ပါရမီရှင်မျိုးက အဆင့်မြင့်အသက်ဂြိုလ်မှာပဲ မွေးဖွားနိုင်လိမ့်မယ်။ " နောက်ထပ် ဝန်ထမ်းတစ်ယောက်က ပြောလိုက်သည်။

အဆင့်မြင့်အသက်ဂြိုလ်များနှင့် အလယ်အဆင့်အသက်ဂြိုလ်များ၏ ကွာခြားမှုများတွင် ပါရမီရှင်များ မွေးဖွားနိုင်ချေလည်း ပါဝင်လေသည်။ အဆင့်မြင့်အသက်ဂြိုလ်များတွင် အရည်အသွေးမြင့်မားသော စကြာဝဠာစွမ်းအားများရှိပြီး ၎င်းတို့အောက်တွင် ပါရမီရှင်များ မွေးဖွားလာနိုင်ချေမြင့်မားလေသည်။

" အခြားကြယ်စနစ်တွေကရော သတင်းရလား။ " တတိယဝန်ထမ်းက မေးလိုက်သည်။

အကယ်၍ ရှစ်စန်းတောင်ထိပ်သခင်က အခြားကြယ်စနစ်မှဖြစ်လျှင် သူတို့က ချီခွန်ပင်မကြယ်မှ သတင်းရရှိပြီးနောက် ပြင်ပသို့ ကြေညာပေလိမ့်မည်။

" မရသေးဘူး။ ငါတို့ စောင့်ကြည့်နေတာပဲ။ " ပထမဆုံးမိန်းကလေးက ပြောလိုက်သည်။

" ရှစ်စန်းတောင်ထိပ်သခင်က အခု အဆင့်ချိုးဖျက်သွားလောက်ပြီ။ ချီခွန်ကြယ်သခင်က စကြာဝဠာထဲ ခရီးသွားနေတုန်း သူ့ကို တွေ့ခဲ့တာသာမဟုတ်ရင် အခုချိန်ဆို လူသိရှင်ကြား ကြေညာသင့်နေပြီ။ "

သူတို့စကားပြောနေကြစဉ်....

တီ တီ တီ တီ......

ဌာနတစ်ခုလုံးက ရုတ်တရက် အနီရောင်အလင်းများ လင်းလက်လာသည်။

" ချီခွန်ပင်မကြယ်က သတင်းတစ်ခု ရောက်ပြီ။ "

" ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အစစ်အမှန်အထောက်အထားက လီမင်ကြယ်စနစ်ကလာတာပဲ။ "

All Chapters