← Chapters

ဟေးယုမျိုးနွယ်၏ အကျပ်အတည်း.....

Vol. 12 Ch. 183

ဟေးယုမျိုးနွယ်၏ အကျပ်အတည်း.....

Vol. 12 Ch. 183

" ဘာ..."

" ရှစ်စန်းတောင်ထိပ်သခင်က တကယ် ငါတို့ လီမင်ကြယ်စနစ်ကလား။ "

ဌာနထဲတွင် လူတိုင်းက အံ့အားသင့်သွားကြသည်။ လီမင်ကြယ်စနစ်က ရှစ်စန်းတောင်ထိပ်သခင်၏ မွေးရပ်မြေဖြစ်လျှင် လီမင်ကြယ်စနစ်တစ်ခုလုံးက ၎င်းမှ အကျိုးအမြတ်များ ရရှိနိုင်လေသည်။ အရင်းအမြစ်များ မရရှိလျှင်တောင် လူတိုင်းက သူတို့ကို အလေးထားဆက်ဆံကြပေလိမ့်မည်။

" ရှစ်စန်းတောင်ထိပ်သခင်..." လူတိုင်းက စိတ်လှုပ်ရှားသွားကြပြီး ချီခွန်ပင်မကြယ်မ ပေးပို့သော ရှစ်စန်းတောင်ထိပ်သခင်၏ အချက်အလက်များကို ကြည့်လိုက်ကြသည်။

" ရှစ်စန်းတောင်ထိပ်သခင်ရဲ့ နာမည်အစစ်အမှန်က လင်းယွမ်။ ကန်လန်ကြယ်ပြိုင်ပွဲမှာ ပထမရခဲ့ပြီး ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို ပါဝင်ခဲ့တယ်။ "

" ရှစ်စန်းတောင်ထိပ်သခင်က အလယ်အဆင့်ဂြိုလ်မှ မွေးဖွားခဲ့တာလား။ အလယ်အဆင့်ဂြိုလ်လေးတစ်ခုက ရှစ်စန်းတောင်ထိပ်သခင်လို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တာလား။ "

" အဲ့ဒါ မယုံကြည်နိုင်စရာပဲ။ အချက်အလက်တွေအရ ရှစ်စန်းတောင်ထိပ်သခင်က ပြိုင်ပွဲတုန်းက စတုတ္ထအလွှာပဲ ရှိနေသေးပေမယ့် အခု ဆဋ္ဌမအလွှာကို ရောက်သွားပြီလား။ "

" ငါ အခုနားလည်ပြီ။ အရင် ရှစ်စန်းတောင်ထိပ်သခင်က သူ့ဟာသူ လေ့ကျင့်တာဖြစ်လို့ အလယ်အဆင့်ဂြိုလ်ရဲ့ ပတ်ဝန်းကျင်မှာ စတုတ္ထအလွှာကို ရောက်ခဲ့တာပဲ။ နောက်ပိုင်း ကြယ်သခင်ရဲ့ လမ်းညွှန်မှုနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက ခုန်တက်သွားတာထင်တယ်။ " ဌာနမှ အဖွဲ့ဝင်များက အချက်အလက်များကို ကြည့်ပြီး ဆွေးနွေးနေကြသည်။

" ဥက္ကဋ္ဌ " ထိုအချိန်တွင် လူတစ်ယောက်က မော့ကြည့်လိုက်ပြီး ထွားကျိုင်းသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

" ဥက္ကဋ္ဌ " အခြားသူများကလည်း ထိုလူက လေးစားစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

လီမင်ပင်မကြယ်တစ်ခုလုံးတွင် လီမင်အဖွဲ့အစည်း၏ အုပ်ချုပ်သူကိုသာ ဥက္ကဋ္ဌဟု ခေါ်ကြလေသည်။ လီမင်အဖွဲ့အစည်းက လီမင်ကြယ်စနစ်တွင် အသန်မာဆုံးဖြစ်ပြီး ကြယ်စနစ်၏ နာမည်ကိုပင် ယူထားလေသည်။ သို့သော် လီမင်အဖွဲ့အစည်းက မည်မျှစွမ်းအားကောင်းသည်ဖြစ်စေ ချီခွန်မျိုးနွယ်၏ လက်အောက်ခံဖြစ်သောကြောင့် သူတို့၏ အမိန့်ကိုနာခံရလေသည်။

" ဟားဟား ရှစ်စန်းတောင်ထိပ်သခင်က တကယ် ငါတို့ လီမင်ကြယ်စနစ်က လာတာပဲ။ " ဥက္ကဋ္ဌက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

" ဥက္ကဋ္ဌ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ " ဌာနခေါင်းဆောင်က မေးလိုက်သည်။

ယခုအချိန်တွင် ချီခွန်ပင်မကြယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များမှလွဲ၍ ရှစ်စန်းတောင်ထိပ်သခင်၏ အထောက်အထားကို သူတို့သာ သိကြလေသည်။

" ဘာလုပ်သင့်လဲ။ ငါစဉ်းစားလိုက်ဦးမယ်။ " ဥက္ကဋ္ဌက စတင်စဉ်းစားလိုက်သည်။

သူက စိတ်လှုပ်ရှားနေသောကြောင့် ထိုကိစ္စအား မည်သို့ကိုင်တွယ်ရမည်ကို မေ့လျော့သွားခဲ့သည်။ သံသဝင်စရာမလိုအောင် ရှစ်စန်းတောင်ထိပ်သခင်က လီမင်ကြယ်စနစ်မှ ဖြစ်ခြင်းမှာ အခွင့်အရေးကြီးတစ်ခု ဖြစ်လေသည်။ လီမင်ကြယ်စနစ်က အခွင့်အရေးကို ဖမ်းဆုပ်နိုင်မှ အကျိုးအမြတ်များ ရရှိပေလိမ့်မည်။

" အဲ့လိုလုပ်မယ်။ ငါ ချီခွန်ပင်မကြယ်ကို သွားပြီး ဆဋ္ဌမအလွှာကို ရောက်သွားတဲ့အတွက် ရှစ်စန်းတောင်ထိပ်သခင်ကို ဂုဏ်ပြုပေးရမယ်။ " ဥက္ကဋ္ဌက ပြောလိုက်သည်။

ရှစ်စန်းတောင်ထိပ်သခင်၏ အထောက်အထားအမှန်ကို ချီခွန်ပင်မကြယ်မှ ပေးပို့ခြင်းဖြစ်သောကြောင့် ရှစ်စန်းတောင်ထိပ်သခင်က ထိုနေရာတွင် ရှိပေလိမ့်မည်။

" ပြီးတော့ ကန်လန်ကြယ်မှာ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ မိဘတွေနဲ့ ညီမလေးတစ်ယောက် ရှိသေးတယ်။ အခု မင်းက ငါ့ရဲ့ အစောင့်တပ်ဖွဲ့နဲ့ ကန်လန်ကြယ်ကို သွားပြီး သူတို့ကို ကာကွယ်ပေးရမယ်။ " လီမင်အဖွဲ့အစည်း၏ ဥက္ကဋ္ဌက မန်နေဂျာကို ကြည့်လိုက်သည်။ သူက အခြေအနေအားလုံးကို တွက်ချက်ပြီး ရှစ်စန်းတောင်ထိပ်သခင်၏ မိဘများကိုလည်း မတော်တဆ အဖြစ်မခံနိုင်ျပ။

" အခု ငါတို့က ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အထောက်အထား အစစ်အမှန်ကို ကြေညာရလိမ့်မယ်။ "

ချီခွန်ပင်မကြယ်မှ အချက်အလက်များ ရရှိပြီးနောက် လီမင်အဖွဲ့အစည်း၏ ဥက္ကဋ္ဌက နှောင့်နှေးမနေရဲပေ။ သူက သတင်းကို ပထမဆုံးရရှိသူအနေဖြင့် အခြေအနေများကို ပြင်ဆင်နိုင်ရန် အချိန်ရလေသည်။

ဟေးယုမျိုးနွယ်....

ချီခွန်နယ်မြေ၏ ထိပ်ဆုံးအင်အားစုငါးခုထဲမှ တစ်ခုဖြစ်သော ဟေးယုမျိုးနွယ်က ကြယ်စနစ်ရှစ်ခုကို ပိုင်ဆိုင်လေသည်။ ကြယ်စနစ်ရှစ်ခုကို သူတို့မျိုးနွယ်ခွဲများက အုပ်ချုပ်ကြပြီး ကြယ်စနစ်တိုင်းတွင် သူတို့၏ ဌာနချုပ်များ တည်ရှိလေသည်။

လီမင်ကြယ်စနစ်ကလည်း ဟေးယုမျိုးနွယ်၏ လက်အောက်တွင် ရှိနေသည်။ လီမင်ကြယ်စနစ်တွင် အသက်ဂြိုလ်ပေါင်း ၁၂ သိန်းရှိပြီး စီးပွားရေးနှင့် သတင်းအချက်အလက်များ အားလုံးကို ဟေးယုမျိုးနွယ်က ချုပ်ကိုင်ထားသည်။

ရှစ်စန်းတောင်ထိပ်သခင်၏ အထောက်အထား အစစ်အမှန်ကို လီမင်ပင်မကြယ်သို့ လွှဲပြောင်းလိုက်သည်နှင့် တစ်ချိန်တည်းတွင် ဥယျာဉ်တစ်ခုတွင် ကုတ်အင်္ကျီနှင့် လူတစ်ယောက်က လှပသော အမျိုးသမီးနှစ်ယောက်၏ နှိပ်နယ်ပေးခြင်းကို ခံနေလေသည်။

ထိုလူက ဟေးယုချင်ဖြစ်ပြီး ဟေးယုအို၏ ဦးလေးနှစ်ဖြစ်၏။ သူက ဟေးယုမျိုးနွယ်နှင့် ကန်လန်ကြယ်ကြားမှ စီးပွားရေးများကို ဖြတ်တောက်ခဲ့သူလည်း ဖြစ်သည်။

" မျိုးနွယ်ရဲ့ အဓိကအာဏာကို မရပေမယ့် ငါက လွတ်လပ်ပြီး ငါ့ကို အမိန့်ပေးနိုင်တဲ့လူလည်း အများကြီးမရှိဘူး။ "

ဟေးယုချင်က မျိုးနွယ်၏ အဆင့်မြင့်နေရာများကို မက်မောခြင်းမရှိသကဲ့သို့ သူ့ကိုသူ ကျေနပ်နေလေသည်။ ထိုအချိန်တွင် သူ၏ ဘေးမှ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

" ဟေးယုချင် ဒီကိုလာခဲ့။ " အသံက စိုးရိမ်ခြင်း ဒေါသထွက်ခြင်းများမရှိဘဲ ခံစားချက်များ ကင်းမဲ့နေသည်။

" မျိုးနွယ်အကြီးအကဲက ငါ့ကို ခေါ်တာလား။ " ဟေးယုချင်က စိတ်ထဲမှ တုန်လှုပ်သွား၏။

" အခုချက်ချင်းလာခဲ့။ " သူက မျိုးနွယ်အကြီးအကဲ၏ ရည်ရွယ်ချက်ကို မသိသော်လည်း အကြီးအကဲ၏ အမိန့်ကို မဆန့်ကျင်ရဲပေ။

ဟေးယုချင်က မျိုးနွယ်အကြီးအကဲဆီသို့ လျင်မြန်စွာ သွားလိုက်သည်။

" အကြီးအကဲ။ " ဟေးယုချင်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး ခေါင်းကို ငုံ့ထားသည်။

" ဟေးယုချင် ငါ ပေးတဲ့ အချက်အလက်တွေကို သေချာကြည့်။ " မျိုးနွယ်အကြီးအကဲက အသက်ပြင်းပြင်းရှူလိုက်သည်။ " ပြီးရင် ငါ့ကို ဖြေရှင်းချက်တစ်ခုပေး။ "

" အာ ဟုတ်ကဲ့။ " ဟေးယုချင်က အကြီးအကဲဆီမှ အချက်အလက်များကို ချက်ချင်း ရလိုက်သည်။

" ချီခွန်မျိုးနွယ်ရဲ့ ရှစ်စန်းတောင်ထိပ်သခင်က လီမင်ကြယ်စနစ် ကန်လန်ကြယ်က လင်းယွမ်ဆိုတဲ့ ဆင့်ကဲပြောင်းလဲသူပဲ။ "

ဟေးယုချင်က အချက်အလက်များကို ဖတ်ပြီး လွန်စွာ တုန်လှုပ်သွား၏။ သူ၏ ခြေထောက်များက အားနည်းလာပြီး သူ၏ ခန္ဓာကိုယ်ကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ မြေပြင်သို့ လဲကျသွားသည်။

လင်းယွမ်....

သူက သူ၏ တူ ဟေးယုအို၏ စကားအရ လင်းယွမ်ဆိုသော လူကြောင့် ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုတွေကို ဖြတ်တောက်ခဲ့တာမဟုတ်လား။ ယခုတော့ လင်းယွမ်က ချီခွန်မျိုးနွယ်ရဲ့ ရှစ်စန်းတောင်ထိပ်သခင်တဲ့လား။

ဟေးယုချင်၏ ကမ္ဘာကြီးက ချာချာလည်သွားပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။ သူက လင်းယွမ် သူ့ကို မရိုမသေပြုသောကြောင့် ကန်လန်ကြယ်နှင့် ကုန်သွယ်မှုများကို ဖြတ်တောက်ခဲ့သည်ဟူ၍ပင် ကြေညာခဲ့သည်။

သို့သော် ယခု လင်းယွမ်က ချီခွန်ကြယ်နယ်မြေတွင် အဆင့်အမြင့်ဆုံးထဲမှ တစ်ယောက်ဖြစ်သော ချီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်ဖြစ်နေသည်။ သူမပြောနှင့် ဟေးယုမျိုးနွယ်၏ ခေါင်းဆောင် ဟေးယုမိုပင် လင်းယွမ်ကို ရိုသေရပေလိမ့်မည်။

" ဟေးယုအို ဟေးယုအို မင်းက ငါ့ကို တော်တော်ဒုက္ခပေးတာပဲ။ "

ဟေးယုချင်က အကြီးအကဲ၏ ခြေရင်းသို့သွားပြီး ထိတ်လန့်စွာပြောလိုက်သည််။ " အကြီးအကဲ အဲ့ဒါက ကျုပ်နဲ့ဘာမှမဆိုင်ပါဘူး။ အဲ့ဒါ ဟေးယုအိုပါ။ အားလုံးကို သူလုပ်ခဲ့တာပါ။ "

ဟေးယုချင်က ၎င်းကို သူ၏ ဆန္ဒအလျောက်ဖြစ်စေ အခြားသူခိုင်းစေသောကြောင့်ဖြစ်စေ သူအဆုံးသတ်ပြီးကို နားလည်လေသည်။ ရှစ်စန်းတောင်ထိပ်သခင်လိုလူများကို ဖိနှိပ်စော်ကားခြင်းက အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

" ဟေးယုအိုလား။ " မျိုးနွယ်အကြီးအကဲက မျက်လုံးများ မှိတ်လိုက်သည်။ " ငါ အခြားသူတွေနဲ့ ဒီကိစ္စကို ပြောမှဖြစ်မယ်။ မင်းကတော့..."

အစောင့်တစ်ယောက် ရောက်လာပြီး ဟေးယုချင်ကို ဆွဲခေါ်သွားသည်။ ထို့နောက် မျိုးနွယ်အကြီးအကဲက သူ၏ နောက်မှလူများကို ကြည့်လိုက်သည်။ ဟေးယုချင်ရောက်မလာခင် သူတို့အားလုံးက အခြေအနေကို သိနေကြပြီဖြစ်သည်။

" အားလုံးပဲ ဟေးယုမျိုးနွယ်ရဲ့ သေခြင်းရှင်ခြင်းအခိုက်အတန့်ကတော့ ရောက်လာပြီ။ "

ထိုစကားများ ကြားသောအခါ အခြားသူများက အနည်းငယ် တုန်သွားကြသည်။ ၎င်းက အမှန်တကယ်ပင် သေခြင်းရှင်ခြင်း ကိစ္စတစ်ခုဖြစ်လေသည်။

ချီခွန်ကြယ်နယ်မြေမှ အင်းအားစုကြီးငါးခုအနက်မှ တစ်ခုဖြစ်သောကြောင့် ဟေးယုမျိုးနွယ်၏ အခြေခံအုတ်မြစ်ကလည်း နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။ ထို့ကြောင့် ဟေးယုမျိုးနွယ်က ချီခွန်မျိုးနွယ်နှင့် ရင်ဆိုင်ရလျှင်တောင် တိုက်ရိုက်အမြစ်ဖြတ်သုတ်သင်နိုင်မည်မဟုတ်ပေ။ သို့သော် လုံလောက်သော အချိန်ရလျှင် ဟေးယုမျိုးနွယ်က နှစ်ရာချီ ထောင်ချီအတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့ကြောင့် ၎င်းက ဟေးယုမျိုးနွယ်၏ သေခြင်းရှင်ခြင်းဟု ပြောနိုင်လေသည်။

" ငါတို့ စောစောကသိရင် ဟေးယုချင်ကို အာဏာပေးမှာမဟုတ်ဘူး။ အသက်ဂြိုလ်တစ်ခုနဲ့ ကုန်သွယ်မှုဖြတ်တောက်တာက ကိစ္စကြီးတစ်ခုမဟုတ်ပေမယ့် ပြန်စဉ်းစားကြည့်ရင် အဲ့လိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ "

"ဟေးယုအိုက ငါတို့မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ သူက ကန်လန်ကြယ်နဲ့ ကုန်သွယ်မှုဖြတ်တောက်ဖို့ တောင်းဆိုလာရင် မင်းရော လက်မခံဘဲ နေမှာလား။ ကန်လန်ကြယ်လို အလယ်အဆင့် အသက်ဂြိုလ်လေးတစ်ခုက ရှစ်စန်းတောင်ထိပ်သခင်လို လူတစ်ယောက် မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ "

" ဖြစ်ပြီးသွားပြီဆိုတော့ အဲ့ဒါတွေပြောနေလို့ အဓိပ္ပါယ်မရှိတော့ဘူး။ အဓိကက ရှစ်စန်းတောင်ထိပ်သခင်က ငါတို့ ဟေးယုမျိုးနွယ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ။ "

" ဟေးယုချင်ကို ပေးလိုက်ရင်တောင် အဓိကတရားခံက ဟေးယုအိုပဲ။ ပြီးတော့ ဟေးယုအိုက...."

အခန်းထဲမှ လူများက တစ်ယောက်တစ်မျိုး ဆွေးနွေးနေကြသည်။ သူတို့က ဟေးယုချင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော်လည်း ဟေးယုအိုက ဟေးယုမိုး၏ သားဖြစ်လေသည်။ သူတို့က ဟေးယုအိုကို အပြစ်ပေးလျှင်တောင် ဟေးယုမိုက လက်ခံမည်မဟုတ်ပေ။

" ငါ အဲ့ဒီကိစ္စကို သွားပြောလိုက်မယ်။ "

" အဲ့ဒါက မျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတော့ ရှစ်စန်းတောင်ထိပ်သခင် စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး လုပ်ပေးရမှာပဲ။ ရှစ်စန်းတောင်ထိပ်သခင်ရဲ့ ဒေါသက မျိုးနွယ်အပေါ် ကျရောက်လာရင်တော့ ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးသွားလိမ့်မယ်။ " မျိုးနွယ်အကြီးအကဲက မတ်တပ်ရပ်ပြီး အားလုံးကို ပြောလိုက်သည်။

All Chapters