← Chapters

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား.....

Vol. 12 Ch. 184

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား.....

Vol. 12 Ch. 184

ချီခွန်ပင်မကြယ် တရားဝင်အဖွဲ့ဝင်များ ကျင့်ကြံသောနေရာတွင် ဖန်ချင်းက ထိုင်နေပြီး ရှေးဟောင်နတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းကို စဉ်းစားနေသည်။ ၎င်းက လက်တွေ့တွင် ရိုးရှင်းသော်လည်း သီအိုရီအရတော့ ခက်ခဲလေသည််။

ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရှေးဟောင်းနတ်ဘုရားများကို တုပပြီး မိမိကိုယ်ကို ကျင့်ကြံခြင်းဖြစ်သည်။

ဖန်ချင်းက သူ၏ ကျင့်ကြံခြင်းပြီးဆုံးပြီးနောက် စိတ်သက်သာရာရသော အမူအရာပေါ်လာသည်။ ထိုအချိန်တွင်...

" ကောင်လေးဖန် သတင်းကို မြန်မြန်ကြည့် မြန်မြန်ကြည့်..." မုတ်ဆိတ်ဖြူအဘိုးကြီး၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

" ဘာတွေလောနေတာလဲ။ အရေးကြီးတာ ရှိလို့လား။ " ဖန်ချင်းက အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

" မင်းကြည့်မှာလားမကြည့်ဘူးလား။ " လးအိုကြီးက ဒေါသထွက်လာသည်။

" ကောင်းပြီ။ ကြည့်မယ် ဒါပေမယ့် ခင်​ဗျားလိုတော့ ဖြစ်မှာမဟုတ်ဘူး။ " ဖန်ချင်းက သတင်းအချက်များကို ဖတ်လိုက်သည်။

" ချီခွန်မျိုးနွယ်ရဲ့ ရှစ်စန်းတောင်ထိပ်သခင်က လီမင်ကြယ်စနစ် ကန်လန်ကြယ်က လင်းယွမ်ဆိုတဲ့ ဆင့်ကဲပြောင်းလဲသူဖြစ်တယ်။ "

" ဘာလဲဟ..." ဖန်ချင်းက အံ့ဩသွားသည်။

" အကိုလင်းက ရှစ်စန်းတောင်ထိပ်သခင်လား။ " ဖန်ချင်းက အံ့အားသင့်နေပြီး စာများကို အကြိမ်ကြိမ်ပြန်ဖတ်နေသည်။

" ဒါ ဒါ ဒါ....." ဖန်ချင်းက မျက်လုံးများ ပြူးကျယ်နေပြီး လူအိုကြီး၏ သတိပေးချက်ကို ပြန်သတိရသွားသည်။

လင်းယွမ်က အရူးတစ်ယောက်သာ မဟုတ်လျှင် ဟေးယုအို၏ ဖိတ်ခေါ်မှုကို ငြင်းပယ်မည်မဟုတ်ပေ။ လင်းယွမ်၏ အဆင့်အတန်းက ရှစ်စန်းတောင်ထိပ်သခင်ဖြစ်နေခဲ့သည်။

" အဲ့လိုကိုး။ မင်းရဲ့ အကိုလင်းရဲ့ အရည်အချင်းနဲ့ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို ကျရှုံးခဲ့တာ မဖြစ်နိုင်ဘူးလို့ တွေးနေတာ ဒီလိုဖြစ်နေတာကိုး။ " လူအိုကြီးက ဖန်ချင်းကို ပြောလိုက်သည်။

" ရှစ်စန်းတောင်ထိပ်သခင်.... " ဖန်ချင်းက ချီခွန်ပင်မကြယ်၏ အလယ်ရှိ ၁၄လုံးမြောက် တောင်ထိပ်ကို ကြည့်လိုက်သည်။

" အသက်အဆီအနှစ်ကို စကြာဝဠာထဲမှာ ပေါင်းစပ်ရမှာလား။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးနေရင်း ဂရုတစိုက် စဉ်းစားနေသည်။

ဆဋ္ဌမအလွှာသို့ ရောက်ပြီးနောက် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ပို၍ သန်မာလာခဲ့သည်။ သူက ကြယ်စကြာဝဠာအတွင်းရှိ ပိုမိုနက်ရှိုင်းသော အာကာသအလွှာကိုလည်း ခံစားမိခဲ့သည်။

ဆဋ္ဌမအလွှာသို့ မရောက်မီနှင့် နှိုင်းယှဉ်လျှင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ​ပို၍ ကြီးကျယ်ခမ်းနားလာပြီး ပို၍ နက်နဲလာသည်။ ၎င်းက ပုံရိပ်ယောင်တစ်ခုမဟုတ်ဘဲ ရုပ်ဝတ္ထုတစ်ခုနှင့် ပိုတူလာသည်။

လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ရရှိချိန်တွင် ၎င်းက အစစ်အမှန်လား ပုံရိပ်ယောင်လား မ​သေချာခဲ့သော်လည်း သူ၏ အဆင့်နှင့် လက်လှမ်းမမှီနိုင်သော အရာတစ်ခုဖြစ်သည်ကိုတော့ နားလည်ခဲ့သည်။

ချီခွန်မျိုးနွယ်မှ အချက်အလက်များအရ ၎င်းက ကြယ်စကြာဝဠာ၏ မူလအရင်းအမြစ်နေရာမှ ဖြစ်နိုင်သည်ဟု သိခဲ့ရသည်။ အသက်တံဆိပ်ကဲ့သို့ သာလွန်သော အရာများကို ပေါင်းစည်းနိုင်သည့် စကြာဝဠာ၏ ဗဟိုအကျဆုံးနေရာဖြစ်လေသည်။ သို့သော် အလွန်သန်မာသော လူများပင် စကြာဝဠာ၏ မူလရင်းမြစ်နေရာသို့ မဝင်ရောက်နိုင်ပေ။

" အသက်အဆီအနှစ်.... " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ဖြည်းညင်းစွာ ဖြန့်ကျက်လိုက်ပြီး အာကာသအလွှာနှင့် ပဲ့တင်ထပ်ကြည့်လိုက်သည်။

" ငါ အဲ့ဒါကို ခံစားမိတယ်။ အဲ့ဒါက မကြာခင်ပေါင်းစပ်တော့မယ်ထင်တယ်။ "

လင်းယွမ်၏ စိတ်ဝိညာဉ်က တုန်ခါသွား၏။ အသက်အဆီအနှစ်ကို ပေါင်းစပ်ခြင်းက ကျွမ်းကျင်မှုများစွာ မလိုသော်လည်း ဆဋ္ဌမအလွှာတိုင်း ပြုလုပ်နိုင်သော အရာတစ်ခုမဟုတ်ပေ။ အသက်တံဆိပ် ပေါင်းစပ်နေချိန်တွင် လင်းယွမ်က အခြားအရာတစ်ခုကိုလည်း ခံစားလိုက်ရသည်။

" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါး...." လင်းယွမ်၏ အသိစိတ်အမျှင်က သူ၏ စိတ်အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားသည်။ ၎င်းက သူဆဋ္ဌမအလွှာသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သည်။

" အဲ့ဒါဘာလဲ။ " လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပြောင်းလဲမှုများကို သတိထားမိလိုက်သည်။ သူက ဂိတ်တံခါးကို စိုက်ကြည့်နေချိန်တွင် ဂိတ်တံခါးမှ အချက်အလက်များက သူ၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာသည်။

" ဒီအချက်အလက်တွေက...." လင်းယွမ်က အသက်တံဆိပ်ပေါင်းစပ်မှုကို ရပ်တန့်လိုက်ပြီး သတင်းအချက်အလက်များကို လက်ခံလိုက်သည်။

" ဒါဆို ငါ့စိတ်ထဲက ဂိတ်တံခါးက အစစ်အမှန်ဂိတ်တံခါးကို ပုံဖော်ထားရုံပဲရှိတာပေါ့။ " လင်းယွမ်က တိတ်ဆိတ်သွား၏။

အနန္တကမ္ဘာများ၏ အစစ်အမှန် ဂိတ်တံခါးက လင်းယွမ်ကဲ့သို့ အားနည်းသော လူတစ်ယောက် လက်ခံနိုင်သောအရာ မဟုတ်ပေ။ လင်းယွမ်၏ ခွန်အားနှင့် ဆဋ္ဌမအလွှာသို့ မရောက်မီ အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်နိုင်ရုံသာ ရှိသည်။

ယခုအချိန်တွင်ပင် ဆဋ္ဌမအလွှာသို့ ရောက်ခဲ့သော်လည်း ပြောင်းလဲမှုများစွာ မရှိသေးဘဲ ဆင်းသက်ချိန်တွင် သူ၏ အသက်တံဆိပ်ကို မူလကမ္ဘာတွင် ချန်ထားခဲ့ရုံသာ တတ်နိုင်လေသည်။

လက်ရှိ လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အသိအမှတ်ပြုမှုကို လက်ခံထားရပြီး သူ၏ မွေးရာပါအရည်အချင်းများပင် ​ပို၍ တိုးတက်လာခဲ့သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား...." လင်းယွမ်၏ အမူအရာက လေးနက်သွား၏။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ သတင်းအချက်အလက်များအရ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ဂိတ်တံခါး၏ မူလစွမ်းအားများထဲမှ တစ်ခုဖြစ်လေသည်။ သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးပုံတူက ရက်ပေါင်း ၃၃၃ရက် ကြာမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်တစ်ခုကို ထုတ်ပေးနိုင်လေသည်။

သိသာသော လုပ်ဆောင်ချက်တစ်ခုမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အစွန်ပိုင်းဧရိယာကို လင်းလက်စေခြင်းဖြစ်သည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်တစ်ခုက လင်းယွမ်ကို တစ်ကြိမ်ဆင်းသက်ခြင်း ပြုလုပ်ပေးနိုင်လေသည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ အသုံးဝင်မှုက များပြားလှသည်။ ၎င်းစွမ်းအားမျှင် ဆယ်ခုရှိလျှင် လင်းယွမ်က သူ ယခင်ဆင်းသက်ခဲ့သော မည်သည့်ကမ္ဘာကိုဖြစ်စေ တစ်ကြိမ်ဆင်းသက်နိုင်လေသည်။ ၎င်းက အမှန်တကယ်ကောင်းမွန်သည်ဟု လင်းယွမ်​က တွေးမိသည်။

ယခုအချိန်ထိ သူဆင်းသက်ခဲ့သော ကမ္ဘာလေးခုတွင် သူက အဆင့်အမြင့်ဆုံးထိ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် သူဆင်းသက်နိုင်သော ကမ္ဘာများ၏ အဆင့်များက တိုးမြင့်လာသည်နှင့်အမျှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ နေထိုင်မှုကန့်သတ်ချက်အောင်တွင် လင်းယွမ်က ဆင်းသက်ခဲ့သော ကမ္ဘာတိုင်းတွင် ပြိုင်ဘက်ကင်းနိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။

အကယ်၍ သူ အပြည့်အဝ မထိန်းချုပ်နိုင်သော ကမ္ဘာများတွင် အဆင့်မြင့်သော ရတနာများရှိခဲ့လျှင် သူက ထိုကမ္ဘာသို့ နောက်တစ်ကြိမ် ဆင်းသက်ပြီး ၎င်းတို့ကို သိမ်းပိုက်နိုင်လေသည်။ သို့သော် ၎င်းကို အသုံးပြုရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားဆယ်မျှင် ကုန်ကျသောကြောင့် တိကျသေချာသော အခွင့်အလမ်းများရှိရန် လိုအပ်ပေသည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်ငါးဆယ်က ရုပ်ခန္ဓာနဲ့ ဆင်းသက်နိုင်တယ်။ "

လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို စိတ်အသိသာမက ရုပ်ခန္ဓာနှင့်လည်း ဆင်းသက်နိုင်သည်ကို သိထားလေသည်။ ထိုနည်းလမ်းနှင့် ဆင်းသက်ခြင်းက အကျိုးများနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံချိန်မရဘဲ အန္တရာယ်များသာ တိုးလာပေလိမ့်မည်။

ထိုအပြင် ထိုသို့ဆင်းသက်ချိန်တွင် မတော်တဆ သေဆုံးသွားခဲ့လျှင် စိတ်အသိဆင်းသက်ခြင်းကဲ့သို့ အခွင့်အလမ်းများ ဆုံးရှုံးရုံသာမက အစစ်အမှန် သေဆုံးရပေလိမ့်မည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ရာက ငါဆင်းသက်ချင်တဲ့ ဘယ်ကမ္ဘာကိုမဆို ရွေးချယ်နိုင်တယ်။ "

အဓိပ္ပါယ်မှာ လင်းယွမ်က သူသွားချင်သော ကမ္ဘာကို ဆန္ဒရှိသလို သွားနိုင်လေသည်။ ၎င်းကတော့ လင်းယွမ်က ကျေနပ်မှုရှိစေလေသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်မှုတိုင်းက ယခုအချိန်ထိ ကျပန်းသာ ဖြစ်သည်။ ထိုဆင်းသက်မှုများသည် အစပိုင်းတွင် အန္တရာယ်မရှိသော်လည်း လင်းယွမ်၏ ခွန်အား အဆင့်မြင့်လာသည်နှင့်အမျှ ကမ္ဘာတိုင်းတွင် အကျိုးအမြတ်များ ရနိုင်လိမ့်မည်ဟု မသေချာပေ။ စိတ်ကြိုက်ဆင်းသက်မှုတွင် လင်းယွမ်က သူ၏ အခြေအနေနှင့် ကိုက်ညီသော ကမ္ဘာများကို ရွေးချယ်နိုင်လေသည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ရာ.... စျေးကြီးလွန်းတယ်..."

အနန္တကမ္ဘာများ၏ ဂိတ်တံခါးပုံတူက ရက်ပေါင်း ၃၃၃ရက်မှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ခုသာ ထုတ်ပေးနိုင်ပြီး တစ်ရာဆိုလျှင် နှစ်ကိုးဆယ်ကျော် ကြာပေလိမ့်မည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ထောင်က ဆင်းသက်တဲ့ကမ္ဘာက ပစ္စည်းတွေကို ပြန်ယူနိုင်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ရာက နှစ်ကိုးဆယ်ကျော် အချိန်ကြာပြီး တစ်ထောင်ဆိုလျှင် နှစ်ပေါင်းထောင်ချီကြာမြင့်ပေလိမ့်မည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်သောင်း..... "

လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်သောင်း၏ အသုံးဝင်ပုံကို ယခုအချိန်တွင် တိကျစွာ မသိရသေးပေ။

" အခုလက်ရှိ အနန္တကမ္ဘာများရဲ့ ဂိတ်တံခါးမှာရှိတဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်က..."

လက်ရှိအချိန်တွင် ၎င်းက တစ်မျှင်ကျော်သာ ရှိလေသည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတွေကို စုဆောင်းတာက မူလကမ္ဘာရဲ့ အဆင့်အပေါ် အခြေခံနေလိမ့်မယ်။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် သူ၏ အသက်တံဆိပ်ကို စကြာဝဠာနှင့် ဆက်လက်ပေါင်းစပ်လိုက်သည်။

ကန်လန်ကြယ်တွင် အုပ်ချုပ်သူစုန်ဝူယန်က အကြောဆန့်လိုက်သည်။

" အုပ်ချုပ်သူ ကိစ္စအားလုံးပြီးပါပြီ။ လာမည့်အချိန်က အနားယူရမယ့်အချိန်ပါ။ " AI လက်ထောက်၏ အသံ ထွက်ပေါ်လာသည်။

" အနားယူချိန်...." စုန်ဝူယန်က ပြုံးလိုက်သည်။

သို့သော် ထိုအချိန်တွင် AI လက်ထောက်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

" အုပ်ချုပ်သူ နိုလန်ချန်ရှီက တွေ့ခွင့်တောင်းနေပါတယ်။ "

" နိုလန်ချန်ရှီ " စုန်ဝူယန်က ရုတ်တရက် အံ့ဩသွား၏။

ချန်ရှီဟူသော နာမည်က လီမင်ကြယ်စနစ်တွင် အသန်မာဆုံးအင်အားစုဖြစ်ပြီး လီမင်အဖွဲ့အစည်းမှ ဖြစ်သည်။ ထို့အပြင် နိုလန်ချန်ရှီက လီမင်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌပြီးလျှင် ဒုတိယအာဏာအရှိဆုံးဖြစ်သည်။

" လက်ခံလိုက်။ " စုန်ဝူယန်က လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

ယခုအချိန်တွင် ကန်လန်ကြယ်က ဟေးယုမျိုးနွယ်၏ ဖိနှိပ်မှုမှ နလန်ပြန်ထူခါစဖြစ်ပြီး သူက မမျှော်လင့်ထားသော မတော်တဆမှုများ မဖြစ်စေရန် မျှော်လင့်ရလေသည်။

စုန်ဝူယန်၏ ရှေ့တွင် နိုလန်ချန်ရှီ၏ ပုံရိပ်တစ်ခု ပေါ်လာသည်။

" ဆရာနိုလန်ကို နှုတ်ဆက်ပါတယ်။ "

All Chapters