ဟေးယုမို၏ သရုပ်မှန်....
Vol. 12 Ch. 186
ဟေးယုမျိုးနွယ်....
ခန်းမထဲရှိ ပလ္လင်ပေါ်တွင် ဟေးယုမိုက ထိုင်နေပြီး သူ၏ အကြည့်များက နက်ရှိုင်းကာ ကြယ်စကြာဝဠာထဲသို့ ကြည့်နေသည်။ သူ၏ နားထဲတွင်တော့ လျို့ဝှက်အသံလှိုင်းများ ပဲ့တင်ထပ်နေသည်။
" ဟေးယုမို မင်းက လူသားမျိုးနွယ်နဲ့ နှစ်ပေါင်းရာချီတိုင်အောင် ပေါင်းစပ်နေခဲ့တယ်။ "
" မင်း တစ်ချိန်လုံး ကောင်းကောင်းလုပ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဒီနေ့ မင်း နောက်ဆုံးတစ်ခုကို လုပ်ရမယ်။ "
" ရှစ်စန်းတောင်ထိပ်သခင်ကို သတ်လိုက်။ "
" မျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ နတ်ဆရာက ရှစ်စန်းတောင်ထိပ်သခင်က အခုမှ ဆဋ္ဌမအလွှာကို ရောက်တာဆိုတော့ သူ့ရဲ့ အသက်တံဆိပ်ကို စကြာဝဠာထဲ မပေါင်းစပ်ရသေးတာကို အတည်ပြုပြီးသွားပြီ။ "
" ဒီအချိန် မင်းသူ့ကိုသတ်လိုက်ရန် ရှင်သန်ထမြောက်နိုင်ခြင်းမရှိဘဲ လုံးဝ သေသွားလိမ့်မယ်။ "
" ဒါပေမယ့် အဋ္ဌမအလွှာ စွမ်းအားရှင်တစ်ဦးတောင် ချီခွန်ပင်မကြယ်ကို ကျူးကျော်ပြီး ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ပစ်ဖို့ မဖြစ်နိုင်ဘုး။ "
" ဒါပေမယ့် မင်း ဟေးယုမိုကတော့ မတူဘူး။ မင်းက ချီခွန်ကြယ်သခင်ရဲ့ အမိန့်အောက်မှာ ရှိပြီး ချီခွန်ပင်မကြယ်ကိုလည်း ဝင်ခွင့်ရှိတယ်။ "
" ပြီးတော့ မင်းရဲ့ သားအငယ်ဆုံးက ရှစ်စန်းတောင်ထိပ်သခင်ကို ဖိနှိပ်ခဲ့တယ်။ မင်းသာ သူ့ကို ခေါ်ပြီး ချီခွန်ပင်မကြယ်ကို တောင်းပန်ဖို့ သွားရင် ရှစ်စန်းတောင်ထိပ်သခင်နဲ့ တွေ့ခွင့်ရလိမ့်မယ်။ "
" အဲ့ဒီအချိန်မှာ မင်းလှုပ်ရှားလို့ရတယ်။ မျိုးနွယ် နတ်ဆရာရဲ့ တွက်ချက်မှုအရ မင်းက ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ပစ်နိုင်ချေ ဆယ်ရာခိုင်နှုန်းရှိတယ်။ "
အလွန်သိမ်မွေ့သော တုန်ခါမှုအသံလှိုင်းများက ဟေးယုမို၏ နားထဲသို့ ဝင်ရောက်နေသည်။
" ရှစ်စန်းတောင်ထိပ်သခင်ကို သတ်လိုက်..." ဟေးယုမိုက တိတ်ဆိတ်နေသည်။
ချီခွန်ကြယ်သခင်၏ မျက်စိရှေ့တွင် ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ဖြတ်ရန် ကြိုးစားခြင်းက ဖြစ်နိုင်ချေ အလွန်နည်းပါးသော်လည်း သူ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူနှင့် ဟေးယုမျိုးနွယ်တစ်ခုလုံးက အဆုံးသတ်သွားပေလိမ့်မည်။
" ဟေးယုမို ရှစ်စန်းတောင်ထိပ်သခင် ပြသထားတဲ့ အလားအလာတွေအရ သတ္တမအလွှာ ဘုရင်အဆင့်ထိ ရောက်နိုင်ပြီး အဋ္ဌမအလွှာကိုတောင် မျှော်လင့်ချက်ရှိတယ်။ "
" နှစ်ပေါင်းများစွာကြာအောင် မင်းက သတ္တမအလွှာ အမတ်အဆင့်မှာ ရပ်တန့်နေခဲ့တယ်။ ရှစ်စန်းတောင်ထိပ်သခင်ကို သတ်နိုင်ရင် အဲ့ဒါက ထိုက်တန်ပါတယ်။ "
" ဟေးယုမျိုးနွယ်အတွက်လား။ မင်းရဲ့ အငယ်ဆုံးသားက ရှစ်စန်းတောင်ထိပ်သခင်ကို ဆန့်ကျင်ခဲ့တာကို ကြည့်ရင် ဟေးယုမျိုးနွယ်ရဲ့ အဆုံးသတ်က အချိန်ပဲ လိုတာပါ။ "
" ငါက ကြယ်သခင်ရဲ့ အာရုံအောက်မှာ ရှစ်စန်းတောင်ထိပ်သခင်ကို သတ်နိုင်လိမ့်မယ်လို့ မသေချာဘူး။ " ဟေးယုမိုက ပြန်ပြောလိုက်သည်။
သူတို့၏ ပြောကြားချက်အရ သူက ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ရန် အောင်မြင်နိုင်ချေ ဆယ်ရာခိုင်နှုန်းရှိသည်ဟု ပြောသော်လည်း ၎င်းက သူ့အတွက် အလွန်မြင့်နေသည်ဟု ခံစားရလေသည်။
သူ၏ နားလည်မှုအရ ချီခွန်ပင်မကြယ်တွင် ကြယ်သခင်က မည်သည့်နေရာတွင်မဆို ကိုယ်တိုင် ထွက်ပေါ်လာနိုင်လေသည်။
" အဲ့ဒီအတွက် မျိုးနွယ်စုရဲ့ နတ်ဆရာက ပြင်ဆင်ထားပြီးပြီ။ မင်းကို ချက်ချင်း အဋ္ဌမအလွှာထိ ရောက်အောင် မြှင့်တင်ပေးနိုင်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခု ရှိတယ်။ ချီခွန်ကြယ်သခင်က မင်းဆီရောက်မလာခင် ရှစ်စန်းတောင်ထိပ်သခင်ကို သတ်နိုင်မယ့် အခွင့်အရေးတစ်ခု ရလိမ့်မယ်။ " တုန်ခါလှိုင်းတစ်ခုက လျို့ဝှက်နည်းစနစ်တစ်ခု ပေးပို့လိုက်သည်။
" လျို့ဝှက်နည်းစနစ် " ဟေးယုမိုက ၎င်းကိုကြည့်လိုက်သည်။
ထိုလျို့ဝှက်နည်းစနစ်က သူ့ကိုသူ လောင်ကျွမ်းခြင်းပင် ဖြစ်သည်။ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ အသက်စွမ်းအားနှင့် အလားအလား အားလုံးကို လောင်ကျွမ်းပြီး ယာယီခွန်အားတစ်ခု ထုတ်ပေးခြင်းဖြစ်သည်။
ထိုလျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ရှစ်စန်းတောင်ထိပ်သခင်ကို သတ်နိုင်ရန် အခွင့်အရေးရနိုင်သော်လည်း အဆုံးတွင် သူက အသက်ရှင်နိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ချီခွန်မျိုးနွယ်က ဘာမှလုပ်စရာမလိုဘဲ သူက လျို့ဝှက်နည်းစနစ်၏ တန်ပြန်မှုကြောင့် သေဆုံးရပေလိမ့်မည်။
ဟေးယုမိုက နှုတ်ဆိတ်နေသည်။
" ဟေးယုမို မင်း အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ မင်းရဲ့မျိုးနွယ်က ငါ့ရဲ့ အမိန့်ကို နာခံနေသမျှ ဂြိုလ်ဆယ်လုံးကို သူတို့အိမ်အဖြစ် ခွင့်ပြုပေးမယ်။ "
" ငါ့ရဲ့ အင်းဆက်မျိုးနွယ်က မင်းရဲ့ မျိုးနွယ်ကို ကြီးမားတဲ့ အရင်းအမြစ်တွေနဲ့ ရတနာတွေကို ထောက်ပံ့ပေးမယ်။ "
" ကျုပ်နားလည်ပြီ။ " ဟေးယုမိုက တိုးညှင်းစွာ ပြန်ပြောလိုက်သည်။
မကြာမီ ဟေးယုအိုက နန်းတော်ထဲသို့ ရောက်လာသည်။
" အဖေ " ဟေးယုအို၏ ခြေလက်များက တုန်ယင်နေပြီး ပလ္လင်ပေါ်မှ ဟေးယုမိုကို ကြည့်လိုက်သည်။
ဟေးယုမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ သားအငယ်ဆုံးကို ပြန်ကြည့်နေသည်။ လင်းယွမ်ကို ဖိနှိပ်ခဲ့သည့် ဟေးယုအို၏ လုပ်ရပ်များကို ဟေးယုမျိုးနွယ်မှ လူအများက ဝေဖန်ပြစ်တင်ကြသော်လည်း မျိုးနွယ်ခြားများကတော့ အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။ ဟေးယုအိုကို ခေါ်ပြီး ဟေးယုမိုက ရှစ်စန်းတောင်ထိပ်သခင်နှင့် တွေ့ဆုံနိုင်လေသည်။
ထိုအဖြစ်အပျက်သာမရှိလျှင် ဟေးယုမိုက ရှစ်စန်းတောင်ထိပ်သခင်နှင့် တွေ့ဆုံရန် အကြောင်းပြချက်မရှိပေ။ အကြောင်းရင်းမရှိဘဲ ရှစ်စန်းတောင်ထိပ်သခင်နှင့် တွေ့ဆုံရန် ကြိုးစားလျှင် ချီခွန်ပင်မကြယ်မှ ရှေ့ဖြစ်ဟောခြင်း ဆင့်ကဲပြောင်းလဲသူများက တစ်ခုခုမူမမှန်သည်ကို သတိထားမိသွားပေလိမ့်မည်။
စကြာဝဠာထဲမှ အားလုံးက ၎င်း၏ သဘာဝနိယာမအတိုင်း ဖြစ်ပျက်နေခြင်းဖြစ်သည်။
သို့သော် ဟေးယုအိုက အကြောင်းပြချက်ဖြစ်လေသည်။ သူ၏ သားက ရှစ်စန်းတောင်ထိပ်သခင်ကို စော်ကားမိသောကြောင့် လာရောက်တောင်းပန်သည်ဟု ပြောနိုင်လေသည်။ ၎င်းက အကျိုးအကြောင်း ဆီလျော်လေသည်။
" ငါ့ရဲ့ မျိုးနွယ်...." ဟေးယုမို၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
သူက ကြယ်စကြာဝဠာထဲတွင် အားနည်းသော မျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်၏။ လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ၏ စစ်ပွဲတွင် ဟေးယုမို၏ မျိုးနွယ်က ထိခိုက်ခဲ့ရသည်။
ရှောင်လွှဲ၍ မရသော အခြေအနေအောက်တွင် ဟေးယုမိုက သူ၏ မျိုးနွယ်ကို အင်းဆက်မျိုးနွယ်နှင့် မဟာမိတ်ပြုရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ သူ၏ ကောင်းမွန်သော ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်နှင့် အလားအလာတို့ကြောင့် အင်းဆက်မျိုးနွယ်က လူသားမျိုးနွယ်ထဲသို့ ဝင်ရောက်နိုင်ရန် စီစဉ်ပေးခဲ့သည်။
ဟေးယုမိုကဲ့သို့ အားနည်းသော မျိုးနွယ်ဝင်များက လူသားမျိုးနွယ်ထဲသို့ ဝင်ရောက်ပြီး အခြေချခြင်းမှာ သာမန်သာဖြစ်သည်။ လူသားမျိုးနွယ်က ထိုကဲ့သို့သော မျိုးနွယ်ဝင်များကို အလွန်သတိထားခြင်းမရှိပေ။ ဟေးယုမိုက ချီခွန်ကြယ်သခင်နှင့် ပူးပေါင်း၍ ကြီးကျယ်ခမ်းနားသော ဟေးယုမျိုးနွယ်ကို တည်ထောင်ခဲ့သည်။
ဟေးယုမို၏ မူလမျိုးနွယ်ကြောင့် သူက လူသားမျိုးနွယ်တွင် အဆင့်မြင့်အာဏာရှိတစ်ယောက် ဖြစ်လာနိုင်ခြင်းမရှိဘဲ ဟေးယုမျိုးနွယ်ကို တည်ထောင်ခြင်းကပင် ကန့်သတ်ချက်ရှိနေပြီဖြစ်သည်။
" အဖေ အမေ..." ဟေးယုမို၏ အတွေးများက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာသို့ ပြန်လည်ရောက်ရှိသွားသည်။ ကလေးငယ်တစ်ယောက်က သူ၏ မိဘနှစ်ယောက်နှင့် ပြေးလွှားဆော့ကစားနေသည်။
ယခင် ဘဝက အရမ်းလွတ်လပ်လေသည်။ လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်တို့၏ စစ်ပွဲကြောင့်သာ မဟုတ်လျှင် သူက ဘာစိတ်ပူစရာမှမရှိဘဲ သူ၏ မိဘများနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားပေလိမ့်မည်။
" အဖေနဲ့အမေ ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ " ဟေယုမိုက လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။
သူ၏ ဖခင်နှင့် မိခင်တို့က ကွယ်လွန်သွားကြပြီဖြစ်သော်လည်း အခြားမျိုးနွယ်ဝင်များက သူ့ကို မသိကြသော်လည်း သူ၏ ဆွေမျိုးများပင် ဖြစ်သည်။
ဟေးယုမျိုးနွယ်မှ အဖွဲ့ဝင်များက သူ့အတွက် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ရန် အသုံးချခံများသာ ဖြစ်ကြသည်။ သူက လူသားမျိုးနွယ်ထဲသို့ ဝင်ရောက်ခဲ့သောကြောင့် သတိလက်လွှတ်မနေရဲပေ။
" အဖေနဲ့ အမေ သား မကြာခင် အဖေတို့ကို လာတွေ့တော့မယ်။ " ဟေးယုမိုက ဟေးယုအိုဆီသို့လျှောက်လာပြီး သူ့ကို ဖေးမလိုက်သည်။ " လာ ရှစ်စန်းတောင်ထိပ်သခင်ကို သွားတောင်းပန်ကြမယ်။ "
ချီခွန်ပင်မကြယ်။
အလယ်ပိုင်းကုန်းမြေ၏ ရင်ပြင်တွင် ဟေးယုမိုနှင့် ဟေးယုအိုတို့က ရှစ်စန်းတောင်ထိပ်သခင်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည်။
" အကိုဟေးယုမို... အဲ့ဒါ မင်းရဲ့သားအငယ်ဆုံးလား။ " ချီခွန်မျိုးနွယ်၏ အိမ်တော်ထိန်းက ဟေးယုမိုကို သနားသော အရိပ်အယောင်များနှင့် ကြည့်လိုက်သည်။
ရှစ်စန်းတောင်ထိပ်သခင်၏ အထောက်အထားကို ကြေညာပြီးနောက် လင်းယွမ်နှင့် ပက်သက်သော အချက်အလက် အများစုကလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ကြားဆွင် ဟေးယုအိုက ရှစ်စန်းတောင်ထိပ်သခင်ကို ဖိနှိပ်ခဲ့သည့် အကြောင်းလည်း ပါဝင်လေသည်။
အခြားသူများ၏ မျက်လုံးထဲတွင် ဟေးယုမိုက ကံမကောင်းသော်လည်း သူက မျိုးနွယ်အတွက် ရပ်တည်ခဲ့လျှင် သူ၏ အငယ်ဆုံးသားကသာ ရှစ်စန်းတောင်ထိပ်သခင်ကို ဆန်ကျင်ခြင်းဖြစ်ပေလိမ့်မည်။
အမှန်တော့ ဟေးယုအိုက ကံမကောင်းခြင်းပင် ဖြစ်သည်။ မျိုးနွယ်စုကြီးတစ်ခုမှ တိုက်ရိုက်မျိုးဆက်တစ်ယောက်က မည်သည့်နောက်ခံမှ မရှိသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ဖိနှိပ်ခြင်းမှာ သာမန်သာ ဖြစ်သည်။
နတ်ဘုရားသုံးပါး အုပ်ချုပ်သော လူသားမျိုးနွယ်တွင် ဥပဒေများကို ချိုးဖောက်ခြင်းက ရှားပါးသော်လည်း ဖိနှိပ်ခြင်းကတော့ မြင်တွေ့နေကျသာဖြစ်သည်။
" ရှစ်စန်းတောင်ထိပ်သခင်ကို သတင်းပို့ပေးပါ။ ဟေးယုမိုက သူ့ကို ရတနာတစ်ခုနဲ့ တောင်းပန်ချင်ပါတယ်။ " ဟေးယုမိုက အိမ်တော်ထိန်းကို တိုးညှင်းစွာ ပြောလိုက်သည်။
ဟေးယုမိုက ရှစ်စန်းတောင်ထိပ်သခင်ကို ဆွဲဆောင်နိုင်ရန် ရတနာတစ်ခုကို အသုံးပြုလိုက်သည်။ သူက သတ္တမအလွှာ တစ်ယောက်ဖြစ်သောကြောင့် သတ္တမအလွှာ ဘုရင်အဆင့် ရတနာတစ်ခုကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။
ထိုရတနာများက မဟာတောင်ထိပ်သခင်၊ ဒုတိယတောင်ထိပ်သခင်နှင့် တတိယတောင်ထိပ်သခင်တို့အတွက် တန်ဖိုးမရှိနိုင်သော်လည်း လင်းယွမ်က ယခုမှ ဆယ့်သုံးယောက်မြောက် တောင်ထိပ်သခင်ဖြစ်လာသောကြောင့် ရတနာများစွာ မရှိသည်မှာ ထင်ရှားလေသည်။
" နားလည်ပြီ။ " ချီခွန်မျိုးနွယ်၏ အိမ်တော်ထိန်းက ခေါင်းငြိမ့်လိုက်သည်။ ၎င်းက သူ့အတွက် မထူးဆန်းပေ။ ခွင့်လွှတ်မှုရရှိရန်လာရောက် တောင်းပန်ခြင်းဖြစ်သောကြောင့် လက်ဗလာနှင့် မလာသင့်ပေ။