← Chapters

ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၂....

Vol. 12 Ch. 188

ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၂....

Vol. 12 Ch. 188

" အဋ္ဌမအလွှာသို့ ရောက်ရှိနိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်သုံးသပ်ခြင်း...."

" အကြိုအကဲဖြတ်ချက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ခက်ခဲသော လေ့ကျင့်မှုကို လျှော့ချပြီး အဆုံးမရှိသော အလားအလာကို မြှင့်ဆင်နိုင်ခဲ့ပါတယ်။ "

" အသေးစိတ်အကဲဖြတ်ခြင်း စတင်ပါပြီ။ "

" ဒုတိယအလွှာမှ စတင်ပြီး လေ့ကျင့်ခြင်းခက်ခဲမှုက သိသာထင်ရှားစွာ လျှော့ကျသွားပါတယ်။ အကြောင်းရင်းမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲကို စွမ်းအားအမျိုးမျိုးကို ပေါင်းစပ်ထားလို့ဖြစ်ပါတယ်။ "

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အလားအလာက တိုးတက်သွားပါပြီ။ ထိုလမ်းစဉ် ဖန်တီးသူရဲ့ ကိုယ်ပိုင်လုံခြုံရေးအဆင့်ကလည်း ကြယ်ကိုးလုံးအဆင့်ကို ရောက်သွားပါပြီ။ "

" လွတ်လပ်ခြင်းနတ်ဘုရား၊ တရားမျှတမှုနတ်ဘုရားတို့နဲ့ ဆက်သွယ်နေပါတယ်။ "

ချီခွန်ပင်မကြယ်။

ဟေးယုမိုက အမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း စိတ်ထဲ၌ စိုးရိမ်မှုများ တိုးလာခဲ့သည်။

" ရှစ်စန်းတောင်ထိပ်သခင်က ဘာကိုဆိုလိုတာလဲ။ ရတနာလက်ဆောင်ပေးမယ်လို့ပြောတာတောင် သူက ငါနဲ့ မတွေ့ချင်ဘူးလား။ " ဟေးယုမို၏ မျက်ခုံးများ တွန့်သွား၏။

သူ၏ လုပ်ရပ်များက သံသယဝင်စရာမရှဘဲ သူ၏ သားကို ခေါ်၍ လာရောက်တောင်းပန်ခြင်း ဖြစ်လေသည်။ သူ၏ အစီအစဉ်တွင် ဘာအပြစ်အနာဆာမှ မရှိပေ။

ရှစ်စန်းတောင်ထိပ်သခင်က သူ့ကို ခွင့်မလွှတ်လျှင်တောင် ရတနာကို ကြည့်ရှုရန် သူနှင့် ခနတော့ တွေ့ဆုံသင့်လေသည်။ ယခုမူ သူက မည်သည့်တုန့်ပြန်မှုမှ မရခဲ့ပေ။

" ငါထပ်စောင့်လိုက်ရင် ရှစ်စန်းတောင်ထိပ်သခင်ရဲ့ အသက်တံဆိပ်ပေါင်းစပ်မှုက အပြီးသတ်သွားလိမ့်မယ်။ " ဟေးယုမို၏ စိတ်ထဲတွငလ မငြိမ်မသက်ဖြစ်နေသည်။

အကယ်၍ ရှစ်စန်းတောင်ထိပ်သခင်၏ အသက်တံဆိပ်ပေါင်းစပ်မှု အောင်မြင်သွားလျှင် ဟေးယုမိုက သူ့ကို သတ်နိုင်ခဲ့လျှင်တောင် ရှစ်စန်းတောင်ထိပ်သခင်က ချောမွေ့စွာ ပြန်လည်ရှင်သန်လာပေလိမ့်မည်။

အင်းဆက်မျိုးနွယ်က ရှစ်စန်းတောင်ထိပ်သခင် အမှန်တကယ် သေဆုံးသွားမှသာ သူ၏ မျိုးနွယ်အတွက် လုံလောက်သော အရင်းအမြစ်များ ခွဲဝေပေးမည်ဖြစ်သည်။

သို့သော် ရှစ်စန်းတောင်ထိပ်သခင်ကို လုံးဝ သေဆုံးခြင်း သို့မဟုတ် လုပ်ကြံခြင်း မပြုလုပ်ခဲ့လျှင် သူတို့မျိုးနွယ်ကြား ဆက်ဆံရေးကို ထိခိုက်သွားပေလိမ့်မည်။ ဟေးယုမိုက သူသေဆုံးရလျှင်တောင် သူ၏ သေခြင်းက အကျိုးရှိရန် မျှော်လင့်ခဲ့သည်။

" အလျင်မလိုဘူး။ အခုအချိန်မှာ မူမမှန်ဘူးလို့ ပြောလို့မရသေးဘူး။ " ဟေးယုမိုက ချီခွန်မျိုးနွယ်တွင် ရှိနေသောကြောင့် မရေတွက်နိုင်သော မျက်လုံးများ၏ စောင့်ကြည့်ခြင်းခံနေရသည်ကို သိလေသည်။

" ရှစ်စန်းတောင်ထိပ်သခင် ထွက်မလာဘူးဆိုတာ ငါမယုံဘူး။ " ဟေးယုမိုက အသက်ပြင်းပြင်း ရှုလိုက်သည်။

အချိန်ကို ခန့်မှန်းကြည့်လျှင် ရှစ်စန်းတောင်ထိပ်သခင်က ယခုအချိန်တွင် အသက်တံဆိပ် ပေါင်းစပ်ခြင်း ပြီးမြောက်တော့မည်ဖြစ်သည်။ သူ့ကို သတ်ဖြတ်ရန် အခွင့်အရေး ကြီးကြီးမားမား မရှိတော့မည်ကို ဟေးယုမိုက သိလေသည်။

ယခု သူက ရှစ်စန်းတောင်ထိပ်သခင်ကို သတ်ပစ်နိုင်လျှင် ပြန်လည်ရှင်သန်ရန် နှစ်များစွာ အချိန်ယူရပေလိမ့်မည်။

ထို့အပြင် ရှစ်စန်းတောင်ထိပ်သခင် ပြန်လည်ရှင်သန်နိုင်ရန် လူသားမျိုးနွယ်က ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။

အင်းဆက်မျိုးနွယ်က သူ၏ အသက်ကို စွန့်ပြီး ရှစ်စန်းတောင်ထိပ်သခင်ကို လုပ်ကြံသတ်ဖြတ်စေခဲ့သည်။ လူသားမျိုးနွယ်က ရှစ်စန်းတောင်ထိပ်သခင်ကို အသက်သွင်းမည်ဖြစ်သော်လည်း အင်းဆက်မျိုးနွယ်က ဟေးယုမိုကို ပြန်လည်ရှင်သန်နိုင်ရန် ကူညီမည်မဟုတ်ပေ။

လင်းယွမ်က ဉာဏ်ပညာနတ်ဘုရား အကဲဖြတ်နေစဉ် သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး သူ၏ ကိုယ်ပိုင်နေရာတွင် ပေါ်လာသည်။

" ဟမ် " လင်းယွမ်က ဧည့်သည်စာရင်းကို ကြည့်လိုက်သည်။

စာရင်းက များပြာလှပြီး သူနှင့် တွေ့ဆုံရန် ခွင့်တောင်းထားသူ တစ်ထောင်တစ်သောင်းလောက် ရှိလေသည်။ ထို့အပြင် အရေအတွက်က ဆက်တိုက်တိုးတက်နေသည်။

" ရှစ်စန်းတောင်ထိပ်သခင်ဘွဲ့က အာရုံအများကြီး ဆွဲဆောင်သွားတာပဲ။ " လင်စယွမ်က သူ၏ မိသားစုနှင့် မိတ်ဆွေများမှ လွဲ၍ ကျန်စာရင်းများကို ဖျက်ပစ်လိုက်သည်။

" အဖေနဲ့ အမေက ငါ့ကို မက်ဆေ့ချ် စာပို့ထားတာပဲ။ " လင်းယွမ်က မက်ဆေ့ချ်စာရင်းကို ကြည့်လိုက်သည်။

" အခုတွေ့လို့ရတာပဲ။ " လင်းယွမ်က သူ၏ မိဘများနှင့် ညီမလေးကို ကိုယ်ပိုင်နေရာသို့ ဖိတ်ခေါ်လိုက်သည်။

ခနကြာသောအခါ လင်းချောင်ချန်၊ လုချုံးနှင့် လင်းယိတို့က လင်းယွမ်၏ ကိုယ်ပိုင်နေရာတွင် ပေါ်လာကြသည်။

" အကို..." လင်းယိက လင်းယွမ်ကို လေးစားအားကျစွာ ကြည့်လိုက်သည်။

ယခု သူမ၏ ရှေ့တွင် ရပ်နေသော သူမ၏ အကိုက ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးထဲမှ လူတစ်ယောက်ဖြစ်သော ရှစ်စန်းတောင်ထိပ်သခင်ပင် ဖြစ်သည်။

" ရှောင်ယွမ် သား ချီခွန်ပင်မကြယ်မှာ ရှိနေချိန် ကန်လန်ကြယ်က ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတယ်။ အုပ်ချုပ်သူစုန်ကိုယ်တိုင် လာတက်ပြီး နိုင်ငံသားအားလုံးနဲ့အတူ မင်းကို ဂုဏ်ပြုခဲ့ကြတယ်။ အခြားဂြိုလ်က အဖွဲ့အစည်းတွေကလည်း ကန်လန်ကြယ်ရဲ့ အပြင်ဘက်မှာ သူတို့အလံတွေကို စိုက်ထူခဲ့ကြတယ်။ " လုချုံးက ပြုံး၍ ပြောလိုက်သည်။

လင်းယွမ်ကလည်း ပြုံးလိုက်၏။ ရှစ်စန်းတောင်ထိပ်သခင်ဖြစ်လာခြင်းက ကန်လန်ကြယ်အတွက် အကြီးမားဆုံး ဂုဏ်ယူမှုတစ်ခု ဖြစ်လေသည်။

အခြားအကျိုးကျေးဇူးများမရှိလျှင်တောင် ယခုမှစ၍ ကန်လန်ကြယ်က အခြားဂြိုလ်များ လာရောက်လည်ပတ်သော တော်ဝင်နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။

" ရှောင်ယွမ် " လင်းချောင်ချန်ကလည်း ဝမ်းသာနေသည်။ " ငါတို့လင်းမိသားစုက သားကြောင့် ဘိုးဘေးတွေအတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီ။ ရှေးတုန်းက ပြောသလိုပဲ လူတစ်ယောက်က တာအိုကို အောင်မြင်ရင် သူ့ရဲ့ နောက်လိုက်တွေက ကောင်းကင်ကို တက်နိုင်လိမ့်မယ်။ ငါတို့က ကောင်းကင်ကို တက်တာထက် အခု ဆရာကြီးဆိုတဲ့သူတွေတောင် ငါတို့တံခါးရှေ့မှာ ဒူးထောက်နေကြပြီ။ "

လင်းယွမ်က သူ၏ မိသားစု၏ ခံစားချက်များကို ပြုံး၍ နားထောင်နေသည်။

ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် သူ၏ အာဏာနှင့် အရှိန်အဝါက ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် ကြောက်စရာကောင်းလှသည်။ အခြားအဖွဲ့အစည်းများမပြောနှင့် ချီခွန်ကြယ်နယ်မြေ၏ အင်အားစုကြီးငါးခုကပင် သူ၏ ဆန္ဒကို ဖြည့်ဆည့်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်။

" ဒါနဲ့ ရှောင်ယွမ် " လုချုံးက တစ်စုံတစ်ခုကို သတိရသွားပြီး စာရင်းတစ်ခုကို ထုတ်ယူလိုက်သည်။ " အုပ်ချုပ်သူစုန်က သားအတွက် စာရင်းတစ်ခု ပေးလိုက်တယ်။ အဲ့ဒါ ဟေးယုမျိုးနွယ်နဲ့ အဖြစ်အပျက်မှာ သားကို အပြစ်တင်ခဲ့ကြတဲ့ လူတွေရဲ့ နာမည်တွေပဲ။ "

" ခေါင်းဆောင်နည်းနည်းကိုပဲ အပြစ်ပေးပြီး အခြားသူတွေကို လွှတ်ပေးလိုက်ပါ။ " လင်းယွမ်က စာရင်းကို ကြည့်ပြီး ပြောလိုက်သည်။

ထိုအချိန်က ဟေးယုမျိုးနွယ်၏ ဖိအားကြောင့် လူထုများ၏ သဘောထားများက လွဲချော်ခဲ့ရသည်။ အားလုံးကို အပြစ်ပေးရလျှင် ကန်လန်ကြယ်၏ လူဦးရေ ဆယ်ပုံတစ်ပုံ လျှော့ကျသွားပေလိမ့်မည်။

မိသားစုနှင့် စကားများ ပြောဆိုပြီးနောက် လင်းယွမ်က VR ကမ္ဘာနှင့် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်။

" အခု ပြီးလောက်ပြီထင်တယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရား၏ တုန့်ပြန်မှုကို စောင့်နေခဲ့သည်။

ခနကြာသောအခါ ဉာဏ်ပညာနတ်ဘုရား၏ အသံ ထွက်ပေါ်လာသည်။

" လေးစားရပါသော အဆင့်ငါး နိုင်ငံသား လင်းယွမ် နောက်ဆုံးစီရင်ချက်အရ သင်ပေးအပ်ထားတဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပြုပြင်မှုက ခက်ခဲမှုကို လျှော့ချပြီး အလားအလာကို အလွန်မြှင့်တင်နိုင်ခဲ့တယ်။ ဒါကြောင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ မူလတန်ဖိုးထက် နောက်ထပ် ကောင်းမှုအမှတ် ငါးသိန်းကို ချီးမြှင့်လိုက်ပါတယ်။ "

" ကောင်းမှုအမှတ် ငါးသိန်း..." လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။

သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်သစ်များကို တင်ပြခြင်းမဟုတ်ဘဲ ၎င်းကို ပြုပြင်မွမ်းမံခဲ့ခြင်းသာ ဖြစ်သည်။

မူလက ကောင်းမှုအမှတ် တစ်သိန်းနှစ်သိန်းသာ ရမည်ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ကောင်းမှုအမှတ် ငါးသိန်းရရှိခဲ့လေသည်။

" ဆဋ္ဌမအလွှာကို ရောက်နိုင်ချေ ၉၅ ရာခိုင်နှုန်း၊ သတ္တမအလွှာကို ရောက်နိုင်ချေ ၃၀ ရာခိုင်နှုန်း၊ အဋ္ဌမအလွှာကို ရောက်နိုင်ချေ ၁၀ ရာခိုင်နှုန်း။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ကြည့်လိုက်သည်။

" ဆဋ္ဌမအလွှာကို ရောက်နိုင်ချေ ၉၅ ရာခိုင်နှုန်းက မပြောလဲဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ပဉ္စမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အများစုက ဆဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၃၀၊ ၄၀ ရာခိုင်နှုန်းသာ ရှိသောကြောင့် ၉၅ ရာခိုင်နှုန်းက အလွန်မြင့်မားသော ဖြစ်နိုင်ခေပင် ဖြစ်သည်။

" သတ္တမအလွှာက ၁၀ ရာခိုင်နှုန်း တိုးလာပြီး အဋ္ဌမအလွှာကို ရောက်နိုင်ချေက ၅ ရာခိုင်နှုန်း တိုးလာတယ်။ "

လင်းယွမ်က သတ္တမအလွှာနှင့် အဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ရာခိုင်နှုန်းများ တိုးလာခြင်းမှာ အမျိုးမျိုးသော စွမ်းအားများ ပေါင်းစပ်မှုကြောင့် ဖြစ်လိမ့်မည်ဟု ခန့်မှန်းလေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အဆင့်ကို ကြည့်ရအောင်။ " လင်းယွမ်က အဆင့်သတ်မှတ်ချက်များကို စစ်ဆေးလိုက်သည်။

" ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ အဆင့်တစ်..."

" ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ အဆင့် ၁၂။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူမှတ်မိသလောက်ဆို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်မှာ အဆင့် ငါးဆယ်ဖြစ်လေသည်။

" အဆင့် ၁၂..." လင်းယွမ်က သက်ပြင်းချလိုက်သည်။

သာမန်ဆင့်ကဲပြောင်းလဲသူများက ၎င်းကိုနားလည်မည်မဟုတ်ပေ။ သို့သော် လင်းယွမ်က ရှစ်စန်းတောင်ထိပ်သခင်တစ်ယောက်အနေဖြင့် ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်အဆင့်တွင် အဆင့်ငါးဆယ်ထဲသို့ ဝင်သွားသည့် အဓိပ္ပါယ်ကို နားလည်လေသည်။

ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်နှစ်ဆင့်ရှိလေသည်။ အထက်ငါးဆယ်နှင့် အောက်ငါးဆယ်ပင် ဖြစ်၏။ အဆင့်ငါးဆယ်အတွင်း ဝင်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက သတ္တမနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။ အောက်ငါးဆယ်က သတ္တမနှင့် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းအဆင့်များ ဖြစ်ကြသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပဉ္မမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုအနေဖြင့် ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့်ငါးဆယ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမှာ မယုံကြည်နိုင်စရာပင်ဖြစ်သည်။

နောက်ဆုံတွင် ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့် ငါးဆယ်မှ တစ်ရာအတွင်းက ဆဋ္ဌမနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းအဆင့်များ ဖြစ်ကြသည်။

သို့သော် သိုင်းတာအို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်ငါးဆယ်အတွင်း ဝင်ရောက်ရုံသာမက ထင်ရှားသော အဆင့် ၁၂တွင် ရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုသာ ဖြစ်၏။

All Chapters