ဆဋ္ဌမအလွှာကဏ္ဍမရှိပါ...
Vol. 12 Ch. 189
ချီခွန်VRကမ္ဘာ။
အလယ်ပိုင်းဧရိယာတွင် ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများ စုဝေးနေကြသည်။ အဖွဲ့ငယ်လေးများဖွဲ့၍ စကားများ ပြောဆိုနေကြ၏။
တစ်နှစ်ကျော်ကြာသွားပြီဖြစ်သော်လည်း ဆင့်ကဲပြောင်းလဲသူများကြားမှာ စကားခေါင်းစဉ်ကတော့ မပြောင်းလဲဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သာ ဖြစ်သည်။
ရွေးချယ်စရာမရှိပေ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထူးခြားပြီး လွန်ကဲလေသည်။
ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့်တစ်ရာက ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆိုလျှင် နှစ်ခါပြန်ကြည့်ရပေလိမ့်မည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမကဏ္ဍကို တင်လိုက်တာနဲ့ အဆင့်ငါးဆယ်ထဲ ဝင်သွားမယ်ဆိုတာ သေချာတယ်။ "
" အဲ့ထက်ပိုတာပေါ့ဟ။ အခုတောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ငါးဆယ်သုံးကို ရောက်နေပြီ။ ဆဋ္ဌမကဏ္ဍသာ တင်လိုက်ရင် ထိပ်ဆုံး သုံးဆယ် ဒါမှမဟုတ် နှစ်ဆယ်ထဲကို ရောက်သွားမှာပဲ။ "
" ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲက ထိပ်ဆုံးငါးဆယ်က သတ္တမ ဒါမှမဟုတ် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေပဲ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာနဲ့ ထိုးဖောက်သွားလို့ကတော့ ကျွတ် ကျွတ် ကျွတ်....."
ဆင့်ကဲပြောင်းလဲသူများက အချင်းချင်းပြောဆိုနေကြစဉ် ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် စတင်ပြောင်းလဲလာသည်။ အဆင့်သတ်မှတ်ချက်ပေါ်ရှိ လမ်းစဉ်တစ်ရာက တပြိုင်နက် ဝေဝါးသွားသည်။
ရင်ပြင်ရှိလူများအားလုံးက မျှော်လင့်ချက်များနှင့်ကြည့်နေကြပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာက ပြန်ပေါ်လာခဲ့သည်။
" သေစမ်း..."
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိပ်ဆုံးငါးဆယ်ထဲ ဝင်သွားပြီ။ "
" ထိပ်ဆုံးငါးဆယ်တင်မဟုတ်ဘူး။ အဲ့ဒါ အဆင့် ၁၂ပဲ။ "
" အဆင့်တစ်ဆယ်ထဲတောင် ရောက်ခါနီးနေပြီ။ "
" ဘယ်လိုဖြစ်နိုင်မှာလဲ။ "
" ဆဋ္ဌမကဏ္ဍကို တင်ပြီးရင် ထိပ်ဆုံး နှစ်ဆယ်ထဲ ဝင်ရောက်သွားနိုင်တယ်လို့ပဲ ငါထင်ခဲ့တာ။ "
" အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးတဲ့သူကို ငါလျှော့တွက်မိပုံပဲ။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၅၃ကနေ အဆင့် ၁၂ထိတောင် ရောက်သွားတာ ဆဋ္ဌမကဏ္ဍက ဘယ်လောက်ထူးခြားလဲဆိုတာ ကြည့်ရအောင်။ "
ဆင့်ကဲပြောင်းလဲသူများက မျှော်လင့်ခြင်းများ၊ စိတ်လှုပ်ရှားခြင်းများဖြင့် ဆဋ္ဌမကဏ္ဍကို ဝယ်ယူရန် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရောင်းချသည့် မျက်နှာပြင်သို့ သွားလိုက်ကြသည်။
ချက်ချင်းပင် လူတိုင်းက ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ဆဋ္ဌမကဏ္ဍ ရှိမနေခဲ့ပေ။
" ဆဋ္ဌမကဏ္ဍက ဘယ်မှာလဲ။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဆဋ္ဌမကဏ္ဍက ဘယ်မှာလဲ။ "
" VRကမ္ဘာက မတင်ရသေးတာလား။ " မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
အားလုံး၏ အမြင်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၅၂မှ အဆင့် ၁၂သို့ ခုန်တက်သွားခြင်းမှာ ဆဋ္ဌမအလွှာကဏ္ဍကို တင်ခဲ့သောကြောင့်ဟု ယူဆထားကြသည်။
ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြခြင်းမရှိဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့် ၁၂ကို ဘယ်လိုလုပ်ရောက်နိုင်မှာလဲ။
အမှန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြခဲ့လျှင်တောင် အဆင့်များ ခုန်ပျံတက်သွားခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကို တွေးကြည့်လျှင် ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြီးနောက် အဆင့်များတက်သွားခြင်းက လက်ခံနိုင်လေသည်။
သို့သော် ယခု ဆဋ္ဌမအလွှာကဏ္ဍက ရှိမနေခဲ့ပေ။ ဆဋ္ဌမအလွှာကဏ္ဍမရှိဘဲ အဆင့် ၁၂ကို ဘယ်လိုလုပ်ရောက်သွားတာလဲ။
ဆင့်ကဲပြောင်းလဲသူအများစုက VRကမ္ဘာက နှောင့်နှေးခြင်း သို့မဟုတ် မှားယွင်းမှုဖြစ်ပေါ်ခြင်းဟုသာ ထင်ခဲ့ကြသည်။
သို့သော် အခြားသူများကလည်း ဆဋ္ဌမအလွှာကဏ္ဍအား ရှာမတွေ့ကြသည်ကို တွေ့ရှိပြီးနောက် လူတိုင်းက အံ့အားသင့်သွားကြသည်။
ဆဋ္ဌမအလွှာကဏ္ဍကို မတွေ့ရသူ တစ်ဦးနှစ်ဦးသာရှိလျှင် အခြားဖြစ်နိုင်ချေများကိုသာ တွေ့မိကြပေလိမ့်မည်။ သို့သော် လူတိုင်းကမတွေ့ခဲ့လျှင်တော့ ဖြစ်နိုင်ချေတစ်ခုသာ ရှိလေသည်။
၎င်းမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြခြင်းမရှိခဲ့ပေ။ ထိုဖြစ်နိုင်ချေက အလွန်ထိတ်လန့်စရာကောင်းလှသည်။
ဆဋ္ဌမအလွှာကဏ္ဍမရှိဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၂ကို ဘယ်လိုလုပ်ရောက်သွားတာလဲ။
ပဉ္စမအလွှာသာရှိသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၅၃သို့ ဝင်ရောက်ခဲ့ခြင်းမှာ ကောင်းလိပ်ကျောင်းသားတစ်စုကြားထဲသို့ မူလတန်းတစ်ဦး ဝင်ရောလိုက်သလိုပင် ထင်ရှားလှသည်။
သို့သော် ပဉ္စမအလွှာသာရှိသောသိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၁၂သို့ ရောက်သွားခြင်းမှာ ပါရဂူများကြားသို့ ကလေးငယ်ရောက်သွားသကဲ့သို့ပင် ဖြစ်သည်။
" ကမ္ဘာကြီးက ဘာဖြစ်နေတာလဲ။ "
" ဆဋ္ဌမအလွှာကဏ္ဍမပါဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘယ်လိုလုပ်အဆင့်၁၂ရောက်သွားတာလဲ။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဒုတိယအလွှာကနေ ပဉ္စမအလွှာထိ ကြီးကြီးမားမား ပြောင်းလဲသွားတဲ့ပုံပဲ။ "
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းက ပြုပြင်မွမ်းမံမှုတွေရှိတာပဲ။ ဒါပေမယ့် အဲ့လိုလုပ်ရုံနဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘယ်လိုလုပ်အဆင့် ၁၂ ရောက်သွားတာလဲ။ "
" အဖြေက ပြုပြင်တဲ့ထဲမှာ ရှိလိမ့်မယ်။ "
များပြားသော ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဒုတိယအလွှာမှ ပဉ္စမအလွှာထိ အချက်အလက်များကို ဝယ်ယူပြီး ဖတ်ကြည့်လိုက်ကြသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘယ်စွမ်းအားစနစ်မဆို ပေါင်းစပ်နိုင်တာလား။ "
" ဒါက မယုံကြည်နိုင်စရာပဲ။ ဒီလိုအရည်အသွေးကြောင့် ဒီလိုအဆင့်တက်သွားတာ အံ့ဩစရာမရှိဘူး။ အဲ့ဒါက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အလားအလာကို အများကြီး မြင့်တက်သွားစေတယ်။ "
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အမူအရာက ပြောင်းလဲသွားသည်။
သူ၏ အသိအမြင်အရ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပြောင်းလဲမှုများကို မြင်နိုင်လေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိုက်ယန်နှင့် ထိုက်ယင်တို့တွင် ကန့်သတ်ထားခြင်းမရှိတော့ဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သူတိုင်းက သူတို့ကျွမ်းကျင်သော လမ်းစဉ်များကို လိုက်လျောညီထွေ လျှောက်လှမ်းနိုင်ပေလိမ့်မည်။ ၎င်းက အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများကို မွေးထုတ်ပေးနိုင်ရန် အခွင့်အလမ်း ပိုများလေသည်။
ဆဋ္ဌမအလွှာကဏ္ဍကို မတင်ဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်ဆယ်ဆင့်ကျော်ကို ဖြတ်ကျော်နိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသော ပညာရှင်ကြီးက ဆင့်ကဲပြောင်းလဲသူများအတွက် အဆင်ပြေသော လမ်းကြောင်းများကို ပြသပေးနိုင်ခဲ့သည်။
" ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ သိုင်းတာအိုရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဒီအဆင့်ထိ မြှင့်တင်နိုင်ခဲ့တယ်။ "
" အရင်က ထိုက်ယင်နဲ့ ထိုက်ယန်က ခက်ခဲတာကို သိလို့ ငါက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နောက်ကို မလိုက်ခဲ့ဘူး။ အခု ငါက ထိုက်ယင်နဲ့ထိုက်ယန်ကို ဖမ်းဆုပ်နိုင်စရာမလိုဘဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံနိုင်ပြီ။ ဒါကြောင့် ငါ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပြောင်တော့မယ်။ "
" ငါလည်း အတူတူပဲ။ ဒီလို ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ရဲ့ လက်ရာက ကျင့်ကြံလို့ ဘာအမှားအယွင်းမှ ဖြစ်မှာမဟုတ်ဘူး။ "
ဆင့်ကဲပြောင်းလဲသူများစွာက VRကမ္ဘာမှ ထွက်ခွာသွားကြပြီး သူတို့၏ နောက်ခံအင်အားစုများကို သတင်းများ ပြန်ပို့လိုက်ကြသည်။
" ကောင်းမှုအမှတ်ငါးသိန်း။ အဆင့်ခြောက်နိုင်ငံသား မြှင့်တင်ဖို့ လုံလောက်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
ပြည့်စုံသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဉာဏ်ပညာနတ်ဘုရားက ကောင်းမှုအမှတ် ငါးသိန်း ဆုချခဲ့လေသည်။
ကောင်းမှုအမှတ်များ ရယူနိုင်ရန် နည်းလမ်းအနည်းငယ်သာ ရှိလေသည်။ ၎င်းတို့က လူသားမျိုးနွယ်အပေါ် အကျိုးပြုခြင်းကြောင့် ချီးမြှင့်ခြင်း ခံရလေသည်။
လင်းယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခြင်းမှလွဲ၍ လူသားမျိုးနွယ်အတွက် နည်းပညာများ ဖော်ဆောင်ပေးခြင်း၊ နယ်စပ်တွင် မျိုးနွယ်ခြားများကို သတ်ခြင်းဖြင့် ကောင်းမှုအမှတ်များကို ရှာဖွေနိုင်လေသည်။
လင်းယွမ်၏ ဗဟုသုတအရ မျိုးနွယ်ခြားများကို သတ်ဖြတ်ခြင်းက သူတို့၏ အဆင့်အပေါ်လိုက်၍ ကောင်းမှုအမှတ်များ ရရှိခြင်းဖြစ်သည်။
ဆဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်က ကောင်းမှုအမှတ် တစ်ထောင်တန်လေသည်။ သတ္တမအလွှာ မျိုးနွယ်ခြားတစ်ယောက်က ကောင်းမှုအမှတ် တစ်သောင်းမှ တစ်သိန်းကြားတွင် ရှိလေသည်။ အဋ္ဌမအလွှာတစ်ယောက်ဆိုင်လျှင် ကောင်းမှုအမှတ် တစ်သန်းကျော် ရရှိပေလိမ့်မည်။
လင်းယွမ်ရရှိခဲ့သော ကောင်းမှုအမှတ် ငါးသိန်းက အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်၏ တစ်ဝက် သို့မဟုတ် သတ္တမအလွှာ ဆယ်ယောက်ကျော်ကို သတ်ဖြတ်ခြင်းနှင့် ညီမျှလေသည်။
ထို့အပြင် မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး စစ်ပွဲကို အနိုင်ရရှိခဲ့လျှင် သန်မာသော မျိုးနွယ်ခြားများကို မသတ်လျှင်တောင် ထိုက်တန်သော ကောင်းမှုအမှတ်များကို ရရှိပေလိမ့်မည်။
" အဲ့ဒါက အရမ်းအန္တရာယ်များတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် ကောင်းမှုအမှတ်များ ရှာဖွေခြင်းက နားထောင်ရသည်သာ လွယ်ကူသည်ဟု ထင်ရလေသည်။ ဆဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်ကို သတ်လျှင် ကောင်းမှုအမှတ် တစ်ထောင်ရရှိမည်။ သို့သော် လက်တွေ့တွင် ဆဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်က ကိုယ်သတ်မှာကို ထိုင်စောင့်နေမည်မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူများက သူတို့၏ အသက်များကို စွန့်စားရန်လည်း လိုအပ်လေသည်။
ဆဋ္ဌမအလွှာ မျိုးနွယ်ခြားကို အနိုင်ယူရန် လွယ်ကူလျှင်တောင် သူတို့ကို သတ်ဖြတ်ရန် ခက်ခဲလေသည်။ ထို့အပြင် ဆဋ္ဌမအလွှာ မျိုးနွယ်ခြားများက တစ်ယောက်တည်း လာကြမည်မဟုတ်ပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ချီခွန်ကြယ်သခင်က သူ၏ တပည့် လုပ်ကြံခံရခြင်းကြောင့် ဒေါသထွက်ပြီး စစ်မြေပြင်သို့ သွားကာ မျိုးနွယ်ခြားပေါင်းများစွာကို သတ်ဖြတ်ခဲ့လေသည်။ သို့သော် သူတို့က စတေးခံ ဆဋ္ဌမအလွှာအောက်များသာဖြစ်လေသည်။ သန်မာသော လူများက အစောကတည်းက ပြေးကုန်ကြပြီဖြစ်သည်။