ဆင်းသက်မှုစတင်ခြင်း....
Vol. 12 Ch. 190
" အဆင့်ခြောက်နိုင်ငံသား အဆင့်ကို မြှင့်တင်မယ်။ " လင်းယွမ်က တွေးပြီး ချက်ချင်း လုပ်ဆောင်လိုက်သည်။
အဆင့်ငါး နိုင်ငံသားမှ အဆင့်ခြောက် နိုင်ငံသားသို့ မြှင့်တင်ခြင်းက ကောင်းမှုအမှတ်ငါးသိန်း လိုအပ်လေသည်။
ခနကြာသောအခါ လင်းယွမ်က အဆင့်ခြောက် နိုင်ငံသားအဆင့်သို့ ရောက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် လူသားမဟာမိတ်မှ အီးမေးလ်တစ်စောင်က လင်းယွမ်ဆီသို့ ဝင်လာခဲ့သည်။ အီးမေးလ်ထဲတွင် အဆင့်ခြောက်နိုင်ငံသား၏ အကျိုးကျေးဇူးများကို ဖော်ပြထားသည်။
အဆင့်ခြောက်နိုင်ငံသားတစ်ယောက်၏ အခွင့်ထူးများက အဆင့်ငါးနိုင်ငံသားကို အဆင့်မြှင့်လိုက်ခြင်းနှင့် တူလေသည်။ ထို့အပြင် နောက်ထပ် အကျိုးကျေးဇူးများလည်း ရှိလေသည်။
တစ်ခုမှာ လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်တစ်ပုလင်း ရရှိခြင်းဖြစ်သည်။ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်း ဆေးရည်ဖြစ်၏။
ထို့ဆင့်ကဲပြောင်းလဲခြင်းဆေးရည်က ဆင့်ကဲပြောင်းလဲသူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဆဋ္ဌမအလွှာသို့ အတင်းအကျပ် မြှင့်တင်ခြင်းပင် ဖြစ်၏။ သို့သော် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်သာ ပြောင်းလဲသွားမည်ဖြစ်ပြီး နိယာမများနှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအပေါ် နားလည်မှုကတော့ တိုးတက်လာမည်မဟုတ်ပေ။
ထိုရလဒ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များတွင် မကျွမ်းကျင်သော သိပ္ပံပညာရှင်များနှင့် တီထွင်သူများအတွက်သာ ဖြစ်သည်။ သူတို့က လူသားမျိုးနွယ်အတွက် ကြီးမားသော အထောက်အကူပြုသော်လည်း ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ အရည််ချင်းများမရှိဘဲ ဒုတိယနှင့် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်ကြသည်။
ဗီဇဆေးရည်များက အန္တရာယ်ရှိသော်လည်း ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်က အန္တရာယ်မရှိသည့်အပြင် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က လုံးဝ ပြောင်းလဲသွားမည်ဖြစ်သည်။
လူသားမျိုးနွယ်က အဆင့်ခြောက်နိုင်ငံသားများကို လူသားမျိုးနွယ်အတွက် ဆက်လက်အကျိုးပြုနိုင်ရန် ဆင့်ကဲပြောင်းလဲခြင်းဆေးရည်ကို ပေးအပ်ခြင်းဖြစ်လေသည်။
" ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်..." လင်းယွမ်က အံ့ဩသွား၏။
သာမန်လူတစ်ယောက်ကို ဆဋ္ဌမအလွှာထိ တိုးမြှင့်ပေးနိုင်ခြင်းက အမှန်တကယ် အဖိုးတန်သော ရှားပါးရတနာပင် ဖြစ်သည်။ လင်းယွမ်က အဆင့်ငါးနိုင်ငံသား ဖြစ်လာချိန်ကပင် စျေးကွက်အပ်တွင် ထိုသို့သော ရတနာကို မတွေ့ခဲ့ရပေ။
" ဒါပေမယ့် ဆင့်ကဲပြောင်းလဲခြင်းဆေးရည်နဲ့ ဆဋ္ဌမအလွှာကို ဝင်ရောက်တဲ့သူတွေက ဆဋ္ဌမအလွှာမှာ အားအနည်းဆုံးတွေပဲ ထင်တယ်။ " လင်းယွမ်က သတိပြုမိလိုက်သည်။
ဆဋ္ဌမအလွှာ၏ တိုက်ခိုက်ရေးစွမ်းအားက ရှုထောင့်အမျိုးမျိုး အပေါ်တွင် မူတည်နေသည်။ တစ်ခုက ဆဋ္ဌမအလွှာ၏ ခွန်အားဖြစ်သည်။ နောက်တစ်ခုမှာ လျို့ဝှက်နည်းစနစ်များအပေါ် ကျွမ်းကျင်မှာဖြစခ၏။ တတိယမှာ နိယာမများအပေါ် နားလည်နိုင်စွမ်းဖြစ်သည်။ စတုတ္ထကတော့ သူတို့၏ ကိုယ်ပိုင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ခွန်အားဖြစ်သည်။
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းဆေးရည်ကို အသုံးပြုထားသူများက ဆဋ္ဌမအလွှာ၏ အခြေခံခွန်အားကိုသာ ပိုင်ဆိုင်ပေလိမ့်မည်။
အဆင့်ခြောက်နိုင်ငံသားများ၏ ဒုတိယအခွင့်အရေးမှာ ရာစုနှစ်တိုင်း ကျင်းပသည့် ကြယ်မဟာမိတ်ညီလာခံသို့ တက်ရောက်ခွင့်ရခြင်းဖြစ်သည်။
ကြယ်မဟာမိတ်က ကြယ်နယ်များစွာဖြင့် ဖွဲ့စည်းထားသော မဟာမိတ်တစ်ခု ဖြစ်၏။လက်ရှိ ချီခွန်ကြယ်နယ်မြေက အန်းနန်ကြယ်မဟာမိတ်ထဲတွင် ပါဝင်လေသည်။
ထို့ကြောင့် ကြယ်မဟာမိတ်ညီလာခံကို အန်းနန်ကြယ်မဟာမိတ်က ကျင်းပပြီး အဆင့်ခြောက်နိုင်ငံသားများ တက်ရောက်ခွင့်ရှိလေသည်။ ကြယ်မဟာမိတ်ညီလာခံတွင် ပါဝင်သည့် နိုင်ငံသားတိုင်းက သူတို့၏ အကြံပြုချက်များကို တင်ပြနိုင်လေသည်။ အဆင့်ခြောက်နိုင်ငံသားတစ်ဦးက အန်းနန်ကြယ်မဟာမိတ်မှ ကိုယ်ပိုင်စစ်သင်္ဘောတစ်စင်းကိုလည်း တောင်းဆိုနိုင်လေသည်။
" ကြယ်မဟာမိတ်ညီလာခံ..." လင်းယွမ်က တွေးလိုက်သည်။
ထိုညီလာခံက ကြယ်နယ်မြေတစ်စု၏ အမြင့်ဆုံးအာဏာကို ချုပ်ကိုင်ထားပြီး အဆင့်ခြောက်နိုင်ငံသားများသာ ပါဝင်ရန် အရည်အချင်း ပြည့်မှီလေသည်။
အဆင့်ခြောက်နိုင်ငံသား၏ အကျိုးအမြတ်များကို လေ့လာပြီးနောက် လင်းယွမ်က နန်းတော်အပြင်သို့ ထွက်လာသည်။
" ဆရာဆီခေါ်သွားပေးပါ။ " လင်းယွမ်က အပြင်ဘက်ရှိ ကြီးကြပ်ရေးမှူးကို တစ်ချက်ကြည့်လိုက်သည်။
" ဟုတ်ကဲ့ တောင်ထိပ်သခင် ကြွပါ။ " ကြီးကြပ်ရေးမှူးက လင်းယွမ်ကို အလွန်ရိုသေစွာဖြင့် အလယ်ရှိ အကြီးဆုံးတောင်ထိပ်ဆီသို့ ခေါ်ဆောင်သွားသည်။
" ဆရာကို အရိုအသေပေးပါတယ်။ " လင်းယွမ်က ပလ္လင်ပေါ်တွင် ထိုင်နေသော ချီခွန်ကြယ်သခင်ကို အရိုအသေပေးလိုက်သည်။
" ဟားဟားဟား တပည့်လေး ထပါ။ " ချီခွန်ကြယ်သခင်က ချက်ချင်း ပြောလိုက်သည်။ သူက လင်းယွမ်ကို အလွန်ကျေနက်စွာ ကြည့်နေလေသည်။
" ဘယ်လိုနေလဲ။ မင်းနေရတာ အဆင်ပြေရဲ့လား။ " ချီခွန်ကြယ်သခင်က မေးလိုက်သည်။
လင်းယွမ်က ချီခွန်ပင်မကြယ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သောကြောင့် နေသားမကျ ဖြစ်နိုင်လေသည်။
" ကောင်းပါတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" အဲ့ဒါကောင်းတယ်။ " ချီခွန်ကြယ်သခင်က ပြုံးလိုက်သည်။ " မင်းမှာ ပြဿနာတစ်ခုခုရှိရင် ဆရာကို ပြောပါ။ "
ထို့နောက် လင်းယွမ်က ချီခွန်ကြယ်သခင်နှင့် စကားအနည်းငယ် ပြောပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။
ရှစ်စန်းတောင်ထိပ်တွင် လင်းယွမ်က သူ၏ စီနီယာအကို ၁၂ ယောက်နှင့်အတူ ထိုင်နေသည်။
" ဂုဏ်ပြုပါတယ် ညီငယ်လေး။ "
" ဟားဟား နောက်ဆုံးတော့ မင်းကို လူကိုယ်တိုင်တွေ့ရပြီပေါ့။ " စီနီယာအကို ၁၂ ယောက်က နွေးထွေးစွာ နှုတ်ဆက်လိုက်ကြသည်။
" ဒါနဲ့ ညီငယ်လေး မင်း ဟေးယုမိုနဲ့ တွေ့ချင်လား မတွေ့ဘူးလား။ " အကိုသုံးက ပြောလိုက်သည်။
အခြားသူများကလည်း တိတ်ဆိတ်စွာဖြင့် လင်းယွမ်ကို ကြည့်လိုက်ကြသည်။
" ဟေးယုမိုလား။ " လင်းယွမ်က ခနစဉ်းစားပြီး ပြောလိုက်သည်။ " မတွေ့တာပဲကောင်းတယ်။ ဆွေးနွေးစရာဘာမှမရှိဘူး။ "
" ကောင်းပြီ။ " အကိုသုံးက ခေါင်းငြိမ့်လိုက်သည်။
လင်းယွမ်က ဟေးယုမိုနှင့် တွေ့ဆုံလိုလျှင် သူတို့ကြား တင်းမာမှုများကို ဖြေလျှော့ရန် နေရာရှိသည်ဟု ဆိုလိုလေသည်။ ဟေးယုမိုကတော့ ထိုက်တန်သော တန်ဖိုးကို ပေးရပေလိမ့်မည်။ သို့သော် တွေ့ဆုံရန် ငြင်းပယ်လိုက်ခြင်းက လင်းယွမ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းစေလေသည်။
" ဟေးယုမျိုးနွယ်ကို စုံစမ်းဖို့ အချိန်ကျပြီ။ " အကိုနှစ်က အရိပ်အမြွက်ပြောလိုက်သည်။
" ငါ့တာဝန်ထားလိုက်။ ဟေးယုမျိုးနွယ်ရဲ့ စီးပွားရေလုပ်ဆောင်မှုအားလုံးကို ရပ်တန့်လိုက်ပြီ။ ဟေးယုမျိုးနွယ်ဝင်အားလုံး ကိုယ်နေထိုင်ရာဂြိုလ်ကနေ ထွက်ခွာခြင်းမပြုဘဲ ချီခွန်မျိုးနွယ်ရဲ့ စောင့်ကြည့်ခြင်းကို ခံရမယ်။ " အကိုသုံးက ကြေညာလိုက်သည်။
ထိုထုတ်ပြန်ချက်က ဟေးယုမျိုးနွယ်၏ ပြိုလဲမှုပင်ဖြစ်သည်။ ဟေးယုမျိုးနွယ်က ချီခွန်ကြယ်နယ်မြေအတွင်း မြင့်မားသော အရှိန်အဝါရှိပြီး တိုက်ရိုက်ဖိနှိပ်ခြင်းက မကောင်းပေ။ သို့သော် လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ခြင်းက ဟေးယုမျိုးနွယ်၏ ပျက်ဆီးမှုမှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။
ချီခွန်မျိုးနွယ်အတွက် ဟေးယုမျိုးနွယ်က အပြင်မှ ခေါ်ယူစောင့်ရှောက်ထားသော ခွေးတစ်ကောင်ထက် မပိုပေ။
ခွေးက နာခံရန် ပျက်ကွက်လျှင် ၎င်း၏ နေရာကို အစားထိုးခံရပေလိမ့်မည်။ ယခု ခွေးက သခင်ကို ပြန်ကိုက်သောကြောင့် ဆက်လက်မွေးမြူထားရန် မလိုတော့ပေ။
" ကျေးဇူးတင်ပါတယ် အကိုတို့...." လင်းယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
" ဘာတွေကျေးဇူးတင်နေတာလဲ။
" ငါတို့က ညီကိုတွေပဲ။ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်။ "
" ဟုတ်တယ်။ ဒါက အသေးအဖွဲကိစ္စလေးပဲ။ " စီနီယာအကို၁၂ ယောက်က ရယ်မော်ပြီး တူညီစွာ တုန့်ပြန်လိုက်ကြသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က နန်းတော်သို့ ပြန်ရောက်လာခဲ့သည်။
" အားလုံးက ဂရုစိုက်ကြတယ်။ ငါ ဆင်းသက်ခြင်း စလို့ရလောက်တယ်။ " လင်းယွမ်က အတွေးများ စုစည်းပြီး သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးဆီသို့ သွားလိုက်သည်။
" ဒီတစ်ခါ ဆင်းသက်မယ့် ကမ္ဘာအကြောင်းကို အရင်ကြည့်ရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိမျှင်တစ်ခုကို ဂိတ်တံခါးထဲသို့ နစ်မြှုပ်လိုက်သည်။
လင်းယွမ်က ကျယ်ပြောပြီး အဆုံးမရှိသော ကမ္ဘာကြီးတစ်ခုကို တွေ့လိုက်ရသည်။
" ဒီကမ္ဘာကြီးက...." လင်းယွမ်က အံ့ဩသွား၏။
သူက အင်မော်တယ်ချီများ လွှမ်းခြုံထားသော အင်မော်တယ်တောင်တန်းတစ်ခု၊ မိစ္ဆာစွမ်းအားများ စုစည်းနေသော တားမြစ်နယ်မြေတစ်ခုနှင့် နတ်ဆိုးစွမ်းအားများ ပြည့်နှက်နေသော ကြီးမားသော အသိုက်အအုံကြီးတစ်ခုကို တွေ့လိုက်ရသည်။
သူ၏ အသိအနည်းငယ် ထိတွေ့ရုံနှင့် သူက ထိုကမ္ဘာတွင် နေထိုင်ချိန်မှာ နှစ်ငါးရာဖြစ်ပြီး မူလကမ္ဘာမှအချိန်နှင့်ဆိုလျှင် သုံးလေးလလောက် ကြာပေလိမ့်မည်။
" စကြတာပေါ့။ " လင်းယွမ်က အနည်းငယ်ပြင်ဆင်ပြီးနောက် တံခါးပိတ်ကျင့်စဉ်ဝင်လိုက်သည်။
အဆုံးတွင် သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးရှေ့သို့ ပြန်ရောက်လာပြီး အတွေးတစ်ချက်နှင့်အတူ သူ၏ စိတ်အသိက ၎င်းထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။
နာမည် - လင်းယွမ် ( ကျွင်းဝူကျိ )
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး စောင့်ကြပ်သူ
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း
နေထိုင်ချိန် - နှစ်ငါးရာ