စွမ်းအားကြီးသော နောက်ခံ...
Vol. 12 Ch. 191
မြူခိုးနှင့် တိမ်တိုက်များက ထူထပ်စွာရှိနေပြီး အင်မော်တယ်ချီများက လှည့်ပတ်နေသည်။
ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မိန်းမပျိုနှစ်ယောက်က သူ၏ ဘေးနှစ်ဖက်တွင် ညင်သာစွာ နှိပ်နယ်ပေးနေသည်။
" ဒီတစ်ခါ စိတ်အသိဆင်းသက်တာက ဒီလိုအဆင့်အတန်းမျိုး ရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး။ " လူငယ် လင်းယွမ်က သူ၏ ပတ်ဝန်းကျင်ကို လေ့လာနေသည်။
လင်းယွမ်က သူ့အား နှိပ်နယ်ပေးနေသော မိန်းမပျိုနှစ်ယောက်မှာ ဖြူဖျော့ပြီး အားနည်းပုံရသော်လည်း သူတို့ထံမှ သိမ်မွေ့သော စိတ်ဝိညာဉ်ဖိအားကို ခံစားမိလေသည်။
" ရွှေအမြုတေအဆင့် အမျိုးသမီး ကျင့်ကြံသူတွေ...." လင်းယွမ်က မျက်လုံးများ မှိတ်ပြီး သူ၏ မျက်ခုံးများကို ပွတ်လိုက်သည်။
မူလခန္တာကိုယ်၏ မှတ်ဉာဏ်များအရ သူဆင်းသက်လာသော လက်ရှိကမ္ဘာမှာ အင်မော်တယ်တာအိုကမ္ဘာဖြစ်သည်ကို သိခဲ့ရသည်။
အင်မော်တယ်တာအိုကမ္ဘာဟု ပြောခြင်းမှာ မတိကျသေးဘဲ အင်မော်တယ်လမ်းစဉ်လွှမ်းမိုးထားသော ကမ္ဘာဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
" ငါ့ရဲ့ အဖေ သူက တာအိုအင်မော်တယ်ဂိုဏ်း ဒီမျိုးဆက်မှာ ပါရမီအမြင့်ဆုံးတပည့်တစ်ယောက်ဖြစ်ပြီး သန္ဓေပြောင်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တယ်။ အခု သူက နောက်ထပ် ဂိုဏ်းချုပ်အဖြစ် လေ့ကျင့်ပေးခြင်း ခံနေရတယ်။ "
" ငါ့ရဲ့ အမေက လက်ရှိဂိုဏ်းချုပ်ရဲ့ သမီးအရင်း အလှဆုံး အမျိုးသမီးတစ်ယောက်။"
" ငါ့ရဲ့ အဘိုးက တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ၃၀ ဆက်မြောက် ဂိုဏ်ချုပ် နတ်ဘုရားနယ်မြေတစ်ခုလုံးက ထိပ်ဆုံး သုံးယောက်ထဲမှာ ပါတယ်။ "
" ငါ့ရဲ့ အကိုကြီးကလည်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်စွမ်းရည်ကို ပိုင်ဆိုင်ပြီး နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ထားတယ်။ "
" ငါ့ရဲ့ ဒုတိယအမမှာ သန္ဓေပြောင်း မြေကြီးစိတ်ဝိညာဉ်အမြစ်ရှိတယ်။ ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ဆို သူမလည်း နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အလမ်းရှိတယ်။ "
" ငါကရော.... ငါက ဘာစိတ်ဝိညာဉ်အမြစ်မှ မရှိတဲ့ အမှိုက်တစ်ယောက်လား။ " လင်းယွမ်က သူ့ကိုသူ တွေးလိုက်သည်။
ဤကမ္ဘာတွင် စိတ်ဝိညာဉ်အမြစ်များက အလွန်အရေးပါပြီး ၎င်းတို့က ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသော တံတားများကဲ့သို့ ဖြစ်သည်။
စိတ်ဝိညာဉ်အမြစ်များကို ကောင်းကင်စိတ်ဝိညာဉ်အမြစ်၊ မြေကြီးစိတ်ဝိညာဉ်အမြစ်၊ နှစ်မွှာစိတ်ဝိညာဉ်အမြစ်၊ သုံးဆ စိတ်ဝိညာဉ်အမြစ်၊ လေးဆစိတ်ဝိညာဉ်အမြစ်တို့ ဖြစ်ကြသည်။ လေးဆစိတ်ဝိညာဉ်အမြစ်က အသုံးမဝင်သော စိတ်ဝိညာဉ်အမြစ်ဟု သိကြသည်။
လင်းယွမ်၏ နောက်ခံနှင့် သူက အသုံးမဝင်သော လေးဆစိတ်ဝိညာဉ်အမြစ်ဖြစ်လျှင်တောင် ဂိုဏ်း၏ ပေါများသော အရင်းအမြစ်များနှင့် သူက အခြေတည်အဆင့် သို့မဟုတ် အမြုတေအဆင့်သို့ပင် ရောက်နိုင်လေသည်။
သို့သော် သူတွင် စိတ်ဝိညာဉ်အမြစ်မရှိပေ။ စိတ်ဝိညာဉ်အမြစ်မရှိလျှင် စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်မည်မဟုတ်ပေ။
လူတစ်ယောက်က အရင်းအမြစ်များနှင့် အခြေတည်အဆင့်သို့ အတင်းအကျပ်တက်ခဲ့လျှင်တောင် သူတို့၏ ကျင့်ကြံခြင်းကို ဆုံးရှုံးသည်နှင့် သာမန်သေမျိုးတစ်ယောက် ပြန်ဖြစ်သွားပေလိမ့်မည်။
" သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအား..." လင်းယွမ်က ၎င်းကို ခန ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။
ဤကမ္ဘာကြီးတွင် သန့်စင်သော စွမ်းအားမျှင်များနှင့် ပြည့်နှက်နေသည်ကို သူ ရှာတွေ့လိုက်ရသည်။ ထိုစွမ်းအားက မူလကမ္ဘာ ချီခွန်မျိုးနွယ်မှ အနီရောင်စိတ်ဝိညာဉ်အရည်နှင့် မယှဉ်နိုင်သော်လည်း နေရာအနှံ့ ပေါများလှသည်။
" သနားစရာပဲ။ " လင်းယွမ်က အနည်းငယ် ခေါင်းခါလိုက်သည်။
စိတ်ဝိညာဉ်အမြစ်မရှိလျှင် သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအားကို မထိတွေ့နိုင်ပေ။ လင်းယွမ် ခံစားနိုင်သည့် အကြောင်းရင်းမှာ စိတ်အသိဆင်းသက်လာခြင်းကြောင့်သာ ဖြစ်သည်။
" သခင်လေး အဆင်ပြေရဲ့လား။ " လင်းယွမ်က စဉ်းစားနေချိန်တွင် အစေခံမိန်းမပျိုနှစ်ယောက်က စိုးရိမ်စွာ မေးလိုက်ကြသည်။
" ကောင်းပါတယ်။ " လင်းယွမ်က အနည်းငယ် ခေါင်းခါလိုက်သည်။
သူက အသုံးမကျသော အမှိုက်တစ်ယောက်ဖြစ်သော်လည်း သူ၏ အဆင့်အတန်းက အင်မော်တယ်များ၏ တတိယမျိုးဆက်ဖြစ်လေသည်။ သူ့ကို ခစားသော အစေခံများကပင် ရွှေအမြုတေအဆင့်များ ဖြစ်ကြလေသည်။
ပြင်ပကမ္ဘာတွင် ရွှေအမြုတေအဆင့်များက မိန်းကလေးများဖြစ်လျှင်တောင် အရေးပါသော လူများဖြစ်ကြလေသည်။ ယခုတော့ သူတို့က လင်းယွမ်၏ အစေခံအဆင့်သာ ရှိကြလေသည်။
လင်းယွမ်သာ ဆန္ဒရှိလျှင် သူတို့က သူ၏ အိပ်ယာကို နွေးထွေးအောင် အချိန်မရွေးပြုလုပ်ပေးကြပေလိမ့်မည်။
" မင်းတို့ အခုထွက်သွားလို့ရပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
" ဟုတ်ကဲ့။ " မိန်းမပျိုနှစ်ယောက်က ခေါင်းငြိမ့်လိုက်ပြီး ရိုသေစွာ နောက်ဆုတ်သွားကြသည်။
ထိုရွှေအမြုတေအဆင့် အစေခံနှစ်ယောက်က သူ၏ မိခင် စီစဉ်ပေးထားခြင်းဖြစ်ပြီး လင်းယွမ်ကို ခစားရန်သာမက ကာကွယ်ရန်လည်း ဖြစ်သည်။
" ဒီကမ္ဘာက..." လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
ဤကမ္ဘာကြီးတွင် အရင်းအမြစ်များ ကြွယ်ဝသော အလယ်ပိုင်း နတ်ဘုရားကုန်းမြေကို တာအိုအင်မောင်ဂိုဏ်းက အုပ်စိုးထားသည်။
အလယ်ပိုင်းနတ်ဘုရားကုန်မြေ၏ အနောက်ဘက်နယ်မြေက နတ်ဆိုးသားရဲများ၏ နယ်မြေဖြစ်ပြီး တာအိုအင်မော်တယ်ဂိုဏ်း၏ အကြိမ်ကြိမ် ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
တောင်ဘက်တွင် သာမန်ကျင့်ကြံသူများနှင့် မသင့်တော်သော မိစ္ဆာစွမ်းအားများ ပြည့်နှက်နေသည့် မိစ္ဆာကျင့်ကြံသူများ၏ နယ်မြေဖြစ်သည်။
မြောက်ဘက်တွင် သွေးနတ်ဆိုး ဦးဆောင်သော နတ်ဆိုးကျင့်ကြံသူများ နေထိုင်ကြပြီး သွေးနတ်ဆိုးကျမ်းကို ကျင့်ကြံ၍ သွေးပင်လယ် မခမ်းခြောက်သရွေ့ သူတို့မသေနိုင်ဘူးဟု ဆိုကြသည်။
" တာအိုအင်မော်တယ်ဂိုဏ်း၊ နတ်ဆိုးသားရဲတွေ၊ မိစ္ဆာကျင့်ကြံသူတွေ၊ နတ်ဆိုးကျင့်ကြံသူတွေ အင်အားစုကြီးလေးခု။ အရှေ့ပိုင်းက ပင်လယ်ကျွန်းတွေနဲ့ ဂိုဏ်းတွေရှိပေမယ့် သူတို့က လုံလောက်အောင် အရေးမပါဘူး။ "
" အင်အားစုကြီးလေးခုကြားမှ တာအိုအင်မော်တယ်ဂိုဏ်းက သံသဝင်စရာမလိုအောင် အသန်မာဆုံးပဲ။ ဂိုဏ်းတစ်ဂိုဏ်းရဲ့ စွမ်းအားနဲ့တင် သူတို့က အခြားအင်းအားစုသုံးခု ဘေးဖယ်ထုတ်ပြီး အရင်းအမြစ်ကြွယ်ဝတဲ့ အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို အုပ်စိုးထားနိုင်ခဲ့တယ်။ "
လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူ၏ မှတ်ဉာဏ်များအရ တာအိုအင်မော်တယ်ဂိုဏ်းက အကျင့်သိက္ခာရှိသည်ဟူဆိုသော်လည်း သူတို့၏ လုပ်ရပ်များက လွှမ်းမိုးနိုင်စွမ်းကြီးလှသည်။
အလယ်ပိုင်းနတ်ဘုရားကုန်မြေတွင် ယခင် အခြားအင်မော်တယ်ဂိုဏ်းများ ရှိသော်လည်း အဆုံးတွင် တာအိုအင်မော်တယ်ဂိုဏ်းက အားလုံးကို ချေမှုန်းပစ်ခဲ့သည်။ နောက်ဆုံးတွင် အလယ်ပိုင်းနတ်ဘုရားကုန်မြေ၏ အကျိုးအမြတ်များအားလုံးကို တာအိုအင်မော်တယ်ဂိုဏ်းက ပိုင်ဆိုင်သွားခဲ့သည်။
" ကမ္ဘာကြီးက ဘယ်လိုပဲဖြစ်ဖြစ် ခွန်အားကပဲ အရာရာကို အဆုံးအဖြတ်ပေးနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
မူလကမ္ဘာတွင် လူသားမဟာမိတ်ကလည်း နယ်မြေဆက်တိုက်တိုးချဲ့နေပြီး သူတို့၏ လုပ်ရပ်များကလည်း တာအိုအင်မော်တယ်ဂိုဏ်းနှင့် မခြားပေ။
" နေထိုင်ချိန် နှစ်ငါးရာတောင်ရှိတာပဲ ဖြည်းဖြည်းပေါ့။ " လင်းယွမ်က သူနေထိုင်ရာနေရာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
" ဒီနေရာက တာအိုအင်မော်တယ်ဂိုဏ်းမဟုတ်ဘူးလား။ "
လင်းယွမ်က ယခု သာမန်လူများ စိတ်ကူးမယဉ်နိုင်သည့် စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝသော နေရာတွင် ရှိနေသော်လည်း သူ၏ မှတ်ဉာဏ်အရ ခမ်းနားထည်ဝါသော တာအိုအင်မော်တယ်ဂိုဏ်းနှင့် ယှဉ်လျှင်တော့ နိမ့်ကျနေဆဲ ဖြစ်သည်။
" သူက ထိုးနှက်ချက်တွေကို မခံနိုင်လို့ သူ့ရဲ့ မိဘတွေကို အဝေးကိုပို့ဖို့ တောင်းဆိုခဲ့တာပေါ့။ " လင်းယွမ်က ကျွင်းဝူကျိ၏ မှတ်ဉာဏ်များမှ အကြောင်းရင်းကို သိလိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က မကျင့်ကြံနိုင်သော်လည်း သူ၏ မိသားစုနောက်ခံကြောင့် တာအိုအင်မော်တယ်ဂိုဏ်းရှိ ဘယ်သူကမှ သူ့ကို အနိုင်ကျင့်ရဲမည်မဟုတ်ပေ။ သို့သော် တာအိုအင်မော်တယ်ဂိုဏ်းတွင် နေ့စဉ်နေထိုင်ပြီး ကျင့်ကြံနေကြသော ပျံသန်းနေကြသော တပည့်များနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဓာတ်ကျခြင်းကို မခုခံနိုင်ပေ။
ထို့အပြင် တာအိုအင်မော်တယ်တောင်ကို အင်မော်တယ်တောင်တန်းဟု ခေါ်ဆိုရခြင်းမှာ စိတ်ဝိညာဉ်စွမ်းအား ပေါများလှပြီး တောင်ကိုယ်တိုင်ကပင် စိတ်ဝိညာဉ်ဖြစ်ပေါ်လုနီးပါး ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် ကျွင်းဝူကျိတွင် စိတ်ဝိညာဉ်အမြစ်မရှိသောကြောင့် မည်မျှစိတ်ဝိညာဉ်စွမ်းအားကြွယ်ဝသည်ဖြစ်စေ သူ့အတွက် အသုံးမဝင်ပေ။
" အဲ့ဒါလည်း ကောင်းတာပဲ။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
သူက အင်မော်တယ်တောင်တန်းတွင် ရှိနေလျှင် လင်းယွမ်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် တစ်ယောက်၏ စောင့်ကြည့်ခြင်းကို သတိထားရပေလိမ့်မည်။
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်က ဤနယ်မြေတွင် အသန်မာဆုံး တည်ရှိမှုတစ်ခုဖြစ်ပြီး မူလကမ္ဘာတွင် ဆဋ္ဌမအလွှာနှင့် ညီမျှလေသည်။
ထို့အပြင် တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းရတနာကလည်း ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိလေသည်။ ၎င်းက တာအိုအင်မော်တယ်ဂိုဏ်း အလယ်ပိုင်နတ်ဘုရားကုန်းမြေကို အုပ်စိုးနိုင်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
" ဒီနေရာက တိမ်မြူခိုးတော်ဝင်နယ်မြေပေါ့။ " လင်းယွမ်က ဂရုတစိုက် လေ့လာနေသည်။
မူလခန္ဓာကိုယ်က မကျင့်ကြံနိုင်သော်လည်း ကျင့်ကြံခြင်းကမ္ဘာ၏ ဗဟုသုတအနည်းငယ်တော့ ရှိလေသည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် ဂူ ၇၂လုံးနှင့် တော်ဝင်နယ်မြေ ၁၀၈ခု ရှိလေသည်။ ၎င်းတို့က အင်မော်တယ်တောင်တန်းပြီးလျှင် ဒုတိယ ကျင့်ကြံခြင်းနေရာများဖြစ်ကြသည်။
တိမ်မြူခိုးတော်ဝင်နယ်မြေက ၎င်းတို့ထဲမှ တစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝ၍ စဦးစိတ်ဝိညာဉ်အဆင့်တစ်ယောက်ကိုတော့ မွေးထုတ်ပေးနိုင်လေသည်။
ကျွင်းဝူကျိက အင်မော်တယ်တောင်တန်းတွင် မနေလိုသောကြောင့် သူ၏ မိဘများက တော်ဝင်နယ်မြေတစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးခဲ့ကြသည်။
တိမ်မြူခိုးတော်ဝင်နယ်မြေက တာအိုအင်မော်တယ်ဂိုဏ်းနှင့် နီးပြီး တစ်ခုခုဖြစ်လျှင် သူတို့က အလွယ်တကူ လာရောက်ကူညီနိုင်ကြလေသည်။