← Chapters

အကိုကြီးနှင့် ဒုတိယအမ...

Vol. 12 Ch. 193

အကိုကြီးနှင့် ဒုတိယအမ...

Vol. 12 Ch. 193

နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က ဆေးအချို့နှင့် သူ၏ အသက်စွမ်းအားကို အားဖြည့်ပြီးနောက် ဒုတိယအလွှာကို ချိုးဖျက်သွားခဲ့သည်။

သိုင်းတာအို၏ ဒုတိယအလွှာက အင်မော်တယ်လမ်းစဉ်၏ အခြေတည်အဆင့်နှင့် ညီမျှလေသည်။

" အချိန်ကျပြီ။ " လင်းယွမ်က သူ၏ စွမ်းအားများနှင့် အော်ရာကို ဖုံးကွယ်လိုက်သည်။

အင်မော်တယ်လမ်းစဉ်၏ ကမ္ဘာတွင် ရုတ်တရက် မမြင်ဖူးသော စွမ်းရည်များနှင့် နည်းစနစ်များကို ပြသခဲ့လျှင် အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။ အထူးသဖြင့် ယခုကဲ့သို့ အားကြီးလွန်းသော နောက်ခံပင်ဖြစ်၏။

ရှေဟောင်းသူတော်စင်ဖြစ်သော သူ၏ အဘိုး၏ ရှေ့တွင် သူ၏ လုပ်ရပ်များကို သတိထားရပေလိမ့်မည်။ လင်းယွမ်က သူ၏ ထူးခြားသော စွမ်းရည်များကြောင့် သူ၏ မိဘများက သူ့ကို ခေါ်ပြီး သူ၏ အဘိုးကို စစ်ဆေးကြည့်စေခဲ့လျှင် သူက ရှေးဟောင်းသူတော်စင်တစ်ယောက်၏ လက်ထဲတွင် အဆုံးသတ်သွားပေလိမ့်မည်။

" ငါ နတ်ဘုရားအာရုံနဲ့ ရှာဖွေမှုတွေကို တားဆီးဖို့ နည်းစနစ်တစ်ခု ဖန်တီးဖို့ လိုတယ်။ " လင်းယွမ်က အတွေးနက်နေသည်။

အင်မော်တယ်လမ်းစဉ်တွင် ရှာဖွေခြင်းနည်းစနစ်များက နတ်ဘုရားအာရုံပေါ်တွင် အခြေခံထားသည်။ နတ်ဘုရားအာရုံ၏ ရှာဖွေမှုများကို တားဆီးနိုင်လျှင် လင်းယွမ်၏ အစစ်အမှန်စွမ်းအားကို အပြင်လူများ မြင်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

" နတ်ဘုရားအာရုံ..." လင်းယွမ်က ထပ်တလဲလဲ စဉ်းစားနေသည်။

နတ်ဘုရားအာရုံက ဝိညာဉ်၏ စွမ်းအား ပုံစံတစ်မျိုးဖြစ်ပြီး နတ်ဘုရားအာရုံကို တားဆီးရန် ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်၏ စွမ်းအားကို အသုံးပြုရပေလိမ့်မည်။

လင်းယွမ်၏ ထူးခြားသော စွမ်းရည်နှင့် မူလကမ္ဘာမှ ဝိညာဉ်နှင့်ပက်သက်သော ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်များကြောင့် ရက်အနည်းကြာပြီးနောက် နတ်ဘုရားအာရုံ၏ ရှာဖွေမှုများကို တားဆီးနိုင်သည့် နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ထိုနည်းစနစ်က ကိုယ်ပိုင်ဝိညာဉ်၏ စွမ်းအားကို အကာအကွယ်တစ်ခု ဖန်တီးပြီး အခြားကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများကို တားဆီးနိုင်ခြင်းဖြစ်သည်။

" မဆိုးဘူး မဆိုးဘူး။ " လင်းယွမ်က ခေါင်း​​ငြိမ့်လိုက်သည်။

ထိုလျို့ဝှက်နည်းစနစ်ကို သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် အသက်သွင်းလိုက်လျှင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်တစ်ဦးပင် လင်းယွမ်ကို ကိုယ်တိုင်ကိုယ်ကျ အကြိမ်ကြိမ် စစ်ဆေးခြင်းမရှိပါက မူမမှန်မှုကို ရှာတွေ့မည်မဟုတ်ပေ။

နောက်ထပ် နှစ်လကြာပြီးနောက် လင်းယွမ် ကျင့်ကြံနေစဉ် ရုတ်တရက် ရွှင်းဟွာရောက်လာသည်။

" သခင်လေး အကိုကြီးနဲ့ ဒုတိယအမတို့က သခင်လေးကို လာတွေ့ပါတယ်။ "

" ငါသိပြီ။ " လင်းယွမ်က သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။

သူတို့မောင်နှမသုံးယောက်က ကောင်းမွန်သော ဆက်ဆံရေး ရှိပြီး အကိုကြီးနှင့် ဒုတိယအမတို့က သူ့ကို အလွန်ဂရုစိုက်ကြလေသည်။

လင်းယွမ် အင်မော်တယ်တောင်တန်းတွင် ရှိနေချိန်တွင် အခြားတပည့်များက သူ့ကို ရန်မစရဲသည့်အကြောင်းရင်းမှာ သူ၏ အဘိုးနှင့် မိဘများကြောင့်သာမက လင်းယွမ်ကို ရန်စလိုက်သော တပည့်တိုင်းက သူ၏ အကိုကြီးနှင့် ဒုတိယအမတို့၏ ရိုက်နှက်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။

အခြားတပည့်များက ရိုက်ခဲ့လျှင် သူတို့က စည်းကမ်းထိန်းသိမ်းရေခန်းမသို့ သွားပြီး တိုင်ကြားနိုင်လေသည်။ သို့သော် လင်းယွမ်၏ အကိုကြီးနှင့် ဒုတိယအမဆိုလျှင်တော့ သူတို့က တံတွေးများ မျိုချရုံသာရှိလေသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမက ဘက်မလိုက်ရန် တရားမျှတမှုရှိရန် ဟောပြောခဲ့သော်လည်း ဘယ်သူက အမှန်တကယ် ဘက်မလိုက်ဘဲ နေရဲမှာလဲ။

" ညီလေး "

" မောင်လေး "

လင်းယွမ်က ခန်းမထဲသို့ မရောက်မီ သူ၏ အကိုကြီးနှင့် ဒုတိယအမတို့၏ ခေါ်သံကို ကြားလိုက်ရသည်။

" အကိုကြီး၊ ဒုတိယအမ " လင်းယွမ်က နှုတ်ဆက်လိုက်သည်။

" ဟားဟား ညီလေး နေကောင်းလား။ "

" ငါ့ကိုပြောပါ။ မင်းကို ဘယ်သူဒုက္ခပေးရဲသေးလဲ။ ငါသူ့ကို တစ်နှစ်လောက် အိပ်ယာထဲလှဲနေရအောင် ရိုက်ပေးလိုက်မယ်။ "

" တစ်နှစ် မလုံလောက်ဘူး။ အနည်းဆုံး သုံးနှစ်ပဲ။ " အကိုကြီးနှင့် ဒုတိယအမတို့က ပြောလိုက်ကြသည်။

" ဟားဟား အဆင်ပြေပါတယ်။ အဲ့လိုမျိုးမလိုအပ်ပါဘူး။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

ကျွင်းဝူကျိက လူဆိုးတစ်ယောက်မဟုတ်ဘဲ လိုလျောညီထွေနေထိုင်တတ်သူဖြစ်၏။ မဟုတ်လျှင် သူ၏ မိဘများက သူ့ကို လိုလိုလားလား လွှတ်ထားမည်မဟုတ်ပေ။

လင်းယွမ်က သူ၏ အကိုကြီးနှင့် ဒုတိယအမကို ကြည့်လိုက်သည်။ အကိုကြီးက ထွားကျိုင်းပြီး ဖော်ရွေသော အမူအရာ ရှိလေသည်။

အကိုကြီးက သတ္တုကောင်းကင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး ဓားကျင့်ကြံသူလမ်းစဉ်ကို လျှောက်လှမ်းသူဖြစ်လေသည်။ သူက တာအိုအင်မော်တယ်ဂိုဏ်းရှိ စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များကြား ထိပ်ဆုံး သုံးယောက်ထဲတွင် ပါဝင်လေသည်။

နတ်ဆိုးသားရဲများ ကျူးကျော်လာသည့် အကြိမ်တိုင်း သူ၏ အကိုကြီးက ဦးဆောင်တိုက်ခိုက်ခဲ့ပြီး သူ၏ လက်တွင် မရေတွက်နိုင်သော နတ်ဆိုးဘုရင်များ၏ သွေးများ စွန်းထင်နေသည်။

သူ၏ ဒုတိယအမက သန္ဓေပြောင်းမိုးကြိုး မြေကြီးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားလေသည်။ သူမက နူးညံ့သိမ်မွေ့သော်လည်း ၎င်းက သူမ၏ မိသားစုဝင်များ ရှေ့တွင်သာ ဖြစ်သည်။

" ညီလေး အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ။ " သူ၏ အကိုကြီးက ပြုံး၍ ပြောလိုက်သည်။

" ညီလေးကို ပြောပြရဦးမယ်။ ဒီတိမ်မြူခိုးတော်ဝင်နယ်မြေက အသက်ရှည်ခြင်းတော်ဝင်နယ်မြေလို့လည်း ခေါ်ကြတယ်။ အလယ်ပိုင်းနတ်ဘုရားကုန်းမြေရဲ့ တော်ဝင်နယ်မြေ ၁၀၈ခုထဲမှာ တော်ဝင်နယ်မြေတစ်ခုစီတိုင်းက သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ရှိကြတယ်။ တိမ်မြူခိုးတော်ဝင်နယ်မြေကတော့ အသက်ရှည်စေတာပဲ။ "

" ဒီမှာနေပြီး အသက်ရှည်ဆေးအချို့စားနေရင် ကျင့်ကြံမှုမရှိရင်တောင် နှစ်တစ်ရာ ဒါမှမဟုတ် နှစ်တစ်ထောင်တောင် အသက်ရှည်နိုင်တယ်။ " သူ၏ အကိုကြီးက ပြောလိုက်သည်။

" အမတို့မိဘတွေက မောင်လေးနေဖို့ ဒီတိမ်မြူခိုးတော်ဝင်နယ်မြေကို လိုချင်တဲ့အချိန်မှာ ဂိုဏ်းရဲ့ အကြီးအကဲတချို့က အဲ့ဒါကို မေးခွန်းထုတ်ခဲ့ကြတယ်။ ဒါပေမယ့် အဖေက အတိုက်အခံတွေကို ဆန့်ကျင်ပြီး ဒီနယ်မြေကို သိမ်းပိုက်ခဲ့တယ်။ " ဒုတိယအမက ပြောလိုက်သည်။

" ကျွန်တော်က အဖေနဲ့အမေကို ပြသနာဖြစ်စေခဲ့တာပေါ့။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

အလယ်ပိုင်းနတ်ဘုရားကုန်မြေ၏ တော်ဝင်နယ်မြေ ၁၀၈ ခုမှ တိမ်မြူခိုးတော်ဝင်နယ်မြေကို စိတ်ဝိညာဉ်အမြစ်မရှိသော အမှိုက်တစ်ယောက်အား ပေးမည်ဟု ကြားချိန်တွင် တာအိုအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများ၏ ခံစားချက်ကို စိတ်ကူးကြည့်နိုင်လေသည်။

သို့သော် သူတို့ ဘာမှမလုပ်နိုင်ပေ။ လင်းယွမ်က စိတ်ဝိညာဉ်အမြစ်မရှိသော်လည်း စွမ်းအားကောင်းသော နောက်ခံရှိလေသည်။ အခြားသူများက မကျေမနပ်ဖြစ်လျှင်တောင် ၎င်းက သူတို့လုပ်နိုင်တာအကုန်ဖြစ်၏။ သူတို့က ကြီးမားသော ဆုံးဖြတ်ချက်များ ချရန် အာဏာမရှိပေ။

" အဲ့ဒီနေ့ရက်တွေ...." လင်းယွမ်က စိတ်ကျေနပ်သွား၏။

စတုတ္ထအကြိမ်ဆင်းသက်ချိန်တွင် ကနဦး နှစ်နှစ်ဆယ်ကို မဟာချောက်နက်၏ အမှောင်ထုထဲတွင် ကုန်ဆုံးခဲ့ရသည်။

ယခုဆင်းသက်ခြင်းက ထိပ်ဆုံးမှ စတင်ခဲ့ပြီး မကျင့်ကြံနိုင်သည်မှလွဲ၍ အဖက်ဖက်က ပြည့်စုံနေခဲ့သည်။ မကျင့်ကြံနိုင်ခြင်းကလည်း အခြားသူများ၏ အမြင်တွင်သာဖြစ်ပြီး လင်းယွမ်ကတော့ ကျင့်ကြံနိုင်နေဆဲ ဖြစ်သည်။

" ဒါနဲ့ညီလေး ဒီမှာ နေရတာ မင်းမှာ လိုအပ်တာတွေ ရှိသေးလား။ ရှိရင် အကိုကြီးကို ပြောပါ။ " သူ၏ အကိုကြီးက မေးလိုက်သည်။

" လိုအပ်တာလား။ " လင်းယွမ်က ခနစဉ်းစားလိုက်သည်။

" ကျွန်တော် ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် ကြိုးစားကြည့်ချင်သေးတယ်။ ကျွန်တော် အင်မော်တယ်လမ်းစဉ် ကျင့်စဉ်တွေနဲ့ ရုပ်ခန္ဓာကျင့်စဉ်တွေ လိုချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

ထိုတောင်းဆိုမှုမှာ လင်းယွမ်က ဤကမ္ဘာကြီး၏ ကျင့်ကြံခြင်းစနစ်ကို နားလည်ချင်သောကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ်အမြစ်မရှိဘဲ လင်းယွမ်က အင်မော်တယ်လမ်းစဉ်နောက်ကို မလိုက်နိုင်ပေ။

သို့သော် သူက အင်မော်တယ်လမ်းစဉ်ကို နားမလည်နိုင်ဘူးဟု မဆိုလိုပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက အင်မော်တယ်လမ်းစဉ်မှ ဉာဏ်အလင်းများ ရရှိနိုင်လေသည်။

ရုပ်ခန္ဓာကျင့်ကြံခြင်းက အင်မော်တယ်လမ်းစဉ်မှ ဆင်းသက်လာသော အကိုင်းအခက်တစ်ခု ဖြစ်လေသည်။ ၎င်းက ရုပ်ခန္ဓာကို ကျင့်ကြံခြင်းဖြစ်သောကြောင့် စိတ်ဝိညာဉ်အမြစ်ရှိရန် မလိုအပ်ပေ။ သို့သော် ရုပ်ခန္ဓာကျင့်ကြံခြင်းက အဆုံးမရှိသော နာကျင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်လေသည်။

" ညီလေး " သူ၏ အကိုကြီးနှင့် ဒုတိယအမတို့က စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။

ကျွင်းဝူကျိက ကျင့်ကြံရန် စိတ်ကူးကို လက်မလျှော့သေးကြောင့် သူတို့နားလည်လေသည်။

ရှေးခေတ်ကတည်းက စိတ်ဝိညာဉ်အမြစ်မရှိသူသည် အင်မော်တယ်လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် အတိတ်တွင် မရှိသောကြောင့် အနာဂတ်တွင် မရှိဟုလည်း မဆိုလိုပေ။

ထို့ကြောင့် ကျွင်းဝူကျိက အင်မော်တယ်ကျင့်စဉ်အမျိုးမျိုးနှင့် လျို့ဝှက်နည်းစနစ်များစွာကို စုဆောင်းခဲ့သည်။ သူ၏ မိဘများ၊ အကိုကြီးနှင့် ဒုတိယအမတို့ကလည်း ၎င်းကို ကောင်းကောင်းသိကြလေသည်။ ကျွင်းဝူကျိ၏ ကြိုးစားမှုများက အချည်းနှီးဖြစ်လာနိုင်သော်လည်း အားလုံးက သူ့ကို တားရန် အင်အားမရှိခဲ့ကြပေ။

" ရုပ်ခန္ဓာကျင့်စဉ်... ညီလေး ရုပ်ခန္ဓာကျင့်ကြံတာက စိတ်ကူးမယဉ်နိုင်လောက်အောင် နာကျင်မှုကို ခံစားရလိမ့်မယ်။ မင်းစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်။ " သူ၏ အကိုကြီးက သတိပေးလိုက်သည်။

သာမန်လူများ ရုပ်ခန္ဓာကျင့်ကြံခြင်းကို လျှောက်လှမ်းကြခြင်းမှာ အသက်မရှည်နိုင်လျှင်တောင် ပြင်ထန်သော ခွန်အားကို ရရှိသောကြောင့်ဖြစ်သည်။

သို့သော် ၎င်းက ကျွင်းဝူကျိအတွက် မလိုအပ်ပေ။ ထို့အပြင် ကျွင်းဝူကျိက လှုပ်ရှားခြင်းမရှိသောကြောင့် သူ၏ ခွန်အားကို တိုင်းတာရန် ခက်ခဲလေသည်။

" ရုပ်ခန္ဓာကျင့်ကြံခြင်းရဲ့ နောက်ကွယ်က သဘောတရားတွေကို ကျွန်တော် လေ့လာကြည့်ချင်တယ်။ " လင်းယွမ်က အကြောင်းပြချက်ပေးလိုက်သည်။

All Chapters