← Chapters

ဒုသခင်ထောင်အား လျှို့ဝှက်ကြံစည်ခြင်း

Vol. 116 Ch. 1613

ဒုသခင်ထောင်အား လျှို့ဝှက်ကြံစည်ခြင်း

Vol. 116 Ch. 1613

တကယ်တော့ သိချင်သည်ဆိုသည်ထက် အနည်းငယ် စိတ်ပူနေခြင်းဖြစ် သည်။ မီအာက အဲလူကိုသတ်လိုက်ရင် သူမ ဘယ်လိုလုပ်ရမလဲ။

ဤအချိန်တွင် ဒုသခင်ထောင်သေသွားပါက မိသားစုအတွင်း ရှုပ်ထွေး သွားနိုင်ရာ သူတို့အတွက် အကျိုးအမြတ်မရှိနိုင်ပေ။

ကောင်းသွားသည်မှာ မီအာသည် သူမ ယုံကြည်ထားသည်ထက် ပို၍ မောက်မာသည်။ သူသည် ဤကိစ္စမှာ မည်မျှအရေးကြီးကြောင်းကို သိထား သဖြင့် သူ့အကျင့်အတိုင်းမပြုမူပေ။ သူသည် ဒုသခင်ထောင်ကို နှင်ထုတ်ခြင်း သတ်ပစ်ခြင်းမလုပ်ပေ။

ရှီမာယူယူ ထိုအကြောင်းကြားမှပင် အနည်းငယ် စိတ်ငြိမ်သွားသည်။ သူမ စိတ်ထဲတွင်တော့ မီအာသည် ထိုကိစ္စများကို အလေးအနက်တွေးသေးသည်ဟု စဉ်းစားနေမိသည်။

တစ်ဖက်တွင်တော့ မီအာသည် အလောတကြီးမလုပ်ဘဲ အလိုက်သင့် ကလေးနေနေသည်။

“ငါပြောတာ ကောင်မလေး မင်းစဉ်းစားကြည့်ပြီးပြီလား ပြီးမှနောင်တရ နေမယ် ဒီနှစ်ရက်အတွင်းမှာ ငါ ငွေရေပင်သုံးမှာ အဲအချိန်ကျရင် မင်းလိုချင်ရင် တောင်ရတော့မှာမဟုတ်ဘူး” သခင်ကြီးထောင်သည် ဘာမှမရှိသည့်အိပ်ယာ ကို မျက်နှာချင်းဆိုင်ကာ အတင်းပင်ပြောနေသည်။

မီအာသည် ဘေးတွင်ထိုင်ပြီး နှာရှုတ်လေသည် “ကျွန်မမှ ရှင့်ကို ကတိ မပေးရသေးတာ ရှင်ကျွန်မကို လွှတ်ပေးတာကောင်းမယ်နော် ကျွန်မတို့ရှီမာ မျိုးနွယ်ကလည်း ကိုင်တွယ်ဖို့မလွယ်ဘူး”

“မင်းက ငါ့ကိုခြိမ်းခြောကနေတာလား” ဒုသခင်ထောင်သည် အူယားလာ သည်။

“ဟင်း ကျွန်မ မသိဘူးလို့မထင်လိုက်နဲ့ ရှင်က အစကတည်းက ကျွန်မကို ငွေရေပင် ပေးဖို့စိတ်ကူးမရှိဘူး ကျွန်မကသဘောတူလိုက်ရင်တောင် ကျွန်မကို တစ်သက်လုံး ဒီမှာပိတ်ထားဦးမှာပဲ၊ ကျွန်မသေသွားရင်တောင် ရှင့်လို နှာဗူးအို ကြီးနဲ့ ဘယ်တော့မှမနေနိုင်ဘူး” မီအာ အော်ငိုလေသည်။

ဒုသခင်ထောင်သည် အခန်းထဲဝင်လိုက်သည်နှင့် ထင်ယောင်ထင်မှား ဝင်္ကပါထဲကျရောက်သွားခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အိပ်ယာပေါ်တွင်ထိုင် နေသူကို ကြည့်ပြီးဒေါသထွက်နေမိသည်။ သူသည် သူမ မျက်မှောင်ကြုတ် သည်ကိုကြည့်ပြီး ဒေါသထွက်လာပြန်သည်။

သူသည် အိပ်ယာဘေးသို့လာရာ အိပ်ယာပေါ်မှလူသည် နောက်ပြန် ဆုတ်လိုက်သည်။ သူမသည် နေရာကျဉ်းကြပ်ထဲတွင် ပိတ်မိသွားသည်။

“ရှင်… ဘာလုပ်ချင်တာလဲ”

“မင်း မသိလို့ဖြစ်မယ်၊ ငါက အရင်ကဘယ်သူ့ကိုမှ အတင်းအကြပ်မလုပ် ဖူးဘူး၊ မင်းရဲ့ တည်ရှိမှုလေးက စွဲမက်စရာကောင်းပြီး ငါစိတ်ဝင်စားသွားတာ တော့ ဝန်ခံတယ် ကြောင်လေးက လိမ္မာလိုက်တာကောင်းမယ်နော်” ဒုခသင် ထောင်ပြောလေသည်။

“ကျွန်မ သဘောမတူဘူး ရှင် လက်လျော့လိုက်တာကောင်းမယ်” မီအာ ပြောလိုက်သည်။

“ဟုတ်လား မင်း သဘောမတူရင် ရလဒ်ကပိုဆိုးလာလိမ့်မယ်လို့ အစောင့် နှစ်ယောက်က မပြောဘူးလား” ဒုသခင်ထောင်သည် သူမ မျက်နှာကို နမ်းလိုက် သည်။ အိုး… ခံစားလို့ ကောင်းလိုက်တာ။

ထင်ယောင်ထင်မှားပုံရိပ် ရှီမာယူယူသည် ကြောက်ရွံ့ကာ ဖြူဖျော့လာ သည်။

“ဟား ဟား သေချာစဉ်းစားကြည့်နော် ငါ စိတ်ဘယ်လောက်မှ မရှည်ဘူး” ဒုသခင်ထောင်သည် ရယ်မောပြီး ထွက်သွားလေသည်။

မီအာသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဒီကောင် ထောင်က ရွံစရာကောင်းတာတွေ လုပ်မသွားလို့တော်သေးတယ်။ မဟုတ်ရင် အဲလူသာ ထင်ယောင်ထင်မှားထဲရှိရင်တောင် မီအာက သူ့ကိုယ်သူ ထိန်းချုပ်နိုင် မှာမဟုတ်ဘူး။

ထိုအဖြစ်အပျက်သည် အတုအယောင်ဖြစ်သော်လည်း ရှီမာယူယူအပေါ် တွင် ထိုညစ်ညမ်းသောအတွေးများ တွေးခြင်းကို ခွင့်မပြုနိုင်ပေ။

ရှီမာယူယူသည် မီအာ၏ အတွေးကို အာရုံခံမိသဖြင့် သူမ၏ နှုတ်ခမ်း သည် ကွေးတက်သွားပြီး ပေါ့ပါးစွာပြုံးလိုက်သည်။

“ဒီကောင်လေးကတော့… မီအာကို အနိုင်ကျင့်ဖို့ ဒုသခင်ထောင်လိုမျိုး ဟာ မကြာခဏရှာရတော့မယ့်ပုံပဲ”

သို့သော် သူမသည် ဤနေရာသို့ ရောက်သည်မှာ မကြာသေးကာ အခြေအနေကို ရှင်းလင်းစွာနားမလည်သလို အဆက်အသွယ်လည်းမရှိပေ။ ဒုသခင်ထောင်သည် အလှလေးများကို နှစ်သက်တတ်သည်ဟူ၍သာ သူမ သိ သည်။

… အလှလေးတွေ

သူမ ရုတ်တရက် တစ်စုံတရာကို တွေးမိပြီး နာကျင်စွာဖြင့် ရယ်လိုက်မိ သည်။ သူမသည် ဒုသခင်ထောင်ကို အလုပ်များအောင်လုပ်နိုင်သည့် သတင်း များကို မီအာ့ကိုပေးလိုက်သည်။

ညရောက်သောအခါ ပုံတူပန်းချီများသည် လူအများဆီမှတဆင့် ဒုသခင် ထောင်ရှေ့တွင် ရပ်လေသည်။

ထိုပုံတူများသည် အလွန်လက်တွေ့ဆန်လွန်းသဖြင့် ဒုသခင်ထောင်သည် အသက်ရှုမရတော့သလိုပင် ခံစားရလေသည်။

“ဒီကမ္ဘာကြီးမှာ ဒီလောက်လှတဲ့ မိန်းကလေးရှိသေးတာလား” သူသည် ဘေးမှ အစောင့်ကိုမေးလိုက်သည်။

“ဒုသခင် ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ ဒီလူက တကယ်ရှိပါတယ် နည်းနည်းပဲ….”

“ဘာဖြစ်လဲ”

“လူမဟုတ်တာလေးတစ်ခုပဲ သူမက အသွင်ပြောင်းဝိညာဉ်သားရဲဖြစ်နေ တာ” အစောင့်မှ ပြန်ဖြေလိုက်သည်။

“အသွင်ပြောင်း ဝိညာဉ်သားရဲဟုတ်လား” ဒုသခင်ထောင်၏အသံသည် ဒေါသထွက်သည်ထက် စိတ်ဝင်စားမှုပိုများနေသည်။

“ဟုတ်ပါတယ်” အစောင့်သည် ဒူးထောက်ပြီး ဒုသခင်၏ အကြိုက်မှာ ဘာကြောင့် ဒီလောက်ထူးဆန်းသလဲဟု သိချင်မိသည်။

“ဝိညာဉ်သားရဲ ဟုတ်ပြီ ငါ အရင်ကတစ်ခါမှမစမ်းဖူးဘူး” ဒုသခင်ထောင် သည် ရယ်မောလိုက်သည် “ဒီလူက ဘာလဲမင်းသိလား သူမက ဘယ်မှာလဲ”

“သူမ.. သူမက ယုန်နားရွက်တောင်မှာပါ” အစောင့် ပြန်ဖြေလေသည်။

“ယုန်နားရွက်တောင် ဟုတ်လား၊ ဒါဆိုရင် ငါတို့ယုန်နားရွက်တောင်ကို သွားလည်ကြမလား”

“ဒုသခင် နောက်သုံးလေးရက်နေရင် မျိုးနွယ်ရဲ့ စုဝေးပွဲစတော့မယ် စုဝေးပွဲမတိုင်ခင် တစ်ခုခုဖြစ်ရင်…. စုဝေးပွဲပြီးမှ ဘာလို့မသွားတာလဲ” အစောင့် သည် စိတ်ကိုမာမာထားကာ အကြံပြုလိုက်သည်။

“ငါက သခင်လား မင်းက သခင်လား” ဒုသခင်ထောင်သည် သူ့ကိုကန် လိုက်သည် “ဖြတ်လမ်းတည်ဆောက်မှုကို မြန်မြန်ပြင်တော့”

အချိန်အများကြီးမကျန်တော့သဖြင့် ဖြတ်လမ်းတည်ဆောက်မှုကို သုံးမှ ပင် အမြန်ပြန်လာနိုင်မည်ဖြစ်သည်။ အစောင့်သည် စိတ်ဆင်းရဲမှုကို တိတ်တိတ်လေး ရေရွတ်ကာ ထပြီးထွက်သွားလေသည်။

ညဥ့်နက်အချိန်တွင် ဒုသခင်ထောင်သည် ယုန်နားရွက်တောင်သို့ ထွက် သွားကြောင်းကို နီရဲပျားများဆီမှ ရှီမာယူယူ သတင်းရလေသည်။ သူ အသက် ရှင်လျက် ပြန်လာနိုင်မလားဆိုသည်ကိုတော့ မည်သူမှမသိနိုင်ပေ။

သူမရှိသဖြင့် မီအာသည် ပို၍ပင် ပြန်လာချင်နေသည်။ သူမ အခြေအနေ ကို ထိုအစောင့်နှစ်ယောက်သာ သိသည်ဟု တွေးမိပြီး ထိုလူများကို တိတ်တဆိတ်ဖြေရှင်းခိုင်းလိုက်သည်။

မီအာ ထိုစကားကိုကြားသည်နှင့် ပျော်သွားကာ အလောင်းများကို ရှင်းပြီး သည်နှင့် လစ်ကနဲပင် ညတွင်းချင်း ရှီမာယူယူ၏ ဘေးသို့ရောက်သွားလေ သည်။

ရှီမာယူယူ၏ လက်ထဲသို့ မီအာပြန်ရောက်လာချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။

“ယူယူ ငါ အဆိပ်ဖြေဆေးဖော်ခဲ့ပြီ” သခင်ကြီးဂျီသည် သူအောင်မြင် ကြောင်းကို တံခါးမှလာပြောလေသည်။

ရှီမာယူယူ တံခါးဖွင့်ပြီး သူ့ကိုဝင်ခိုင်းရာ သူသည် ချက်ချင်းပင် အဆိပ် ဖြေဆေးပေးပြီး ပြောလေသည် “ဒါကသခင်လေးရဲ့ ပန်းတစ်ရာပိုးကောင် အဆိပ်အတွက် အဆိပ်ဖြေဆေးပဲ”

“ဒါကအစစ်ပါနော်”

“သေချာပေါက် အစစ်ပဲပေါ့” သခင်ကြီးဂျီသည် မုတ်ဆိတ်ကိုမှုတ်ပြီး သူမ ကိုကြည့်လေသည်။ သူသည် ဒေါသထွက်လိုက်ချင်သော်လည်း သူမရှေ့တွင် ဒေါသမထွက်ရဲသဖြင့် ပြုံးရယ်ပြီးပြောလိုက်ရသည် “စိတ်ချပါ ကျုပ်ရဲ့ အသက် ကလေးက မင်းလက်ထဲမှာပါ မင်းကိုလည်း သင်ပေးစေချင်သေးတယ်လေ”

“ဒီတစ်ခေါက်တော့ ကျွန်မ ရှင့်ကိုယုံလိုက်မယ်” ရှီမာယူယူသည် လောက အသေးထုတ်ပြီး ထောင်ယိရွှမ်ကို ထုတ်လိုက်သည်။

ထောင်ယိရွှမ်ကို မြင်သောအခါ သခင်ကြီးဂျီ၏ မျက်နှာထားမှာ အကြိမ် ပေါင်းများစွာပြောင်းသွားသော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေကာ ဘာမှ မလုပ်ပေ။

ရှီမာယူယူသည် အဆိပ်ဖြေဆေးကို ထောင်ယိရွှမ်လက်ထဲသို့ထည့်ပေး ကာ ပြောလိုက်သည် “ဒါက သခင်ကြီးဂျီ ကိုယ်တိုင်ဖော်ထားတဲ့ အဆိပ် ဖြေဆေးပဲ သူ့ကိုယုံရင်တော့ စားလိုက်ပါ”

ထောင်ယိရွှမ်သည် အဆိပ်ဖြေဆေးကိုယူပြီး နဖူးတွင် မာနကြီးသည်ဟု ရေးထားသော သခင်ကြီးဂျီကို ကြည့်လိုက်သည်။

သူသည် သခင်လေးကြောင့် ဤဆေးကို သန့်စင်ခြင်းမဟုတ်ပေ။

ထောင်ယိရွှမ်သည် လှည့်ပြီးနောက် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ သည် သူ အဆိပ်ဆေးစားသည်ဖြစ်စေ မစားသည်ဖြစ်စေ ကိစ္စမရှိဆိုသည့် မျက်နှာသေနှင့်ဖြစ်နေသည်။

အရင်လိုသာဆိုလျှင် သူသည် သံသယဝင်မိဦးမည်ဖြစ်သည်။ သို့သော် လောကအသေးတွင် နေပြီးနောက် သူမအား အနည်းငယ်ပိုနားလည်လာသည်။ အဆိပ်ဖြေဆေးမှာ အမှားမရှိဟု သူမ မပြောလာသဖြင့် အဆင်ပြေနိုင်သည်။

သည်လိုနှင့် သူသည် တွေဝေခြင်းမရှိဘဲ အဆိပ်ဖြေဆေးကိုစားလိုက် သည်။

အတန်ကြာပြီးနောက်တွင် ခန္ဓာကိုယ်မှ အလွန်နာကျင်မှုကိုခံစားရလေ သည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလုံးကို ဓားသွားများဖြင့် မွှန်းခံနေရ သလိုပင်။ သူ၏ အတွင်းအင်္ဂါများမှာ လှိမ့်နေပြီး နာကျင်မှုကြောင့် မေ့လဲတော့ မလိုပင်ဖြစ်နေသည်။

“ဒီ ဒီအဆိပ်ဖြေဆေးက…” သူသည် ခုံကိုဆုပ်ကိုင်ပြီး နောက်ပြန်လဲကျ သွားတော့သည်။

အဆိပ်ဖြေဆေးမှာ အတုအယောင်ဖြစ်သည်ဟု သူ ပြောချင်နေသည်။ သို့သော် ခန္ဓာကိုယ်မှာ အလွန်နာကျင်သဖြင့် စကားပင်မပြောနိုင်ပေ။ သူသည် ကြမ်းပြင်ပေါ်သို့ လုံးဝပင် လဲကျသွားတော့သည်။

ရှီမာယူယူသည် သူ့ဆီသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ပြီး ပြော လိုက်သည် “ဒီအဆိပ်ဖြေဆေးက အစစ်ပါ အကျိုးဆက်က တောင့်ခံဖို့ခက်တာ ပဲရှိတာ၊ ရှင် ဒီလောက်နာနေမှတော့ ထပ်ကူညီပေးလိုက်မယ် ရှင်နိုးလာတာနဲ့ အဆိပ်ပြေသွားမယ်”

ထောင်ယိရွှမ်သည် သူမအား ရီဝေစွာကြည့်နေသည်။ နာကျင်မှုကြောင့် သူ့ စိတ်မှာနှောက်နေသည်။ ရှီမာယူယူမှ သူ့ကို မည်သည့်ဆေးတိုက်လိုက် သည်ကို မသိလိုက်ပေ။ သို့သော် ဆေးသောက်ပြီးနောက်တွင် မေ့လဲသွားတော့ သည်။

***

All Chapters