အိမ်သစ်
Vol. 2 Ch. 31
အိမ်သည် ငွေပေးချေလိုက်သည့်အချိန်ကနှင့် လွန်စွာမှပြောင်းလဲသွားသည်။
ဝေးဝေးမှလှမ်းကြည့်လျှင် အနက်ရောင်အုတ်ကြွပ်မိုးများ၊ အဖြူရောင်နံရံများ၊ သဘာဝအုတ်များနှင့် အနီရောင်တိုင်များကို တွေ့ရပေမည်။ အရောင်သည် လန်းဆန်းကာ ရှင်းလင်းကာ သေသပ်သည်။
ဖန်းဟွာမြို့မှလမ်းနှင့်မျက်နှာချင်းဆိုင်နေသောတံခါး၏တစ်ဖက်တစ်ချက်စီ၌ အနီရောင်မီးပုံးများ ချိတ်ဆွဲထားသည်။
အိမ်အား သပ်ရပ်စွာ စီစဉ်ထားသော လူတစ်ရပ်စာမြင့်သည့်ခြံစည်းရိုးဖြင့် ကာရံထားသည်။
ခြံဝန်းထဲသို့ဝင်လိုက်လျှင် အုတ်ကျိုးအုတ်ပဲ့များဖြင့်ထိန်းသိမ်းထားသည့် ချယ်ရီပင်တစ်ပင်အပြင် လူနှစ်ဦးထိုင်နိုင်သည့် နေဘက်သို့မျက်နှာမူထးသောသစ်သားခုံရှည်ရှိသည်။ တစ်ခြားတစ်ဖက်တွင် ခြံစည်းရိုးတစ်လျှောက်၌ နှစ်မီတာမျှကျယ်ပြီး ငါးမီတာမျှရှည်လျားသည့် ပန်းမျိုးစုံစိုက်ပျိုးထားသည့် ပန်းမွေ့ယာရှိသည်။ ကျန်သေနေရာလပ်များကို အုတ်များဖြင့်ခင်းထားသည်။ ရှင်းလင်းနေကာ ဖုန်တစ်စက်ပင်မရှိပေ။
အုတ်လှေကားထစ်ချိုးနှစ်ထစ်သည် အိမ်၏တစ်မီတာအကွာတွင် ဆောက်လုပ်ပေါင်းထည့်ထားသည်။
အခန်းသုံးခန်းအား ကွဲပြားသောအသုံးပြုမှူများဖြင့် စီစဉ်ထားသည်။
အလယ်တွင် အဓိကအခန်းရှိသည်။ ဝင်ပေါက်အနီးတွင် ကြီးမားကာ အရှေ့ဘက်သို့မျက်နှာမူထားသော အနောက်ဘက်နံရံပေါ်တွင် အပူပေးကြမ်းပြင်ကို တည်ဆောက်ထားသည်။ လူလေးယောက်နေရန်မျှလုံလောက်သည်။ ကြမ်းပြင်အပေါ်တွင် ကြီးမားကာ အံဆွဲများစွာပါသည့်စားပွဲကြီးရှိ၏။ ထိုစားပွဲပေါ်တွင် မြေပဲများ၊ ဖရဲစေ့များနှင့် သစ်သီးခြောက်များပါရှိသော အဖြူရောင်ကြွေထည်ပန်းကန်ပြားတစ်ချပ်ရှိသည်။ အနားသတ်တွင် ရွှေရောင်ချည်ဖြင့်ထိုးထားသည့် ကြက်သွေးနီရောင်ခေါင်းအုံးလေးလုံးကို စားပွဲထောင့်စွန်းတစ်ဖက်စီတွင် မှီထားသည်။
အပူနံရံ၏တောင်ဘက်တွင် အရွယ်အစားမျိုးစုံရှိသည့် ထည့်ရန်အကန့်ဆယ်ကန့်ပါရှိသည့်စင်တစ်ခုရှိသည်။ အကန့်တစ်ကန့်စီတွင် လယ်သမားမိသားစုအိမ်တွင် တွေ့နိုင်ရန်ခဲယဉ်းသောအလှဆင်ပစ္စည်းများစွာရှိ၏။ သစ်သားပန်းပုရုပ်ထုများနှင့် ကြွေထည်များဖြစ်သည်။ ကြည့်ကောင်းသော်လည်း လယ်သမားများအတွက် အသုံးမဝင်ပေ။ စုရွှေလျန်သည် ထိုသို့ရတနာမျိုးများကို ဈေးထဲတွင် တစ်နေကုန်ပတ်ရှာထားခြင်းဖြစ်ကာ ငွေစဆယ်စပင်သုံးခဲ့ရသည်။
စင်၏ဘေးတွင် နံရံကိုမှီထားသည့် အမှီခုံတစ်ခုံရှိသည်။ ထိုခုံပေါ်တွင်လည်း ရွှေရောင်ချည်ဖြင့်ပန်းထိုးသည့် အနီရောင်ခေါင်းအုံးရှိသည်။ ခေါင်းအုံးသည် အနီရောင်ယင်းသစ်သားဖြင့်ပြုလုပ်ထားသောပရိဘောဝဖြင့် အမှန်ပင်လိုက်ဖက်ပေသည်။
အခန်း၏အရှေ့ဘက်နံရံတွင် လက်တင်ပါသောထိုင်ခုံနှစ်လုံးရှိသည်။ ထိုင်ခုံများကြားတွင် အဖုံးအုပ်လက်ဖက်ရည်ခွက်များတင်ထားသော စားပွဲတစ်လုံးရှိ၏။
အိမ်၏တောင်ဘက်အခြမ်းတွင် တံခါးနှစ်ချပ်ဖွင့်ထားသည်။ နွေထွေးသောနေရောင်ခြည်သည် သန့်ရှင်းလှသောစင်ပေါ်တွင် ရောင်ပြန်ဟပ်နေကာ ရောင်သွယ်ငါးရောင်ဖြစ်ပေါ်နေသည်။
အရှေ့ဘက်အခြမ်းတွင် ပရိဘောဂအားလုံးအား ကျီချီသစ်ဖြင့်လုပ်ထားသောအိပ်ခန်းတစ်ခန်းရှိသည်။
မြောက်ဘက်သို့မျက်နှာလှည့်ထားကာ နှစ်မီတာမျှရှည်လျားသည့် ကုတင်တစ်လုံး ရှိသည် (တရုတ်ကားတွေထဲမှာပါတယ် ကုတင်ကိုသေတ္တာပုံစံလေ။ သုံးဖက်ကအပိတ်တွေနဲ့ အလှကုတင်တွေ)။ ကုတင်ကို ပါးလွှာသည့်အဖြူရောင်ပန်းပွင့်ပုံလိုက်ကာစဖြင့် ကာရံထားသည်။ လိုက်ကာအား သစ်သားချိတ်နှစ်ခုဖြင့်ချိတ်ထားသည်။ ကုတင်ဝင်ပေါက်(ကုတင်ပေါ်က တစ်ဖက်တည်းကနေပဲတက်လို့ရလို့) တစ်ဖက်တစ်ချက်စီတွင် ခြေအိတ်နှင့်အဝတ်အစားများထည့်ထားသော ဗီရိုပုတိုများရှိသည်။ ဗီရိုနှစ်လုံးကြားနှင့် ကုတင်ရှေ့မတိုင်ခင်တွင် ခြေသုတ်ခုံတစ်ခုချထား၏။
ကုတင်နောက်ရှိပြတင်ပေါက်ဘေးတွင် အဆင့်နှစ်ဆင့်ပါသည့်အဝတ်ဆင်၊ ခြေသုတ်ခုံနှင့် ခရမ်းရောင်ချည်ဇာပန်းထိုးလိုက်ကာတို့က အခန်းအား သိုသိပ်စွာခွဲခြမ်းထားသည်။ ထိုသို့ဖြင့် ရိုးရှင်းသောအဝတ်လဲခန်းကိုဖန်တီးထားပေ၏။
ကုတင်ကြီး၏တောင်ဘက် အရှေ့ဘက်နံရံပေါ်တွင် အဆင့်ငါးဆင့်ဗီရိုတစ်လုံးနှင့် မီတာဝက်မျှမြင့်သော အဆင့်သုံးဆင့်ဖိနပ်စင်တစ်စင်ရှိသည်။
ကုတင်ရှေ့တွင် တစ်ခုပေါ်တစ်ခုထပ်ထားသည့် အဝတ်သေတ္တာသုံးလုံးရှိသည်။ ထိုဘေးတွင် လူတစ်ရပ်စာအရပ်မျှမြင့်ကာ အပေါ်တွင်အဖုံးပါသည့် စောင်များသိမ်းသော ဗီရိုတစ်လုံးရှိသည်။ ထိုဘေးတွင် ဧည့်ခန်းသို့ ဦးတည်သည့်ဝင်ပေါက်ရှိ၏။ ဝင်ပေါက်အားလည်း ကုတင်လိုက်ကာကဲ့သို့ ခရမ်းရောင်ချည်ပန်းထိုးလိုက်ကာဖြင့် ကာထားသည်။
အိပ်ခန်းတောင်ဘက်ပြတင်းပေါက်အောက်တွင် ပကာသနအပြည့်ဖြင့်စားပွဲတစ်လုံးရှိသည်။ အရွယ်အစားမျိုးစုံရှိသောအကန့်များထဲတွင် ရတနာနှင့်ပိတ်ကျဲများအပြည့်ဖြည့်ထားသည်။ စားပွဲပေါ်တွင် ကိုယ်တစ်ပိုင်းပေါ်သည်အထိကြီးမားသော ဘဲဥပုံမှန်တစ်ချပ်ထောင်ထား၏။
ဧည့်ခန်းမသို့သွားတံခါးမလှမ်းမကမ်း အဝတ်စားပွဲ၏ညာဘက် အခန်းထောင့်တွင် ပန်းတင်သည့်နှစ်ထပ်စင်မြင့်ရှိသည်။ အောက်ခြေတွင် ရွှေရောင်ဂန္ဓာပန်းငါးပွင့်ပါသောအိုးတစ်အိုးရှိကာ အပေါ်တွင်မူ ကြီးမားသောပင်စည်စိမ်းက ရေထဲတွင်မြုပ်နေသောအဖြူအဝါပန်းပွင့်သည့်ဥပေါက်ပင်ရှိသည်။
အိပ်ခန်း၏ အလယ်နေရာလပ်တွင် ပန်းပွင့်အဝတ်စဖြင့်ခင်းကျင်းထားသော စားပွဲဝိုင်းတစ်လုံးရှိ၏။ ခြေထောက်တစ်ချောင်းထောက်စားပွဲဖြစ်ကာ ထိုင်ခုံလေးလုံးဝန်းရံထားသည်။ စားပွဲပေါ်တွင် အစာသွပ်မုန့်နှင့်မု့န်ပဲသရေစာအချို့ပါသည့် ကြိမ်ဖြင့်ရက်ထားသောပန်းကန်ပြားတစ်ချပ်ရှိသည်။
အနောက်ဘက်အခန်းသည် ပန်းထိုးသောအခန်းဖြစ်သည်။
မြောက်ဘက်ပြတင်းပေါက်ဘောင်ပေါ်တွင် လွန်စွာကြီးမားကာ လုပ်ငန်းသုံးပန်းထိုးပြင်ညီတစ်ချပ်ရှိသည်။ ထိုအရာသည် ထိုအရာအားဆွဲပေးပါရန် လက်သမားအား စုရွှေလျန်တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် သူမ၏အနာဂတ်ပန်းထိုးကိရိယာဖြစ်ပေလိမ့်မည်။ လူတစ်ဝက်စာမျှမြင့်သော ပန်းထိုးဘောင်၏တစ်ဖက်တစ်ချက်စီတွင် နှစ်မီတာမြင့်သည့်ဗီရိုရှိသည်။ ချည်ထိုးပန်းထိုးအပ်အမျိုးမျိုး၊ ကြိုး၊ အထည်အပိုင်းအစများ ဖြည့်နိုင်သောမှန်ကူကွက်များစွာထားရှိရန် ပြုလုပ်ထားခြင်းဖြစ်သည်။
တောင်ဘက်ပြတင်းပေါက်ဘေးတွင် အံဆွဲများစွာပါသည့် ကြီးမားသောခုံစောင်းတစ်လုံးရှိ၏။ စားပွဲနှင့်မျက်နှာချင်းဆိုင်ကာ ရွှေရောင်ပန်းထိုးထားသည့် အနီရောင်ချည်ဖြင့်ရက်လုပ်ထားသော ထိုင်စရာအခင်းဖုံးထားသည့် လက်တင်ကုလားထိုင်တစ်လုံးကို ချထားသည်။ အမှန်တွင် စုရွှေလျန်၌ ပို၍အေးသောရာသီဥတုများတွင်သုံးရန် ပို၍ထူသောထိုပုံစံနှင့်တူသည့်အခင်းတစ်ခုရှိကာ ဗီရိုထဲတွင်သိမ်းထားလေသည်။
စားပွဲပေါ်တွင် လက်ရေးလှစုတ်တံတစ်ကြောင်းရှိသည်။ ဘေးတွင်မှင်သွေးကျောက်ရှိကာ လည်ပင်းရှည်ပန်းအိုးထဲတွင် ရနံ့မွှေးသော ကွေ့ဟွားပန်းအချို့ထည့်ကာ တင်ထားသည်။ သိမ်မွေ့သောရနံ့က အခန်းတစ်ခုလုံးအား ထုံသင်းမွှေးပျံ့စေသည်။
စားပွဲဘယ်ဘက်အခြမ်း ထောင့်တွင် ကြီးမားကာဆေးချယ်ထားသော ကြွေထည်ကျဉ်တောက်ပုံဘူးတစ်လုံးထောင်ထားသည်။ မျက်နှာပြင်ပေါ်တွင် လက်စသတ်ခါနီးသည့်မှင်ပန်းချီနှစ်ခုရှိသည်။ ထိုပုံများသည် ဆောင်းရာသီအထည်များပေါ်တွင် ထိုးရန် စုရွှေလျန်ပြင်ဆင်ထားသည့်ပုံများဖြစ်သည်။
စားပွဲညာဘက်အခြမ်းတွင် နံရံမှီထားသောစာအုပ်စင်တစ်ခုရှိသည်။ အပေါ်ထပ်တွင် လယ်စိုက်ခြင်း၊ ချက်ပြုတ်ခြင်းနှင့်ပက်သက်သည့်စာအုပ်များနေရာယူထားကာ ရှင်းလင်းသပ်ရပ်နေသည်။ စာအုပ်စင်အောက်ခြေတွင် ကြီးမားသော ဟွေ့တိုင်းပြည်၏ပထဝီနှင့်သက်ဆိုင်သည့်စာအုပ်များနှင့် ထူးဆန်းကာ အံ့ဩဖွယ်ရာကောင်းသောစာအုပ်များရှိသည်။
အစတွင် စုရွှေလျန်သည် လယ်စိုက်ခြင်းနှင့်ပက်သက်သည့်စာအုပ်များကိုသာလိုချင်သော်လည်း ထိုနယ်မြေ၏ပထဝီဝင်နှင့် စိတ်ဝင်စားစရာကောင်းသော လူသုံးကုန်များအကြောင်းရေးထားသည့်စာအုပ်အချို့ကို ရှာတွေ့ခဲ့လေသည်။ သူမ မဝယ်မနေနိုင် ဝယ်ခဲ့သည်။ သာမန်ထက်ထူးခြားကာ ပြိုင်စံရှားအရေးအသားမျိုးဖြင့် ထူးခြားသည့်အရာများကိုရေးထားသည့်စာအုပ်များကို နှစ်သက်သည်မှာ သူမအမှားမဟုတ်ပေ။ ထို့အတွက်ဖြင့် ငွေစသုံးစအား လျင်မြန်စွာသုံးစွဲလိုက်မိသည်။ ကံကောင်းစွာဖြင့်ပင် လင်းစစ်ယောင်က ဘာမျှမပြောချေ။ သို့သော် အဆုံးတွင်မူ မိမိငွေကို မိမိဘာသာဖြုန်းတီးလိုက်ခြင်းဖြစ်ကာ ညည်းညူမိသွား၏။
ပန်းထိုးအခန်း၏ပြတင်းပေါက်များနှင့် ဧည့်ခန်းသို့ဦးတည်သည့်တံခါးတွင်လည်း လိုက်ကာများရှိသည်။ အိပ်ခန်းထဲမှာ ခရမ်းရောင်ပန်းပွင့်လိုက်ကာများအစား စုရွှေလျန်ကိုယ်တိုင် ကြိမ်ဖြင့်လုပ်ထားသောလိုက်ကာများကို သုံးထားသည်။ လိပ်တင်ရသောလိုက်ကာများသည် အဝတ်လိုက်များထက် အသားပိုထူသော်လည်း ကြိမ်များက ချည်ထက် ပို၍ကြမ်းသောကြောင့်ဖြစ်ပေမည်။ အိပ်ခန်းထဲတွင် သုံးရန်မသင့်တော်ပေ။
အိမ်ခန်းမဆောင်ကြီး၏အပြင်ဘက် အနောက်ဘက်ခြံစည်းရိုးဘေးတွင် ခွဲထွက်သွားသည့်အခန်းတစ်ခန်းရှိသည်။ လတ်တလောတွင် မီးဖိုချောင်နှင့်ထမင်းစားခန်းဖြစ်၏။ အတော်လေးနေရာကျယ်ဝန်းပေသည်။
မြောက်ဘက်ပြတင်းပေါက်ဘေးတွင် အဖြူရောင်မီးဖိုခပ်ကြီးကြီးတစ်လုံးရှိကာ မျက်စိပဒါသဖြစ်စေသည်။ မီးဖိုဘေးတွင် နှစ်ထပ်ကြောင်အိမ်ရှိသည်။ အောက်ထပ်တွင် အိုးများ၊ ခရားများနှင့် ဟင်းသီးဟင်းရွက်များဆေးကြောရန်နှင့်ဆယ်ရန်ရွေးရန်အတွက် ပုံးများရှိသည်။ အပေါ်စင်တွင် ပန်းကန်လုံးများ၊ ပန်းကန်ပြားများနှင့် မီးဖိုချောင်သုံးပစ္စည်းများနေရာယူထားသည်။
စုရွှေလျန်သည် လူခြောက်ယောက်အတွက် ကြေထည်အတုပစ္စည်း၄၈ခုရွေးချယ်ထားကာ အပြာရောင်နှင့်အဖြူရောင်းပန်းကန်များဖြစ်ကြသည်။ တူနှင့်ဇွန်းများကိုမူ သစ်နီသားဖြင့် သူမဘာသာ ထွင်းထုထားခြင်းဖြစ်သည်။ ဦးစွာနှစ်စုံသာလုပ်ခဲ့သော်လည်း ဧည့်သည်များကိုပါထည့်စဉ်းစားမိလိုက်သည့်အတွက် အပိုလေးစုံပြုလုပ်ခဲ့သည်။ သစ်ခွပန်းများကိုလည်း တူများပေါ်တွင်ထွင်းထုထားကာ အားလုံးတွင် ချစ်စရာကောင်းသောမှိုခေါင်းလေးရှိ၏။ သစ်သားဇွန်းများ၏ခေါင်းသည်မူ အိပ်တန်းတက်သည့်ဌက်တစ်ကောင်ပုံစံထွင်းထုထားသည်။ ဇွန်းလက်ကိုင်သည် အနားသတ်များတွင် ပါးလျကာ အလယ်တွင်ထူသည်။ ပါးလွှာသောသစ်ရွက်ပုံစံရှိသည်။
တူနှစ်စုံနှင့်ဇွန်းများကို ယခုတွင် ဝံပုလွေများအတွက် အထူးသီးသန့်အသုံးပြုနေသောတောင်များမှ ပြန်ယူလာခြင်းဖြစ်သည်။ ပန်းကန်လုံးများအတွက်မူ စုရွှေလျန်ကို သစ်နီသားဖြင့် စွပ်ပြုတ်ပန်းကန်လုံးကူလုပ်ပေးမည့် ဖုန်းလောင်လျှို့ရှိလေပြီ။
ထမင်းစားစားပွဲသည် တောင်ဘက်ပြတင်းပေါက်ဘေးတွင်ဖြစ်သည်။ စားပွဲဘေးတွင် မျက်နှာချင်းဆိုင်ထားသည့်လက်တင်ခုံနှစ်လုံးရှိသည်။ ခုံများတွင် ပန်းထိုးအခန်းမှခုံများကဲ့သို့ ပုံစံတူအခင်းများရှိကြသည်။ အမှန်တွင် ထိုသို့ပုံစံဖြင့်ပြုလုပ်ထားသောထိုင်ခုံ စုစုပေါင်းခြောက်လုံးရှိသည်။ ဧည့်သည်များအတွက် အိပ်ခန်းထဲရှိ အဝတ်အစားလဲခန်းထောင့်တွင် ကျန်သောထိုင်ခုံးလေးလုံးအား သိမ်းထားလေသည်။
စားပွဲပေါ်တွင် အဝါရောင်တရုတ်နှင်းဆီပန်းပွင့်လေးတစ်ပွင့်ပါသည့် ပန်းအိုးငယ်လေးတစ်လုံးရှိသည်။
စားပွဲနှင့်မီးဖိုဘေး နံရံနှင့်ဆန့်ကျင်ဘက်နံရံတွင် ငရုတ်သီးများ၊ ဂျုံ၊ ကြက်ဥနှင့်အခြားဟင်းချက်ပစ္စည်းများထည့်ထားသည့် ဗီရိုပုတိုတစ်လုံးရှိသည်။ ဗီရိုအထက်တွင် ကြိမ်ဖြင့်ရက်လုပ်ထားသော သစ်သီးခြင်းအရွယ်အစားမျိုးစုံရှိသည်။
ဗီရိုအနားစွန်းတွင် တန်းပေါ်တွင်တင်ထားသောပဝါလေးထည်နှင့် ရေဇလုံငါးလုံးခြောက်လုံးခန့်ရှိသည်။ ထောင့်တွင် ကြီးမားသောစည်ပိုင်းကြီးတစ်ခုရှိသည်။ ရေချိုးရန်အတွက်ဖြစ်မည်။
မီးဖိုချောင်၏တောင်ဘက်တံခါးမှ ပင်မဆောင်နှင့် မြစ်ကမ်းပါးတစ်လျှောက်သို့သွားသည့်လမ်းအား အုတ်ခင်းလမ်းလေးဖြင့် ပေါင်းစပ်ထားသည်။
အရှေ့ဘက်ခြံဝန်းသည် အခန်းကျယ်လေးခန်းနှင့် ရှည်လျားသောအခန်းနှစ်ခန်းရှိသည်။ လင်းစစ်ယောင်မှ တာဝန်လေးခုခွဲခြားထားပေသည်။
မီးဖိုချောင်မှ လေးငါးမီးတာအကွာသို့လျှောက်လိုက်လျှင် အဓိကအဆောက်အအုံ၏အရှေ့ခန်းအနီးတွင် တည်ဆောက်ထားသည့်အရှေ့အရပ်သို့လှည့်ထားသည့်ပွဲကြည့်စင်တစ်ခုရှိသည်။ တစ်ဖက်တစ်ချက်စီတွင် ဝါးလုံးစိမ်းရှည်များဖြင့် ဝန်းရံထားသည်။ သတိမထားမိသောလူများအတွက်မူ နားနေသည့်နေရာမျှဟု စဉ်းစားမိမည်ဖြစ်သော်လည်း အမှန်တွင် နားနေခန်းဖြစ်သည်။ မိုးရေမကျချင်သောကြောင့် ပြတင်းပေါက်များမရှိပေ။ ထို့အစား အသုံးပြုသည့်အခါ အပိတ်အဖြင့်အသုံးပြုနိုင်မည့် သေးငယ်သောပြတင်းပေါက်ငယ်တစ်ခုသာရှိသည်။ ပုံမှန်အားဖြင့် လေဝင်လေထွက်ကောင်းရန် ပြတင်းကိုဖွင့်ကာချန်ထားတတ်သည်။ ထို့နောက်တွင်မူ ကောင်းမွန်သေသပ်စွာလုပ်ထားသောအိမ်သာရှိကာ အညစ်အကြေးစွန့်သည့်နေရာကဲ့သို့ဖြင့် ချိတ်ဆက်ထာသည်။ ယခင်စုအိမ်တော်ကိုတွေးမိကာ လုပ်ထားခြင်းဖြစ်သည်။ ပန်းရံလုပ်သားကလည်း သဘောတူလိုက်ကာ အကြံကောင်းဟုပြောဆိုခဲ့သည်။ အိမ်သာကျင်းအား ကြီးမားသောကျောက်အဖုံးကြီးများဖြင့်ဖုံးအုပ်ထားသည်။ ဖွင့်ထားနိုင်ကာ အညစ်အကြေးများကို မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
ပင်မအဆောက်အဦး၏အရှေ့ဘက်ပွဲကြည့်စင်သည် မကြီးမားလှပေ။ နားနေခန်းနောက်ဘက်ခပ်လှမ်းလှမ်းတွင် အိမ်သာသုံးစက္ကူများထားသည့်ဗီရိုငယ်တစ်လုံးရှိသည်။ အခန်း၏ထောင့်တွင် ဝါးဖြင့်လုပ်ထားသောအဝတ်စင်တစ်ခုရှိသည်။
ပုံမှန်အားဖြင့် စုရွှေလျန်၏ရည်ရွယ်ချက်အရ သူမသည် ရေချိုးစည်ပိုင်းအား ထိုနေရာတွင်ထားချင်ကာ ပြီးပြည့်စုံသောရေချိုးခန်းလုပ်ချင်မိသည်။ သို့သော် ရေနွေးများအား ထိုနေရာအထိ အပန်းကြီးစွာသယ်ရမည်ကိုတွေးမိပါလျှင် ထိုအကြံအား လက်လျော့လိုက်ရပေသည်။ မီးဖိုချောင်သည် မကြီးလှပေ။ ရေချိုးဇလုံရှိနေသည်ပင်လျှင်မှ နေရာကျယ်နေသေးပေ၏။
အရှေ့ဘက်ပွဲကြည့်စင်တောင်ဘက်တွင် သေးငယ်သောခြံစည်းရိုးခတ်ထားသည့်နေရာတစ်ခုရှိသည်။ ထိုနေရာတွင် ငရုတ်ကောင်းပင်များစိုက်ပျိုးထားကာ ဘေးတွင်ကြီးမားသောသကြားပင်ရှိကာ အုတ်ကျိုးများဖြင့်ဝိုင်းထားသည်။ သကြားပင်၏အနောက်ဘက်အခြမ်းသည် နေဘက်သို့မျက်နှာမူထားသည်။ ထိုနေရာမှ လမ်းကြောင်းသည် အနောက်ဘက်ခြံဝန်း၏ချယ်ရီပင်ဆီသို့စပ်နေကာ ခုံရှည်တစ်ခုံရှိ၏။ ခုံရှည်၏အရှေ့တွင်နေရာလပ်နေကာ အုတ်များခင်းထားသည်။ ကုတင်တစ်ခုထားရန်အထိ နေရာလုံလောက်ပေသည်။ ထိုအရာသည် လင်းစစ်ယောင်စီစဉ်ထားခြင်းဖြစ်ကာ စုရွှေလျန်အား ဆောင်းရာသီတွင် နေရောင်ခြည်အောက်၌ လဲလျောင်းအနားယူစေနိုင်ရန်ဖြစ်သည်။
အနောက်တောင်နံရံဘက်တွင် ကြက်ခြံနှင့်ဘဲခြံရှိသည်။ ပတ်ချာလည်အား လူတစ်ကိုယ်ပိုင်းစားမြင့်သောနံရံဖြင့် ခြံခတ်ထားသည်။ နွေဦးရာသီပြီးနောက်တွင်မူ ကြက်နှင့်ဘဲအချို့ကိုဝယ်ယူရမည်ဖြစ်ကာ နောင်တွင် ချက်ပြုတ်ရန် ကြက်ဥဘဲဥများပူစရာမလိုတော့ပေ။
ကျန်နေသောနေရာလပ်အား အုတ်ဖြင့်အပိုင်းငါးပိုင်းခြားထားသော ဟင်းသီးဟင်းရွက်ခင်းအတွက် နေရာချန်ထားပေသည်။
ဟင်းသီးဟင်းရွက်ခင်းများအတွင်းတွင် အာလူး၊ ဥနီနှင့် အခြားသောဆောင်းရာသီတွင်စားနိုင်သည့်အရာများအား စိုက်ပျိုးထားသည်။ တရုတ်မုန်လာထုပ်နှင့်အခြားသောဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူနှင့်အခြားရာသီစာများအားလည်း စိုက်ပျိုးထားသည်။
တောင်ဘက်အခြမ်းရှိဟင်းသီးဟင်းရွက်ခင်းသည် အလွတ်ဖြစ်နေသည်။ နောင်တွင် သင့်လျော်သောအရာများစိုက်ပျိုးမည်ဟု စိတ်ကူးထားကြသည်။ ယခုတွင်စိုက်ပျိုးထားသောအရာများမှာ ဆောင်းရာသီတွင်စားသုံးနိုင်ပေသည်။
အုတ်လမ်း၏အဆုံးသတ်သည် နေရာကျယ်ကာ ရှင်းလင်းသောမြစ်ကမ်းပါးဖြစ်သည်။
စုရွှေလျန်ငွေပေးချေထားသောအိမ်ဘေးတွင် လယ်ကွင်းအလွတ်များ သို့မဟုတ် ရွာ၏အနောက်တောင်ဘက်အခြမ်းမြက်ခင်းများသာရှိသည်။ ထို့ကြောင့်ပင်လျှင် လင်းစစ်ယောင်သည် ခြံစည်းရိုးအပြင်ဘက်တွင် ထောင်ချောက်ငယ်အချို့အားချထားခြင်းဖြစ်သည်။ ခြံစည်းရိုးဘေးတွင် ရှို့ဖုန်းမှယူလာသည့် အင်းဆက်များနိုင်သောအပင်အချို့ကို စိုက်ပျိုးထားသည်။
ခြံစည်းရိုးနောက် မြစ်ပေါ်တွင် ကျောက်ပြားများဖြင့်တည်ဆောက်ထားသော လေညှင်ခံဆိပ်ခံတံတားရှိသည်။ ဆိပ်ခံတံတားကမ်းခြေတွင် ကြီးမားသောကျောက်ပြားကြီးတစ်ချပ်ရှိသည်။ ထိုကျောက်ပြားအောက်တွင် သစ်သားချောင်း၊ ပွတ်တံနှင့် အဝတ်လျှော်ရာတွင်သုံးသည့်အသုံးအဆောင်များရှိသည်။
မြစ်ကမ်းပါးတစ်လျှောက်နေရာသည် မငယ်လှပေ။ ထိုနေရာ၏နေရာငယ်လေးအား တိုင်များစိုက်ထားကာ လင်းစစ်ယောင်အသုံးပြုရန်ဖြစ်သည်(သိုင်းကျင့်ဖို့)။ အခြားတစ်ခြမ်းတွင် အဝတ်လှမ်းရန်ဝါးလုံးများရှိ၏။
မီးဖိုချောင်နှင့်အရှေ့ဘက်ခြံစည်းရိုးကြားတွင် ကျဉ်းမြောင်းသောနေရာတစ်ခုရှိသည်။ လင်းစစ်ယောင်က ထိုနေရာအား စပျစ်ခြံအဖြစ်အသုံးပြုရန် ဆုံးဖြတ်ထားသည်။ သူသည် တရှီတောင်မှရခဲ့သော ကြီးမားသည့်အနက်ရောင်အစေ့များဖြင့် စပျစ်နွယ်များကို စိုက်ပျိုးထားပြီးဖြစ်သည်။ ကံကောင်းစွာဖြင့်ပင် နောက်တစ်နွေရောက်လျှင် စပျစ်သီးများမှာ စား၍ရပြီဖြစ်၏။
ကြီးမားသောရေစည်ပိုင်းကြီးတစ်ခုက စပျစ်ခြံ၏မြောက်ဘက်အခြမ်းတွင် နေရာယူထားသည်။ ပုံမှန်အားဖြင့် မြစ်ရေများဖြည့်ထားတတ်သည်။ ဆန်ဆေးရန်နှင့်ဟင်းသီးဟင်းရွက်များဆေးရန် အဆင်ပြေသောနေရာဖြစ်သည်။ အုပ်ကြွပ်ပြားများသည် မိုးရွာနေစဉ်အတွင်းတွင် ရေကို ရေစည်ထဲသို့စီးစေရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ရေအားထိန်းသိမ်းနိုင်သည့်နည်းလမ်းဖြစ်သလို အိမ်၏ပြတင်းပေါက်များနှင့်အုတ်ကြွပ်ပြားများအပေါ်ကဖိအားကို လျော့ကျစေသည်။
ရေစည်ကြီး၏ဘေးတွင် ကြီးမားသောကျောက်ပြားကြီးတစ်ခုရှိကာ ဟင်းသီးဟင်းရွက်များနှင့်ခူးခြင်းနှင့်သန့်စင်ခြင်းအား လွယ်ကူစေရန်ပြုလုပ်ထားသည်။
အရှေ့ဘက်ခြံစည်းရိုးနှင့်အိပ်ခန်းကြားရှိ သုံးမီတာနေရာတွင် လင်းစစ်ယောင်က ဝံပုလွေနှစ်ကောင်အတွက် အိမ်တစ်တစ်လုံးဆောက်ပေးရန်စီစဉ်ထားသည်။ ကံမကောင်းစွာဖြင့်ပင် ထိုအိမ်အား ဖုန်းလောင်လျှို့မှ ယခုထက်ထိမဆောက်ရသေးပေ။ ပြောင်းရွှေ့သည့်နေမှသာ ရပေလိမ့်မည်။
ထိုသို့ဖြင့် မြေအတွက်ငွေပေးချေခြင်း၊ အိမ်အားပြန်လည်မွမ်းမံခြင်း၊ ပရိဘောဂများတည်ဆောက်ခြင်းနှင့် အလှဆင်ခြင်းသည် စုစုပေါင်း စုရွှေလျန်တွက်ချက်ကြည့်ပါလျှင် ငွေစ(၃၁)စကျပေသည်။ အခန်းဌားခများမပါသေးပေ။ နှစ်ရက်အတွင်းတွင် တစ်လစာနေသည့်အခန်းခအား ရှင်းရမည်ဖြစ်ကာ စုစုပေါင်းဆိုလျှင် လက်ထဲတွင် ငွေစ(၁၅)စသာ ကျန်ပေသည်။ ထို့ကြောင့် ပိုက်ဆံအား ခြိုးခြံချွေတာကာ စစ်စစ်စီစီဖြင့်သာ သုံးသင့်ပေတော့သည်။
***