← Chapters

သတို့သမီးအတွက်ပြင်ဆင်ပေးခြင်း

Vol. 2 Ch. 32

သတို့သမီးအတွက်ပြင်ဆင်ပေးခြင်း

Vol. 2 Ch. 32

လင်းစစ်ယောင်တို့သည် မရှင်းလင်းသောရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ လက်ထပ်ပွဲအတွက် အရာအားလုံးစီစဉ်ပြီးဖြစ်ကာ နှစ်ရက်နေလျှင် ပြောင်းရွှေ့မည်ဖြစ်သည်။

ကံကောင်းစွာဖြင့်ပင် မင်္ဂလာဝတ်စုံများမှာ ချုပ်လုပ်ပြီးစီးသွားပြီဖြစ်၏။ ထိုသို့မှမဟုတ်လျှင် အချိန်မီလုပ်နိုင်မည်မဟုတ်ပေ။ စုရွှေလျန်မသိသည်မှာ လင်းစစ်ယောင်သည် ထိုအကြောင်းအား သူမပိတ်စများဝယ်သောနေ့ကပင် သိပြီးဖြစ်လေသည်။ သို့သော် သူပြောမထားပေ။ ထိုအကြောင်းကိုပြောလိုက်လျှင် သူမရှက်သွားမည်ကို ကြောက်နေမိသည်။

ထိုနှစ်ရက်တွင် စုရွှေလျန်က ပိတ်စဆိုင်နားတွင် ဝဲလည်ဝဲလည်လုပ်နေကာ တောက်ပသည့်ဖဲနှင့်ပိုးစများစွာကို ရွေးယူခဲ့သည်။ မင်္ဂလာစောင်ပေါ်တွင် တရုတ်ဘဲငန်းမောင်နှံနှင့် ပျိုနီပန်းနွယ်များရစ်ပတ်နေသည့်ပုံကို ကျန်သောအချိန်များကိုအသုံးချကာ ပန်းထိုးနေပြီး ခေါင်းအုံးစွပ်များပေါ်တွင်လည်း ပန်းပွင့်အနုစိပ်များထိုးနေသည်။ ထို့နောက် သူမသည် တောက်ပသောခရမ်းရောင်းပိုးအဝတ်အစားတစ်စုံကို မင်္ဂလာပွဲပြီးနောက် ဝတ်ရန်ပြုလုပ်ထားသေး၏။

ထို့နောက် သူမသည် ချည်ဆိုင်သို့သွားကာ စောင်နှင့်အိပ်ရာခင်း အထူအပါးတစ်စုံကိုဝယ်ယူသည်။ ဆောင်းရာသီအဝတ်များအတွက်မူ အတွင်းအပြင်အဝတ်များကိုမှာယူပြီးဖြစ်သော်လည်း ပုံစံကိုကိုယ်တိုင်ဆွဲကာ အပြင်ဝတ်ရုံများပေါ်တွင် ပန်းထိုးပေမည်။

ထိုနေ့များတွင် အိမ်သည် ပြီးလုနီးပါးဖြစ်နေသော်လည်း နှစ်ဦးသား တည်းခိုခန်းတွင်သာ ပြန်အနားယူကာ နောက်တစ်နေ့မနက်မှသာရှင်းလင်းရန် ပြန်လာကြသည်။ ၎င်းတို့သည် မင်္ဂလာပွဲနေ့မှသာပြောင်းရွှေ့ချင်ကြကာ မင်္ဂလာနေ့အထိ လေးစားစွာဖြင့် စောင့်ဆိုင်းကြရမည်ဖြစ်သည်။

ထို့ကြောင့်ပင်လျှင် ဝံပုလွေနှစ်ကောင်သည် ထိုနေရာသို့ လိုက်မလာပေ။ ဖုန်းလောင်လျှို့အား လင်းစစ်ယောင်တောင်းဆိုထားသောအိမ်သည် ထိုနေ့မတိုင်ခင်တွင် ပြီးမြောက်မည်ဖြစ်ကာ ချယ်ရီပင်၏တောင်ဘက် အနောက်ဘက်ခြံဝန်းထဲတွင်ထားမည်ဖြစ်သည်။

တည်းခိုခန်းပိုင်ရှင်၏ဇနီးသည် ၎င်းတို့လက်ထပ်မည့်အကြောင်းနှင့် အိမ်အသစ်သို့ပြောင်းရွှေ့မည့်အကြောင်း သိသွားသောအချိန်တွင် သူမသည် မင်္ဂလာဧည့်ခံပွဲအတောအတွင်းတွင် ဝိုင်အချို့ကို သားနှစ်ယောက်နှင့်အတူ လာသောက်ရန် တမင်တကာတောင်းဆိုးထားလေသည်။

စုရွှေလျန်သည် မင်္ဂလာဧည့်ခံပွဲပြင်ဆင်ထားရမည်ဆိုသည်ကို သဘောပေါက်သွားသည်။

အစတွင် သူမသည် မိသားစုမရှိဘဲ သူမတို့နှစ်ယောက်တည်းကိုသာ စဉ်းစားမိသောကြောင့် မင်္ဂလာဧည့်ခံပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အရေးမကြီးဟု ထင်ခဲ့မိသည်။ ဟင်းပူပူနွေးနွေးနှစ်ပွဲနှင့် မီးဖိုချောင်ထဲမှဝိုင်နွေးနွေးလေးဖြင့်ဆိုလျှင်ပင် အဆင်ပြေမည်ဟုတွေးထားသည်။ သို့သော် ယခုတွင် အဒေါ်လောင်နှင့် တည်းခိုခန်းပိုင်ရှင်၏ဇနီးသည်လည်း မင်္ဂလာအရက်လာသောက်ရန် တောင်းဆိုထားကြပြီးဖြစ်သည်။ ထို့အတွက် သီးခြားစီစဉ်ရမည်ဟု ဆိုလိုသည်မဟုတ်လော။

ထို့နောက်တွင်မူ လင်းစစ်ယောင်သည် အကူအညီတောင်းခံရန်အတွက် ဖုန်းလောင်လျှို့အား သွားရှာခဲ့သည်။ ဖုန်းလောင်လျှို့သည် စုံတွဲဆီမှတောင်းဆိုချက်နှစ်ခုကို ပြီးမြောက်ပြီးဖြစ်သောကြောင့် သစ်ကောင်းများစွာကိုလက်ခံရရှိကာ လင်းစစ်ယောင်အား ကျေးဇူးတင်နေသည်။ ၎င်းတို့၏လက်ထပ်ပွဲအတွက် တောင်းဆိုချက်ဖြစ်သည်ကို သိသွားသောအခါတွင် ချက်ချင်းပင် စကားတစ်ခွန်းမဟဘဲ စတင်ဆောင်ရွက်တော့သည်။

လပြက္ခဒိန် ရှစ်လပိုင်း ခုနှစ်ရက်မြောက်နေ့ နေသာသောနေ့တွင်ဖြစ်သည်။

စုရွှေလျန်သည် အလျားတူညီသောအပ်ချည်ကြိုးအတုတ်ဖြင့် အနီရောင်အပ်ချည်ကြိုးသေးအား အတူတကွရက်လုပ်နေကာ အနီရောင်ပန်းဖွားအမြိတ်များပြုလုပ်ရန် အတူတကွရက်နေခြင်းဖြစ်သည်။ ပရိဘောဂပေါ်တွင် တစ်ခုပြီးတစ်ခုချည်နှောင်နေသည်။ ခြေသုတ်ခုံများကိုပင် အလွတ်မပေးပါ။ ‘喜’(ပျော်ရွှင်မှု)ဟု အဓိပ္ပာယ်ရသည့်စကားလုံးကိုဖြတ်ကာ အိမ်၏ပြတင်းပေါက်များပေါ်တွင်ကပ်လိုက်သည်။

လင်းစစ်ယောင်သည်မူ အိမ်ပတ်ချာလည်သို တစ်ပတ်ပတ်ကာ အရာအားလုံးလတ်စသတ်ပြီးသည်ကို စစ်ဆေးနေပေသည်။ ချယ်ရီပင်အောက်သို့ပြန်လာသောအခါတွင်မူ အဒေါ်လောင်နှင့် အဒေါ်ကြီးငါးယောက်ခြောက်ယောက်ခန့်က ရွာလမ်းမှ ရယ်ကာမောကာလျှောက်လာကြသည်ကိုတွေ့လိုက်ရသည်။ များမကြာမီတွင် ခြံစည်းရိုးတံခါးကို လာခေါက်သည်ကိုကြားလိုက်ရ၏။

"သခင်လေးလင်း၊ စုမိန်းကလေးရောမရှိဘူးလား"

တံခါးဖွင့်လာသောလင်းစစ်ယောင်အား အဒေါ်လောင်မှမေးလိုက်သောအခါတွင် သူမသည် မမေးခင်တွင် ပတ်ဝန်းကျင်သို့ တစ်ချက်ကြည့်လိုက်သည်။

လင်းစစ်ယောင်က ခေါင်းညိတ်ပြလိုက်ကာ အထဲသို့ဝင်ခွင့်ပြုလိုက်သည်။

"အထဲမှာပါ"

အဒေါ်လောင်က တုံ့ပြန်လိုက်ပြီးနောက်တွင် အခြားသောအဒေါ်ကြီးများဖြင့် အထဲသို့ဝင်သွားသည်။ မျက်နှာပေးကအေးစက်နေသော လင်းစစ်ယောင်ကို တစ်ချက်ကြည့်လိုက်ကြကာ အနည်းငယ်မျှထိတ်လန့်သွားမိကာ အချင်းချင်းတွန်းကာဖြင့် ခြံထဲသို့ဝင်သွားကြသည်။

၎င်းတို့၏ခြံဝန်းများနှင့်လုံးဝကွဲပြားနေသော ခြံဝန်း၏မူရင်းပုံစံကိုမြင်ပြီးသည့်နောက်တွင် အဒေါ်ကြီးများက မချီးကျူးဘဲမနေနိုင်ပေ။ လင်းစစ်ယောင်က ၎င်းတို့နောက်မှလိုက်လာသည်ကိုပင် မေ့လျော့သွားကြသည်။

အမျိုးသမီးကြီးအုပ်စုသည် ကျယ်လောင်စွာစကားပြောရင်းဖြင့် အိမ်ထဲသို့လျှောက်လာကြကာ ဆူညံသံများကြားသည့်အတွက် အိပ်ခန်းထဲမှထွက်လာသော စုရွှေလျန်နှင့်တွေ့သွား၏။

"မိန်းကလေး၊ မင်းအိမ်ကတကယ်ကို ကောင်းကောင်းပြင်ဆင်ထားတာပဲ"

"ဟုတ်တယ်။ ဒီဘဲငန်းတွေကိုကြည့်ပါဦး။ ဘယ်လောက်တောင်အသက်ဝင်လိုက်သလဲ။ စုမိန်းကလေး မင်းလက်တွေက တကယ်အနုပညာလက်ပဲ"

"အဲ့တာမပြောနဲ့။ လိုက်ကာတွေကိုပဲကြည့်။ ငါတို့သုံးတဲ့လိုက်ကာစနဲ့တူတာတောင် မိန်းကလေးရဲ့လက်ကြောင့် လုံးဝကိုကွဲပြားနေတယ်လေ"

"ဆွဲတင်လို့ရတဲ့လိုက်ကာတွေလည်းမဆိုးဘူး။ မိန်းကလေး။ ဘယ်လိုလုပ်ရလဲဆိုတာ ငါတို့ကိုသင်ပေးပါ။ အဲ့လိုဆိုရင် ငါတို့လည်းအိမ်ပြန်ရောက်ရင် ငါတို့ခင်ပွန်းတွေကို လုပ်ပြလို့ရပြီလေ"

"အဟင်း အဟင်း။ ငါတို့အားလုံးသတိထားမိကြတယ်။ ခြံဝန်းထဲကိုဝင်လာပြီးနောက်ပိုင်း ငါတို့ဖန်းဟွာမြို့ထဲမှာရှိတယ်လို့ကို မခံစားရတော့ဘူး။ မြို့ထဲကအိမ်ကြီးထဲရောက်သွားသလိုပဲ"

စုရွှေလျန်၏နားများသည် အဆုံးမရှိသောချီးမွမ်းသံကိုကြားရသောအခါ နီရဲတက်လာသည်။ သူမသည် ၎င်းတို့အားထိုင်ရန် ဧည့်ဝတ်ပြုလိုက်ကာ မီးဖိုချောင်ထဲသို့သွားကာ လက်ဖက်ရည်အိုးတည်ရန် စဉ်းစားနေလေသည်။ အိပ်ခန်းထွက်ပေါက်သို့စဉ်းစားနေစဉ်တွင်ပင် လင်းစစ်ယောင်သည် အဖြူအပြာစပ်ထားသောကြွေထည်အတုလက်ဖက်ရည်အိုးကိုကိုင်ကာ ဝင်လာသည်ကို သူမတွေ့လိုက်ရသည်။ တစ်ခြားလက်တစ်ဖက်တွင် လက်ကိုင်ပါသောလက်ဖက်ရည်ခွက်များကို ကိုင်ဆောင်လာသည်။

"သခင်လေးက စဉ်းစားတတ်လိုက်တာ။ မိန်းကလေးပင်ပန်းမှာ စိုးရိမ်နေတာပဲ။ ဟီးဟီး...."

အဒေါ်ကြီးတစ်ယောက်မှ သူ့အားတွေ့သောအခါ နောက်ပြောင်ကျီစယ်လိုက်ခြင်းဖြစ်သည်။

"ဒါပေါ့။ ဒီသခင်လေးက တကယ်အလုပ်ကြိုးစားတာ။ စုမိန်းကလေးက သူ့ကိုရလို့ တကယ်ကံကောင်းတယ်"

အဒေါ်လောင်က အဒေါ်ကျိုးတစ်ယောက် စုရွှေလျန်ကိုပြောနေသည်ကိုကြားသောအခါ သူမကလည်း ချီးမွမ်းလိုက်၏။

စုရွှေလျန်သည် အိပ်ခန်းထဲမှလမ်းလျှောက်ထွက်သွားသော လင်းစစ်ယောင်ဘက်သို့ကြည့်လိုက်သည်။ ခေါင်းနောက်ပြန်လှည့်ကြည့်လိုက်သော လင်းစစ်ယောင်နှင့် အကြည့်ချင်းဆုံသွားသည်။ မျက်လုံးများက မလှုပ်မရှားငြိမ်သက်နေကြကာ နူးညံ့သိမ်မွေ့မှုက အထင်းသားပင်။

အဒေါ်ကျိုးသည် တိတ်တဆိတ်ရယ်မောလိုက်ကာ အဒေါ်လောင်အား ညွှန်ပြလိုက်သည်။ အခြားသောအဒေါ်ကြီးများကလည်း ရယ်မောနေကြသည်။ ထိုမြင်ကွင်းက စုရွှေလျန်၏နားများမှလည်ပင်းအထိ နီရဲအောင်လုပ်လိုက်လေသည်။

သူမြင်သောအခါတွင် လင်းစစ်ယောင်၏နှုတ်ခမ်းပါးက ကွေးတက်သွားကာ စစ်ဆေးစရာရှိသည်ကို ဆက်လက်စစ်ဆေးရန် အခန်းထဲမှ ထွက်ခွာသွားသည်။

"ကောင်းပြီ။ ဟာသတွေလုပ်တာတော်လောက်ပြီ။ ငါတို့ကတော့ အရေထူနေပြီ။ မိန်းကလေးဘယ်လောက်ရှက်နေလဲဆိုတာ နင်တို့မမြင်ဘူးလား"

လင်းစစ်ယောင်ထွက်သွားသည်ကို အဒေါ်လောင်တွေ့သောအခါ ထိုနေရာသို့လာရသည့်အကြောင်းရင်းကို သတိရသွားပြီး အခြားသူများနောက်ပြောင်ရယ်မောနေသည်ကိုရပ်လိုက်ကြရန် ကိုယ်ဟန်လက်ဟန်ပြလိုက်၏။

"အဲ့တာပဲမိန်းကလေး။ ငါတို့ဒီနေ့ ဒီကိုလာရတာက မင်းတို့က လက်ထပ်တော့မှာဆိုတော့ အခြားသူတွေကလည်း ကူညီပေးမှသာ မင်္ဂလာရှိလိမ့်မယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက မိသားစုမရှိဘူးဆိုတော့ ငါတို့အဲ့အကြောင်းကို စဉ်းစားနေကြတာ ရက်အတော်ကြာပြီ။ ငါတို့က ကူညီပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"

အဒေါ်လောင်က စုရွှေလျန်၏လက်ဖမိုးကိုညင်သာစွာပုတ်လိုက်ကာ အကြံပြုလိုက်သည်။

အမှန်တွင် လယ်တောလေးဆီမှလာသောမိန်းကလေးဖြစ်လျှင်တောင် သတို့သားအား ပေးရသောပစ္စည်းရှိရမည်။ သူမ၏မင်္ဂလာအဆင်တန်ဆာအား အမြဲတမ်းအသေးစိတ်ပြင်ဆင်သင့်ပေသည်။ ဈေးကြီးနိုင်သော်လည်း ချီးမွမ်းခံရမည်။

စုရွှေလျန်က ခေါင်းညိတ်ပြလိုက်ကာ သတိမထားမိစွာဖြင့်

"အဒေါ်လောင်က တကယ်တွေးတတ်တာပဲ။ အဲ့လိုဆိုရင်တော့ အဒေါ်တို့ကို ဒုက္ခပေးရပါဦးမယ်"

"အဲ့လိုမဟုတ်ပါဘူး။ ငါတို့အိမ်မှာလည်း သမီးတွေရှိတာပဲ။ သူတို့မင်္ဂလာဆောင်ရင်လည်း ငါတို့က မင်းကိုအဲ့လိုမျိုးလုပ်ဖို့ ဖိတ်မှာပါ။ ဟားဟား..."

ထျန်းအိမ်၏အဒေါ်ကြီးက ပွင့်လင်းသောရှင်းလင်းချက်အား တည့်တိုးပြောလိုက်သည်။

အဒေါ်လောင်၏တောင်းဆိုချက်ကိုမကြားခင်တွင်ပင် ထိုအချက်အား ထည့်သွင်းစဉ်းစားပြီးဖြစ်ကြသည်။ စုရွှေလျန်သည် ၎င်းတို့ထက် အိမ်ထောင်ထိန်းသိမ်းမှုကောင်းကာ အပြန်အလှန်ပေးကမ်းခြင်းများရရှိမည်မှာလည်း ပြောစရာပင်မလိုပါ။ ၎င်းတို့အတွက် အကြံဉာဏ်အသစ်များကိုလည်း သူမက စဉ်းစားပေးနိုင်ပေသည်။ အဒေါ်လောင်က အဒေါ်ကြီးငါးယောက်အား လာရန်တောင်းဆိုသောအခါတွင် မည်သူကမျှမငြင်းခဲ့ကြပေ။

"ဒါပေါ့"

စုရွှေလျန်က ခေါင်းညိတ်ပြလိုက်သည်။ သူမဘာမျှမပြောချေ။ ၎င်းတို့၏စိတ်အားထက်သက်မှဒသည် နောင်တွင် ၎င်းတို့၏သမီးများအတွက် အကူအညီဖြစ်မည်မှာသေချာသည်။

"ကောင်းပြီ။ အဲ့လိုဆိုရင် ဒီလိုလုပ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။ ငါတို့အရင်ဆုံးပြန်ပြီး နည်းနည်းလောက်ပြင်ဆင်လိုက်မယ်။ နေ့လည်လောက်ကျမှ ပြန်လာပြီး မင်းကိုအလှပြင်ပေးပြီး အဆင်တန်ဆာတွေဆင်ပေးမယ်လေ"

"အိုက်ယား။ ဘာတွေအလျင်လိုနေတာလဲ။ အရင်ဆုံး မိန်းကလေးရဲ့အိမ်ကို လှည့်ပတ်ကြည့်ကြည့်ရအောင်။ ငါတို့အပြင်ရောက်ရင် ဟွာအိမ်က အဘွားကြီးဒေါသထွက်အောင် ကောင်းကောင်းပြန်ပြောလို့ရတာပေါ့"

ထျန်းအိမ်မှအဒေါ်ကြီးက ထိုသို့မပြောခင်တွင် စုရွှေလျန်ဘက်သို့လှည့်ကာပြုံးပြလိုက်သည်။

"မင်းမသိလို့။ မင်းက ရွာသူကြီးရဲ့အိမ်ဟောင်းကိုဝယ်လိုက်တယ်ဆိုတာ လျို့ရှီသိသွားတော့ သူကပြောနေတာ။ ဘာလို့အိမ်အစုတ်ကြီးကိုဝယ်လိုက်ရတာလဲတဲ့။ သူတို့အိမ်တစ်ခြမ်းလောက်ဖြစ်ဖြစ် ဌားနေတာမှကောင်းဦးမယ်တဲ့လေ။ ငွေစ(၁၅)စကိုဖြုန်းတီးပစ်လိုက်တာပဲတဲ့လေ။ အဟင်း အဟင်း။ ဘယ်လိုနေထိုင်ရမလဲဆိုတာက သူတို့တကယ်မသိကြဘူးပဲ"

ထျန်းအိမ်၏အဒေါ်ကြီးသည် တာဝန်သိတတ်စွာဖြင့် မြို့ထဲတွင် သတင်းလွှင့်နေသော ဟွာအိမ်ကအဒေါ်ကြီး၏စကားအား ပြန်ပြောပြနေသည်။

စုရွှေလျန်ကြားသောအခါတွင် သူမကခေါင်းရမ်းပြလိုက်သည်။ အိမ်ဝယ်သည့်အခါတွင် သူမနှင့် လျို့ရှီကြားတွင် ခပ်တန်းတန်းသာဆက်ဆံခဲ့သည်။ သို့သော် ပြဿနာမှာစာချုပ်ကို ၎င်းတို့ကချိုးဖောက်ခဲ့ခြင်းမဟုတ်သည်ပင်။ သို့သော် သူမ၏စကားများက လူများအား ထူးဆန်းသောအခြေအနေအား တွေးမိသွားစေမည်။ ထိုသို့မဟုတ်ပါလျှင် ၎င်းတို့က ဟွာအိမ်အားရန်စခဲ့သည်သာဖြစ်မည်။

သို့သော် အမှန်တွင် ဆုံးရှုံးစရာမရှိပေ။ ၎င်းတို့သည် ငွေစလေးဆယ်စကိုလည်း ထုတ်မယူနိုင်ကြကာ မျက်နှာပျက်ခဲ့ရသည်။ အမျိုးသမီးကြီးနှင့် ချွေးမအကြီးဆုံးသည် စိတ်ထဲတွင် အငြိုးအတေးထားနေလောက်ပေမည်။ ယခုတွင် သူတို့သည် အိမ်အိုအိမ်စုတ်ကြီးအား ကြည့်၍ကောင်းသောအိမ်သစ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။ အပြင်အဆင်ပြောင်းသွားသည်မက ပတ်ဝန်းကျင်ပါပြောင်းလဲသွားရ၏။ ၎င်းတို့သည်သာ တွေ့ရှိသွားလျှင် ခေါင်းမော့ထားနိုင်ကြမည်မဟုတ်ကြပါ။

နေ့လည်ဘက်တွင် အဒေါ်လောင်နှင့်သူငယ်ချင်းငါးဦးသည် စုရွှေလျန်အိမ်သို့ ပြန်လာကြသည်။

လင်းစစ်ယောင်က ဖုန်းလောင်လျှို့အား ခြံဝန်းရှေ့တွင်ချိတ်ဆွဲရန် ‘蘇宅’ (စုအိမ်)ဟု ရေးထွင်းထားသည့် ဆိုင်းဘုတ်အားတောင်းဆိုထားသည်။ သို့သော်လည်း ထိုသို့သောအရာမျိုးချိတ်ဆွဲမည်ဟုပြောလျှင် ‘林宅’ (လင်းအိမ်)ဟုသာဖြစ်သင့်သောကြောင့် ဖြုတ်ချခံလိုက်ရသည်။ အဆုံးသတ်တွင် ဘာမျှမချိတ်ဆွဲတော့ချေ။

လူခြောက်ယောက်သည် အဝတ်အစားသစ်များ လဲလှယ်နေကြသည်။ တစ်ဦးချင်းစီတွင် အိတ်ကြီးအိတ်ငယ်များရှိကြသည်။

ခြောက်ယောက်သည် မင်္ဂလာစကားများကိုသာပြောဆိုနေကြကာ ဂရုတစိုက်ဖြင့် အိတ်ထဲမှပစ္စည်းများကို ထုတ်ယူကြသည်။

"မိန်းကလေး မင်းမရယ်ပါနဲ့။ အဒေါ်လောင်က နည်းနည်းလေးရိုးအတဲ့ပုံစံမလို့ပါ။ ဒါပေမဲ့ နောင်ကျ သေချာပေါက်အသုံးဝင်မှာပါ"

ထိုသို့ပြောကာဖြင့် အဒေါ်လောင်က ပေါ့ပါးသည့်တုတ်တံငယ်တစ်ခုအား ထုတ်ယူလိုက်သည်။ ပန်းပဲလုပ်သည့်အကြီးဆုံးသားဖြစ်သူမှ လုပ်ထားခြင်းဖြစ်ပေမည်။

"ဟုတ်တယ်။ ငါတို့က မင်းကိုကံကောင်းအောင်လုပ်ပေးမှာပါ"

နောက်တစ်ယောက်မှာ အဒေါ်ထျန်းဖြစ်သည်။ သူမသည် ခင်ပွန်းဖြစ်သူ ထျန်းတဖူတစ်ယောက် သစ်မွှေးဖြင့်လုပ်ထားသောဘီးများကိုထုတ်ယူလိုက်သည်။ စုစုပေါင်းခြောက်ခုရှိကာ အရွယ်အစားစုံရှိ၏။ ထိုဘီးများဖြင့် သစ်မွှေးဖြင့်လုပ်ထားသောသေတ္တာလေးထဲတွင်ထည့်ထားခြင်းဖြစ်သည်။ ကျက်သရေရှိလှကာ စုရွှေလျန်တစ်ယောက် ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်လိုက်ပြီး လက်ခံလိုက်သည်။

"အခုဆို ငါသိပြီ။ ဒီစုမိန်းကလေးက ဒီလိုလက်ရာမြောက်တဲ့ပစ္စည်းသေးသေးလေးတွေကို ကြိုက်တာပဲ။ ပြီးတော့ ငါတို့ရဲ့ပုံမှန်လုပ်နေကျအရာတွေကိုလည်း ကြိုက်တဲ့ပုံပဲ"

အဒေါ်လောင်တွေ့သောအခါ သူမ မရယ်ဘဲမနေနိုင်ပေ။ စုရွှေလျန်အားရှက်သွားစေသည်။

လင်းစစ်ယောင်ကြားသောအခါတွင် မျက်လုံးထဲတွင် ပြုံးယောင်သမ်းသွားသည်။ သို့သော် အမှန်တွင် တောထဲတွင်နေခဲ့သည့်ကာလအား ပြန်စဉ်းစားကြည့်လိုက်လျှင် သူမသည် သစ်သားတူနှင့်ဇွန်းကဲ့သို့ အနုပညာဆန်သောအရာများကိုပင် ထွင်းထုနိုင်ခဲ့သည်။

"ငါကတော့ ငါပန်းထိုးထားတဲ့အိတ်လေးတစ်လုံးထည့်လာတယ်။ ဒါပေမဲ့ မင်းစွမ်းရည်နဲ့ကြည့်ရင်တော့ ထုတ်ဖို့တောင်ယုံကြည်ချက်မရှိတော့ဘူး"

ဟဲအိမ်၏အဒေါ်ကြီးသည် ဖန်းဟွာမြို့ထဲတွင် အတော်ဆုံးပန်းထိုးသူဖြစ်သည်။ သို့သော် စုရွှေလျန်၏ခေါင်းအုံးများကို မနက်တွင်တွေ့လိုက်ရသည့်အခါ စွမ်းရည်ကွားခြားချက်ကြီးမားကြောင်းကိုသိခဲ့ပေသည်။ အိမ်ပြန်ရောက်သောအခါတွင် သူမ၏ပိုက်ဆံအိတ်ကို ပေးရမည်မပေးရမည်ကို တွန့်ဆုတ်နေမိသည်။ သို့သော်လည်း သူမတွင် ဘာမျှပေးစရာမရှိချေ။

အဒေါ်ကြီးလောင်သည် အစောကပင် မိတ်ဆက်ပြီးဖြစ်သောကြောင့် သူမသည် မြို့ထဲတွင်အတော်ဆုံးပန်းထိုးသူဖြစ်သည်ကို သိပြီးဖြစ်သည်။

"အဒေါ်ဟဲ အဲ့လိုမပြောပါနဲ့။ ကျွန်မဒီပိုက်ဆံအိတ်ကို တကယ်ကြိုက်ပါတယ်။ ကျွန်မအိတ်က ဟောင်းနေပြီ။ ပြီးတော့ မနက်ဖြန်ကစပြီး ဒီအိတ်လေးကိုကိုင်ပါ့မယ်"

စုရွှေလျန်က အစိမ်းရောင်အကိုင်းအခက်လေးများ ပန်းထိုးထားသည့်ပိုက်ဆံအိတ်ကို လက်ခံလိုက်ကာ စိတ်ရင်းဖြင့် အဒေါ်ဟဲ၏လက်ဆောင်ကို ကျေးဇူးတင်နေမိသည်။

"မိန်းကလေး။ ငါတို့မိသားစုထဲက ဘယ်သူကမှ လက်မှုစွမ်းရည်မျိုးမရှိပါဘူး။ အဲ့တာကြောင့် မင်းကိုပေးမဲ့ဟာက မင်းအမြင်မှာ ရယ်စရာမဖြစ်ဖို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောသောသူမှာ ဖန်အိမ်၏အဒေါ်ကြီးဖြစ်ကာ လက်ဆောင်မှာ ပဲမျိုးစုံ၊ ဖရဲစေ့၊ သစ်သီး၊ ဂျုံနှင့် အခြားသောဟင်းသီးဟင်းရွက်မျိုးစေ့များဖြစ်သည်။ စုရွှေလျန်သည် သူမအား ကျေးဇူးတင်၍မဆုံးပေ။ ထိုအရာများသည် ၎င်းတို့မပြင်ဆင်ရသေးသောအရာများဖြစ်သည်။ ရိတ်သိမ်းသည့်ရာသီပြီးနောက်တွင် စိုက်ပျိုးမြေနှစ်ဧကသည် ၎င်းတို့စိုက်ပျိုးထွန်ယက်ရမည့်နေရာဖြစ်ပေသည်။

နောက်ဆုံးနှစ်ယောက်ဖြစ်သော အဒေါ်ဝမ်နှင့် အဒေါ်ရွှေ့တို့ပေးသည်မှာ ကောင်းမွန်စွာရက်လုပ်ထားသောစန္ဒကူးဆံထိုးနှင့် ပုလဲနားကပ်တစ်စုံဖြစ်သည်။

စုရွှေလျန်က ကျေးဇူးတင်၍မဆုံး။ သူမသည် ထိုသို့ရိုးရှင်းသောအဆင်တန်ဆာများကိုနှစ်သက်ပေသည်။ တောက်ပြောင်သောအရာများကိုမူ သေတ္တာထဲတွင် ထည့်သိမ်းပြီးဖြစ်သည်။ ထိုနေ့ရက်များတွင် သူမဝတ်ဆင်ထားသည်မှာ လင်းစစ်ယောင်က သူမအား လပြက္ခဒိန် ၇လပိုင်း၇ရက်နေ့တွင် ပေးထားသောကျောက်စိမ်းအဆင်တန်ဆာများဖြစ်သည်။

"ဒီမိန်းကလေးကိုကြည့်ပါဦး။ သူ့မျက်လုံးထဲမှာ အကုန်လုံးက ကောင်းနေတော့တာပဲ"

အဒေါ်လောင်က သူမအား ထပ်မံ၍ ရယ်မောစရာပြောလိုက်သောကြောင့် ဘေးနားရှိသူအားလုံးက ရယ်မောကြပေသည်။

***

All Chapters