← Chapters

အခမ်းအနား

Vol. 2 Ch. 35

အခမ်းအနား

Vol. 2 Ch. 35

နောက်တွင်မူ သူတို့သည် လတ်ဆတ်သောကျွဲကော်ရွက်ဖြင့်ရေချိုးကြသည်။ မင်္ဂလာဝတ်စုံများကိုဝတ်ဆင်ကာ အပြင်မှ ဆူညံစွာပြောဆိုနေသောအသံများနှင့်ခြေသံများကို ကြားလိုက်ရသည်။ ယခုတွင် အချိန်ကျပြီဖြစ်ကာ အပြင်ဘက်ကသူများသည် ဖိတ်ကြားထားသောဧည့်သည်များဖြစ်လေသည်။

လင်းစစ်ယောင်သည် ဧည့်သည်များကိုနှုတ်ဆက်ရန် ပြင်ကာ မင်္ဂလာဝတ်စုံအပြင်လွှာအား ကြယ်သီးတပ်နေဆဲသာဖြစ်သည်။ ခါးစည်းကြိုးချည်ပြီးနောက်တွင် စုရွှေလျန်ကမှန်ရှေ့တွင် ထိုင်လိုက်ကာ ဆံကေသာအားရှင်းလင်းလိုက်ပြီး မျက်နှာသည် အပြင်အဆင်မပြုရသေးခင်ပင် နူးညံ့ချောမွေ့ကာကြည့်ကောင်းနေသည်။

"မိန်းကလေး။ ဘာတွေအချိန်ဖြုန်းနေတာလဲ။ ပွဲက သူ့ဘာသာစတာမဟုတ်ဘူးနော်"

အဒေါ်ထျန်းက အိပ်ခန်းတံခါးကလိုက်ကာကိုဆွဲဖွင့်ကာ ပြုံးရင်းဖြင့် သူမအား သတိပေးလိုက်သည်။

“အဒေါ်ထျန်း...”

စုရွှေလျန်က အဒေါ်ထျန်းအား ကြည့်နေကာ ပြောစရာစရာကင်းမဲ့နေသည်။

"အဒေါ်ကစတာပါ။ စတာပါ။ လာ။ အဒေါ်က မင်းဆံပင်ကိုကူလုပ်ပေးမယ်။ ပုံမှန်ဆိုရင် သတို့သမီးအမေဘက်က အမျိုးတွေက ကူညီပေးရတယ်ဆိုပေမဲ့လို့ ဒီနေ့တော့ အဒေါ်က ချီးမြှောက်ပေးမယ်"

သူမကပြောရင်းဖြင့် စုရွှေလျန်လက်ထဲမှသစ်မွှေးဘီးကိုယူကာ စတင်ဖြီးပေးသည်။

"အဒေါ်ထျန်းရဲ့သမီးက ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ"

သူမ၏အသွင်အပြင်ကိုကြည့်ကာ စုရွှေလျန်ကထိုသို့လုပ်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ သူမ၏ဆံပင်အားကူညီဖြီးပေးရန် မိသားစုမရှိသောကြောင့် ထိုအခြေအနေမျိုးတွင် ခါးထိရှည်သောဆံပင်အား တည်တည်ငြိမ်ငြိမ်နှင့်ဖြီးရန်မှာ ယုံကြည်ချက်မရှိပေ။

"ငါ့သမီးက ဒီနှစ်ဆို (၁၄)နှစ်ရှိပြီ။ မြင်တဲ့အတိုင်းပဲ။ သူ့အဖေက ချင်ထျန်းမြို့မှာ အလုပ်သွားလုပ်ရတော့ ဘေးအိမ်ကမိတ်ဆက်ပေးထားတဲ့ကလေးနဲ့ အတွဲကျနေတယ်လေ။ ဒါပေမဲ့လည်း သူတို့ကအသက်လေးနှစ်လောက်ကွာတော့ နောက်နှစ်လောက်ကျလက်ထပ်ဖြစ်မယ်ထင်တာပဲ"

အဒေါ်ထျန်းက ဂရုတစိုက်ဖြင့် စုရွှေလျန်၏ဆံပင်အား ကူညီဖြီးပေးနေသည်။ ဆံထိုးဖြင့် ဆံပင်ကိုခွဲကာ ကျောက်စိမ်းရောင်ကျောက်မြတ်စေ့အား နေရာတကျထားပြီး သမီးဖြစ်သူ ထျန်းနျို အကြောင်းပြောပြနေသည်။

"ချင်ထျန်းမြို့လား။ ဒီကနေဘယ်လောက်ဝေးသေးလဲ"

စုရွှေလျန်က စပ်စုစိတ်ဖြင့် မေးလိုက်မိသည်။ နောက်တစ်ခေါက်တွင်မူ အားယောင်အား သူမနှင့်အတူ ချင်ထျန်းမြို့သို့သွားရန် ခေါ်ရပေမည်။

"မဝေးပါဘူး။ မြို့ရဲ့ဝင်ပေါက် အရှေ့မြောက်ကနေ လယ်ကွက်ခြောက်ကွက်စာလောက်ပဲဝေးတာပါ။ အခြားမြို့တွေနဲ့ယှဉ်ရင် ပိုပြီးနီးတာပေါ့"

"ပြီးပြီ။ မိန်းက‌လေး။ သဘောကျရဲ့လား"

သူမလုပ်၍ပြီးစီးသွားကြောင်းကို လက်ခုပ်လက်ဝါးတီးကာပြောလိုက်သည်။ စုရွှေလျန်ကမူ ကြေးမုံမှန်အား စူးစိုက်ကာကြည့်နေမိသည်။

စုရွှေလျန်သည် မှန်မှကောင်းစွာမမြင်ရကာ ဝိုးတိုးဝါးတားပုံရိပ်ကိုသာမြင်ရသည်။ သို့သော်လည်း ထိုမှန်သည် အဒေါ်လောင်နှင့် အခြားသူများဆီမှ ချီးကျူးခံရမှုများစွာရထားသောကြောင့် ကြီးမားလှသောကြေးမုံမှန်သည် မြတ်နိုးဖွယ်အရာတစ်ခုဖြစ်နေလေပြီဖြစ်၏။

"ကျေးဇူးတင်ပါတယ် အဒေါ်ထျန်း၊ အရမ်းကြည့်ကောင်းတာပဲ"

"အားယောင်က မင်းကိုသဘောကျတာ အံ့ဩစရာမရှိတော့ပါဘူး။ မင်းကတကယ်ကိုလှတာပဲ"

အဒေါ်ထျန်းသည် သူမအား ထပ်မံချီးကျူးလိုက်ပြန်ကာ လင်းစစ်ယောင်အကြောင်းပါပြောလိုက်သည်။

ယနေ့ခေတ်တွင် မည်သည့်ဇနီးနှင့်သမီးက လင်းစစ်ယောင်အား ချီးကျူးကြမည်နည်း။ ပါးစပ်ကသာချီးကျူးကြမည်ဖြစ်ပြီး စိတ်ထဲတွင်မူ စုရွှေလျန်အား မနာလိုဖြစ်နေပေမည်။ လိုအပ်တိုင်း သူမဘေးတွင် လူတစ်ယောက်ရှိနေခြင်းမှ ကောင်းကင်၏ကောင်းချီးပေးမှုသာဖြစ်သည်။

၎င်းတို့၏ စိတ်ဆတ်သောသမီးဖြစ်သူအကြောင်းစဉ်းစားကြည့်လျှင် အဒေါ်ထျန်းသည် သားမက်ဖြစ်သူက ကောင်းမွန်စွာသာ သူမအားဆက်ဆံရန် မျှော်လင့်ရပေတော့သည်။ ထိုသူသည် လင်းစစ်ယောင်ကဲ့သို့ ချစ်နိုင်မည်မဟုတ်ပါ သို့သော် သူမ၏အမြင်အား လေးစားပေးယုံဖြင့်ပင် လုံလောက်ပြီဖြစ်သည်။

စုရွှေလျန်က အဒေါ်ထျန်း၏စကားများကြောင့် နီရဲတက်သွားသည်။

သို့သော်လည်း ထိုအရာသည် လက်ထပ်ပွဲကြီးဖြစ်သည်။ ထို့ကြောင့် အလှပြင်ရပေဦးမည်။ သို့သော် ပါးနီခြယ်သခြင်းက မိန်းကလေး၏ကျက်သရေရှိလှသောအသွင်အပြင်အား နှောင့်ယှက်မည်မဟုတ်ပေ။ အနည်းငယ်မျှ မျက်နှာထားတင်းသွားမည်သာဖြစ်သည်။

ထို့ကြောင့် စုရွှေလျန်သည် အစေခံများက သူမအား မိတ်ကပ်လိမ်းခြယ်ပေးသောအချိန်အား ပြန်စဉ်းစားလိုက်သည်။ ညင်သာစွာဖြင့် နှုတ်ခမ်းနှင့်ပါးပေါ်တွင် ဖြန့်ကျက်သည်။ အနီရောင်ခရင်သည် သူမ၏နှုတ်ခမ်းသားနှင့် တစ်ထပ်တည်းကျစွာ ပေါင်းစပ်သွားသည်။ အနည်းငယ်မျှစဉ်းစားပြီးနောက်တွင် စုရွှေလျန်က ပါးနီတစ်ချို့အား ကောက်ယူလိုက်ကာ ရေထဲတွင်စွတ်လိုက်သောအခါ ကြက်သွေးဖျော့ရောင်သို့ပြောင်းသွားသည်။ ထိုအရာအား မျက်နှာချေမှုန့်ဖြင့်ပေါင်းစပ်ကာ မျက်နှာပေါ်တွင်ခြယ်သလိုက်သည်။ နည်းနည်းချင်းစီ လက်ချောင်းဖြင့် ပါးပေါ်တွင်ဖြန့်ကျက်ကာ မူလကဖြူဖွေးနေသောပါးနှစ်ဖက်က အနီရောင်သမ်းလာသည်အထိ ရောစပ်လိုက်သည်။

"အဲ့လို အလှပြင်ရတာပေါ့လေ။ ဟားဟား။ ဒီနေ့တော့ ငါပညာတွေအများကြီးရလိုက်တာပဲ"

အဒေါ်ထျန်းက မူလကထူသောမျက်နှာချေအား ထိုသို့ခပ်ပါးပါးအရောင်သို့ပြောင်းကာလိမ်းချယ်လိုက်သည့် စုရွှေလျန်၏သွက်လက်သောအပြုအမူကိုကြည့်ကာ လေးစားနေမိသည်။ သူမက လက်ခုပ်တီးကာ ချီးကျူးမိလိုက်သည်။

"ကောင်းကင်ကဆင်းလာတဲ့နတ်သမီးလေးကျနေတာပဲ"

ရွှေ့အိမ်၏အဒေါ်ကြီးက စားလက်စဖရဲစေ့ကိုကိုက်ရင်းဖြင့် ချီးကျူးလိုက်သည်။

"ဟုတ်တယ်။ အခုတော့ ငါတို့ ဖန်းဟွာမြို့မှာ ဉာဏ်ကောင်းပြီးထူးချွန်တဲ့မိန်းကလေးရှိပြီပဲ။ နောက်တစ်ခေါက် လော့ရွှေမြို့ကိုသွားရင် ဖန်းအဒေါ်ရဲ့မျက်နှာကို အဲ့လိုလေးလုပ်ပေးဦး"

ရွှေ့အိမ်ကဇနီးက ထိုသို့ပြောလိုက်သည်။ သူမ၏မိခင်ဘက်မှဆွေမျိုးတော်စပ်သူများသည် လော့ရွှေမြို့တွင်နေထိုင်ကြသည်။ အိမ်နီးချင်း၏ မာနကြီးသောချွေးမက လှလှပပဝတ်ဆင်ကာ မိမိဘာသာ အနီးအနားမြို့များတွင် အလှဆုံးဟု ကြွားဝါးတတ်သည်။ အဒေါ်ဟယ်က ထိုမိန်းကလေး၏အလှသည် တစ်ရာတွင်တစ်ယောက်သာရှိသောအလှဟု ဝန်မခံချင်ပေ။ သို့သော်လည်း ယခုတွင် သူမအတည်ပြုစရာရှိသွား၏။ ယခုတွင် စုရွှေလျန်၏အသွင်အပြင်သည် မိုင်ပေါင်းထောင်ချီအတွင်းတွင် အလှဆုံးဟုသောဘွဲ့နှင့်ပင်ထိုက်တန်ပေသည်။ နောင်တွင်မှ သမူက စုရွှေလျန်ကို လော့ရွှေမြို့သို့ လမ်းလျှောက်ရန်ခေါ်သွားကာ အဒေါ်ကြီး၏မာနအားနှိမ့်ချမည်ဟု အားတင်းထားလိုက်သည်။

"ကောင်းပြီ။ ကောင်းပြီ။ အချိန်ကျပြီ။ မြန်မြန် သတို့သမီးပဝါစအုပ်လိုက်တော့"

အဒေါ်လောင်က ဝင်လာသောအခါတွင် စကားပြောနေသာစုရွှေလျန်တို့အား တွေ့လိုက်ရပြီး ၎င်းတို့အားပြင်ဆင်ကြရန် အဆောတလျင်ဖြင့် တိုက်တွန်းလိုက်သည်။

"ဒီမိန်းကလေးရဲ့ပန်းထိုးစွမ်းရည်က တကယ်သာလွန်ထူးခြားတယ်"

ဟယ်အိမ်၏အဒေါ်ကြီးသည် စုရွှေလျန်၏တရုတ်ဘဲငန်းများအား ပန်းထိုးထားသောသတို့သမီးပဝါစကိုမြင်လိုက်သောအခါ မချီးကျူးဘဲမနေနိုင်ပေ။

"ညီမဟယ်ကချီးကျူးနေလိုက်တာ အဆုံးကိုမသတ်တော့ဘူး။ ငါတို့လိုအဘွားကြီးတွေ မျက်နှာထားစရာကိုမရှိတော့ဘူး"

အထင်းသားမြင်ရသောဘဲနှစ်ကောင်ပန်းထိုးလက်ရာအားကြည့်နေသောအဒေါ်ထျန်းက ဟာသနှောလိုက်၏။

"အစ်မထျန်း အခုစကပြီး ကျွန်မရဲ့ပန်းထိုးစွမ်းရည်က အကောင်းဆုံးလို့ပြောလို့မရတော့ဘူး။ ဒါမှမဟုရင် အရှက်ရသွားတော့မှာပေါ့"

အမျိုးသမီးလင်းသည် အဒေါ်ထျန်း၏ဟာသကိုကြားသောအခါတွင် မျက်နှာနီမြန်းသွားပြီး မသက်မသာခံစားလိုက်ရသည်။

သူမသည် ဖန်းဟွာမြို့တွင် လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်မျှရှိပြီဖြစ်သောကြောင့် အခြားသောဇနီးများက သူ၏ပန်းထိုးလက်ရာအား ချီးကျူးတတ်ကြသည်။ သို့သော် ယခုတွင် စုရွှေလျန်သည် သူမ၏ပန်းထိုးလက်ရာအား လူသိရှင်ကြားချမပြသေးသော်လည်း မင်္ဂလာစောင်၊ သာမန်အဝတ်အစားများ၊ လက်ထပ်ဝတ်စုံနှင့် သူမ၏ထူးခြားသောမင်္ဂလာပဝါတို့က အရည်အချင်းသာလွန်ကြောင်း ပြသနေပေသည်။ ယခုမှစ၍ သူမ၏အရည်အချင်းသည် လောင်းရိပ်မိပေတော့မည်။ ပန်းထိုးခြင်းသည်ပင် စုရွှေလျန်၏အလုပ်အဖြစ်ပြောင်းလဲသွားနိုင်သည်ကို မသိနိုင်ပေသည်လော။ ယခုမှစ၍ သူမ၏စားဝတ်နေရေးသည် ကျပ်တည်းသွားနိုင်သည်လော။

အမျိုးသမီးလင်းသည် ငေးကာဖြင့်စဉ်းစားနေသော်လည်း စုရွှေလျန်အားကူညီပေးနေကြသောသူများကမူ သတိမထားမိကြပေ။ ထိုအချိန်တွင် သူမအား လက်ထပ်ပွဲအခမ်းအနားအတွက် ဧည့်ခန်းဆီသို့ခေါ်သွားရန် လင်းစစ်ယောင်ဝင်လာသည်။

ဧည့်ခန်းသည် လူပြည့်နေပြီဖြစ်သည်။ အစ်တွင် ကျယ်ဝန်းသောဧည့်ခန်းက အားလုံးအတွက်ခြေချယုံမျှသာဖြင့် ပြည့်သွားသည်။

ဖိတ်ကြားထားသောမိသားစုများသာ ရောက်လာကြယုံမက အခြားသောရွာသာများပါ ကြည့်ရှုကြရန်ရောက်လာကြသည်။

အထူးသဖြင့် ဟွာအိမ်မှဇနီးနှင့်ချွေးမတို့ပင်ဖြစ်သည်။ သူမတို့သည် ထျန်းအိမ်၏ဇနီးဆီမှ အိမ်ပြန်ပြင်လိုက်သည့်အကြောင်းကို ကြားထားပြီးဖြစ်သည်။ စုရွှေလျန်နှင့် လင်းစစ်ယောင်သည် မင်္ဂလာပွဲကျင်းပနေသည်ကို ကြားသောအခါတွင် ပျော်ရွှင်စရာပွဲဩုစိတ်ထဲတွင်မသတ်မှတ်ဘဲ လူအုပ်အားအခွင့်ကောင်းယူကာ လာရောက်ကြည့်ရှုကြသည်။ စိတ်ထဲတွင်မူ ထျန်းအိမ်မှအဒေါ်ကြီးပြောဆိုခဲ့သည်များသည် ချဲ့ကားပြောဆိုခြင်းဟုသာထင်နေကြသည်။

သို့သော်လည်း ထိုနှစ်ဦးသည် အိမ်ကိုအကြိမ်ပေါင်းများစွာလှည့်ပတ်ကြည့်ရှုပြီးနောက်တွင် အဆုံးအစမဲ့စွာ မနာလိုမိလာကြသည်။ ကျက်သရေရှိစွာချခင်းထားသော ပရိဘောဂများကိုကြည့်လိုက်လျှင် အစွမ်းကုန်သက်တောင့်သက်သာရှိအောင်ထောက်ပံ့ပေးထားကြောင်း သိနိုင်သည်။ ခြံဝန်းထဲမှပန်းများနှင့်အပင်များ၊ ရှင်းလင်းနေသောအုတ်လမ်းနှင့် သစ်သားထိုင်ခုံရှည်များဦ အားလုံးသည် အမြင်ဆန်းကာ ကျက်သရေရှိသောဖွဲ့စည်းပုံပင်ဖြစ်သည်။

"အဒေါ်ဟွာ၊ အစ်မဟွာ အမေက အဒေါ်တို့ကို ဧည့်ခန်းထဲကိုဖိတ်ထားပါတယ်။ အခမ်းအနားစခါနီးပါပြီ"

လောင်အိမ်၏သမီးဖြစ်သူ လောင်ရှီချွေ့က ရှေ့သို့ထွက်လာကာ ဟွာအိမ်အားအထဲသို့ဖိတ်ခေါ်လိုက်သည်။ ၎င်းတို့သည် ခြံဝန်း၏အနောက်ဘက်ခြမ်းရှိအိမ်သာအားလေ့လာနေကြပေသည်။

အဒေါ်လောင်၏စကားများသည် အမှန်အတိုင်းပင်ဖြစ်သည်။ ဧည့်ခန်းထဲမှမျက်လုံးများစွာကြောင့် ဒုက္ခနည်းသွားရခြင်းဖြစ်သည်။ မည်သူမျှသာကြည့်မနေလျှင် ထိုနှစ်ယောက်သည် ရှက်ဖွယ်ကောင်းသောအပြုအမူအား လုပ်ကြပေမည်။ ဟွာအိမ်က နှစ်ယောက်သည် ပြစ်မှုများစွာကို တွက်ချက်တတ်သည်။ အိမ်တစ်အိမ်သို့ဝင်လိုက်သည်နှင့် အနည်းဆုံးထိုအိမ်၏တန်ဖိုးရှိသောအရာတစ်ခုယူပြီးမှသာထွက်သွားတတ်သည်။ ဂရုမစိုက်သောလှုပ်ရှားမှုဖြင့် တွက်ချက်နေသောထိုနှစ်ယောက်သည် တစ်ခုခုယူသွားမည်မှာသေချာပေါက်ပင်ဖြစ်သည်။

“ဟို , ရှီချွေ့ ဧည့်ခန်းထဲကလူပြည့်နေပြီမဟုတ်လား။ ငါတို့ဒီမှာပဲအဆင်ပြေပါတယ်"

အဒေါ်လျှို့က ပြုံးကာလက်ရမ်းပြလိုက်ကာ ထွက်သွားရန် ၎င်းတို့အား စိတ်ထဲမထားရန်ပြောလိုက်သည်။

ရှီချွေ့က နှုတ်ခမ်းစူလိုက်မိသည်။ အမေဖြစ်သူ၏အမိန့်သည် လွန်ဆန်၍မရပေ။ သို့သော်လည်း အဒေါ်ဟွာသည် ချေပရန် ခက်ခဲနေပေသည်။ ဆွဲဆောင်ရန် နည်းလမ်းကိုစဉ်းစားနေစဉ်တွင် ရုတ်တရက်ပင် အော်သံကြားလိုက်ရကာ ဆူညံသံများကြားလိုက်ရသည်။ ခြံဝန်းထဲရှိအစောင့်ခွေးများက ဟွာအိမ်က နှစ်ဦးသား၏စကတ်များကိုကိုက်ထားကာ ဧည့်ခန်းထဲသို့ဆွဲခေါ်နေသည်ကို တွေ့လိုက်ရသည်။

"အိုက်ယား... ဒီခွေးတွေကတော့။ နာခံစမ်း။ ငါတို့ကိုအရင်လွှတ်ပေး။ ဟုတ်ပြီလား"

အဒေါ်ဟွာသည် ခွေးများကို ချိုချိုသာသာပြောရန်ကြိုးစားလိုက်သော်လည်း ခွေးများကနားမလည်ကြပေ။ သူမ၏စကတ်ကိုသာလွှတ်စေချင်နေသည်။

"အမေ သူတို့က ကျွန်မတို့ကို ဧည့်ခန်းထဲကိုသွားစေချင်နေတာမလား"

ဟွာအိမ်၏ချွေးမဖြစ်သူ မိန်းကလေးဖန်းသည် ခွေးများသည် ၎င်းတို့အားကိုက်ရန်ရည်ရွယ်ချက်မရှိကြောင်း သတိထားမိကာပြောလိုက်သည်။

"ဟမ်"

ဟွာအိမ်၏အဒေါ်ကြီးကြားသောအခါ ဝံပုလွေပေါက်များ၏အပြုအမူကိုသတိထားမိသွားပြီး ၎င်းတို့အား ချော့ရန်ကြိုးစားတော့သည်။

"ဟေး ဟေး ဟေး ခွေးလေးတွေ။ ငါတို့ဘာသာသွားနိုင်ပါတယ်။ ငါတို့ဘာသာပဲ ဧည့်ခန်းထဲသွားလိုက်ပါ့မယ်"

၎င်းတို့သည် စကားနားလည်ဟန်ဖြင့် စကတ်စများကိုလွှတ်လိုက်ကြကာ နောက်သို့ဆုတ်သွားသည်။ ထိုနှစ်ကောင်က ၎င်းတို့ဧည့်ခန်းထဲသို့ တစ်လှမ်းချင်းဝင်သွားသည်ကို စောင့်ကြည့်နေသည်။

လောင်ရှီချွေ့သည် ထိုမြင်ကွင်းအား နှစ်ထောင်းအားရနေပြီး ခွေးများ၏ခေါင်းကိုပုတ်ပေးလိုက်ကာ တိတ်တဆိတ်ချီးကျူးနေမိသည်။

ဟွာအိမ်မှနှစ်ယောက်သည် အံ့ဩမှင်သက်နေရသည်။ ၎င်းတို့စိတ်ထဲရှိပေသီးတွက်ခုံသည် ချက်ချင်းပင်အလုပ်လုပ်တော့သည်။ ထိုသို့ဉာဏ်ကောင်းသောခွေးမျိုးကိုသာ သားဖောက်လျှင်မည်မျှကောင်းမည်နည်း။ အထီးနှင့်အမတစ်စုံရှိသည်ကိုတွေ့လိုက်ရသောအခါတွင် အနည်းငယ်မျှသားပေါက်သောအခါမှ စုရွှေလျန်ဆီမှတောင်းမည်ဟု စိတ်ကူးလိုက်ကြသည်။

ဝံပုလွေများသည် ၎င်းတို့၏တွက်ချက်မှုများကိုကြားလျှင် အစိတ်စိတ်အမွှာမွှာဖြစ်အောင်ကိုက်ပစ်ကြလိမ့်မည်။ ၎င်းတို့သည် မောင်နှမသာဖြစ်ကြပေသည်။

***

All Chapters