မင်္ဂလာဦးအခန်းနှင့် မှိတ်တုတ်မှိတ်တုတ်ဖယောင်းတိုင်များ
Vol. 2 Ch. 37
warning~
"အမ် တဖူ ငါတို့သောက်တာများနေပြီလို့မထင်ဘူးလား။ လကြီးက ဘယ်လိုလုပ်ဝိုင်းစက်နေရမှာလဲ"
"အမ်.."
ထျန်းတဖူ လေချဉ်တက်မိသွားသည်။ ထိုသို့ပြောသည်ကို လောင်ယို့ခွန်းကြားသောအခါတွင် အရှေ့အရပ်တွင်ရှိသော တောက်ပလုံးဝန်းနေသောလမင်းကြီးကို မော့ကြည့်လိုက်မိသည်။
"အစ်ကိုခွန်း လမင်းကြီးက ဘာလို့အဲ့မှာရှိနေရတာလဲ"
ထျန်းတဖူက လေးကာ လက်ဝါးများကို ကုတ်ခြစ်နေသည်။
"ရှင်တို့နှစ်ယောက်မပြီးကြသေးဘူးလား။ ဟမ်။ ဘယ်သူက အဲ့လောက်အများကြီးသောက်ခိုင်းလို့လဲ။ အားလုံးကသွားတာကြာပြီ။ ရှင်တို့ကဒီမှာရှိနေကြတုန်း။ ဘေးလည်းကြည့်ပါဦး"
အဒေါ်လောင်နှင့် အဒေါ်ထျန်းသည် စားသောက်ပွဲအား ရှင်းလင်းပြီးနောက်တွင် သစ်ပင်ကြီးအောက် ကြောက်တုံးပေါ်တွင်ထိုင်ကာ လကြည့်နေကြသောခင်ပွန်းဖြစ်သူများကိုကြည့်ရန် အပြင်သို့ထွက်လာသည်။
"ရှင်တို့ကိုရှင်တို့ မရှက်ကြဘူးလား။ အားယောင်က နည်းနည်းပဲမူးသေးတယ်။ ရှင်တို့နှစ်ယောက်ကိုကြည့်ပါဦး။ ဆက်သောက်နေပြီးတော့ နောက်ဆုံးကျကိုယ့်သေတွင်းကိုတူးနေကြတာပဲ"
ခင်ပွန်းဖြစ်သူများမူးနေသည်ကိုကြည့်ကာ အဒေါ်လောင်ကငေါက်လိုက်သည်။ အဒေါ်ထျန်းသည် သူမထက်ငယ်သောကြောင့် ဘာမျှမပြောနိုင်ချေ။ ထို့ကြောင့် ထျန်းတဖူနောက်တွင်သာ တိတ်တဆိတ်ကျိတ်ရယ်နေမိသည်။
"မင်းတို့မိန်းမတွေက.... ပျင်းဖို့ကောင်းလိုက်တာ ...ဂေ့.... ငါတို့ယောင်္ကျားတွေက... ဂေ့..... အရက်လေးပဲသောက်တာ။ မင်းတို့ကကျ အသုံးမကျကြတာ"
လေချဉ်တက်မှုနှင့်အတူ ဇနီးသည် ဒေါသထွက်နေသည်ကို စိတ်ပူလာမိသည်။ လောင်ယို့ခွန်းက လည်ဆန့်ကာ လျှာလေးအာလေးဖြစ်နေသည်။ အဒေါ်လောင်သည် နှစ်ယောက်လုံး ကဖျက်ကယက်ဖြင့်ရွှင်မြူးနေကြသည်ကို တွေ့သွားသည်။ ခင်ပွန်းဖြစ်သူသည် မောက်မောက်မာမာပြုမူနေပေသည်။
စုရွှေလျန်သည် ပဝါနွေးနွေးလေးတစ်ထည်အားယူလာကာ လင်းစစ်ယောင်နဖူးပေါ်တွင် တင်ပေးလိုက်သည်။
“ နေမကောင်းမဖြစ်ဘူးဆိုတာ သေရောသေချာရဲ့လား"
သူမ၏နှလုံးသားသည် ၎င်းအတွက် နာကျင်နေရကာ အရက်ခွက်ပေါင်းများစွာသောက်ပြီးနောက်တွင် လက်မှိုင်ကျသွားသောသူ့အား ကြည့်နေမိသည်။
"ကိုယ်အဆင်ပြေပါတယ်"
လင်းစစ်ယောင်ကခေါင်းခါပြလိုက်သည်။ သူသည် အရက်ကိုခံနိုင်စွမ်းမရှိသောအခါတွင် အတွင်းအားကိုသုံးကာ ခန္ဓာကိုယ်မှအရက်ကို တွန်းထုတ်လိုက်သည်။ သို့သော်ဖန်းဟွာမြို့၏ရွာသားများသည်မူ အမှန်ပင်သောက်နိုင်ကြပေသည်။ ပြင်ဆင်ထားသောဝိုင်များကုန်သွားကာ ဆောင်းရာသီတွင်သောက်ရန်သိုလှောင်ထားသောဝိုင်များကိုပင် ထုတ်ယူရန်ဆန္ဒရှိနေကြသေးသည်။
သူကပြုံးလိုက်ကာ ၎င်းအတွက် ကြိုးစားပမ်းစားအလုပ်လုပ်ပေးနေသောမိန်းမပျိုအား ကြည့်လိုက်သည်။ သူမ၏လက်လေးက သူ၏နဖူးအားစမ်းပေးနေသည်ကို အခွင့်ကောင်းယူကာ လင်းစစ်ယောင်က သူမကိုဆွဲလိုက်ပြီး ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
"အာ..."
စုရွှေလျန်က ရုတ်တရက်အပြုအမူအား အံ့အားသင့်သွားကာ သူ၏ရင်ဘတ်အင်္ကျီစအား ဆုပ်ထားလိုက်မိသည်။ ထိုသို့ဖြင့် လင်းစစ်ယောင်ကအပြင်ပိုင်းဝတ်ရုံအား ပြေလျော့သွားစေသည်။ သူမသည် ကိုင်ထားရမည်လား လွှတ်လိုက်ရမည်ကို မသိဖြစ်နေကာ ရှက်ရှက်ဖြင့်နှုတ်ခမ်းကိုက်လိုက်မိရင်း တွေဝေနေမိသည်။
“ရွှေလျန်...”
လင်းစစ်ယောင်သက်ပြင်းချကကာ သူမ၏မေးစေ့လေးကို မျက်နှာနားသို့ဆွဲယူလိုက်သည်။
စုရွှေလျန်က နီရဲနေသောမျက်နာလေးဖြင့်မော့ကြည့်လိုက်ကာ သူမ၏လက်မောင်ျားက သူ၏ကျယ်ပြန့်သောရင်အုပ်ပေါ်တွင် နေရာယူထားသည်။
"မကြောက်ပါနဲ့"
လင်းစစ်ယောင် လက်မြောက်ကာ သူမ၏နီရဲနေသောပါးပြင်လေးကိုပွတ်သပ်လိုက်သည်။ ထိုသို့ဖြင့် သူမမျက်ခုံးလေးမှ နှာတံလေးဆီသို့ခြေရာကောက်နေကာ လက်ချောင်းထိပ်ဖျားလေးက နူးညံ့သောနှုတ်ခမ်းဆီသို့ဆင်းသက်လာသည်။ ထို့နောက် လက်ချောင်းအစား ပူနွေးနေသောသူ၏နှုတ်ခမ်းများကိုသုံးကာ သူမ၏နှုတ်ခမ်းအား ညင်သာစွာစုပ်ယူလိုက်သည်။
“အားယောင်...”
စုရွှေလျန် အကူအညီမဲ့စွာဖြင့် သူ၏နာမည်အားရေရွတ်မိသည်။ လည်ပင်းတစ်ဆို့နေသကဲ့သို့ တုန်ရီနေသောအသံထွက်လာသည်။
“ရွှေလျန်... မကြောက်ပါနဲ့။ ငါ့ကိုကြောက်ဖို့ မင်းကိုခွင့်ပြုမထားဘူး..."
လင်းစစ်ယောင်က သူမ၏နဖူးအား ညင်သာစွာနမ်းရှိုက်လိုက်ကာ တစ်ဖန် ရှည်လျားလှပသောမျက်တောင်၊ နူးညံ့သောနှာခေါင်းနှင့် တစ်ဖန်နူးညံ့သောနှုတ်ခမ်းလေးထက်ဆီသို့ ရောက်သွားပြန်သည်။ သူမအတွက် နက်ရှိုင်းလှသောအချစ်အား တိတ်တဆိတ်ဝန်ခံနေမိသည်။ သို့သော်လည်း နှလုံးခုန်ခြင်းတွင် မရေရသောကြိုးစလေးတစ်ချောင်းရှိနေသည်။ အားလုံးသည် သူ့အားကြောက်နိုင်သည်။ သို့သော် စုရွှေလျန်ကိုမူ ထိုသို့ကြောက်ရန် ခွင့်မပြုထားပါ။ ထို့ကြောင့် အသက်ရှုလိုက်သည့်အခိုက်တန့်တွင် သူမ၏နားထဲထဲ၌ ထပ်ဖန်တလဲလဲ တီးတိုးစကားသံလေးအားဆိုနေမိသည်။
စုရွှေလျန်သည် သူ၏ရည်ရွယ်ချက်အား နားလည်သော်လည်း ထိုသူသည်...." ၎င်းတို့သည် ယခုအခြေအနေတွင်ရောက်ပြီးဖြစ်သောကြောင့် သူမသည် လင်းစစ်ယောင်က လူသတ်သမားဖြစ်သောကြောင့် ကြောက်သည်ဆိုလျှင်ပင် ထူးဆန်းနေဆဲဖြစ်သည်။ သူမသည်သာ သူ့အားကြောက်လျှင် သူနှင့်အတူ ဖန်းဟွာမြို့တွင် အခြေချရန် ဆန္ဒရှိမည်မဟုတ်ပေ။ သူနှင့်လက်ထပ်ရန် မည်သို့သဘောတူမည်နည်း။
စုရွှေလျန်ခန္ဓာကိုယ်လေးသည် နာကျင်မှုကြောင့်တုန်လှုပ်သွားကာ လင်းစစ်ယောင်က သူမအား မချီလိုက်သည်။ ၎င်းတို့သည် သကြားလုံးပျေ့များ၊ မြေပဲများနှင့်အခြားသောသစ်သီးခြောက်များဖြင့်ပြည့်နေသော ကုတင်ကို ကြည့်မိသွားကြသည်။ စုရွှေလျန်က ရှက်ရှက်ဖြင့် ထိုမုန့်များအားကောက်ယူလိုက်ကာ အခြားဘက်သို့ပြောင်းထားလိုက်သည်။ ထိုသို့က လင်းစစ်ယောင်အား တခစ်ခစ်ရယ်မောစေပေသည်။
စုရွှေလျန်အား အဘယ့်ကြောင့်ရယ်ရသည်ကိုမေးရန်မူ အချိန်မပေးပေ။ သူမသည် လင်းစစ်ယောင်က အင်္ကျီများချွတ်နေသည်ကိုသာတွေ့ကာ သူမ၏ခန္ဓာကိုယ်အား ဖုံးထားမိသည်။
“တုံးလိုက်တဲ့ကောင်မလေး အခုငါက အိပ်ရာပေါ်မှာလှဲနေဖို့မှမလိုတော့တာ"
သူမ၏နှာခေါင်းလေးအားပွတ်သပ်လိုက်ရင်း လင်းစစ်ယောင်ကပြောလိုက်၏။
စုရွှေလျန်ကြောင်သွားကာ စကားတစ်ခွန်းသာပြောနိုင်သည်။
"အားယောင် ရှင်ရယ်လိုက်ရင် အရမ်းချစ်စရာကောင်းတာပဲ"
လင်းစစ်ယောင်က မျက်ခုံးပင့်လိုကသည်။ ယောင်္ကျားတစ်ယောက်၏အသွင်အပြင်အား ချစ်စရာကောင်းသည်ဟု၍ မည်သို့ဖော်ပြနိုင်သနည်း။ သို့သော် သူမပြောသကဲ့သို့ပင် ဖြစ်နိုင်ပေသည်။ သို့သော်လည်း မကြာမီပင် မိမိအောက်မှမိန်းမပျိုအားလျစ်လျူရှုကာ သူမ၏ချိုမြိန်သောအရသာကိုခံစားရန်သာ ခေါင်းငုံ့လိုက်ပေသည်။
နောက်ဆုံးတွင် သူမသည် သူ၏အပိုင်ဖြစ်လာသည်။ နှုတ်ခမ်းနှင့်လျှာအား သွယ်ဝိုက်ရစ်ပတ်ကာ လင်းစစ်ယောင်ဆီမှ စိတ်ကျေနပ်သောသက်ပြင်းချသံထွက်လာပေသည်။
ပထမဆုံးကြက်တွန်သံကြားလိုက်ရသည်။ 'ယင်း'အချိန်ပြီးဆုံးသွားသည်မဟုတ်ပေလော( ယင်းအချိန်-မနက်၃-၅နာရီ)။ စုရွှေလျန်သည် ကြိုးစားထယူရသည်။ သူမသည် နာကျင်နေသောခါးအားပွတ်သပ်လိုက်ကာ နာကျင်နေသောခန္ဓာကိုယ်အောက်ပိုင်းအား နှစ်သိမ့်နေရသည်။
နာကျင်မှုအားသည်းခံရင်း စုရွှေလျန်က ရှက်ရှက်ဖြင့် လင်းစစ်ယောင်အား ကျော်ခွသွားသည်။ အလင်းဖျဖျသာရှိသောဖယောင်းတိုင်ငယ်ကိုအသုံးပြုကာ သစ်သားရေဇလုံကို ဆွဲထုတ်လိုက်ရင်း အဝတ်လဲခန်းထဲတွင် ခိုးကြောင်ဝှက်ကြောင်ဖြင့်အပေါ့သွားလိုက်သည်။ အိပ်ချင်နေသည့်ခံစားချက်သည် ကြာရှည်မခံသည့်အတွက် ချိတ်ထားလိုက်သည်ကိုပင်မသိလိုက်သောအပြင်ဝတ်ရုံကို ခြုံလိုက်သည်။ ထို့နောက်တွင် တိတ်တဆိတ်ဖြင့် ပြတင်းပေါက်ရှိရာသို့သွားပြီး ပြတင်းပေါက်လိုက်ကာထောင့်လေးကိုဖွင့်လိုက်၏။ အပြင်ဘက်တွင် အနောက်တောင်ကောင်းကင်ယံ၌ ချိတ်ဆွဲထားသောလခြမ်းကွေးလေး၏ အလင်းရောင်ခပ်ဖျဖျလေးရှိသည်။ အချိန်အခါအားလျော်စွာတွန်တတ်သည့်ကြက်ဖအုပ်စနှင့် ဖန်းဟွာမြို့၏အရုဏ်တက်ချိန်သည် နီးကပ်လာပြီဖြစ်၏။
ထို့နောက် သူမက နဂါးနှင့်ဖီးနစ်ဌက်တို့ယှဉ်တွဲနေသည့်ပုံရှိသော ဖယောင်းတိုင်စိုက်စရာကိုရှာလိုက်ကာ နောက်ဆုံးမီးငြိမ်းလိုက်သောနေရာတွင် တွေ့လိုက်ရသည်။ သူမ၏နှုတ်ခမ်းလေးကပြုံးသွားမိပြီး စားပွဲဝိုင်းဆီသို့လျှောက်လာကာ သစ်သားချောင်းတစ်ခုဖြင့် ဖယောင်းတိုင်မီးစာပေးလိုက်သည်။ တဖျစ်ဖျစ်မြည်သံနှင့်အတူ မှိတ်တုတ်မှိတ်တုတ်အလင်းရောင်မှာ အရွယ်စားပို၍ကြီးလာပေသည်။
စုရွှေလျန်က မီးတောက်အသစ်အား တွေဝေကြည့်နေမိသည်။ သူမသည် အခြားမိန်းကလေးအသစ်တစ်ယောက်ဖြစ်သွားသည်မဟုတ်လော။ အသစ်စက်စက်လက်ထပ်ထားသောအမျိုးသမီးတစ်ယောက်သည် မနက်စောစောအိပ်ရာထကာ ယောင်္ကျားဖြစ်သူအတွက် မနက်စာပြင်ဆင်ရသည်မှာ ပုံမှန်ရိုးရာမျှသာဖြစ်သည်။ ခင်ပွန်းဖြစ်သူရေချိုးရန် ရေနွေးတည်ရမည်။ ထို့ကြောင့် ယခုတွင် သူမသည် မီးဖိုချောင်ဆီသို့သွားကာ မနက်စာအတွက်ပြင်ဆင်သင့်ပေသည်။ လင်းစစ်ယောင်၏မျက်နှာနှင့် ခန္ဓာကိုယ်သန့်စင်ရန်အတွက် ရေနွေးတည်ပေးရမည်ကိုတွေးမိသောအခါ စုရွှေလျန်တစ်ယောက် မျက်နှာနီရဲသွားရပြန်သည်။ မနေ့ညတွင် သူမအား သူလုပ်ခဲ့သောကိစ္စများကိုပြန်တွေးကြည့်လိုက်လျှင် သူမ၏မျက်နှာပေါက်ကွဲလုမတတ်ပူထူလာသည်။ (ပြည့်ပြည့်စုံစုံရေးမပြထားဘူးနော် ဟွင်း)
"ဘာတွေအတွေးလွန်နေတာလဲ"
လင်းစစ်ယောင်၏အေးဆေးနူးညံ့သောအသံခပ်တိုးတိုးက သူမနားထဲသို့ တိုးဝင်လာသည်။ ချက်ချင်းပင် သူမနောက်မှ နွေးထွေးသောလက်တစ်စုံက သူမအား ထွေးပွေ့ထားလိုက်သည်။
"ဘာလို့အစောကြီးထရတာလဲ။ မင်း...... မနေ့ညက မပင်ပန်းဘူးလား"
လင်းစစ်ယောင် မပျော်မရွှင်ဖြင့်မျက်မှောင်ကြုတ်လိုက်ကာ သူမအား အိပ်ရာထဲသို့ပြန်ခေါ်သွားသည်။
"ကျွန်မ...ကျွန်မ... မနက်စာစပြီးလုပ်ပေးရတော့မှာမဟုတ်ဘူးလား"
စုရွှေလျန်က ရှက်ရွှံ့စွာဖြင့် သူ့အားမေးလိုက်သည်။
မူလတွင် သူမသည် စုအိမ်၏တရားဝင်အမွေခံသမီးကြီးဖြစ်ကာ ထိုသို့ကိစ္စမျိုးကို ဘယ်သောအခါမှမလုပ်ခဲ့ရပေ။ သူမလက်ထပ်ခဲ့မည်ဆိုလျှင်ပင် သူမနောက်ခံ၊ ငယ်ရွယ်သောသခင်လေး၏ဇနီးအဖြစ် ချမ်းသာသောဇနီးတစ်ယောက်၏ကံကြမ္မာနှင့်အတူ ထိုသို့သောကိစ္စမျိုးကို ဂရုစိုက်ရန်ပင်မလိုပေ။ စုရွှေလျန်ဆိုသောသူမသည် မွေးဖွာစဉ်ကပင် တစ်ခုတည်းသောအရာကိုသာသင်ယူခဲ့ရသည်။ ပန်းထိုးခြင်းပင်ဖြစ်သည်။
သို့သော် ယခုတွင် အတိတ်နှင့်ခြားနားသွားပေသည်။ သူမသည် စုအိမ်တော်တွင် မဟုတ်တော့ပေ။ သူမသည် အားယောင်နှင့်လက်ထပ်ပြီးဖြစ်နေသည်။ သူမသည် ချမ်းသာသောမိန်းမပျိုမဟုတ်သကဲ့သို့ ချမ်းသာသောဇနီးမယားတစ်ယောက်လည်း မဟုတ်တော့ပေ။ အိမ်ထဲတွင် ၎င်းတို့နှစ်ဦးတည်းသာရှိသည်။ ယောင်္ကျားတစ်ယောက်နသည် မီးဖိုချောင်မှခပ်လှမ်းလှမ်းနေသင့်သည်ဟုပြောကြကာ ချက်ပြုတ်ရန်မှာ သူမအလုပ်ဖြစ်သင့်ပေသည်။
"...အစောကြီးရှိသေးတယ်"
လင်းစစ်ယောင်က သူမအားဖက်လိုက်ကာ ကုတင်ဆီသို့ပြန်ခေါ်သွားသည်။ သူမသည်မူ ပွေ့ဖက်ထားစဉ်တွင်ပင် အိပ်ပျော်သွားရှာသည်။ မနေ့ညတွင်မူ သူတွင်ရှိခဲ့သည့်စိတ်ကျေနပ်စရာကောင်းသောပထမဆုံးအကြိမ်အိပ်ပျော်ခြင်းဖြစ်ကာ ယခုထိပင် မထသေးပေ။
"ဒါပေမဲ့...."
စုရွှေလျန်မကြာမီပင် အိပ်ပျော်သွားကာ ထိုသို့အရာမျိုးအား ပြောချင်ခဲ့သည်။ လင်းစစ်ယောင်က သူမဆီသို့ငုံ့လိုက်ကာနမ်းလိုက်သည်။
"အမ်.... အားယောင်..."
သူ၏အနမ်းကြောင့် စုရွှေလျန်အသက်ရှုကျပ်နေသည်။ နှုတ်ခမ်းနှင့်ခွာရန်ကြိုးစားလိုက်ပြီး အသက်ပြင်းပြင်းရှုနေရသည်။ လင်းစစ်ယောင်၏လက်များသည် သူမ၏ နူးညံ့သောခန္ဓာကိုယ်အနံ့သွားနေကာ သူမအား ညည်းတွားသံလေးထွက်ပေါ်လာစေသည်။
“ရွှေလျန်...”
လင်းစစ်ယောင်၏အစိတ်အပိုင်းတိုင်းက အပူချိန်မြင့်တက်လာသည်။ သူ့အောက်တွင် နူးညံ့စွာလှဲလျောင်းကာ ခပ်တိုးတိုးလေးညည်းတွားနေသည့်သူမကိုကြည့်ကာ မကြီးထွားရန်ထိန်းချုပ်ထားသောစိတ်ဆန္ဒက မြင့်တက်လာသည်။
သူသည် သာမန်ယောင်္ကျားတစ်ယောက်ကဲ့သို့လက်ထပ်ကာ ကလေးများရှိလာမည်ဟု မည်သည့်အခါမှစိတ်မကူးဖူးပါ။ ထိုမျှမိန်းမဆန်ကာ နူးညံ့သောမိန်းကလေးဖြင့် အိုမင်းရမည်ဟုလည်း စိတ်ကူးမယဉ်ဖူးပေ။ အစတွင် သေသည်အထိ တစ်ယောက်တည်းနေရန်သာဆုံးဖြတ်ခဲ့သည်။ သို့သော် သူ့နောက်သို့ လူသတ်သမားများစေလွှတ်လိုက်သည့် ဖုန်းချင်းယာကိုပင် ကျေးဇူးတင်ရပေမည်။ သူ့ကြောင့်သာလျှင် ချစ်စရာကောင်း၍ ပွင့်လန်းလာသောရတနာလေးနှင့်တူသည့်မိန်းကလေးသည် သူ၏အောက်တွင် လှဲလျောင်းနေခြင်းဖြစ်ပေသည်။
***